ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label အစာနှင့် ကျန်မာရေး. Show all posts
Showing posts with label အစာနှင့် ကျန်မာရေး. Show all posts

Sunday, June 18, 2017

လေ့ကျင့်ခန်းလွတ် အစားအစာနဲ့ စားသောက် နည်းများ




ကျနော်တို့ ခန္ဓာကိုယ်ဟာ ရေဓာတ် အပါ အဝင် အစား အစာ ကနေ ရရှိတဲ့ အာဟာရ ဓာတ်တွေနဲ့ တနေ့တာကို အ ကောင်းဆုံး ဖြတ်သန်းပြီး ရှင်သန်နေ ကြတာပါ။ အဲဒီမှာ အစာ ကနေ ရရှိတဲ့ အာဟာရ ကိုတော့ ကယ်လိုရီနဲ့ တိုင်းတာ ပါတယ်။

တနေ့တာ လိုအပ်တဲ့ ကယ်လိုရီထက် ပိုပြီး များများ စားမိ၊ စုမိ လာရင်တော့ မကြာခင်မှာ သင်ဟာ ၀ လာ ပါလိမ့်မယ်။ ဒီလို မ ဝအောင် ကယ်လိုရီ အပို မရှိဖို့ လိုအပ် ပါတယ်။

အကောင်းဆုံး ကတော့ လေ့ကျင့်ခန်း လုပ်ပေး ဖို့ပါပဲ။ ဒါပေမယ့် လေ့ကျင့်ခန်း လုပ်ဖို့ အချိန်နည်း သူတွေ၊ ပျင်းသူတွေ အတွက် အစာထဲမှာ ကယ်လိုရီကို လောင်ကျွမ်း စေမယ့် အစာတွေ ရောနှော စားပေးမယ် ဆိုရင် လေ့ကျင့်ခန်းချိန် သက်သာစေ ပါလိမ့် မယ်။ ဘယ်လို အစာတွေ ရောစားပေး သင့်ပါသလဲ။

(၁) အခါးရွက်တွေကို အစိမ်းလိုက် ရောစားပါ

အစိမ်းလိုက်စားရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် အစိမ်းလိုက် စားဖို့ အဆင်မပြေရင် အစိမ်းရောင် မပျောက်အောင် ကြော်၊ ပြုတ်၊ စားလို့ ရပါတယ်။ ခါးသက်တဲ့ အရွက်တွေကို စားပေးနိုင်ပါတယ်။ ကြက်ဟင်းခါးရွက်၊ ဂွေးတောက်ရွက်တွေ အစ ကိုက်လန်လို အနည်းငယ်ပဲ သက်ချင်တဲ့ အရွက်တွေကိုပါ စားပေးနိုင်ပါတယ်။

(၂) ချိစ်ကို အစိမ်းစားပါ

အစိမ်းလို့သာ ဆိုရတာ တကယ်တော့ ချိစ်ဟာ ဒီအတိုင်း စားလို့ ရတဲ့ အစာ တခုပါ။ ဆိုလိုတာကတော့ အပူပေး၊ ပေါင်းခံ၊ ချက် ပြုတ် စားခြင်းမျိုး မဟုတ်ဘဲ ချိစ်ကို အထုပ်လိုက် ဝယ်ပြီးသား အတိုင်း စားသုံးပေးခြင်းကို ဆိုလိုတာပါ။

(၃) အုန်းဆီ စားပေးပါ

ပြည်တွင်းမှာတော့ အရင်က စားအုန်းဆီတွေ မဝင်ခင်က ဖြည့်စွက်ဆီအဖြစ် အသုံးပြုသူ တချို့ ရှိပါတယ်။ အခုတော့ စား သုံးပုံစံအဖြစ် မစားကြတော့ပါ့ဘူး။ ဒါပေမယ့် အုန်းဆီဟာ အစာချေစနစ်မှာ ခန္ဓာကိုယ်တွင်းကို အဆီအနေနဲ့ မဝင်ဘဲ စွန့် ထုတ်စနစ်ဆီကို အမြန်ရောက်သွားတတ်လို့ အဆီပို မဖြစ်စေဘဲ ဆီစား မယ်ဆိုရင် အုန်းဆီကို စားပေး နိုင်တယ်လို့ လေ့လာ ချက်တွေ အရ သိလာရတာ ဖြစ်ပါတယ်။

(၄) အချဉ်ဖတ် စားပေးပါ

အကောင်းဆုံးကတော့ ဂေါ်ဖီချဉ်ပါ၊ ဒါမှမဟုတ် ပြည်တွင်းမှာ အချဉ်မျိုးစုံ ပြုလုပ်စားသုံးသလို မုန်လာဥ၊ အရွက်၊ အစုံကို အချဉ် လုပ်ပြီး စားပေးနိုင်ပါတယ်။ အစာအိမ်တွင်း ချေဖျက် စနစ်ကို ပိုမို ကောင်းမွန်စေပြီး ကယ်လိုရီ အပို ဖြစ်စေမှု နည်း စေတယ်လို့ သိရပါတယ်။

(၅) ပန်သီးနဲ့ ထုတ် ရှာလကာရည် သောက်သုံး ပေးပါ

ပျားရည်နဲ့ ရောစပ်ပြီး သောက်သုံး နိုင်ပါတယ်။ မနက် အိပ်ယာထ၊ ညအိပ်ရာဝင် အချိန်တွေမှာ တရက် တကြိမ် စားပွဲတင် တဇွန်းစာပဲ ပုံမှန် သောက်သုံး ပေးရင် ရပါတယ်။ အလေးချိန် ကျစေဖို့ အကောင်းဆုံး အကူညီပေး အစာလို့ သတ်မှတ် ထား တာပါ။

(၆) ကာဖင်းဓာတ်ရယူပါ

ကော်ဖီသောက်ခြင်း တမျိုးတည်း မဟုတ်ဘဲ ကာဖင်းဓာတ် ပါရှိတဲ့ အစာတွေကို ပုံမှန် သင့်ရုံ စားသောက်ပေးရင် ရပါတယ်။ သူက ကယ်လိုရီ အပိုကို လောင်ကျွမ်း စေမှုထက် ကယ်လိုရီ အပို ဖြစ် မလာအောင် ထိန်းပေးနိုင်မှု အားကောင်းတာ တွေ့ရ ပါတယ်။

(၇) ကင်ချီ စားပေးပါ

သူ့မှာ အစပ်၊ အချဉ်နဲ့ အရွက်ရဲ့ဓာတ် သဘောတွေ ကောင်းကောင်း ပါရှိလို့ စားသုံး ပေးဖို့ အဆင်ပြေပါတယ်။ အစာချေ စနစ်ကို အားကောင်း စေပါတယ်။ သင့်ရုံ ပုံမှန် စားသုံးပေး သင့်တယ်လို့ သိရ ပါတယ်။

(၈) ဒိန်ချဉ် သီးသန့် သောက်ပါ

ပြည်တွင်းမှာတော့ ဒိန်ချဉ်ကို ထန်းလျက်ရည် ဒါမှမဟုတ် သကြားရည်နဲ့ ရောသောက် ပါတယ်။ တချို့လည်း အသီးအနှံနဲ့ ရောစပ် သောက်ပါတယ်။ အကောင်းဆုံး ကတော့ ဒိန်ချဉ်ကို ဒီအတိုင်း သောက်ပေးပါ။ အစာချေ စနစ် အတွက် အကျိုးပြု ဘက်တီးရီးယား ပါဝင်မှု အထူး များပြား ကောင်းမွန်စွာ ပါရှိလို့ပဲ ဖြစ်ပါတယ်။

(၉) ငရုတ်သီး စားပေးပါ

အမှုန့်အနေအထားမှာ ရောစပ် ဓာတုပစ္စည်း ပါရှိနိုင် တာကြောင့် ငရုတ်သီး အတောင့်ကို ပုံမှန် သင့်ရုံ စားပေးတာ အကောင်း ဆုံးပါ။ သွေးတွင်း သကြားဓာတ် အပါ အဝင် အဆီကိုပါ ချေဖျက် ပေးနိုင်ပြီး ကယ်လိုရီ အပိုကို လောင်ကျွမ်း စေနိုင် ပါတယ်။

Ref: www.rd.com

ဓါတ်ပုံ ဒီဇိုင်း-ကျော်မျိုးထိုက်/ ဧရာဝတီ

From : ဧရာဝတီ by ချစ်ဖေ (တောင်တွင်းမြေ) 18 June 2017

Originally published at - =source=

Read More »

Friday, May 12, 2017

အဆီပြည့် ဒိန်ခဲစားသုံးခြင်းကြောင်း နှလုံးခုန် ရပ်တန့်နိုင်ခြေ မရှိကြောင်း ထုတ်ပြန်




လန်ဒန် ၁၂-၅-၂၀၁၇

အဆီပြည့် ဒိန်ခဲ စားလျင် နှလုံးခုန် ရုတ်တရက် ရပ်တန့် နိုင်ခြေကို မြင့်မား စေသည့် အပြင် လေဖြတ် ဝေဒနာ ကိုလည်း ခံစား ရနိုင်သည်ဟု မူလက ယူဆ ထားခြင်းသည် မမှန်ကန် ကြောင်းနှင့် အဆီပြည့် ဒိန်ခဲ၊ နွားနို့ ၊ နို့ ချဉ် အစ ရှိသည်တို့ ကို မျှတစွာ စားသုံး နိုင်ကြောင်း အင်္ဂလန် ပြည်သူ့ ကျန်းမာရေး ဌာနမှ ထုတ်ပြန် ကြေညာသည်။

အဆီပြည့်ဒိန်ခဲသည် ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ မဟုတ်သော်လည်း မူလယူစခဲ့သည် ကဲ့သို့  ဆိုးရွားလွန်း လှသည် မဟုတ်ကြောင်း၊ နွားနို့ ကိုအခြေခံကာ ပြုလုပ်ထားသည့် အစားအစာများ စားသောက်ခြင်းနှင့် နှလုံးရောဂါ ဆက်နွယ်မှုကို ထဲထဲဝင်ဝင် လေ့လာဆန်းစစ်မှု ၂၉ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ ဒိန်ခဲ၊နို့ ချဉ် အစရှိသည်တို့ ၏ နှလုံးအပေါ် အကျိုးသက်ရောက်မှုမှာ အကောင်းလည်း မဟုတ်၊ အဆိုးလည်း မဟုတ်သည့် ပုံမှန်အနေအထားသာ ဖြစ်သည်ကိုတွေ့ ရှိရကြောင်း သုတေသီတစ်ဦး ဖြစ်သူ Ian Givens က ပြောသည်။

နို့ နဲ့ နို့ ထွက်ပစ္စည်း တွေကြောင့်နှလုံး သွေးကြောနှင့် ပတ်သက်သည့် ရောဂါအမျိုးမျိုး ဖြစ်ပွားသေဆုံးမှုနှင့် ဆက်နွယ်မှုမရှိကြောင်း၊ လွန်ခဲ့သော ၁၀ နှစ်ခန့် မှစတင်ကာ နို့ နှင့်နို့ ထွက်ပစ္စည်းများသည် နှလုံးအတွက် မကောင်း ဟူသည့် လွဲမှားသော အယူအဆတစ်ခုမှာ ကျယ်ပြန့် စွာပျံ့ နှံ့ လျက်ရှိကြောင်း၊ နို့ နှင့် နို့ ထွက် ပစ္စည်းများတွင် ပြည့်ဝအဆီပါဝင် သောကြောင့် သွေးတွင် မပျော်ဝင်နိုင်ဘဲ နှလုံးသွေးကြောများကို ဒုက္ခ ပေးလာနိုင်သည် ဟူသည့် အယူအဆ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

နို့ ထွက် ပစ္စည်းတွေက ကျန်းမာပြီးမျှတတဲ့ အစားအသောက် တွေထဲမှာ အရေးပါပါတယ်။ နို့ ထွက်ပစ္စည်း အများစု ပြည့်ဝအဆီနဲ့ အငန်ဓါတ် ပါဝင်တယ်ဆိုတာ မှန်ပေမယ့် မျှတစွာစားသောက် နေသရွေ့ နှလုံးအပါ အ၀င် အခြားသော ရောဂါများကို ဖြစ်ပွားစေနိုင်ခြင်းက ထူးပြီးမပိုပါဘူး။ အလွန်အကျွံမစားဘဲ ပုံမှန်စားတာ မျိုးကို ဘေးကင်းစွာ ပြုလုပ်နိုင်ပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။

ထို့ ကြောင့် အဆီပြည့်ဒိန်ခဲ ကိုလည်း နှလုံးရောဂါရှိ ၍ဖြစ်စေ၊ နှလုံးရောဂါဖြစ်ပွား မည်ကို ကြိုတင်ကာကွယ် ရန်ဖြစ်စေ လုံးဝရှောင်ကြဉ်ခြင်း ပြုလုပ်ရန်မလိုအပ်ဘဲ သင့်တင့်မျှတစွာ စားသောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/05/blog-post_75.html

Read More »

Wednesday, May 3, 2017

နံနံစေ့ရဲ့ ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုး ရှစ်ရပ်




ဟင်းခတ် အမွှေး အကြိုင် တွေထဲမှာ နံနံစေ့ မပါရင် မပြီး ပါဘူး။ နံနံစေ့မှာ လတ်ဆတ်တဲ့ သံပရာ လိုမျိုး အရသာ ပါဝင် မှုက လူတွေကို အကြိုက် တွေ့စေတာ ဖြစ်ပါတယ်။

ရှေးခေတ်က  အသုံးပြု လာခဲ့တဲ့ နည်း လမ်းတွေ အရ နံနံစေ့က ကျန်းမာရေးကို ကောင်းမွန် စေနိုင်တယ်လို့ သိရှိ ရပါတယ်။ သည်အစွမ်း သတ္တိကို နံနံစေ့ မှာရော နံနံ စေ့ အမှုန့်မှာပါ တွေ့ရှိ ရပါတယ်။ နံနံစေ့ရဲ့ အဆီကလည်း ကျန်းမာရေး အတွက် အသုံးဝင် ပါတယ်။

နံနံစေ့ရဲ့ ကျန်းမာရေးအတွက်  အကျိုးပြုတဲ့ အချက် ရှစ်ချက်ကို ကြည့်လိုက် ကြပါစို့။

၁။ ကိုယ်အလေးချိန်ကျစေနိုင်

ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုတိုး တက်စေပြီး အဆီကို လောင်ကျွမ်းစေနိုင်တဲ့အစားအစာတွေကို စားသုံးပေးမယ်ဆို ရင် ကိုယ်အလေးချိန်ကို လျော့ကျ စေနိုင်ပါတယ်။ ရေစိမ်ထားတဲ့ နံနံစေ့လက် ဖက်ရည်ဇွန်း သုံးဇွန်းကို ရေတစ်ဖန်ခွက် စာနဲ့ သုံးနာရီကြာ အပူပေးပါ။ ရေဖန်ခွက် တစ်ဝက်စာပဲ ကျန်အောင် တည်ပါ။ အဲသည် အရည်ကိုစစ်ပြီး တစ်နေ့  နှစ်ကြိမ် သောက်သုံးပေးပါ။ သည်လိုသောက်သုံး ပေးတာက အစာချေ စနစ်ကို တိုးတက် ကောင်းမွန်စေပြီး ကိုယ်ခံအားကို ကောင်းမွန်စေရုံ သာမက ကိုယ်အလေးချိန်ကို လည်း ကျစေပါတယ်။

၂။ သွိုင်းရွိုက်တိုးတက် ကောင်းမွန်စေ

တကယ်လို့ သင့်မှာ သွိုင်းရွိုက်လျော့ နည်းခြင်းလိုမျိုး သွိုင်းရွိုက်ရောဂါအခံရှိ နေတယ်ဆိုပါက နံနံစေ့စားသုံးဖို့ စဉ်းစားပါ။ နံနံစေ့မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ဟော် မုန်းတွေကို ထိန်းချုပ်ပေးတဲ့အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

၃။ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေ

အစာမကြေတာမျိုးတွေ ခံစားနေရပါသလား။ နံနံစေ့ စားသုံးပေးပါ။ နံနံစေ့ရဲ့ အကောင်းဆုံးသော အကျိုးကျေးဇူးတွေထဲကတစ်ခုက ရောင်ရမ်းတာကို လျော့ ကျစေတာဖြစ်ပါတယ်။ သဘောကတော့ ဂတ်စ်တွေကို လျော့ပါးသက်သာစေနိုင်သလို လေပွတာနဲ့ အခြားအစာချေစနစ်ဆိုင်ရာ အခြားရောဂါလက္ခဏာ တွေကို သက်သာစေ တာပဲဖြစ်ပါတယ်။  အူတွေက အာဟာရဓာတ်တွေကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်အောင်လည်း လုပ်ဆောင်ပေးပါ တယ်။

နံနံစေ့ဖျော်ရည်လုပ်ဖို့အတွက် နံနံစေ့လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခဲ၊ အုန်းနို့နဲ့ သခွားသီး ဒါမှမဟုတ် ဖရဲသီးတို့နဲ့ရော စပ်ပြီး သောက်သုံးလို့ရပါတယ်။

၎။ အလာ့ဂျစ်ဖြစ်တာကို သက်သာစေ

နံနံစေ့ရဲ့အအေးဓာတ်ဂုဏ်သတ္တိကြောင့် အရေပြားမှာ ဓာတ်မတည့်တာ ကြောင့် အဖုအပိမ့်တွေထွက်တာကို သက် သာစေပါတယ်။ နံနံစေ့က အင်ပျဉ်၊ ယားနာနဲ့အရေပြားရောင်ကိုင်းတာတွေလိုမျိုး အရေပြားရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ပျားရည်လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ နံနံစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်စာတို့ကို ရောပြီး အနှစ်လုပ် ကာ အရေပြားမှာ လိမ်းပေးနိုင်ပါတယ်။ အရေပြားယားယံတဲ့နေ ရာမှာ ဖျော်စပ်ထားတဲ့ အနှစ်ကို လိမ်းပြီး ငါးမိနစ်ကနေ ၁၀ မိနစ်လောက်အထိထားပြီး ရေဆေးချလိုက်ပါ။

လည်ချောင်းနဲ့ပါးစပ်တွေမှာ ရောင်ရမ်းတာမျိုးတွေ ဖြစ်ပေါ်နေရင်လည်း နံနံစေ့လက်ဖက်ရည်ကို သောက်သုံးပေးလို့ ရပါတယ်။ နံနံစေ့မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ခွက်နဲ့ရောပြီး ဆူအောင်တည်ပေးပါ။ ခပ်နွေးနွေးအနေအထားမှာ ပျားရည်ရောစပ်ပြီး သောက်သုံး ပေးပါ။ နံနံစေ့ကို အအေးခံထားတဲ့သခွားသီး ဒါမှမဟုတ် တရုတ်နံနံဖျော်ရည်ထဲမှာ ထည့်ပြီး သောက်သုံးပေးလို့ ရပါတယ်။

၅။ အဆစ်အမျက်ရောင်တာ သက်သာစေ

နံနံစေ့ကို အဆစ်အမျက်ရောင်ရမ်းတာ သက်သာစေဖို့အတွက် အသုံးပြုနိုင် ပါတယ်။ နံနံစေ့အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက် shea butter ၊ အုန်းဆီ ဒါမှမဟုတ် ကြိုက်နှစ်သက်ရာ အနံ့မရှိတဲ့အဆီတစ်မျိုးကို ရောစပ်ပြီး လိမ်းဆေးပြုလုပ်နိုင် ပါတယ်။

နံနံစေ့ရနံ့ဆီကလည်း အဆစ်အမျက် ရောင်ရမ်းမှုတွေအတွက် အကျိုးပြုပါတယ်။ နံနံစေ့ရနံ့ဆီ ငါးစက်ကို အုန်းဆီ၊ သံလွင်ဆီ ဒါမှမဟုတ် စပျစ်သီးအစေ့ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောစပ်အသုံးပြုနိုင်ပါတယ်။ သည်ရောစပ်ထားတဲ့ အဆီကို အဆစ်တွေအပေါ်မှာ လူးပေးနိုင်ပါတယ်။

၆။ ဓမ္မတာများတာကိုသက်သာစေ

ရာသီသွေးဆင်းများတဲ့အမျိုးသမီးတွေအနေနဲ့ နံနံစေ့ပြုတ်ရည်ကို သောက်သုံးပေးလို့ရပါတယ်။ နံနံစေ့ပြုတ်ရည်က သွေးသွန်တာများတာကို ထိန်းချုပ်ပေးနိုင် သလို သွေးဆင်းမများတော့အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ နံနံစေ့မှာ သံ ဓာတ်များစွာပါဝင်မှုက သွေးအားပြန်လည်ဖြည့်တင်းရာမှာ အထောက် အကူပေးနိုင်သလို အားအင်ပြန်လည်ပြည့်လာစေပါတယ်။

၇။ ဆီးချိုကို ထိန်းညှိပေးခြင်း

နံနံစေ့က အင်ဆူလင်လုပ်ဆောင်မှုကို ထိန်းသိမ်းနိုင်သလို သွေးတွင်းသကြား ဓာတ်ပမာဏကိုလည်း လျော့ကျစေပါတယ်။ နံနံစေ့အမှုန့် ဒါမှမဟုတ် နံနံစေ့ အစိမ်းကို ဟင်းတွေ၊ ဟင်းရည်တွေ၊ သနပ်တွေ၊ အချိုရည်တွေနဲ့ ဟင်းအနှစ်တွေထဲမှာ ထည့်သွင်းအသုံးပြုလို့ရပါတယ်။ နံနံစေ့အမှုန့် ၁၀ ဂရမ်ကို ရေ ၁၀ ဆနဲ့ရောပြီး တစ်ညထားကာ သောက်သုံးပေးလို့လည်း ရပါတယ်။

၈။ မျက်စိကျန်းမာရေးကောင်းမွန်စေ

နံနံစေ့မှာ  ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါရှိမှုက မျက်စိယားယံတာ၊ မျက်စိနီတာနဲ့ မျက်တွင်းသားရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ မျက်စိရောဂါတွေ သက်သာစေဖို့အတွက် နေ့စဉ် မနက်စောစော အစားမစားခင်မှာ နံနံစေ့ ဖျော်ရည်ကို သောက်သုံးပေးရမှာဖြစ်ပါ တယ်။

[ref: curejoy, Apr 30, 2017]

From : ကုမုဒြာဂျာနယ် by မအေးသီမွန်

Originally published at - http://www.kumudranews.com

Read More »

Saturday, April 22, 2017

Uric acid များတဲ့ သူတွေ ရှောင်သင့်သော အစားအစာများ နှင့် စားသင့်သော အစားအစာများ




ပထမ အနေနဲ့ Uric acid (ယူးရစ် အက်ဆစ်) များရင် ဘာဖြစ်တတ်လဲ ကို အရင်ပြောပြပေးပါမယ်။ အဓိက ကတော့ အဆစ်အမြစ်ရောင်တဲ့ ရောဂါ ၊ ဆေးပညာ အရ Gout (ဂေါက်) ရောဂါလို့လည်း ခေါ်ပါတယ်။ နောက်တစ်ခု အဖြစ်များတာက တော့ ဆီးကျောက် တည်တာပါ။ အသေးစိတ် ကိုတော့ သက်ဆိုင်ရာ အထူးကုတွေ က ရှင်းပြပေး ပါလိမ့်မယ်။

အခု ကျွန်တော် Uric Acid များတဲ့ သူတွေ ဘာတွေ စားသင့်လဲ။ ဘာတွေ ရှောင့်သင့်လဲ ကို ပြောပြပေးချင်ပါတယ်။

သတိနှင့် စားသင့်သည့် အစားအစာများ

1. ဝမ်းတွင်းကလီစာ – ဥပမာ – အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။
2. အနီရောင်ရှိသော အသားများ – ဥပမာ – အမဲသား၊ ဆိတ်သား။
3. ပင်လယ်စာ များ၊ ငါးသေတ္တာငါး အစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုး အမြောက်အမြားပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။
4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။
5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။
6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။
7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန် အကျွံ မစားမိဖို့ လိုအပ်ပါတယ်။
8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှ ရှောင်ကြဉ် ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။
9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီး မစား သင့်ပါဘူး။

Purine ပါဝင်မှု နည်းသော အစားအစာများ (စားသင့်သော အစား အစာများ)
  1. ရေများများသောက်ပေးပါ။ ဒါမှ ကျောက်ကပ်က Uric Acid တွေ ကို ဆီးနဲ့ အတူ စွန့်ထုတ်ပေးနိုင်မှ ဆီးကျောက်တည် တာကို ကာကွယ်ပေးနိုင်မှာပါ။ ထို့အပြင် သွေးတွင်း Uric acid ပမာဏ ကို လည်း ကျစေပါတယ်။
  2. အသီးတော်တော် များများ က purine ဓါတ်ပါဝင်မှု နည်းတဲ့ အတွက် စားသင့်ပါတယ်။
  3. အဆီထုတ်ထားတဲ့ နို့သောက်ပေးပါ။ ဒါပေမယ့် နို့ထဲ မှာ ဗီတာမင် ဒီ (D) ထပ်ထည့် ထားတဲ့ နို့ဆို ရှောင်သင့်ပါတယ်။ ဆီးကျောက်တည်တာ ပိုဆိုးစေ တတ်လို့ပါ။
  4. Cheese
  5. ကြက်ဥ
  6. အစေ့အဆံများ
  7. ပေါင်မုန့်၊ ထမင်း၊ အီတလီခေါက်ဆွဲ (Pasta, Spaghetti)

Photo from internet source

From : ကုမုဒြာဂျာနယ် by Dr. Nutrition @ဒေါက်တာ ညီညီကျော်

Originally published at - http://www.kumudranews.com

Read More »

Monday, April 3, 2017

ဗိုက်ထဲမှာ အစာ လုံးဝမရှိတဲ့ အချိန် မစားသင့်တာတွေ




ဗိုက်ထဲမှာ အစာ မရှိလို့ သံစုံ ထွက်ပြီး ဆာလောင် နေချိန်မှာ ဘယ်အစား အစာပဲ ဖြစ်ဖြစ် စားမယ် ဆိုတဲ့ အတွေးမျိုး မတွေးမိဖို့ လိုအပ် လာပါပြီ။ အစာ မရှိချိန်မှာ မစားသင့် တာတွေ စားမိရင် ဗိုက်အောင့် ရာက စလို့ ဆီးချိုရောဂါ အထိပါ ဖြစ်နိုင်ခြေ များတာမို့ ဘယ်လို အစား အစာတွေကို ရှောင်သင့် သလဲဆိုတာ လေ့လာ ကြည့်ရ အောင်ပါ။

တဆေးပါသော မုန့်များ - ဂျုံမှုန့်၊ ထောပတ်၊ တဆေးတို့နဲ့ ပြုလုပ် ထားတဲ့ မုန့်တွေဟာ အစာအိမ် အတွင်း နံရံကို ကျိန်းစပ်စေပြီး လေပွ တာတို့၊ ၀မ်းဖော ၀မ်းရောင် တို့ ဖြစ်စေနိုင် ပါတယ်။

ခရမ်းချဉ်သီး - ခရမ်းချဉ်သီးဟာ အစာအိမ် အတွင်း အက်စစ်ဓာတ် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာ ကြောင့် အစာ မရှိချိန်မှာ စားလိုက် ရင် ရင်ပူ ရင်ဆာ ဖြစ်စေနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်အစိမ်းများ - ဟင်းသီးဟင်းရွက်တွေဟာ အ ကျိုးပြုအမျှင်ဓာတ်ကြွယ်ဝပေ မယ့်လို့ မချက် မပြုတ်ဘဲ အစိမ်း အတိုင်း အစာအိမ် ထဲဘာမှ မရှိ ချိန် စားတာ မျိုးက ဆိုးကျိုး အဖြစ် ပြောင်းသွား စေပါတယ်။

သစ်တော်သီး -အလွန့်အလွန် ဆာလောင်နေချိန်မှာ သစ်တော် သီးတွေ စားတာကလည်း အစာ အိမ်အတွင်း နံရံကို ကျိန်းစပ်စေ ပြီးဗိုက်နာစေ နိုင်ပါတယ်။

ငှက်ပျောသီး - အစာအိမ်ထဲ ဘာမှ မရှိချိန် ငှက်ပျောသီး စားတာက လည်း သွေးတွင်းမဂ္ဂနီဆီယမ် ပမာဏများစေနိုင်တဲ့ အတွက် နှလုံး ကို ထိခိုက်စေနိုင်တယ်လို့ သိရပါ တယ်။

အပူအစပ်များ - ပူလွန်း၊ စပ်လွန်း တဲ့ အစားအစာတွေ စားရင် လည်း အစာအိမ်ထဲမှာ အက်စစ် ဓာတ်တွေ ပိုထွက်စေတဲ့အတွက် မအီမသာ ဖြစ်စေပါတယ်။

အချဉ်သီးများ - လိမ္မော်၊ သံပရာ၊ ဂရိတ်ဖရုစတဲ့ အချဉ်သီးတွေကို အစာအိမ်ထဲဘာမှမရှိချိန် စားခဲ့ ရင် ဗိုက်နာတာမျိုး ဖြစ်တတ်ပါ တယ်။

ဆိုဒါ - အချဉ်သီးတွေလိုမျိုးပဲ အက်စစ်ဓာတ်များတဲ့ ဆိုဒါကို အ စာမရှိချိန်မှာ လုံးဝမသောက်မိဖို့ ရှောင်ရပါမယ်။

ကော်ဖီ၊ လက်ဖက်ရည် - အစာ မရှိချိန်မှာ ကော်ဖီပဲသောက် သောက်၊ လက်ဖက်ရည်ပဲသောက် သောက် အစာအိမ်တွင်း အက် စစ်ဓာတ်တွေ ထုတ်လွှတ်မှုများ စေသလို အစာချေဖျက်မှုလုပ်ငန်း စဉ်ကိုလည်း ဆိုးကျိုးပေးနိုင်ပါ တယ်။

အချိုများ -အချိုဓာတ်များတာ တွေ စာရင်းလည်း ပန်ကရိယကို အလုပ်တွေပိုလုပ်စေသလို ဆီး ချိုရောဂါဖြစ်နိုင်ခြေလည်း များ စေပါတယ်။

ဒိန်ချဉ်- ဒိန်ချဉ်မှာပါတဲ့ အကျိုးပြု ဗက်တီးရီးယားတွေကို အစာ အိမ်ထဲက အက်စစ်တွေက သေ ကျေစေတဲ့အတွက် ဘာမှမစားရ သေးခင်မှာ ဒိန်ချဉ်မစားသင့်ပါ ဘူး။

Ref: wellnessbin

From : 7 Day daily News

Originally published at - http://www.7daydaily.com/story/93068

Read More »

ပဲတီစိမ်း စားသူများ ဆီးချို အန္တရာယ် လျော့ကျနိုင်




အမျိုးအစား-၂ ဆီးချို ရောဂါသည် ကမ္ဘာ တစ်ဝန်း ကြုံတွေ့ နေရသည့် ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ပြီး ပဲတီစိမ်း ပမာဏ မြင့်မားစွာ စားသုံး ခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်များ ကို သိသိ သာသာ လျော့ကျ စေနိုင်ကြောင်း လေ့လာမှု အသစ် တစ်ခုက ဖော်ပြသည်။

ပဲတီစိမ်း အုပ်စုဝင် ပဲစေ့ အမျိုးမျိုးသည် အာဟာရ ဓာတ်များနှင့် ပြည့်စုံပြီး ကျန်းမာရေး အကျိုးကျေးဇူးများ ပေးစွမ်း နိုင်သည်။ ပဲတီ စိမ်း၏ ကျန်းမာရေး အကျိုးကျေးဇူး များ အနက် တစ်ခုသည် ဗီတာမင် ဘီ ပမာဏ မြင့်မားစွာ ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ် အတွက် စွမ်းအင် ဖြစ်စေပြီး ဇီဝ ဖြစ်ပျက်မှုကို ထိန်းညှိပေးသည်။

အမျှင်ဓာတ်မြင့်မားစွာ ပါဝင်ပြီး ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်တို့ကဲ့သို့ သတ္တုဓာတ် များလည်း ပါဝင်သဖြင့် ခန္ဓာ ကိုယ်၏ ဇီဝဖြစ်စဉ်ကို အားကောင်းစေကာ နှလုံးရောဂါနှင့် ဆီးချို ရောဂါတို့ကို ကာကွယ်ရန် စားသုံးသင့်သည်။

ထို့အပြင် ပဲတီစိမ်း စားပြီးပါက သွေးထဲတွင် ပါဝင်သည့် သကြားဓာတ် ပမာဏမြင့်တက်မှုကို နှေးကွေးစေသည်။

ယင်းကဲ့သို့ ပဲတီစိမ်းတွင် ကျန်းမာရေး အကျိုးကျေးဇူး အများအပြား ပါဝင်သောကြောင့် အမျိုး အစား-၂ ဆီးချို ရောဂါကို ကာကွယ်ရေး စားသုံးရန် မကြာခဏ လမ်းညွှန် ခံရသော အစား အစာ ဖြစ်သည်။

အမျိုးအစား-၂ ဆီးချို ရောဂါ ဖြစ်ပွားနေသူ အရေ အတွက် သည် အမေရိကန်တွင် ၂၉ သန်းခန့်ရှိပြီး ကမ္ဘာ တစ်ဝန်း အရွယ်ရောက်ပြီးသူ သန်း ၄၀၀ ကျော်ရှိသည်။

ဆီးချိုရောဂါ ကာကွယ်ရန် ပဲတီစိမ်းများ၊ ပရိုတိန်းနှင့် ကာဗို ဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်သော အခြား အစားအစာ များကို စား ပေးသင့်ကြောင်း သုတေသီ များကပြောသည်။

ယခုလေ့လာမှု အရ ပဲတီစိမ်း ပမာဏမြင့်မားစွာ စားသုံး သူများ သည် အနည်းငယ်သာ စားသုံးသူ များထက် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုနည်းပါးကြောင်း သိရသည်။

ယင်းကဲ့သို့သော ပဲအမျိုးမျိုးကို ပမာဏမြင့်မားစွာ ပုံမှန်စား သောက်ပေးခြင်းကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေနည်းပါးသည်။

ယင်းပဲများကို စားသောက်ခြင်းသည် ပေါင်မုန့်၊ ကြက်ဥထမင်း နှင့် အာလူးတို့ စားသုံးခြင်းမှ ရသော အာဟာရ ဓာတ်များနှင့် တူညီ သော အာဟာရဓာတ်ကို ရရှိ စေနိုင်သည်။

—Ref: MNT

From : 7 Day daily News

Originally published at - http://www.7daydaily.com/story/93285

Read More »

Wednesday, January 11, 2017

မှိုချက်စားမယ့်သူတွေ သတိထားရမယ်




ရာသီဥတု အပြောင်း အလဲမှာ အဖြစ်များတဲ့ ရောဂါများ အကြောင်း သိကောင်း စရာများနဲ့ ကာကွယ် ကုသနည်း များကို 7Day TV က အပတ်စဉ် တင်ဆက်လျှက် ရှိပါတယ်။

ယခုတစ်ပတ်မှာ မှိုချက်စားမယ့် သူတွေ သတိထား ရမယ့် အကြောင်းကို တင်ဆက်ပေး လိုက်ပါတယ်။



From : 7DayDaily - YouTube

Original link - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ

Read More »

Thursday, December 29, 2016

အန္တရာယ် ရှိသော ကြက်သွန်နီ ခြမ်း (နေ့စဉ် ဟင်းချက်ရင် အသုံးပြုတာမို့ ဖတ်ကြည့်စေချင်တယ်)




ထက်ခြမ်း ခွဲထားသော ကြက်သွန်နီ ကို ချက်ချင်း အသုံးမပြုနိုင်ပဲ ရက်ကျော်လွန် သွားလျှင် ပြန်၍ အသုံး မပြုသင့်ပါ။ မစားသင့်ပါ။ အန္တရာယ် ကို ဖြစ်စေပါသည်။ ခွဲခြမ်း ထားပြီး အပြင်မှာ အနည်းဆုံး ၆ နာရီနှင့် အထက် ကြာသွားသည့် ၄င်းကြက်သွန်နီခြမ်းဟာ အပုတ်နံ့များ၊ အနံ့ဆိုးများကို စုပ်ထားနိုင်ပြီး ဘတ်တီးရီးယား ပိုးမွှားများနှင့် အခြား အန္တရာယ်ကို ဖြစ်စေ တတ်သည့် ပိုးမွှား များလည်း ပါရှိ လာသည့် အတွက် ၀မ်းပျက်၊ ၀မ်းလျှော၊ ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့် အပြင် အဆိပ်အတောက် ကိုလည်း ဖြစ်စေနိုင် ပါတယ်လို့ နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ ဖော်ပြထားကြပါတယ်။

အခွံခွါထားသည့် ကြက်သွန်နီနှင့် ထက်ခြမ်းခွဲထားသည့် ကြက်သွန်နီခြမ်းကို ပြန်လည်အသုံးပြုလိုပါက အဖုံးလုံအောင် ပိတ်ထားသော ဗူး၊ ခွက်တို့ဖြင့် လုံခြုံစွာ ထည့်ထားသင့်ပါတယ်။

သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထည့်သွင်းသိမ်းဆည်းထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။

မသိမ်းဆည်းလိုက်ရပဲ အပြင်မှာ အချိန်ကြာအောင် ပစ်ထားမိသည့် ကြက်သွန်နီခြမ်းကို မဖြစ်မနေ အသုံးပြုရတော့မည်ဆိုလျှင်လည်း ပုံထဲမှာ မြင်ရသည့်အတိုင်း အလယ်တည့်တည့်မှ အဆံ၊ အဖူးကလေးကို ဖယ်ထုတ်ပစ်သင့်ပါတယ်။

အကြောင်းကတော့ အပုတ်နံ့များနှင့် အနံ့ဆိုးများကို ၄င်းနေရာမှ အဓိက စုပ်ယူထားပြီး ပိုမွှားများလည်း ၄င်းနေရာမှာ ပါဝင်မှု အများဆုံးလို့ သိရပါတယ်။

အသက်ကို ဥာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။

Credit: နေ့စဉ်သတင်းထူးများ

From : Lwin Pyin

Originally published at - http://www.lwinpyin.com/2016/12/danger-onian.html

Read More »

Tuesday, December 27, 2016

ဈေးဘက်တွင်မက ဆေးဘက်လည်းဝင် နံနံပင်ကို စိုက်ပျိုးကြ




နံနံပင် ကတော့ မုန့်ဟင်းခါး ညှပ်ခေါက်ဆွဲ တို့နဲ့ ဆိုရင်တော့ အလွန် လိုက်ဖက်တဲ့ အပင်လည်း ဖြစ်ပါတယ်။ အခြားသော ဟင်းလျာများ ချက်ပြုတ် ရာမှာလည်း နံနံပင်ကို အုပ်ပြီးတော့ ချက်စားနိုင် သလို အတို့အမြှုပ် အဖြစ်လည်း စားသုံး နိုင်ပါတယ်။

နံနံပင်ရဲ့ မူရင်းဒေသ ကတော့ မြေထဲပင်လင် အနီးတဝိုက်မှာ ရှိတဲ့ နိုင်ငံတွေကပဲ ဖြစ်ပါတယ်။ နံနံပင် ကတော့ မြေနက်မှာရော မြေနီနုံးမှာရော ကောင်းစွာ ဖြစ်ထွန်းပါတယ်။

စနပ်ဖွတ်ချေးမြေမှာ မြေသြဇာ ချစရာမလိုပဲ နှုန်းမြေနီနဲ့ နှုန်းမြေနက်တို့မှာတော့ မြေသြဇာ ချပေးဖို့ လိုပါတယ်။ နံနံပင်ကို ဆောင်းရာသီမှာ စိုက်ပျိုးမယ် ဆိုရင်တော့ ပိုမိုအောင်မြင် ပါတယ်။ နံနံပင် စိုက်ပျိုးရန် အတွက် ကတော့ ၁ ဧကကို မျိုးစေ့ ၄ ပိဿာခွဲခန့် လိုအပ်ပါတယ်။



စိုက်တန်း တစ်တန်းနဲ့ တစ်တန်း ကိုတော့ ၉ လက်မခန့် ခြားပေး ရမှာပါ။ ကြွက်မြီးတန်း မျိုးစေ့ချ စနစ်နဲ့ စိုက်ပျိုးနိုင် ပါတယ်။ မျိုးစေ့ ချပြီးရင်တော့ မြေပါးပါးလေး ချပေး ရပါတယ်။ ပေါင်းမြတ်များကိုလည်း ရှင်းလင်းပေး ထားရမှာပါ။ ပေါင်းမြတ် များကို ရှင်းလင်းပေးခြင်း မြေဆွပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးရမှာပါ။

နံနံပင်ကို စိုက်ပျိုးပြီး ၃၆ ရက်အကြာမှ ရက်ပေါင်း ၆၀ အတွင်းမှာ နှုတ်ယူ စားသုံးနိုင်မှာလည်း ဖြစ်ပါတယ်။

နံနံပင်မှာ အဓိကကျရောက်တတ်တဲ့ ပိုးမွှားတွေကတော့ ပြပိုးပဲဖြစ်ပါတယ်။

နံနံပင်ကိုတော့ အတို့အမြှုပ် စားသောက် ရုံတင်သာ မက ဆေးဘက်ဝင် အပင်အဖြစ်လည်း အသုံးပြုနိုင် ပါတယ်။ နံနံစေ့ တစ်မတ်သား သကြား တစ်မတ်သားတို့ကို ရောစပ်ပြီး စားသုံးပေး ပါက အဆစ်အမြစ် ကိုက်ခဲခြင်းများ သက်သာ ပျောက်ကင်းစေမှာလည်း ဖြစ်ပါတယ်။ ကလေးငယ်များ ချောင်းဆိုးနေရင်တော့ နံနံစေ့ကို ဆန်ဆေးရေနဲ့ စိမ်ပြီးတော့ သကြားအနည်းငယ် ထည့်ပြီး ကလေးငယ်များကို ကျွေးပေးမယ် ဆိုရင်တော့ ချောင်းဆိုးရောဂါ ပျောက်ကင်းစေမှာလည်း ဖြစ်ပါတယ်။

From : မဇ္ဈိမ မီဒီယာ

Originally published at - http://mizzimaburmese.com/article/21663

Read More »

Sunday, December 18, 2016

ငှက်ပျောဖူးကို စားရင် ရလာမယ့် အကျိုးကျေးဇူးတွေ




ငှက်ပျောဖူကို စားဖူးမယ် ထင်ပါတယ်။ အညာဘက်မှာ ဆိုရင်တော့ ငှက်ပျောဖူးကို ရေလေးနဲ့ လျှောပြီးပြုတ်၊ မြေပဲဆံ ထောင်းလေးနဲ့ သုပ်စား တတ်သလို၊ အချဉ် သိပ်ပြီး ချဉ်ဖက် ကိုလည်း သုပ်စား တာမျိုး၊ ဒီအတိုင်း အကွင်းလိုက် လှီးပြီး ချက်စား တာမျိုးလည်း ရှိပါတယ်။

ငှက်ပျောဖူးကို ပုံမှန်စားပေးပါက အောက်ပါ အကျိုးတွေကို ရရှိမှာ ဖြစ်ပါတယ်။

(၁) ရောဂါကူးစက်မှုကို ကာကွယ်ပေးတယ်

ငှက်ပျောဖူးမှာ Ethanol ဓာတ်ပေါင်း ပါဝင်ပါတယ်။ အဲဒီ ဓာတ်ပေါင်းဟာ ခန္ဓာကိုယ် ထဲကို ရောက်သွားပြီ ဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ ရောဂါ တိုက်ထုတ်မှု စနစ်ကို အထူး ထောက်ပံ့ ပေးပါတယ်။

ဒါကြောင့် ငှက်ပျောဖူးကို စားပေးရုံနဲ့ သာမန်ဖျားနာလေးတွေသာမက၊ ကင်ဆာကဲ့သို့သော ရောဂါဆိုးကြီး တွေကိုပါ ကာကွယ်ပေးပါတယ်။

(၂) အသက်ကြီးရင့်မှုကို လျှော့ချပေးတယ်



ဗီတာမင်စီ ကြွယ်ဝတဲ့ ငှက်ပျောဖူးက ခန္ဓာကိုယ်တွင်း ဆဲလ်တွေ၊ တစ်ရှုးတွေ လျှင်မြန်စွာ ပျက်စီးခြင်းကို ထိထိ ရောက်ရောက် ကာကွယ် ပေးနိုင် ပါတယ်။ အထူးသဖြင့် အရွယ်တင် နုပျိုမှုကို ဖြစ်စေပြီး၊ အသက်ရှည်တဲ့ ဘ၀ကိုလည်း ပိုင်ဆိုင် စေပါတယ်။

(၃) နှလုံးရောဂါကို မဖြစ်စေဘူး

ပိုတက်စီယမ် ကြွယ်ဝတဲ့ ငှက်ပျောဖူးဟာ အစား အစာတွေကို လွယ်ကူစွာ ချေဖြတ် ပေးပါတယ်။ သွေးနဲ့ အစား အစာတွေ ထဲမှာရှိတဲ့ ကိုလက်စထရောနဲ့၊ အဆိပ် အတောက် တွေကို အမြန်ဆုံး နည်းနဲ့ ဖယ်ရှား ပေးနိုင် ပါတယ်။ နှလုံးရောဂါနဲ့ ဆက်စပ် ရောဂါတွေကို ကာကွယ် ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။

(၄) အစာချေစနစ်ကို ကောင်းမွန်စေတယ်



တစ်ချို့က ငှက်ပျောဖူးကို ၀မ်းချုပ်တဲ့ အခါမှာ ချက်ကျွေး တတ်ကြ ပါတယ်။ ငှက်ပျောဖူးရဲ့ သတ္တိက ၀မ်းသွားနေသူကို ၀မ်းရပ်စေပြီး၊ ပိုတက်စီယံ ဓာတ်က ၀မ်းမသွားသူကို ၀မ်းသွားအောင် အစာခြေ စနစ်ကို ပြုပြင်ပေး ပါတယ်။

(၅) အမျိုးသမီးများ ဓမ္မတာကို မှန်စေတယ်

ဓမ္မတာမမှန်တဲ့ အမျိုးသမီးတွေ အတွက်တော့ သဘာဝဆေးလို့ ဆိုပါတယ်။ ထိမ်ခြင်း၊ ကျန်ခြင်း၊ ပုံမှန် မဟုတ်သော အရောင်ဆင်းခြင်း စတာတွေကိုလည်း မဖြစ်စေပါဘူး။

အမျိုးသမီးတွေ လစဉ်ဖြစ်ပေါ်လေ့ရှိတတ်တဲ့ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ စိတ်ကြွပ်ဆပ်ခြင်း စတာတွေကိုပါ ပျောက်ကင်း စေနိုင်ပါတယ်။

source : lifehack.org

From : SHWEMOM by ညီလင်းထက် (Shwemom)

Originally published at - http://www.shwemom.com/health-benefits-of-eating-banana-flower/

Read More »

လေလည်ခြင်းကိုကြည့်ပြီး သင့်ကျန်းမာရေး အခြေအနေကို ခန့်မှန်းနိုင်




ကျန်းမာ နေတဲ့ လူတစ်ယောက်မှာ တစ်ရက်ကို ပျမ်းမျှ အားဖြင့် အကြိမ် 20 ခန့် လေလည် ကြပါတယ်။ စစ်တမ်း အရ အမျိုးသမီး တွေက ပိုပြီး လေလည်လေ့ ရှိတယ်လို့ ဆိုပါတယ်။

ဒါကလည်း သူတို့တစ်တွေ ပါးစပ်က တပြတ်ပြတ် အစား အသောက်နဲ့ မပြတ်လို့ ဖြစ်ပါလိ့မ်မယ်။ လေလည်ခြင်းနဲ့ ပတ်သက်တဲ့ အချက် ကလေးတွေကို ပရိသတ် အတွက် ဖော်ပြပေး လိုက်ပါတယ်။

(၁) ပဲ အစရှိတဲ့ အစားအစာတွေကြောင့်

လေလည် သူတွေ တော်တော် များများဟာ ပဲအစရှိတဲ့ ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ အစား အစာတွေ၊ ဂေါ်ဖီထုပ်၊ ကန်စွန်းရွက် အစရှိတဲ့ အစားအစာ တွေကို စားလို့ လေလည် ကြတာ ဖြစ်ပါတယ်။

အကြောင်းကတော့ အဲဒီ အစားအစာတွေဟာ လူအတွက်လည်း ကောင်းမွန် သလို၊ အစာခြေစနစ် အတွက်လည်း ကောင်းမွန် ပါတယ်။

အဲဒီအသီးအရွက်တွေထဲမှာပါတဲ့ ကိုလက်စထရောနဲ့ သကြားဓာတ်တွေကို ခန္ဓာကိုယ်က မစုပ်ယူနိုင်တဲ့ အတွက် ၀မ်းဗိုက်ထဲမှာ သဘာဝ အစာချေ စနစ်နဲ့ ပြင်ပကို စွန့်ထုတ် ရပါတယ်။

(၂) အစားအစာကို လျှင်မြန်စွာစားခြင်း



အစားအစာကို လျှင်မြန်စွာ စားလေ့ရှိတဲ့ သူတွေဟာ အခြား သူတွေထက် လေပိုလည် ကြရပါတယ်။ အကြောင်း ကတော့ အစားအစာကို လျှင်မြန်စွာ စားခြင်းရဲ့ အခြား အဓိပ္ပါယ်က အစာကို ကြေညက်စွာ မစားခြင်း ဖြစ်ပါတယ်။

ဒီအတွက် ၀မ်းဗိုက် အစာခြေ စနစ်ဟာ အလုပ်တွေ အများကြီး လုပ်ရပြီး၊ သတ်မှတ်ချိန်မှာ အစာကြေဖို့ လုပ်ဆောင် ကြရပါတယ်။ ဒီကနေ ဂက်စ် အများကြီး ထွက်ရှိ လာတာ ဖြစ်ပါတယ်။

(၃) အူတွင်း ဘက်တီးရီးယား မညီမျှခြင်း

အူတွင်းမှာ ဘက်တီးရီးယားတွေ အများကြီး ရှိပါတယ်။ ဒီဘက်တီးရီးယား တွေဟာ အစာခြေ စနစ်နဲ့ အစာအိမ် အတွင်း ၀င်ရောက်လာတဲ့ ရောဂါ ကာကွယ်ရေး
တို့ကို ပူးပေါင်း ဆောင်ရွက် ကြပါတယ်။

တစ်ခါတလေ မာခဲတဲ့ အစားအစာတွေ အစာမကြေတဲ့ အစားအစာတွေဟာ အစာခြေဖို့ ခက်ခဲနေ တတ်ပါတယ်။ ဒီအတွက် ဘက်တီးရီးယားတွေ များစွာ အလုပ် လုပ်ကြရပြီး ဂက်စ်တွေကို သာမန်ထက် ပိုဖြစ်စေ ပါတယ်။ အဲဒီလိုအချိန်မျိုးမှာ လည်တဲ့လေဟာ သာမန်အထက် အနံ့ ပို့ဆိုးဝါး တတ်ပါတယ်။

(၄) လေလည်တိုင်း ကောင်းသလား

တစ်ချို့က ပြောကြပါတယ်။ လေလည်တာ ကျန်းမာရေး ကောင်းလို့ ဆိုပြီး၊ တကယ်လည်း ဟုတ်သလောက် နီးပါးကို ကျန်းမာရေးကို ဖော်ပြ ပေးပါတယ်။ ဒါပေမယ့် ကျန်းမာရေး ကောင်းတိုင်း လေလည် တာတော့ မဟုတ်ပါဘူး။

လေလည်တိုင်း ကျန်းမာရေး ကောင်းတယ် ဆိုရင် ဆရာဝန်တွေဟာ လေလည်သံ နားထောင်ပြီး ဆေးမထိုးပဲ ပြန်လွှတ်တဲ့ ဓလေ့ ရှိလာမှာ မလွဲပါဘူုး။

ဒီတော့ လေလည် တိုင်းလည်း ကျန်းမာရေး မကောင်းပါဘူး။ ဥပမာ အားဖြင့် နံပတ် 3 မှာ ဖော်ပြထားတဲ့ အစာမကြေစေတဲ့ အစားအစာ တွေဟာ လူကို ကျန်းမာရေး ထိခိုက် စေနိုင်သလို၊ ၀မ်းဗိုက် ကျန်းမာရေး ကိုလည်း ထိခိုက်စေပါတယ်။

ဒါကြောင့် ၀မ်းတစ်လုံး ကောင်းရင်း ခေါင်းမခဲဘူး-ဆိုတဲ့ စကားပုံ ဖြစ်လာတာပါ။ ခေါင်းခဲတဲ့ အချိန်မှာလည်း လေလည်တာ ရပ်သွားတဲ့သူ ရှားပါတယ်။

ဒါကြောင့် လေလည် တိုင်းလည်း ကျန်းမာရေး ကောင်းတယ်လို့ ပြောလို့ မရပါဘူး။

source : rd.com

From : လင်းဇော်ကို (Shwemom)

Originally published at - http://www.shwemom.com/things-your-farts-can-reveal-about-your-health/

Read More »

အိမ်ထောင်ရေးသုခ အပြည့်အဝရစေဖို့ စားပေးသင့်တဲ့ အစားစာများ




အိမ်ထောင်ရေး သုခ ပြည့်ဝစေဖို့ အတွက် လင်ရော မယားရော ကျန်းမာနေဖို့ လိုပါတယ်။ အချို့အစား အစာတွေ ကတော့ စားပေး သူတွေ အတွက် တစ်ချက်ခုတ်
နှစ်ချက်ပြတ် ပါဘဲ။ လူကိုလည်း ကျန်းမာစေသလို၊ အိမ်ထောင်ရေးသုခအတွက် အားအင်တွေ၊ စိတ်ခွန်အားတွေကို ပေးစွမ်းနိုင်ပါတယ်။

လင်ယောမယားရော စားပေးသင့်တဲ့ အစားအစာလေးတွေကို Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ထောပတ်သီး



ထောပတ်သီးဟာ အသားရေကို နူးညံ့စေသလို၊ မျက်လုံးအမြင်နဲ့ အာရုံစူးစိုက်မှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ အိမ်ထောင်သည်တွေ အတွက်တော့ မပင်ပန်းသော၊ စိတ်ကျေနပ်မှုပြည့်ဝသော စွမ်းဆောင်မှုကို ဖြစ်စေပါတယ်။

အမျိုးသမီးများလည်း ချစ်တင်းနှောစဉ်မှာ နာကျင်ခြင်း၊ စိတ်တိုင်း မကျခြင်းတို့ကို မဖြစ်စေပါဘူး။ ဒါ့အပြင် ဓမ္မတာကိုလည်း မှန်ကန် စေပါတယ်။

(၂) အယ်လ်မွန်သီး

အယ်လ်မွန်အသီးဟာ လိင်ပိုင်းဆိုင်ရာ စွမ်းအားတွေ အထူးဖြည့်တင်းပေးတဲ့ အစားအစာတွေဖြစ်ပါတယ်။ အာရုံစူးစိုက်မှုနဲ့ မျိုးဗီဇအောင်မြင်မှုကို အထူးထောက်ပံ့
ပေးနိုင်ပါတယ်။ ကာမဂုံ စိတ်အားနည်းသူတွေ အမြဲလိုလို စားပေးသင့်တဲ့ အသီးဖြစ်ပြီး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်း စားပေးသင့်ပြီး ဗိုက်ထဲရှိတဲ့ကလေးကို ကျန်းမာစေပါတယ်။

(၃) ခရု/ကမာ/ဂုံး



ခရု/ကမာ/ဂုံး စတဲ့ အစားအစာတွေမှာ Omega 3 ဓာတ်တွေ ပါဝင်ပါတယ်။ ဒီဓာတ်ဟာ စွယ်စုံဓာတ်ဖြစ်ပြီး၊ စိတ်စွမ်းအား၊ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းအား၊ အမြင်အာရုံနဲ့ ကာမဂုံစိတ်တွေကို အလွန်အားပေးပါတယ်။

စွမ်းဆောင်ရည်ကျဆင်းသွားတဲ့ အိမ်ထောင်သည်တွေ နေ့စဉ် စားပေးပါက အိမ်ထောင်ရေးသုခကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

(၄) ဆော်လမွန်ငါး

ဆော်လမွန်ငါးရဲ့ စွမ်းဆောင်ရည်ကတော့ အဖိုးကြီးတွေတောင် အံ့သြစေရတယ်လို့ ဆိုပါတယ်။ ဂျပန်နဲ့ အမေရိကန်ကဲ့သို့သော လိင်မှုကိစ္စ အထူး ဂရုစိုက်တဲ့
နိုင်ငံတွေမှာ သီးသန့် အစိမ်းလိုက် စားပေးတာ မျိုးတောင် ရှိပါတယ်။

ဆော်လမွန်ငါးမှာ Omega 3 ဓာတ် မြင့်မားစွာ ပါဝင်လို့ အခြားကျန်းမာရေးကောင်းကျိုးတွေလည်း အများကြီးပေးစွမ်းပါတယ်။

(၅) ပန်းသီး/၀ိုင်နီ/ကြက်သွန်ဖြူ



အခြား ပုံမှန်ဖြည့်စွက်စားပေးသင့်တဲ့ အစားအစာတွေထဲမှာတော့ ပန်းသီးက အလွန်သင့်တော်ပါတယ်။ ၀ိုင်နီကလည်း အိမ်ထောင်ရေးသုခကို ဖြည့်စွမ်းပေးနိုင်ပြီး တစ်ရက်ကို တစ်ခွက်လောက်သာ ပုံမှန်သောက်ပေးရုံနဲ့ ကာမဂုံစိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။

source : health.com

From : SHWEMOM by ညီလင်းထက် (Shwemom)

Originally published at - http://www.shwemom.com/foods-for-better-sex/

Read More »

Sunday, August 14, 2016

ဓာတ်ချုပ်တတ်သူများသို့




ကျန်းမာရေး

ကျန်းမာရေးနဲ့ ပတ်သက်ရင် ပြင်းထန် ဆိုးရွားတဲ့ ဝေဒနာ ရယ်လို့  မဟုတ် ပေမယ့် အောင့်သက်သက်နဲ့  ခံရ ခက်လို့  ညည်းတွား ကြတာ များတဲ့ အထဲမှာ ဝမ်းချုပ် တာလည်း ပါနေ တာပါ။ အထူး သဖြင့်  သက်ကြီး ရွယ်အိုတွေ၊ လှုပ်ရှားမှု နည်းပါး အထိုင်များ သူတွေ၊ အစား အသောက်ထဲမှာ အမျှင်ဓာတ် ပါဝင်အောင် စားသောက်လေ့ မရှိ သူတွေမှာ အတွေ့ရ အများ ဆုံးပေါ့။

မတူညီတဲ့ ဝမ်း အလေ့အထ

တယောက်နဲ့ တယောက် ဝမ်းမှန်တယ် ဆိုတာက မတူညီ ကြပါဘူး။ လေ့လာ ချက်တွေအရ ပျမ်းမျှ အားဖြင့် တနေ့ ၃ ကြိမ်လောက် သွားသူ ကနေ တပတ် ၃ ကြိမ်လောက် အထိ သွားကြ တာကို အသီးသီးက ဝမ်းမှန်တယ် ဆိုကြလေ့ ရှိပါသတဲ့။

အဲသလို ပုံမှန် ဝမ်းမသွားရရင် ဝမ်းချုပ်တယ်လို့ ထင်ကြတော့ တာပါ။ ဝမ်းချုပ်တာရဲ့ အဓိက အကြောင်းကတော့ အူတွေရဲ့ လှုပ်ရှားမှု မူမမှန်လို့ ဖြစ်ရတာပါ။

ဝမ်းချုပ်တာကို အဓိပ္ပါယ် ဖွင့်ဆိုကြရာမှာ ဝမ်းက မာကျောပြီး လွယ်လွယ် မထွက်နိုင်တာ၊ ဝမ်းသွား ပြီးရင်လည်း ကုန်စင်တယ်လို့ မခံစားရ တာမျိုးတွေ ပါဝင် ပါတယ်။

ဖြေရှင်းစရာ နည်းနာ

ကံအားလျော်စွာ ဝမ်းချုပ်တယ် ဆိုတာက ယာယီ ဝေဒနာမို့ တော်သေး တယ်လို့ ဆိုရမှာပါ။ ဆေးဝါး တွေကြောင့်၊ အိမ်သာ တက်ဖို့ အခင်းအကျင်း အနေ အထား အဆင်မပြေ တာတွေကြောင့် ဖြစ်တတ် သလို ကိုယ်ဝန် ရှိတာမျိုး ကိုယ်ခန္ဓာ အပြောင်း အလဲတွေ မှာလည်း ဖြစ်တတ် ပါတယ်။

တကယ်တော့ ကြီးမားတဲ့ တခြား အူလမ်းကြောင်း ပိတ်ဆို့တဲ့ ရောဂါတွေကြောင့် မဟုတ်ရင် ဝမ်းချုပ်တာက ပြဿနာ မရှိလှပါဘူး။

ပုံမှန်ထက်ပိုပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေ စားပေးရင် အဆင်ပြေ ပါတယ်။ အမျှင်ဓာတ်တွေက အစာချေချက်ဖို့ ခက်တော့ ဝမ်းကိုပျော့ပျောင်းစေသလို ဝမ်းသွား ချင်စိတ်လည်း ဖြစ်စေ ပါတယ်။

သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးတွေကို နေ့စဉ် စားသုံးပေး ရပါလိမ့်မယ်။ ဂျုံကြမ်းပေါင်မုန့်၊ ဆန်လုံးညိုတွေလည်း အဆင်ပြေ ပါတယ်။



ရေများများ သောက်ပေးဖို့လည်း လိုပါတယ်။ တနေ့မှာ ရေဖန်ခွက်ကြီး ၆ ခွက်ကနေ ၈ ခွက်လောက်တော့ သောက်ဖို့ လိုအပ်တာပါ။ အဲသလို စားသောက်လိုက်ရင် ဝမ်းချုပ်တာ သက်သာမှာပါ။

ကျွမ်းကျင်သူများ ညွှန်းဆိုကြတာကတော့ တနေ့မှာ အမျှင်ဓာတ် လိုအပ်မှုက ၂၅ ဂရမ် လောက် ရှိပြီး လူတွေ ပုံမှန် စားနေ တာက ၅ ဂရမ် နဲ့ ၁၀ ဂရမ် ကြားလောက်မှာသာ ရှိ ပါတယ်တဲ့။ ဒါကြောင့် နေ့စဉ် စားသောက်တဲ့ အစာတွေမှာ အမျှင်ဓာတ် ကြွယ်မှု များပြားတဲ့ အောက်ပါ အစားအသောက်တွေ ပါဝင်အောင်စားစေလိုပါတယ်။

• ဂျုံကြမ်း၊ ဆန်ကြမ်းနဲ့ လုပ်တဲ့ အစားအစာတွေ
• လတ်ဆတ်တဲ့ သစ်သီးဝလံတွေ
• ပဲအမျိုးမျိုး
• ဟင်းသီးဟင်းရွက် မျိုးစုံ

အဲဒီ အစားအစာတွေသာ စားသုံး လိုက်ပါ။ နေ့စဉ် မပျက်ကွက် ရင်ဖြင့် ဓာတ်ကလေးတွေလည်း သက်လာ ပါလိမ့်မယ်လို့ ဆိုပါရစေ။

ဒေါက်တာသက်ဦး

Originally published at - ဧရာဝတီ by Hsu Wai Linn

Read More »

Sunday, July 10, 2016

သွေးအတွင်း အဆီဓာတ်မြင့်မားခြင်း




သွေး အတွင်း အဆီဓာတ် မြင့်မားတဲ့သူ တွေ အနေနဲ့ အသားစား ပေးသင့် ပါတယ်။ တချို့က အဆီဓာတ် မြင့်မားလို့ ဆိုပြီး ပုံမှန် စားနေကျ ထမင်းကို လျှော့ပြီး ဟင်းသီး ဟင်းရွက် ကြော်၊ ဟင်းချိုရည် နဲ့ပဲ စားကြတယ်။ ကြာလာတော့ အားအင် ကုန်ခန်းပြီး တက်ကြွ လန်းဆန်းမှု မရှိတော့ဘဲ အမြဲ အိပ်ငိုက်ပြီး ပျင်းရိ နေတတ်တယ်။

လူ့ခန္ဓာကိုယ် အချိုးအဆ အနေနဲ့ ဘီအမ်အိုင် ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ အတွင်း ရှိရ ပါမယ်။ ဘီအမ်အိုင် ဆိုတာ ခန္ဓာကိုယ် အလေးချိန် (ကီလိုဂရမ်) အရပ် အမြင့် မီတာ (နှစ်ထပ်ကိန်း) နဲ့စားလို့ ရတဲ့ ကိန်းဖြစ်လို့ အလေးချိန် လျှော့ဖို့ လိုမယ်။ အသင့် အမြန်စား အစာတွေက ကိုလက်စထရော ကို မြင့်တက် စေပါတယ်။

တချို့သွေး အတွင်း အဆီဓာတ် လွန်ကဲသူတွေက အသားဟင်း၊ အဆီတွေကို မစားရ ဘူးလို့ နားလည် နေကြတယ်။ ပြည့်ဝဆီ များတဲ့ ဝက်သားလို အသားကို ရှောင်ပြီး ငါးကို ရွေးချယ် စားသုံး နိုင်ပါတယ်။

မပြည့်ဝဆီ အက်စစ်ဟာ သွေးအတွင်း အဆီဓာတ် ထူးခြားခြင်းနဲ့ နှလုံး၊ ဦးနှောက် သွေးကြော ရောဂါ တို့ကို ကာကွယ် ပေးရာမှာ အရေးကြီး တဲ့ ကဏ္ဍက ပါဝင် နေတယ်။

သွေးအားနည်း ရောဂါ ဖြစ်နေ သူတွေ အနေနဲ့ သံဓာတ် ကြွယ်ဝပြီး အဆီဓာတ် နည်းတဲ့ အမဲသား သို့မဟုတ် အဆီ မပါတဲ့ အသားကို ရွေးချယ် စားသုံး နိုင်ပါတယ်။

လေးဖက်နာ ရောဂါ ရှိနေသူတွေ ဆိုရင်တော့ ဖြူလင်းဓာတ် နည်းပါးတဲ့ ကြက်၊ ဘဲ တို့ကို ရွေးချယ် စားသုံး သင့်ပါတယ်။ အရိုးပွ ရောဂါ ဖြစ်နေသူတွေ ဆိုရင် ပုစွန် စားသုံးနိုင် ပါတယ်။

လူရဲ့ ခန္ဓာကိုယ် အတွင်းမှာ ပရိုတိန်းခေါ် အသားဓာတ်နဲ့ မရှိမဖြစ် လိုအပ်တဲ့ အဆီအက်စစ် ချို့တဲ့ နေတာကို တွေ့ရှိရ တတ်တယ်။

သွေးအတွင်း အဆီက အသားဓာတ် (ပရိုတိန်း) အဖြစ် မပြောင်းလဲ နိုင်လို့ ပုံမှန် စားနေကျ အစား အစာမှာ အသားကို စားသုံးခိုင်း ရတာပဲ ဖြစ်တယ်။ လူတိုင်း နေ့စဉ် လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီထိ လုပ်သင့် ပါတယ်။

အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လုပ်ပေးသင့်တယ်။ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ပိုလျှံနေတဲ့ ကယ်လိုရီ တွေကို အဆီအဖြစ် မပြောင်းလဲဘဲ ချွေးအဖြစ် ပြောင်းလဲ စေရပါမယ်။

The Myawady Daily by - ဒေါက်တာလွင်သန့် (ဆေး-၂)

Originally published at - http://themyawadydaily.blogspot.com/2016/07/blog-post_46.html

Read More »

Friday, July 8, 2016

ရေခဲသေတ္တာထဲ သိမ်းမထားသင့်တဲ့ အစားအစာ ငါးမျိုး




ရေခဲသေတ္တာ ဆိုတာ အစား အစာ တွေကို လတ်ဆတ် စေဖို့၊ မပုပ်မသိုး စေဘဲ တာရှည် ခံဖို့၊ ကျန်းမာရေးနဲ့ ညီညွတ် စေဖို့ဆိုပြီး အပူချိန် လျှော့ချ၍ အအေးခံ သိမ်းဆည်း ထားတဲ့ နေရာလေး ဖြစ်တာမို့ ဇိမ်ခံ ပစ္စည်း မဟုတ်ဘဲ အိမ်တစ်အိမ် အတွက် မရှိမဖြစ် ပစ္စည်း တစ်ခုလေး ပါပဲ။ အိမ်ရှင်မများ အတွက် သက်မဲ့ အတွင်းရေးမှူး (လက်ထောက်) ဆိုလည်း မမှားပါဘူး။

ဒါပေမယ့် သဘာဝနဲ့ ဆန့်ကျင်ပြီး အပူချိန်လျှော့ချကာ အအေးခံပေးထားတာဖြစ်လို့ အစားအစာ (အားလုံး)ကိုတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းလို့ မရနိုင်ပါဘူး။ အချို့ အစားအစာ
တွေကို အေးခဲထားလိုက်တဲ့အခါ မူလအနံ့၊ အရသာကို ပျက်ပြယ်သွားစေတဲ့အပြင် အချိန်မတိုင်ခင် ပုပ်သိုးနွမ်းအိသွားစေလို့ပါ။

အာလူး

အာလူးတွေက အလင်းသိပ်မကြိုက်ကြပါဘူး။ ခြောက်သွေ့တဲ့နေရာနဲ့ သဘာဝအခန်းအပူချိန်ကိုသာ ကြိုက်ကြပါတယ်။ အကယ်၍ အာလူးကို ရေခဲသေတ္တာထဲ ထည့်လိုက်တဲ့အခါ သူ့ရဲ့မူလအရသာများ ပျက်စီးသွားပါတော့တယ်။ ဒါ့ပြင် ချက်ပြုတ်တဲ့အခါ တော်တော်နဲ့ မနူးအိလာတော့ဘဲ စားတဲ့ အခါမှာ မာဆတ်ဆတ် ဖြစ်သွားပါတယ်။ အာလူး အခွံပေါ်မှာ အစိမ်းရောင် သန်းနေရင် (လုံးဝ) မဝယ်ပါနဲ့။ အဆိပ်ဖြစ်စေ တတ်လို့ပါ။ (ထိုနည်း တူစွာပင် ပိန်းဥ၊ ကန်စွန်းဥတွေ ကိုလည်း ရေခဲသေတ္တာထဲ သိမ်းမထား သင့်ပါဘူး။)

ကြက်သွန်နီ

ကြက်သွန်နီတွေကို ပုံမှန် အခန်းအပူချိန်ထဲမှာသာထားပေးရပါမယ်။ ကြက်သွန်နီတွေ ကြာကြာခံစေဖို့အတွက် ဇာကွက်၊ ပိုက်ကွန်အိတ်တွေက အကောင်းဆုံးပါပဲ။ နောက်ထပ် အရေးကြီးဆုံးအချက်က ကြက်သွန်နီတွေနဲ့ အာလူးတွေကို အတူတူရော မထားသင့်ပါဘူး။ ကြက်သွန်ထဲမှာပါတဲ့ သဘာဝ ဟင်းခတ်အမွှေး အကြိုင်ရနံ့တွေကို အာလူးက စုပ်ယူ ပစ်လို့ပါ။

ဒါ့ပြင် ကြက်သွန်နဲ့ အာလူးများအားလုံး တစ်ခဏတွင်းမှာပင် ပုပ်သွားစေပါတယ်။ (ကြက်သွန်နီတွေကို တစ်နေ့တာ ချက်ပြုတ်ဖို့အတွက် လိုအပ်သလောက်သာ အခွံနွှာပါ။ အကယ်၍ အခွံနွှာ ထက်ခြမ်းခြမ်းပြီးတော့မှ ပိုလျှံ၍ နောက်နေ့မှ သုံးတဲ့အခါ အစာအိမ်ကို အဆိပ်ပြုစေပြီး အော့အန်စေနိုင်ပါတယ်။

အဲဒီလို ပြဿနာမဖြစ်ရလေအောင် အခွံနွှာပြီးသား ပိုလျှံနေတဲ့ကြက်သွန်နီတွေကို အပူပေး၊ ဆီသတ်၍ အအေးခံပြီးနောက် ဘူးထဲမှာရေလုံအောင်ဖုံးပြီးမှသာ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။ ဘူးလေလုံဖို့အရေးကြီးပါတယ်။ လေမလုံပါက ရေခဲသေတ္တာတစ်ခုလုံး အနံ့ဆိုးထွက်ပြီး အထဲမှာရှိတဲ့ တခြားပစ္စည်း အားလုံးကို အနံ့ကူးကာ လတ်ဆတ်မှု မရှိစေတော့ပါဘူး။)

ကြက်သွန်ဖြူ

ကြက်သွန်အဖြူ တွေ ကိုလည်း ကြက်သွန်နီတွေလိုပဲ ဇာကွက်၊ ပိုက်ကွန် အိတ်တွေထဲ ထည့်ပြီး အခန်း အပူချိန်မှာသာ သိမ်းထား သင့်ပါတယ်။

ခရမ်းချဉ်သီး

အိမ်ရှင်မတိုင်း လိုလိုက ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲ သိမ်းထားမှ ကြာကြာ ခံတယ်လို့ ထင်မှတ်မှားနေ ကြပါတယ်။ အဲဒီလို သိမ်းထားခြင်းက ခရမ်းချဉ်သီးရဲ့ အနံ့အရသာတွေ (အားလုံး) ပျက်ယွင်းသွားစေလို့ အင်မတန် မှားယွင်းတဲ့ အပြုအမူ ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ခရမ်းချဉ်သီးတွေကို ပလတ်စတစ် အိတ်ထဲလေလုံအောင် ထည့်၍ ပုံမှန် အခန်း အပူချိန်မှာသာ သိမ်းထား ရပါမယ်။ (အကယ်၍ ခရမ်းချဉ်သီးတွေကို မြန်မြန် မှည့်စေချင်ရင် စက္ကူအိတ်မှာ သိမ်းပေးပါ။)

ငှက်ပျောသီး

ရခိုင်၊ ဖီကြမ်း၊ သီးမွှေး၊ ရွှေငှက်ပျောစတဲ့ ငှက်ပျောသီး ဘယ်အမျိုးအစားတွေကိုမဆို ရေခဲသေတ္တာထဲ (လုံးဝ)သိမ်းမထားသင့်ပါဘူး။ အဲဒီလို သိမ်းထားလိုက်တဲ့အခါ မကြာမှီ အတွင်းမှာပင် ငှက်ပျောသီးကို အအေးရိုက်၍ ငှက်ပျောခွံတွေ မည်းလာပြီး အနံ့အရသာ၊ ကျန်းမာရေးဂုဏ်သတ္တိတွေအားလုံးဓာတ်ပြယ်သွားစေပါတယ်။

ငှက်ပျောသီးရဲ့ သဘောတရားက မကြာခဏထိကိုင်မိတဲ့အခါ အပူလောင်ပြီး ပျော့လာတတ်တာမို့ငှက်ပျောသီးအခိုင်တွဲကို အလယ်ကနေ ကြိုးခွချည်ပြီး တိုင်မှာချိတ်ထားပေးပါ။

ငှက်ပျောသီးရဲ့ အညှာကို ပလတ်စတစ်အစနဲ့ တုပ်ချည်ပေးခြင်းက နောက်ထပ်လေးရက် သို့မဟုတ် ငါးရက်လောက် အထားခံပါတယ်။ (ငှက်ပျောခွံပေါ်မှာ အမည်းအစက် အပြောက် ပါတဲ့ အသီးတွေက အပင်ပေါ်မှာ ကြာကြာ ရင့်မှည့် လာတာမို့အရသာ ပိုကောင်းပြီး ဆေးစွမ်း ပိုထက် ပါတယ်။)

Ref : GoodHealth

Originally published at - http://health.thithtoolwin.com/2016/06/blog-post_26.html

Read More »

Formalin – ဖော်မလင်




မင်္ဂလာပါ ဆရာ၊ ကျနော်က ရန်ကုန်၊ ကြည့်မြင်တိုင် မြို့နယ်က့ ပါ၊ ခုတလော နာမည်ကြီး နေသည့် မုန့်ဟင်းခါး၊ ပဲပြား တို့တွင် Formarlin ဆိုသော ဓာတုများ အသုံးပြု ကြသည်ဟု ဆိုကြ ပါသည်။ ထို ဓာတုက လူသေကို ကြာရှည် မပုပ်အောင်လည်း အသုံးပြု ကြသည်ဟု ကြားဖူး ပါသည်။ ထို့ကြောင့် ဆရာ့အနေဖြင့် ထို formarlin ဆိုသည့် ဓာတုဗေဒ နှင့်ပတ်သက်၍ မည်သို့သော ဆိုးကျိုးများ ဖြစ်နိုင်သည်ကို ဗဟုသုတ ရစေရန် အလို့ငှါ မျဝေပေး စေလိုပါသည်။

ကျေးဇူးတင်လျက်။

ဖော်မလင် ဆိုတာ Formaldehyde (CH2O) (ဖော်မယ်လ်ဒီဟိုဒ်) ကို ရောထားတဲ့ ဆေးရည် ဖြစ်တယ်။ လူသေ အလောင်းတွေ။ အင်္ဂါ အစိတ် အပိုင်း နမူနာ တွေကို မပုပ်အောင်
ဆေးစိမ် တာမှာ သုံးတယ်။ ပိုးသေဆေး အနေနဲ့လဲ အပျော့စားကို သုံးနိုင်တယ်။ ပဲပြား၊ နွားနို့နဲ့ ချက်နို့ဆီ တွေမှာ ဖော်မလင် ထည့်ကြတယ်။

စားစရာ တွေမှာ သုံးတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး စတာတွေ ကိုတော့ လူသိများ ပါတယ်။ စားသောက်ကုန် တွေကို ရောင်းပန်းလှအောင် (ဖလေဗာ) ကိုလည်း ထည့်ကြတယ်။ အရသာ အတွက် အချိုမှုန့် အလွန်အကျွံ ထည့်တယ်၊ အချိုကဲစေဘို့ ဆေးသကြားကို သုံးတယ်၊ အကြော်တွေကို ကြွပ်ရွ နေစေဖို့ ပလတ်စတစ်ရေသန့်ဘူးခွံ၊ (ပီဗွီစီ) ပလတ်စတစ်တွေ ထည့်ကြော် ကြတယ်။

အရောင်၊ အနံ့၊ အရသာ ပိုကောင်းအောင်၊ ဓာတု ပစ္စည်းတွေကို ထည့်သုံး လာကြတယ်။ ဝက်အူချောင်း၊ ကြက်အူချောင်း တို့ကို ယမ်းစိမ်းနဲ့ နီအောင် လုပ်တယ်။ လက်ဖက်ကို ချည်ထည် ဆိုးဆေး အိုရာမင်အိုနဲ့ စိမ်းဝါဝါ အရောင် ဖြစ်စေတယ်။ ပုစွန်ကို ဆပ်ပြာရည် ဖျော်ပြီး စိမ်တယ်။ မဲနယ် ဆိုးတယ်။ လိမ္မော်သီး အခွံပေါ်မှာ အညိုကွက် ဖြစ်နေရင် Citrus Red No.2 ကို ဖျန်းပေးပြီး ရောင်းတယ်။ ငှက်ပျောသီး၊ သရက်သီး၊ ထောပတ်သီး စတဲ့ သစ်သီးတွေကို မှည့်နေ သလို ဖြစ်အောင် အက်သလင်း ဓာတ်ငွေ့ ဖျန်းတယ်။ မျှစ်၊ နနွင်းမှုန့်၊ အရောင်တင် မှုန့်နဲ့ ငရုတ်သီး မှုန့်တွေနဲ့ အထားခံ သစ်သီးတွေ၊ ငါးနဲ့ ပုစွန် အသားပြား လွှာတွေမှာ Rhodamine B ခေါ် ချည်ထည် ဆိုးဆေး၊ လက်ဖက်ခြောက်၊ ခရမ်းချဉ်သီး ဆော့စ် မှာ Orange II ထည့်တယ်။ ကင်ဆာဖြစ်တဲ့ အထိ အန္တရာယ် ပေးနိုင်တယ်။

အရက်ချက်တဲ့ အခါ ဖားပြုတ်၊ ဖိနပ်တာယာ ထည့်တယ်။ အချဉ်ဖောက် မြန်စေရန်ဖို့ ပိုးမွှားတွေ ကနေ (စိုင်းယနိုက်) အဖြစ် ပြောင်းပေးနိုင်တဲ့ ဓာတ်မြေသြဇာ၊ သေစေနိုင်တဲ့ (အင်ဒရင်း) ပိုးသတ်ဆေး၊ ဆေးရွက်ကြီး ထည့်ချက် ကြတယ်။ ငါးပိ လုပ်ရာမှာ ငါးအရိုးဆွေး မြန်စေဖို့ ဓာတ်မြေသြဇာ ထည့်တယ်။

(ဖော်မယ်လ်ဒီဟိုဒ်)က သက်ရှိတိုင်း အတွက် အဆိပ် ဖြစ်ပါတယ်။ (ဖော်မယ်လ်ဒီဟိုဒ်) ၃၇ ရာခိုင်နှုန်းကို ၃၀ အမ်အယ်လ် ၁ အောင်စ မျိုချ မိရင် သေစေနိုင်တယ်။ အစာလမ်းကို
လောင်စေနိုင်တယ်။ အလာဂျီ ရနိုင်တယ်။ ကင်ဆာ ဖြစ်စေနိုင်တဲ့ သီအိုရီက ၁၉၇၈ ကတည်းက ရှိခဲ့တာပါ။ အသက်ရှု လမ်းအပေါ်ပိုင်း ကင်ဆာ ဖြစ်စေနိုင်တယ်။

လုပ်ငန်းခွင်တွေမှာ သုံးလို့ လေထု အဆိပ်သင့်တယ်။ ၀ ဒသမ ၁ ပီပီအမ်ထက် များရင် မျက်စိနဲ့ အရေပြား အပါးစားတွေကို နေမထိ ဖြစ်စေတယ်၊ ခေါင်းကိုက်မယ်။ လည်ချောင်း နာမယ်။ အသက်ရှု ခက်မယ်။ အနံ့ကနေ ကလေးတွေမှာ ပန်းနာ ဖြစ်စေတယ်။

၁၅-၆-၂ဝ၁၃ နေ့က ဘင်္ဂလားဒေ့ရှ် သတင်းစာ တစောင်မှာ သစ်သီးထဲပါ ဖော်မလင်က လူတွေကို သေစေ နိုင်တယ်လို့ သတင်းဆောင်းပါး တပုဒ်ပါတယ်။ အသက်ရှုလမ်း၊ အစာလမ်း၊ နှလုံးနဲ့ အာရုံကြောတွေကို ထိခိုက်စေတယ်။ ကင်ဆာ အထိ ဖြစ်နိုင်တယ်လို့ ရေးထားတယ်။

(ဖော်မလင်) က ၀ ဒသမ ၀၅ ပီပီအမ် ရှိတာနဲ့ အနံ့ ရတယ်။ ၀ ဒသမ ၃ ပီပီအမ်ထက် ကျော်ရင် မျက်စိ၊ နှာခေါင်းနဲ့ လည်ချောင်းကို သက်ရောက်တယ်။ ခဏခဏတွေ့ပြီး ၅ – ၃၀ ပီပီအမ် ကျော်ရင် ပန်းနာ ဖြစ်နိုင်တယ်။ အရေပြား အလာဂျီဖြစ်မယ်။ သွေးအားနည်းတာ ဖြစ်နိုင်တယ်။ ကိုယ်ဝန် ပျက်တာလည်း ဖြစ်နိုင်တယ်။ (ဖော်မလင်) ပါနေတဲ့ အသီးတွေက သဘာဝ အတိုင်း မှည့်လာ သလို ထင်ရတယ်။

အသီးကလည်း မာတင်းတင်း ရှိတယ်။ အရောင်တော့ နည်းနည်း မွဲတယ်။ အင်းဆက်ကောင်တွေ အနား မကပ်ချင်ဘူး။ အသီးတွေ၊ နွားနို့နဲ့ တချို့ အစားအသောက်တွေ အထား ခံအောင် သုံးတယ်။

၉-၆-၂ဝ၁၄ နေ့သတင်း အရ အသီး ၈၂ မျိုးထဲမှာ ၄ဝ ရာခိုင်နှုန်း ပိုးသတ်ဆေး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အသီး + နွားနို့နဲ့ ငါးတွေမှာ တွေ့တာပါ။ ရှိသင့်တာထက် အဆ ၂ဝ ပိုနေတယ်။ ၁၄-၈-၂ဝ၁၄ နေ့ကလည်း ဒါကာ ထရီဗျူး သတင်းစာမှာ ဈေးချိုတဲ့ ဖော်မလင် စမ်းနည်းလို့ ပါတယ်။ ဆေးရည် ၂ မျိုး သုံးရတယ်။ ဒါပေမယ့် တချို့ပညာရှင် တွေက တိကျမှု အတွက် သံသယ ရှိတယ်။

(ဖော်မယ်လ်ဒီဟိုဒ်) ကို သစ်သား၊ စက္ကူ၊ အထည် အလိပ် စက်ရုံတွေမှာ သုံးတယ်။ စက်တွေက ထွက်တဲ့ (အိတ်ဇော) ငွေ့ထဲမှာလည်း ပါနေတယ်။ နည်းနည်းလေးသာ ဝင်ယုံနဲ့တော့ ဒုက္ခမပေးပါ။ (ဖော်မယ်လ်ဒီဟိုဒ်) ကို အစား အသောက် လုပ်ငန်းတွေမှာ သုံးလာ ကြတယ်။ ဟင်းသီး ဟင်းရွက်၊ အသားငါး၊ ပင်လယ်စာ၊ မှိုခြောက်။ အဲတာကို သုံးထားတဲ့ အစား အစာထဲမှာ တွေ့တာကို (TMAO) ဓာတ်လို့ ခေါ်တယ်။ သူ့အလို လိုလည်း ရှိနေတယ်။

  • ပန်းသီး = 6.3-22.3
  • ငှက်ပျောသီး = 16.3
  • ဂေါ်ဖီထုပ် = 26.9
  • သစ်တော်သီး = 38.7-60
  • မှိုခြောက် = 100-406 / 6-54.4
  • အမဲသား၊ ဝက်သား၊ ဆိတ်သား = 2.5-20
  • ပင်လယ်စာ = 4.6-34, 6.8, 1-98

အဲတာတွေကို ပုံမှန်သာ စားလို့ ရောဂါ မရစေပါ။ ဒီဓာတ်က ရေမှာ ပျော်ဝင်လို့ မစားခင် ပိုက်ကနေ ကျနေတဲ့ရေနဲ့ ကောင်းကောင်း ဆေးသင့်တယ်။ ချက်ပြုတ်ရာမှာ အပူချိန် 75°C ထက် ကျော်သင့်တယ်။

ကျနော်ရေးတာတွေက မီဒီယာ ကြိုက်မယ့်၊ လူတွေ စိတ်ဝင်စားတဲ့ တစ္ဆေ ဇာတ်လမ်းမပါ။ အစစ်တွေ ချည်းသာ။ ဖြဲမခြောက်ပါ။

ဒေါက်တာတင့်ဆွေ - ၇-၇-၂ဝ၁၆

by DVB

Originally published at - http://burmese.dvb.no/archives/158293

Read More »

Wednesday, July 6, 2016

ကော်ဖီသောက်သုံးခြင်းက အူမကြီးကင်ဆာကို သက်သာပျောက်ကင်းစေနိုင်




ကော်ဖီ သောက်သုံး ခဲ့တဲ့ အဆင့် ၃ အူမကြီး ကင်ဆာ အဆင့်ရှိ လူနာများဟာ သူတို့ရဲ့ကင်ဆာ ရောဂါ တစ်ဝက် နီးပါး သက်သာ ပျောက်ကင်း ကြပြီး သေဆုံးနိုင်တဲ့ အခွင့် အလမ်း သုံးပုံပုံ တစ်ပုံခန့် နည်းပါး သွားကြောင်း လေ့လာမှု အသစ်အရ သိရှိရ ပါတယ်။

လေ့လာသူတွေက ကော်ဖီအတွင်းမှာ ပါဝင်တဲ့ ကဖင်းဓါတ်ဟာ ကင်ဆာရောဂါ ပြန်လည် ဖြစ်ပွားနိုင်မှုကို လျော့ကျ စေတယ် ဆိုတာ လေ့လာ တွေ့ရှိခဲ့ ပါတယ်။

ကော်ဖီသောက်သုံးခြင်းဖြင့် ကောင်းမွန်တဲ့ကာကွယ်မှုတွေ သို့ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာစတဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပြီး ဆီးချိုရောဂါကိုလည်း လျော့နည်းသွားစေကြောင်း လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်။

“ ခင်ဗျားသာ ကော်ဖီသောက်သုံးသူတစ်ယောက်ဆိုရင် အူမကြီးကင်ဆာအတွက် ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဆက်ပြီးတော့သာ သောက်ပါ” လို့ Dana Farber ကင်ဆာဌာနရဲ့ ဒါရိုက်တာဖြစ်သူ Dr. Charles Fuchs ကဆိုပါတယ်။

“ ဒါပေမယ့် ခင်ဗျားက ကော်ဖီသောက်တတ်သူတစ်ဦးမဟုတ်ဘူး စတင်သောက်သုံးဖို့ စဉ်းစားနေရင်တာ့ ကိုယ့်ရဲ့ဆရာဝန်နဲ့အရင် တိုင်ပင်သင့်ပါတယ်” လို့လည်း ဆိုပါတယ်။

လေ့လာသူတွေဟာ အူမကြီးကင်ဆာ အဆင့်၃ရှိ လူနာ ၁၀၀၀ ကို လေ့လာခဲ့ရာ တစ်နေ့ကို ကော်ဖီတစ်ခွက် သို့ တစ်ခွက်နဲ့အထက် - ကဖင်းဓါတ် ၄၆၀ မီလီဂရမ်ခန့်သောက်သုံး သူတွေဟာ ကင်ဆာရောဂါပြန်လည်ဖြစ်ပွားဖို့ ၄၂ရာခိုင်းနှုန်းခန့် ပိုပြီးသက်သာစေတယ်လို့ တွေ့ရှိခဲ့ပါသတဲ့။ ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ချေ ၃၄ ရာခိုင်နှုန်းခန့်လည်း လျော့နည်း သွားစေတယ်လို့ ဆိုပါတယ်။

Fuchs က ကဖင်းဓါတ်ဟာ ကင်ဆာရောဂါကိုသာမက ဆီးချိုရောဂါအတွက်လည်း အကျိုးသက်ရောက်မှုရှိစေတယ်လို့ ဆိုပါတယ်။ ကော်ဖီဟာ ခန္ဓာကိုယ်တွင်း အင်ဆူလင် သိရှိ ခံစားနိုင်မှုကို မြင့်တက်စေပြီး ယောင်ရမ်းနာကျင်မှုတွေကို သက်သာစေပါတယ်။ ဆီးချိုရောဂါကို သက်သာစေရုံသာမက ကင်ဆာရောဂါပိုမို ဆိုးရွားလာစေမှု ကိုလည်း လျော့ကျစေ ပါတယ်။

Ref : Upi

Originally published at - http://health.thithtoolwin.com/2016/07/blog-post_5.html

Read More »

Tuesday, June 28, 2016

ခပ်စပ်စပ်အစားအစာတွေက နှလုံးရောဂါကို ကာကွယ်နိုင်




ခပ်စပ်စပ် ဟင်းတွေ စားရင် နှလုံးရောဂါကို ကာကွယ် နိုင်တယ်လို့ မကြာ သေးခင် ရက်ပိုင်း အတွင်းက ဟောင်ကောင် တက္ကသိုလ် ကနေ ဖော်ထုတ် လိုက်တဲ့ စစ်တမ်း အရ
သိရ ပါတယ်။

ငရုတ်သီးမှာ အဓိက အားဖြင့် ပါဝင်တဲ့ အပူဓာတ် တစ်မျိုးဟာ သွေးတိုးခြင်း အပြင် သွေးတွင်း ကိုလက်စရော များပြားခြင်း ကိုပါ ချေဖျက်နိုင်တဲ့ အတွက် နှလုံးရောဂါ ဖြစ်ပွားမှု ကိုပါ ထိထိ ရောက်ရောက် ကာကွယ် နိုင်ဖွယ် ရှိကြောင်း အဆိုပါ တက္ကသိုလ်က လေ့လာမှုကို ဦးဆောင် ခဲ့သူ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။

"ငရုတ်သီး ထဲမှာ အဓိက အားဖြင့် ပါဝင်တဲ့ capsaicinoids ဆိုတဲ့ဓာတ် ပေါင်းတစ်မျိုးဟာ ပူစပ်ခြင်းကို ဖြစ်ပေါ် စေကာ သွေးအတွင်း အဆီဓာတ်များ ပြားမှုကိုလဲ ထိန်းသိမ်း နိုင်စွမ်း ရှိပါတယ်။

ကျွန်တော်တို့ လေ့လာ ခဲ့ကြရာမှာ ဟမ်းစတား လေးတွေကို အုပ်စု(၂) စုခွဲ ခဲ့ပြီး capsaicinoids ဓာတ်ပါဝင်တဲ့ အစားအသောက်၊ မပါဝင် အစားအသောက် ဆိုပြီး ခွဲခြား ကျွေးခဲ့ ပါတယ်။

တွေ့ရှိခဲ့ရတဲ့ ရလဒ်ကတော့ အထက်မှာ ဖော်ပြ ခဲ့သလို သွေးအတွင်း အဆီဓာတ် ပါဝင်မှု နှုန်းတွေက သိသိသာသာကို ကွာခြား နေပါတယ်"လို့ ဒေါက်တာ ဇန်ယူချွမ်က ဆိုခဲ့ပါတယ်။

Ref : HealthyMag

Originally published at - http://health.thithtoolwin.com/2016/06/blog-post_31.html

Read More »

Monday, June 27, 2016

တစ်နေ့ကို ကယ်လိုရီ ၁၀၀ အထိ လျှော့ချပေးနိုင်စေမယ့် နည်းလမ်း ဆယ်ခု




တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချတာက သင့်ကို တစ်နှစ် အတွင်းမှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျဆင်း သွားအောင် စွမ်းဆောင် နိုင်ပါတယ်။

အခုပြောပြမယ့် နည်းလမ်းတွေ ထဲက တစ်ခုကို ရွေးချယ်ပြီး နေ့စဉ် လုပ်ဆောင် ကြည့်ပါ။ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်း စေပါတယ်။

နည်းလမ်း (၁)

သင်စားတဲ့ အစား အစာတွေရဲ့ ပမာဏကို မှန်မှန်ကန်ကန် စားတတ်တဲ့ အလေ့ အကျင့် ရှိနေဖို့က အရေးကြီး ပါတယ်။ သင်စားမယ့် ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံကို ထမင်း၊ နှစ်ပုံကို ဟင်းသီး ဟင်းရွက်နဲ့ ကျန်တစ်ပုံကို သားငါး ထည့်စားပါ။

နည်းလမ်း (၂)

သင်အစာ စားတဲ့ အခါ ဗိုက်ပြည့် သွားအောင် စားမယ့် အစား ၈၀ ရာခိုင်နှုန်း အထိပဲ ပြည့်အောင် စားပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်တော့ လျှော့ စားပေးပါ။

နည်းလမ်း (၃)

သကြားမပါဘဲ အနံ့ထည့် ထားတဲ့ ပီကေကို တီဗီကြည့်ရင်း၊ အင်တာနက် သုံးရင်း ဝါးပေးပါ။ ညစာ မစားခင် ပီကေ ဝါးပေးတာက ညစာ လျှော့စား မိစေပါတယ်။

နည်းလမ်း (၄)

စကား တပြောပြောနဲ့ ထမင်းစားတာက သင်ဗိုက်ပြည့် သွားတယ် ဆိုတာကို မသိနိုင် တော့ဘဲ အစာကို အထိန်း အကွပ်မရှိ စားမိ တတ်ပါတယ်။ စားတဲ့ အစား အသောက် ကိုလည်း သင့်ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ မရွေးချယ် မိတော့ပါဘူး။ အများစုက ဒီအချက်ကို မေ့နေ တတ်ပါတယ်။ ဒါကြောင့် အစာ စားချိန်မှာ စကားမပြောဘဲ သင်စားတဲ့ အစာအပေါ်မှာပဲ အာရုံစိုက်ပြီး စားပေးပါ။

နည်းလမ်း (၅)

ယောဂနဲ့ ကိုယ် အလေးချိန် လျှော့ချနိုင်တာ ဘယ်လို ဆက်စပ်နေလဲ ဆိုတာကို သုတေသီတွေက လေ့လာ ကြည့်တဲ့ အခါ ယောဂ လေ့ကျင့် သူတွေဟာ အစားအသောက် စားရာ မှာလည်း သတိထားပြီး စားသောက်တဲ့ အကျင့် ရသွားပြီး အစား အသောက်တွေကို အလွန် အမင်း ပြည့်အင့်တဲ့ အထိ မစားမိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မြင့်မား လာတာကြောင့်လို့ ဆိုပါတယ်။

နည်းလမ်း (၆)

ဝက်ဆားနယ်ခြောက် စားတာ၊ အသားညှပ် ဆင်းဒ်ဝှစ် စားတာတွေကို ရှောင်လိုက်ပါက သင်စားတဲ့ အစား အသောက် ထဲကနေ ကယ်လိုရီ ၁၀၀ ရရှိမှုကို လျှော့ချ နိုင် ပါလိမ့်မယ်။ အသားနဲ့ချိစ် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ်အစား အသီးအရွက် ညှပ်ထားတဲ့ ဆင်းဒ်ဝှစ်ကို စားပေးပါ။

နည်းလမ်း (၇)

ကောက်နှံ တစ်ခု လုံးကို စားသုံးပေး ပါက ကယ်လိုရီ အနည်းငယ်သာ ရရှိစေပြီး ကိုလက်စထရော အဆင့်ကို ကောင်းမွန် စေပါတယ်။ ကောက်နှံ တစ်ခုလုံးနဲ့ ပြုလုပ် ထားတဲ့ အစား အသောက်တွေ သင့်ပတ်ဝန်းကျင်မှာ များစွာ ဝယ်ယူ စားသုံးနိုင်တယ် ဆိုပေမယ့် သကြားနဲ့ ခရင်မ် ပါဝင်မှု များတာတွေကို မစားသင့်ပါဘူး။

နည်းလမ်း (၈)

အချိုရည်တွေ သောက်မယ့် အစားရေပဲ သောက်ပါ။ သင်ရဲ့တစ်နေ့တာ သကြား ၁ဝ ဇွန်းစာ လျှော့ချပြီးသား ဖြစ်စေ ပါတယ်။ ရေပဲ သောက်ရ တာကို မနှစ်သက် ပါက ရေထဲကို ရှောက်ရည် အနည်းငယ် ညှစ်ပြီး သောက်တာ၊ စတော်ဘယ်ရီသီး ထည့်သောက်မျိုး လုပ်ဆောင်ပါ။

နည်းလမ်း (၉)

ညစဉ် အိပ်စက်တိုင်းမှာ အိပ်ချိန်ထက် တစ်နာရီ ပိုအိပ်စက် ပေးပါက တစ်နှစ် အတွင်းမှာ ကိုယ် အလေးချိန် ၁၄ ပေါင် ကျဆင်းစေ တယ်လို့ မစ်ချီကန် တက္ကသိုလ်မှ သုတေသီ
တွေက ပြောပါတယ်။ အိပ်စက်မှု ပိုတာက သရေစာ စားချင်စိတ်ကို လျှော့ချ ပေး တာကြောင့် ကယ်လိုရီ ၆ ရာခိုင်နှုန်းလောက် ကျဆင်းစေ တယ်လို့ ယူဆကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူကြဘူး ဆိုပေမယ့် အိပ်စက်ချိန် ပိုယူတာက အကျိုး သက်ရောက်မှု ရှိစေ ပါတယ်။

နည်းလမ်း (၁၀)

အစာစားဖို့ အချိန်မိနစ် ၂၀ ပေးပြီး ဖြည်းဖြည်း စားပါ။ ဒါဟာ ရှင်းလင်း လွယ်ကူပြီး ကိုယ်အလေးချိန် ကျဆင်းစေနိုင်တဲ့ ထိပ်တန်း နည်းလမ်း တစ်ခုပါ။ အစာကို တစ်လုတ်ချင်း၊ တစ်ကိုက်ချင်း အရသာခံ စားသုံးပါက အစာစားချိန် သိသိသာသာ နှေးကွေး သွားစေပါတယ်။ အစာကို အမြန်စားသုံးပါက တင်းတိမ်သွားပြီး ဆာလောင်မှု ပြေပျောက်သွားပြီ ဆိုတဲ့ သတင်း အချက် အလက်ကို ဦးနှောက်ဆီ ပို့ဆောင်တဲ့ နေရာကို ပိတ်ဆို့ လိုက်တာကြောင့် အစာပိုစား မိစေပါတယ်။

Ref : Good Health

Originally published at - http://health.thithtoolwin.com/2016/06/blog-post_22.html

Read More »

Tuesday, June 21, 2016

ကညွတ်က ဆီးချိုရောဂါကို တိုက်ဖျက်နိုင်တဲ့ အကောင်းဆုံး အစားအစာဖြစ်




ကညွတ်ကို ပုံမှန် စားသုံးတဲ့ သူတွေ ဟာ သွေးတွင်း သကြားဓာတ် ပုံမှန်ဖြစ် အောင် ထိန်းချုပ်နိုင်ပြီး ဂလူးကို့စ်ကို စုပ် ယူဖို့ ကူညီနိုင်တဲ့ အင်ဆူလင် aဟ်ာမုန်း ထုတ်လုပ် မှုလည်း မြင့်တက် လာ နိုင်တယ် လို့ သိပ္ပံပညာ ရှင်တွေက တွေ့ရှိ ခဲ့ပါ တယ်။ ဒါကြောင့် ကညွတ်ဟာ ဆီးချိုရော ဂါကို တွန်းလှန်ဖို့ နောက်ဆုံးပေါ် လက်နက် ဖြစ်လာမယ်လို့ သိပ္ပံပညာရှင် တွေက ယုံကြည်ကြ ပါတယ်။

ကမ္ဘာပေါ်မှာ လူ ပေါင်း တစ်သန်းကျော်ဟာ ဆီးချိုရောဂါ ဖြစ်နေမှန်း မသိရှိကြသူ တွေဖြစ်ပါတယ်။ မောပန်းတာ၊ ရေငတ်တာ၊ မကြာခဏ ဆီးသွားတာ၊ မှက္ခရုပေါက်တာနဲ့ အနာ ကျက်နှေးတာလိုမျိုး ဆီးချိုရောဂါရဲ့ လက္ခဏာတွေကို မသိရှိနားမလည်ကြ လို့ပါ။

အဲဒါတွေကို ကုသမှုမခံယူရင် အမျိုးအစား (၂) ဆီးချို ရောဂါကြောင့် နှလုံးတိုက်ခိုက် ခံရတာ၊ အမြင်အာရုံ ဆုံး ရှုံးတာနဲ့ ခြေပြတ်လက်ပြတ်တွေ ဖြစ်လာ နိုင်ပါတယ်။

ကညွတ်ဟာ ခန္ဓာကိုယ်ကြွက်သားနဲ့ တစ်သျှူးတွေမှ ဂလူးကို့စ်သုံးစွဲနိုင်မှု ၈၁ ရာခိုင်နှုန်း ပိုမိုမြင့်မား စေတယ်လို့ ကရာချိ တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တွေ့ရှိ ခဲ့ပါတယ်။

ကညွတ် အနှစ် ပမာဏ များစွာ သုံးစွဲပါမှ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ် လုပ်မှုကို ထိရောက်စွာ အကျိုးရှိနိုင်တယ် လို့လည်း သိရပါတယ်။

Ref : HealthyMag

Originally published at - http://health.thithtoolwin.com/2016/06/blog-post_77.html

Read More »