![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVnJrAAxd_OQkT_gygj3rtNu1EgjDlAdG0XHj452e4xJzI2IOYr5YKpfe-LW9lIsrjeypzJ3Lm2MaQRyjiTKCPTMU0g4i7dFIm6ZcPcgGPDBiSA6pL0LHj1xjPIor9PFbfocZGaCLC1lk/s1600/an-older-man-measuring-his-waist.jpg)
တော်တော် များများက အဝလွန် တာနဲ့ ကိုယ်အလေးချိန် ပုံမှန်ထက် ပိုများနေ တာက ကျန်းမာရေးကို ထိခိုက် စေနိုင်တယ် လို့ပဲ သိထား ကြပါတယ်။
လေ့လာမှု အသစ် တစ်ရပ် မှာတော့ ကိုယ်အလေးချိန် ပုံမှန်ထက် ပိုများနေ တာက ဆီးချို ဝေဒနာ ခံစားနေ ရတဲ့ သက်ကြီး ရွယ်အိုတွေ အတွက် အကျိုး ရှိစေနိုင် တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။
သည်လေ့လာမှုကို ပူးတွဲ လုပ်ဆောင်သူဖြစ်တဲ့ ဘေဂျင်းရှိ Capital Medical တက္ကသိုလ် An Zhen ဆေးရုံက သုတေသီ Yu Jie Zhou နဲ့ အဖွဲ့ဟာ သူတို့ရဲ့ တွေ့ ရှိချက်တွေကို Diabetes Investigation ဂျာနယ်မှာ ဖော်ပြခဲ့ ပါတယ်။
ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ စာရင်းဇယားတွေအရ အမေရိကန်ပြည်ထောင်စုက ပြည်သူ ၂၉.၁ သန်းဟာ ဆီးချိုရောဂါခံစားနေ ရပြီး အများစုကသက်ကြီွးယ်အိုတွေ ဖြစ်ကြပါတယ်။
ရောဂါခံစားနေရသူတွေထဲက ၂၅ ရာခိုင်နှုန်းကျော်ဟာ အသက် ၆၅ နှစ်နဲ့အထက်လူကြီးတွေဖြစ် ကြတယ်လို့ သိရပါတယ်။ကိုယ်အလေးချိန် ပုံမှန်ထက် ပိုများနေတာက ဆီးချိုရောဂါခံစားရနိုင်တဲ့အဓိကကျတဲ့အကြောင်းရင်း ဖြစ်ပါတယ်။
ကိုယ် နဲ့ သူ့ရဲ့အဖွဲ့ဟာ အမျိုးအစား-၁ ဆီးချိုရောဂါနဲ့ အမျိုးအစား-၂ ဆီးချိုရောဂါခံစားနေရသူ ၂၅၀,ဝ၀ဝ ကျော်ပါဝင်နေတဲ့လေ့လာမှုပေါင်း ၂၀ ကျော်က အချက်အလက်တွေကိုလေ့လာခဲ့ပါတယ်။
သုတေသီတွေဟာလေ့လာ မှုမှာပါဝင်သူတွေရဲ့ BMI ကို အကဲဖြတ်လေ့လာခဲ့သလိုကိုယ်အလေး ချိန်နဲ့ အခြေအနေအရပ်ရပ်ကြောင့် သေဆုံးနိုင်ခြေတို့ကြား ဆက်စပ်မှုရှိနေလားဆိုတာကိုလေ့လာခဲ့ပါတယ်။ လေ့လာမှုကို နှစ်နှစ်နဲ့ ကိုးလကနေ ၁၆ နှစ် ခုနစ်လကြာလုပ်ဆောင်ခဲ့ပါတယ်။
လေ့လာမှုအတွင်း BMI အရ အဝလွန်နေတဲ့သူတွေဟာ ပုံမှန်ကိုယ်အလေးချိန် BMI ကိုပိုင်ဆိုင် ထားသူတွေနဲ့နှိုင်းစာရင် အခြေအနေအရပ်ရပ်ကြောင့် သေဆုံးနိုင်ခြေကျဆင်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။
ဆီးချိုဝေဒနာခံစားနေရတဲ့သက်ကြီးရွယ်အိုတွေမှာ ကိုယ်အလေးချိန်ပုံမှန်ထက်ပိုများနေတဲ့ သူတွေဟာ ပုံမှန်ကိုယ်အလေးချိန်သာရှိသူတွေထက် အခြေ အနေ အရပ်ရပ်ကြောင့် သေဆုံးနိုင်ခြေဟာ ၁၈ ရာခိုင်နှုန်းလောက် လျော့နည်းနေတာကိုတွေ့ရှိခဲ့ ရပါတယ်။
[ref: MNT, Jun 12, 2017.]
From : ကုမုဒြာဂျာနယ် by: မအေးသီမွန်
Originally published at - http://www.kumudranews.com
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdzvcPy4UwwDf1XqaCL37g7jq55oL5WAcv-wqO4Lafz5zzpSo9It-AyIOhii-EkJgktUD0p3AEu2PY5bfUF7-L_8J6OGW9cO2NaPeIMuzk_WtLIGBD3vdSCYORSlbsR9oIEVxSmXFmolFQ/s1600/Thanks-2.gif)
No comments:
Post a Comment