ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 10, 2016

သင်မသိသေးတဲ့ Orgasm အကြောင်း ( ၉ ) ချက်




ရူပဗေဒ ဖြစ်စဉ် အရ လူ တစ်ယောက်ဟာ Orgasm (ကာမ ဆန္ဒပြီးမြောက်ခြင်း) ရတဲ့ အခါမှာ နှလုံးခုန်နှုန်း မြန်လာပြီး အသက်ရှု တာလည်း ပိုမြန် လာပါ လိမ့်မယ်။ ဒါပေမယ့် Orgasm ကြောင့် ဒီအရာတွေပဲ ဖြစ်တာတော့ မဟုတ်ပါဘူး။

Orgasm အကြောင်းကို လူတိုင်း သိချင်ကြ ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ် နှစ်တိုင်း July 31 ကို National Orgasm Day အဖြစ် သတ်မှတ် ထားပါတယ်။

ဒါပေမယ့်လည်း Orgasm ဖြစ်တဲ့ အခါ ဘာတွေ ဖြစ်လဲ ဆိုတာကိုတော့ လူတော်တော် များများ မသိကြပါဘူး။

(၁) Orgasm များများရတဲ့ သူဟာ ပိုမို နုပျိုပါတယ်။

ရူပဗေဒ ပညာရှင် တစ်ဖြစ်လဲ Royal Edinburgh ဆေးရုံကြီးရဲ့ အကြီးအကဲ ဖြစ်ခဲ့ဖူးသူ Dr. David Weeksဟာ လူပေါင်း ၃၅၀၀ ကို စစ်တမ်း ကောက်ယူ ခဲ့ရာမှာ Orgasm ပိုမို ရရှိ သူတွေဟာ ပို ပြီး နုပျိုတာကို တွေ့ရှိခဲ့ ပါတယ်။

(၂) သဘာဝက ပေးထားတဲ့ စိတ်ဖိစီးမှုကို လျော့တဲ့ အကောင်းဆုံး အရာ

လူတစ်ယောက်ဟာ Orgasm ရတဲ့ အခါမှာ ဦးနှောက်ရဲ့ hypothalamusလို့ ခေါ်တဲ့ အပိုင်းထဲ ကနေ Oxytocin ဆိုတဲ့ ဟော်မုန်းကို သွေးကြော ထဲကို ထုတ်ပေး ပါတယ်။ Love Molecule လို့လည်း အချို့က တင်စား ခေါ်ကြ ပါတယ်။

ဒီဟော်မုန်းဟာ လူတွေကို နွေးထွေးမှုကို ခံးစားရစေပြီး အကောင်းမြင်ခြင်း၊ နဲ့ ကိုယ့် ကိုယ်ကို ယုံကြည်ခြင်း တွေကို မြှင့်တင် ပေးပါတယ်။ ဒီဟော်မုန်း သွေးထဲမှာ မြင့်ခြင်းဟာ ခေါင်းကိုက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်း တွေကိုတောင် လျော့ကျ စေပါတယ်။

(၃) အိပ် မပျော်ခြင်းကို လျော့ကျ စေတယ်။

လိင်ဆက်ဆံမှု အပြီးမှာ အိပ်ချင်လာတဲ့ စိတ်ဟာ အမျိုးသမီးတွေမှာ ထက် အမျိုးသားတွေမှာ အဖြစ် ပိုများ ပါတယ်။

တကယ်တော့ ၂ယောက်လုံးရဲ့ ဦးနှောက်ထဲမှာ Oxytocin နဲ့ Vasopressin တို့လို ဓာတုဓာတ်တွေ ထွက်လာတတ် ပါတယ်။ ဒီဓာတု ဓာတ်ပေါင်းတွေဟာ အိပ်စက်ခြင်းကို အကူအညီ ပေးတဲ့ Melatonin နဲ့ ဆက်နွယ်နေ တာကြောင့် ပိုမိုပြီး အိပ်ပျော် စေတာ ဖြစ်ပါတယ်။

(၄) Birthgasms ဆိုတာ အမျိုးသမီးတွေမှာ တကယ် ရှိပါတယ်။

Birthgasm ဆိုတာ ကတော့ အမျိုးသမီး တစ်ယောက် ကလေးမွေးဖွား ချိန်မှာ Orgasm ရခြင်းပဲ ဖြစ်ပါတယ်။

ကလေး မီးဖွားခြင်း ဆိုင်ရာ ပညာပေး လှုပ်ရှားသူ Debra Pscali-Bonaro က ခွန်အားသုံး ရခြင်းက လိင်မှု ဆိုင်ရာ အာရုံကြော တွေ ကိုလည်း လှုံ့ဆော် စေတယ်လို့ ဆိုပါတယ်။

(၅) Orgasm ရဖို့ ကမ္ဘာ့အကြာဆုံး Masturbation (အာသာ ဖြေဖျောက်ခြင်း) လုပ်ချိန်

Masturbation လုပ်ခြင်းဖြင့် Orgasm ရဖို့ ကမ္ဘာ့ စံချိန်တင် ကြာချိန် ကတော့ အမျိုးသမီး တစ်ဦး အတွက် 6 နာရီနဲ့ ၃၀မိနစ်ဖြစ် ပြီး ယောင်္ကျား တစ်ဦး အတွက်တော့ ၈နာရီနဲ့ ၃၀ မိနစ် ဖြစ်ပါတယ်။

ဘယ်လို အထောက် အကူ ပစ္စည်း တွေကို အသုံးပြု ခဲ့လဲ ဆိုတာတော့ ဖော်ပြ ခဲ့ခြင်း မရှိပါဘူး။

(၆) အချို့ အမျိုးသမီးတွေ အတွက် Orgasm ကသေစေ နိုင်တယ်။

အလွန် နည်းပါးသော အမျိုးသမီး ဦးရေ အတွက်တော့ Orgasm ရရှိချိန်မှာ သတိ မေ့မျောပြီး နှလုံး ရပ်တန့်ကာ သေဆုံး ခဲ့တဲ့ အဖြစ် အပျက်များ ရှိခဲ့ ပါတယ်။ ဒါပေမယ့် ဒါဟာ ဖြစ်တောင့် ဖြစ်ခဲ ကိစ္စ ဖြစ်ပါတယ်။

(၇) Coregasms ဆိုတာ တကယ်ရှိတယ်။

Coregasm ဆိုတာ ကတော့ ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်နေရင်း Orgasm ရတာ မျိုးကို ခေါ်တာပါ။

A coregasm is an exercise-induced orgasm, most widely reported to occur during core work. AlfredKinsey ဆိုတဲ့ Sexologist တစ်ယောက်ရဲ့ အဆို အရတော့ သူစစ်တမ်း ကောက်ခဲ့သမျှ အမျိုးသမီးများရဲ့ ၅% ဟာ ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ရင်း Orgasm ရကြတယ်လို့ ဆိုပါတယ်။

(၈) Sex နှင့် Orgasm က အသက် ရှည်စေတယ်။

ဗြိတိန် ဆေးဘက်ဆိုင်ရာ ဂျာနယ် တစ်စောင်ရဲ့ အဆိုအရ အသက်ရှည်ခြင်းနဲ့ Orgasm ကြားမှာ ဆက်နွယ်မှု ရှိတယ် လို့ ဆိုပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်ခန့် Orgasm ရရှိ သူတွေဟာ သူတို့ရဲ့ သက်တမ်းထက် ၈နှစ် ပိုပြီး အသက် ရှည်နိုင်တယ်လို့ ဆိုပါတယ်။ Orgasm က နုပျိုစေရုံတင် မကပါဘူး။ အသက် ရှည်အောင်လည်း ကူညီပေး ပါတယ်။

(၉ ) ပုံမှန်အားဖြင့် ကြာချိန် 0.8 Sec ရှိတယ်။

စုံတွဲ အများစုဟာ orgasm ကို ပြိုင်တူရလေ့ မရှိပါဘူး။ စစ်တမ်းတွေ အရ ၆၉ % သော အမျိုးသမီး တွေဟာ လိင်ဆက်ဆံမှု အတွင်းမှာ Orgasm ကို ရလေ့ မရှိပါဘူး။ ၇၅% သော အမျိုးသားတွေ ကတော့ ရလေ့ ရှိပါတယ်။

ဒါပေမယ့် အမျိုးသားရော အမျိုးသမီးရောရဲ့ Orgasm ကြာချိန်ဟာ ပျမ်းမျှ 0.8 Sec ရှိပါတယ်။

Myanmar Online Media Team

Source: mirror.co.uk

Originally published at - http://www.shwemom.com/things-you-do-not-know-about-orgasm/


2 comments:

  1. မိန်းမပျို​တွေဟာ သူတို့ကာမစိတ်​ဟာ ဘယ်​အချိန်​ထိ ဖြစ်​​စေပါသလဲ သိချင်​လို့ပါ

    ReplyDelete
  2. ပုံသေပြောလို့ မရနိုင်ဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြလို့ပါဘဲ။

    ReplyDelete