ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label စမတ်ဖုန်းနှင့်ကျန်မာရေး. Show all posts
Showing posts with label စမတ်ဖုန်းနှင့်ကျန်မာရေး. Show all posts

Friday, October 16, 2015

စမတ်ဖုန်း အသုံးပြုမှု များသော လူများသည် စိတ်ကျရောဂါ ပိုမို ခံစားရနိုင်




အခု နောက်ပိုင်း ထုတ်လုပ် လာတဲ့ Smartphone တွေဟာ စင်ဆာတွေနဲ့ ထုတ်လုပ် လာကြ တယ်ဆိုတာ လူတိုင်း သိကြ ပါတယ်။ လက်ဗွေရာနဲ့ ဖုန်းစကရင် လော့ခ် ဖွင့်ရခြင်းတွေ ၊ မျက်လုံးကို စကန်ဖတ်ကာ လော့ခ်ဖွင့် ရခြင်းတွေ အပြင် ၊ GPS စနစ်နဲ့ မိမိရဲ့ တည်နေရာကို မြေပုံမှာ ဖော်ပြခြင်း စတဲ့ အချက်တွေ ကိုပါ စုံလင်စွာ ထည့်သွင်း လာခဲ့ကြ ပါတယ်။

ဒီအချက်ကိုတွေ အသုံးပြုကာ Venet Osmani ဆိုတဲ့ နည်းပညာဖြင့် ကျန်းမာရေး ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီ နဲ့ Center for Research and Telecommunication Experimentation for Networked Communities (CREATE-NET) လို့ခေါ်တဲ့ အိုင်စီတီ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး သုတေသန ပြုလုပ် ပေးသည့် ကုမ္ပဏီ တို့မှ ပူးပေါင်းကာ စမတ်ဖုန်း တစ်လုံးဟာ လူတစ်ယောက် ရဲ့စိတ်ဖိစီးမှုကို သိရှိနိုင်ကြောင်း အီတလီနိုင်ငံ Trento မြို့မှာ လေ့လာ စမ်းသပ်မှုတွေ ပြုလုပ် ခဲ့ပါတယ်။

ပြုလုပ်ပုံ ကတော့ စိတ်ကျ ဝေဒနာသည် လူနာများ အသုံးပြုရန် စမတ်ဖုန်း ၁၂ လုံးကို စိတ်ကျ ရောဂါ ခံစား နေရသော ဝေဒနာသည် ၁၂ ဦး ထံသို့ ပေးကာ လေးလ အကြာ စမ်းသပ် ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းများ တွင်တော့ ဖုန်းတစ်လုံးဖြင့် လုပ်ဆောင်နိုင်သည့် လုပ်ဆောင်ချက် များကို ထည့်သွင်းပေး ထားပြီး လစဉ် သုံးပတ် တစ်ကြိမ်မှာ လူနာရဲ့ အခြေ အနေကို မှတ်တမ်းပြု စစ်ဆေး ခဲ့ပါတယ်။

ဒီလို စစ်ဆေးတဲ့အခါမှာ ဖုန်းမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ တည်နေရာကို သိရှိစေနိုင်ငံတဲ့ GPS စနစ် နဲ့ အခြား လုပ်ဆောင်ချက် စနစ်များ ကို ဖွင့်ကာ အသုံးပြုသည့် စိတ်ကျ ဝေဒနာရှင် များနှင့် ဖုန်းခေါ်ဆိုမှုကို အသုံးပြုသည့် ဝေဒနာရှင်များ ဆိုပြီး နှစ်မျိုးခွဲကာ လေ့လာ စမ်းသပ် ခဲ့ပါတယ်။

ထိုသို့ လေ့လာတွေ့ရှိချက်များ အရ စမတ်ဖုန်း အသုံးပြုတဲ့ အခါ စမတ်ဖုန်းတွင် ပါဝင်သည့် လုပ်ဆောင်ချက်များကို အသုံးပြုသူ များထက် ဖုန်းခေါ်ဆိုမှု ကြာချိန်ကို အများဆုံး အသုံးပြုကြသည့် လူများက စိတ်ကျ ဝေဒနာကို ပိုမို ခံစားရကြောင်း လေ့လာတွေ့ရှိ ခဲ့ကြပါတယ်။

အခု လေ့လာခြင်းဟာ အရမ်းကို ရိုးရှင်းတဲ့ အချိန်ကန့်သတ်ချက်နဲ့ ကန့်သတ် တိုင်းတာတဲ့ လေ့လာခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မိုဘိုင်းအသုံးပြုမှု အများဆုံး ဖြစ်နေသည့် စိတ်ကျ ဝေဒနာရှင် များကို ကုသနိုင်ရန်နှင့် ဖြည့်ဆည်းပေးနိုင်ရန် ကျန်းမာရေး စောင့်ကြည့် ဝန်ဆောင်မှုပေးသည့် mobile application များ ထွက်ပေါ် လာကာ ဖုန်းအတွင်းသို့ built in ထည့်သွင်း ပေးထားခြင်း ဖြစ်ပါတယ်။

Ref : thenextweb

Aung Ko Htet (MMA)

Original link - www.myanmarmobileapp.com/

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »