ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label မိဘများသိသင့်စရာများ. Show all posts
Showing posts with label မိဘများသိသင့်စရာများ. Show all posts

Thursday, April 28, 2016

နွားနို့နဲ့ ဓါတ်မတည့်တဲ့ ကလေးငယ်တွေဟာ အရိုးအားနည်းတဲ့ ရောဂါတွေ ဖြစ်ပေါ်စေနိုင်




နွားနို့နဲ့ ဓါတ်မတည့်တဲ့ ကလေးငယ်လေး တွေဟာ တခြား အစား အစာတွေနဲ့ ဓါတ်မတည့်တဲ့ ကလေးငယ် တွေထက် အရိုးအားနည်း တာတွေ ဖြစ်စေနိုင် တယ်လို့ သိရပါတယ်။

ကလေးငယ်တွေရဲ့ ၃ ရာခိုင်နှုန်းမှာ နွားနို့နဲ့ ဓါတ်မတည့်တဲ့ တာတွေ ဖြစ်နိုင် တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဓါတ်မတည့်မှုတွေကို ကုသဖို့ကတော့ အရိုးတွေကို သန်မာစေတဲ့ ကယ်လ်စီယမ်ဓါတ်တွေ အပြည့်အ၀ပါတဲ့ နွားနို့နဲ့ နို့ထွက်အစားအစာတွေကို မစားစေတော့တာပဲဖြစ်ပါတယ်။

လေ့လာချက်တွေအရ အရိုးသိပ်သည်းဆနဲ့ နွားနို့ဓါတ်မတည့်မှုတွေကြား တိုက်ရိုက်သက်ရောက်မှုမရှိတာကို တွေ့ရှိရပါသတဲ့။

အသက် ၃ နှစ်အရွယ် ကလေးငယ်တွေအများစု ၈၇ရာခိုင်နှုန်းခန့်ဟာ နွားနို့နဲ့ဓါတ်မတည့်ကြပါဘူးတဲ့။ ဒါပေမယ့် လေ့လာချက်တွေအရ ၁၅ရာနှုန်းလောက်ကသာ ဆယ်ကျော်သက်အရွယ်အထိ ဒီလိုဓါတ်မတည့်တာတွေ ဖြစ်တတ်ကြတယ်လို့ အစီရင်ခံစာတစ်ချို့မှာ ဖော်ပြထားပါတယ်။

အချိန်အကြာကြီး နွားနို့နဲ့ဓါတ်မတည့်ဘဲ ကြီးပြင်းလာတဲ့ ကလေးငယ်တွေမှာတော့ အရိုးသိပ်သည်းဆအားနည်းမှုတွေနဲ့ ချိတ်ဆက်မှုရှိနိုင်ပါသတဲ့။

ကိုယ့်ကလေးငယ်က နွားနို့နဲ့ဓါတ်မတည့်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ?

“ မိဘတွေအနေနဲ့ ကလေးတွေရဲ့ နေ့စဉ်အဟာရအစားအစာတွေထဲမှာ တခြားကယ်လ်ဆီယမ်ဓါတ် ရစေမယ့် အစားအစာတွေကို စားသုံးဖို့ အားပေးသင့်ပါတယ်။ ပဲနို့၊ သစ်ချစေ့ သို့ ဆန်ကထုတ်လုပ်ထားတဲ့ နို့ နဲ့ ကယ်လ်ဆီယမ်ပါတဲ့ လိမ္မော်သီးဖျော်ရည်တွေကို အစားထိုး တိုက်ကျွေးသင့်တယ်ပါတယ် “ လို့ Miami ရှိ Nickllaus Children’s Hospital မှ ဒါရိုက်တာ Dr. Luis Gonzalez-Mendoza က ပြောပြပေးထားပါတယ်။

Ref : UPI

Originally published at - http://health.thithtoolwin.com/2016/04/blog-post_30.html

Read More »

Saturday, April 9, 2016

ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်းဟာ ပေါင်မပြည့်ဘဲ ကလေးမွေးနိုင်ချေ မြင့်မားစေ




ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲ တာဟာ ရင်သွေးငယ် အတွက် ကျန်းမာရေး ပြသနာတွေ ပိုမို အဖြစ်များ စေနိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ်အရ သိရှိ ရပါတယ်။

ဆေးခြောက် သုံးစွဲတာဟာ ကလေးငယ် လေးတွေ ပေါင်မပြည့်ဘဲ မွေးဖွားလာခြင်း ဆက်စပ်မှု ရှိပြီး အထူး ပြုစု စောင့်ရှောက်မှုတွေ ပိုမို လုပ်ဆောင်ပေး ရလေ့ရှိကြောင်း လေ့လာချက် ၂၄ ခုအရ အတည်ပြု ပေးထား ပါတယ်။

“ သန္ဓေသားကျန်းမာရေးကို ထိခိုက်မှုတွေရှိနိုင်ကိုတော့ အရင်သုသေတန တွေ့ရှိချက်တွေမှာလည်း ဖော်ပြထားခဲ့ပေမယ့် တခြားဆိုးကျိုးတွေကိုတော့ မသိရှိခဲ့ရပါဘူး “ လို့ Tucson ရှိ University of Arizona က လက်ထောက်သုတေသီ Jayleen Gunn က ပြောကြားသွားပါတယ်။

မိခင်က ဆေးခြောက်သုံးစွဲမယ်ဆိုရင် ကလေးငယ်ကို အထူးကုသဆောင်မှာ ဂရုစိုက်ပြုစုရဖို့နှုန်းက သာမန်မိခင်က မွေးဖွားလာတဲ့ ကလေးငယ်လေးတွေထက် ၂ ဆ ပိုမိုမြင့်မားကြောင်း Gunn က ရှင်းပြထားပါသေးတယ်။

Ref : UPI

Originally published at - http://health.thithtoolwin.com/2016/04/blog-post_49.html


Read More »

Friday, February 12, 2016

ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ အဝလွန်မှုက ကလေးကို အော်တစ်ဇင် ဖြစ်နိုင်နှုန်း မြှင့်တက်စေ




ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ အဝလွန်ခြင်းဟာ ဆိုရင်တော့ မွေးဖွား လာမယ့် ကလေးငယ်ရဲ့ အော်တစ်ဇင် ရောဂါ (အထီးကျန်သည့် စိတ်ဝေဒနာ ရောဂါ) ဖြစ်နိုင်မှုနှုန်းထားကို
လေးဆလောက် မြင့်မားစေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်မှာ ဆီးချိုရောဂါ ဖြစ်နေရင်လည်း ကလေးငယ်မှာ အော်တစ်ဇင် ရောဂါ ဖြစ်ပွားနိုင်မှု ရှိ / မရှိက တိုက်ရိုက် အချိုးကျ နေတယ်လို့ Bloomberg ကျောင်းက လေ့လာ သူတွေက ပြောပါတယ်။

“ ကျွန်တော်တို့ သိခဲ့ တာကတော့ ကိုယ်ဝန်ဆောင် မိခင်တွေ အဝလွန်နေ တာနဲ့ ဆီးချိုရောဂါ လိုမျိုးတွေ ရှိနေတာဟာ ကလေးငယ်ရဲ့ ကျန်းမာရေး အတွက် မကောင်းစေဘူး ဆိုတာကိုပါ။

အခုတော့ ကျွန်တော်တို့ ထပ်တွေ့ခဲ့ရ တာကတော့ မိခင်ရဲ့ ဒီလိုရောဂါတွေဟာ ကလေးကို ကာလ ရှည်ကြာလာတဲ့ အခါမှာတော့ အာရုံကြောဖွံ့ဖြိုးမှု နှေးကွေးစေတယ် ဆိုတာပါပဲ ” လို့ ဦးဆောင် လေ့လာသူ ဒေါက်တာ ရှောင်ဘင်ဝန်းက ပြောပါတယ်။

နောက်ဆုံး စစ်တမ်းတွေ အရတော့ အော်တစ်ဇင် ရောဂါ ဖြစ်နေတဲ့ ကလေးငယ်တွေဟာ ဆိုရင်တော့ ၆၈ ယောက်မှာ တစ်ယောက်နှုန်း အထိ မြှင့်တက် လာခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်တုန်းကတော့ ကလေးငယ် ၁၅၀ လောက်မှာ တစ်ယောက်နှုန်း ဖြစ်ခဲ့တာ ဖြစ်ပေမယ့်လည်း အခု ကာလမှာတော့ နှစ်ဆကျော် အထိ ဖြစ်ပွားမှုနှုန်း တိုးတက် လာခဲ့တာပါ။

ပညာရှင်တွေကလည်း ဒီရောဂါကို ကုသနိုင်ဖို့ နည်းလမ်းကို အခုကာလ အထိ ရေရေ ရာရာ မရှာဖွေနိုင် သေးပါဘူး။

ဒါ့ကြောင့် ဒေါက်တာဝန်းနဲ့ လေ့လာသူတွေဟာ ဆိုရင်တော့ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိ မွေးဖွားခဲ့တဲ့ ကလေးငယ် ၂၇၃၄ ယောက်နဲ့ သူတို့ရဲ့ မိခင်တွေကို သုတေသန ပြုလုပ်ခဲ့ ကြပါတယ်။

သုတေသန ကာလ တစ်လျှောက်လုံး မှာတော့ မိခင်တွေရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ကလေးငယ်တွေရဲ့ အာရုံကြော ဖွံ့ဖြိုးမှုတွေကို စောင့်ကြည့် ခဲ့ကြပါတယ်။

ရလဒ်အနေနဲ့တော့ ဆီးချိုရောဂါ ရှိတဲ့ မိခင်တွေနဲ့ အဝလွန်တဲ့ မိခင်တွေရဲ့ ကလေးငယ်တွေဟာ ဆိုရင်တော့ ASD (အော်တစ်ဇင် အာရုံကြော ချို့တဲ့မှု ဖြစ်ပွားနိုင်နှုန်း) ပိုမိုမြင့်မားနေ ခဲ့တာကို လေ့လာတွေ့ရှိ ခဲ့ပါတယ်။

သူတို့ရဲ့ အခုလိုတွေ့ရှိမှုဟာ ဆိုရင်တော့ သန္ဓေသားလောင်း ထဲမှာတည်းက အော်တစ်ဇင် ရောဂါက ဖြစ်ပွားနိုင်မှု ရှိနေတယ် ဆိုတာကို သိရှိနိုင်ခဲ့ ကြပါတယ်။

့အခုလိုတွေ့ရှိ မှုတွေကြောင့် လေ့လာ သူတွေဟာ ကလေးငယ်တွေ မိခင်ဝမ်းထဲမှာ ရှိစဉ်တည်းက ဒီရောဂါကို ကာကွယ်နိုင်ဖို့ နည်းလမ်းတွေကို ကြိုးစားပြီး ရှာဖွေ သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

Ref : MNT

Originally published at - http://health.thithtoolwin.com/2016/02/blog-post.html


Read More »

Thursday, December 24, 2015

မိခင်တွေ ဇင့်ဓာတ်အားနည်းရင် ကလေးတွေကို နို့တိုက်ရာမှာ အခက်ခဲ ရှိနိုင်




ဇင့်ဓာတ် အားနည်းတဲ့ အမျိုးသမီး တွေဟာ ကလေး ငယ်တွေကို နို့တိုက် ကျွေးရာမှာ အခက် အခဲတွေ ဖြစ်နိုင်တယ်လို့ သူတေသီ တွေက တွေ့ရှိ ခဲ့ပါတယ်။ ဒါဟာ မျိုးရိုး ဗီဇဆိုင်ရာ ပြောင်းလဲ မှုတွေကြောင့် ဖြစ်တယ်လို့ Penn State တက္ကသိုလ်ရဲ့ လတ်တလော လေ့လာမှုတွေ အရ တွေ့ရပါတယ်။

ZnT2 လို့ အမည်ရတဲ့ ပရိုတိန်းဓာတ်ထဲမှာ ပါဝင်တဲ့ ဇင့်သယ်ပို့တဲ့ဓာတ်ဟာ ဇင့်ဓာတ်ကို ပြောင်းလဲပေးတဲ့နှုန်းပေါ်မှာ မူတည်ပြီး မိခင်ရဲ့ နို့ဂလင်းတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိနေတာကို တွေ့ရှိခဲ့ကြတာပါ။ ဒီနှုန်းဟာ အမျိုးသမီးတွေရဲ့ ဗီဇပြောင်းလဲပေါ်နိုင်မှုပေါ်မှာလည်း မူတည်လျက်ရှိပါတယ်။

ဇင့်ဓာတ်ဟာ နို့ဂလင်းတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးတဲ့ ဓာတ်တစ်မျိုးပါ။ ဇင့်ဓာတ်ဟာ နို့တွေကို စစ်ထုတ်ပေးတဲ့ လမ်းကြောင်းတွေကို ဖွင့်ပေးပြီး မိခင်ဖြစ်သူဟာ ဇင့်ဓာတ်အားနည်းနေမယ်ဆိုရင်တော့ နို့တိုက်ဖို့အတွက် ပိုမိုခက်ခဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဇင့်ဓာတ်အားနည်းတဲ့ အမျိုးသမီးတွေကတော့ သူတို့ကိုနို့တိုက်ခဲ့တဲ့ မိခင်တွေကို ပိုမိုသတိတရ ဖြစ်နေမှာလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီလို နို့မထွက်တဲ့ ပြဿနာဟာ မိခင် အမျိုးသမီးထုရဲ့ သုံးပုံတစ်ပုံမှာ ဖြစ်ပေါ်နေခဲ့ပြီး လာမယ့် အနာဂတ်မှာတော့ မိခင်လောင်းတွေအတွက် အဓိက ကျန်းမာရေးပြဿနာတစ်ခုဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

နို့တိုက်ကျွေးမိခင် ၅၄ ယောက်ကို ခေါ်ယူပြီး သုတေတနပြုခဲ့ရာမှာတော့ ၃၆ ရာနှုန်းသော မိခင်တွေဟာ ZnT2 ဓာတ်ပြောင်းလဲမှု အဆင့်တစ်ကြိမ်နှုန်းလောက်သာ ရှိတာကို တွေ့ခဲ့ရပါတယ်။

ဓာတ်ပြောင်းလဲမှု တစ်ကြိမ်သာဖြစ်ပေါ်ခဲ့တဲ့ ၇၉ ရာနှုန်းသော မိခင်တွေဟာ ဇင့်ဓာတ်အလွန်နည်းပါးလျက်ရှိပြီး ဓာတ်ပြောင်းလဲမှုများပြားတဲ့မိခင်တွေကတော့ ဇင့်ဓာတ် အမြင့်ဆုံးအနေအထားတစ်ရပ်ကို ရောက်နေတာကို တွေ့ခဲ့ရပါတယ်။

Ref : Upi

Originally published at - http://health.thithtoolwin.com/2015/12/blog-post_24.html


Read More »

Friday, November 27, 2015

မွေးကင်းစ ကလေးငယ်တွေမှာ ခုတင်တိုင်တွေကြောင့် သေဆုံးမှု မြင့်တက်နေတာကို တွေ့ရှိ




ကလေး ကုတင်တိုင် အကာအကွယ် တွေဟာ မွေးကင်းစ ကလေးငယ်တွေကို ခုတင် တိုင်တွေကြား ခေါင်းနဲ့ ဆောင့်မိတာ (သို့မဟုတ်) တိုင်ကြားမှာ ညပ်နေတာတွေ မဖြစ်စေဖို့ အတွက် ဖြစ်ပေမယ့် လေ့လာချက် အသစ်အရ ဒီလို ကူရှင် အကာတွေဟာ မတော်တဆ သေဆုံးနိုင်ချေ ရှိလာတာမို့ မိဘတွေကို အသုံးမပြုဖို့ အကြံပေး ထားပါတယ်။

ကလေးငယ် လေးတွေဟာ သူတို့ခေါင်းက ကုတင်တိုင်နဲ့ ဆောင့်လို့ ဒဏ်ရာ ရတာ နည်းပါးပြီး ကူရှင်တွေက ကလေးငယ်တွေကို ကုတင် တိုင်ကြား ညပ်တာကိုလည်း အကာကွယ် မပေး နိုင်တာကြောင့် ကုတင်တိုင် အကာအကွယ်နဲ့ ကူရှင်တွေဟာ မလိုလား အပ်တဲ့ အန္တရာယ် တွေဖြစ်နိုင်ကြောင်း St. Louis ရှိ Washington Universityမှ သုတေသီ တွေက ဆိုပါတယ်။

“ကလေးရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေကို ကူရှင်နဲ့ ပိတ်မိတဲ့ အခါ ကလေးငယ်က သူ့ရဲ့အသက်ရှု လမ်းကြောင်း ပိတ်သွားပြီး အသက်ရှု ကြပ်နိုင်ပါတယ်။

ဒါကြောင့် ကူရှင်တွေကို ကလေး ကုတင်ထဲမှာ ထည့်မထား သင့်ပါဘူး။ ဒါတွေကြောင့် ကလေးငယ်လေးတွေ သေဆုံးနိုင်ပါတယ်။” လို့ U.S. Consumer Product Safety Commission's Infant Suffocation Project မှ တာဝန်ရှိသူ ဒေါက်တာ N.J Scheers က ရှင်းလင်း ပြောပြ ထားပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_65.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »