ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label နှလုံးနှင့်ကျန်းမာရေး. Show all posts
Showing posts with label နှလုံးနှင့်ကျန်းမာရေး. Show all posts

Sunday, September 25, 2016

နှလုံး ကျန်းမာရေး အတွက် လမ်းညွှန်ချက်များ




ယနေ့

ခေတ်တွင် ဘ၀အခြေ အနေနှင့် အလုပ်တို့၌ ကြုံတွေ့ရသော ဖိအားများကြောင့် စိတ်ဖိစီးမှု မြင့်မားကာ လူတစ်ယောက်၏ နှလုံး ကျန်းမာရေးကို ထိခိုက် စေနိုင်သည်။

စိတ်ဖိစီးမှု ခံစားနေ ရပါက ခန္ဓာကိုယ်၏ သက်သာ ပျောက်ကင်းနိုင်မှု စွမ်းအင် လျော့နည်း သွားသဖြင့် သွေးတိုး ရောဂါ ဖြစ်ခြင်းနှင့် ကိုယ်ခံအား မကောင်းခြင်း များကဲ့ သို့ ရှုပ်ထွေးမှု အများအပြား ဖြစ်ပေါ် လာနိုင်သည်။

ယနေ့ခေတ်တွင် လူငယ်များလည်း နှလုံးရောဂါ ဖြစ်ပွားလေ့ ရှိလာ သောကြောင့် ကျန်းကျန်း မာမာ နေထိုင်ရန်နှင့် အန္တရာယ်ရှိ သော အချက်များကို နားလည် ထားခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချရန် အလွန် အရေး ကြီးသည်။

နှလုံးကျန်းမာရေးအတွက် ဆေးလိပ်သောက်ခြင်းကို ရှောင် ပါ။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် နှလုံးရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများပြီး အသက်(၁၅)နှစ်မှ (၂၅)နှစ် အထိ အသက်တိုနိုင်သည်။

ဆေးလိပ်သောက်သုံးမှု ရပ်လိုက်ပါက နှလုံးရောဂါ ဖြစ်နိုင်သည့် အန္တရာယ်များ စတင်လျော့ကျလာမည် ဖြစ်သည်။ ဆားအလွန်အကျွံ စားသုံးမှုကြောင့် သွေးတိုး
နိုင်ပြီး နှလုံးသွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်လာနိုင်သည်။

လတ်ဆတ်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ သ ဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ကဲ့သို့ အစားအစာများကို ဟန်ချက်ညီ စွာ စားသောက်ရန်လိုသည်။

အရက်အလွန်အကျွံသောက်ခြင်းကြောင့် နှလုံးကြွက်သားများ ကို ထိခိုက်ပျက်စီးစေနိုင်ပြီး သွေးတိုးနိုင်ကာ ကိုယ်အလေးချိန် ပို များလာနိုင်သည်။ ထို့ကြောင့် အရက်သောက်သုံးမှုကို တတ်နိုင်သမျှ လျှော့ချသင့်သည်။

တစ်နေ့လျှင် မိနစ် ၃၀ အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှု ပြု လုပ်ပါ။ ကြံ့ခိုင်မှုပြည့်ဝနေခြင်းကြောင့် နှလုံးအတွက်သာ အကျိုး ရှိသည်မဟုတ်ဘဲ စိတ်နှင့်ကိုယ် ကျန်းမာရေးကိုလည်း တိုးတက်လာ စေနိုင်သည်။

သွေးပေါင်၊ သွေးထဲသကြားဓာတ်နှင့် ကိုလက်စထရော ပါဝင် မှုတို့ကို စောင့်ကြည့်တိုင်းတာပါ။ သွေးထဲတွင် ကိုလက်စထရော များ အနည်ထိုင်လာခြင်းသည် ဘ၀၏ ပထမဆုံးဆယ်စုနှစ်တွင် စတင်ဖြစ်ပေါ်သောကြောင့် ခန္ဓာကိုယ်အလယ်ပိုင်းတွင် ကိုယ်အ လေးချိန် ပိုများမလာအောင် ဂရုစိုက်သင့်သည်။

စိတ်ဖိစီးမှု ခံစားနေရပါက အစားအသောက် သေချာစား သောက်ခြင်းမရှိ ဖြစ်လာနိုင်ပြီး ဆေးလိပ်နှင့်အရက် ပိုသောက်လာ နိုင်သည်။

ယင်းမှာ နှလုံးရောဂါဖြစ်နိုင်သည့် အန္တရာယ်များကို မြင့် တက်စေနိုင်သဖြင့် စိတ်ဖိစီးမှု ကင်းဝေးအောင် တရားထိုင်ခြင်း၊ ခရီးထွက်ခြင်းတို့ ပြုလုပ်သင့်သည်။

အကယ်၍ မိမိ၏ ဆွေမျိုးတစ်ဦးဦးသည် ဆေးလိပ်သောက် ခြင်း၊ သွေးပေါင်မြင့်မားလွန်းခြင်း၊ ကိုလက်စထရော ပါဝင်မှု မြင့် မားခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ အ၀လွန်ခြင်းနှင့် ဆီးချို ရောဂါတို့ကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ် ကျရောက်နေပါက သင်လည်း အန္တရာယ် ရှိလာနိုင်သည်။

ပျော်ရွှင်စွာရယ်မောခြင်းသည် စိတ်ဖိစီးမှုများ လျှော့ချရန် အ ကောင်းဆုံးနည်းလမ်းဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဖြစ်သွားစေနိုင်သည်။

—Ref: TOI

From: 7 day daily

Originally published at - http://www.7daydaily.com/story/76308

Read More »

Thursday, April 28, 2016

ပျော်ရွှင်နှစ်လိုဖွယ်မရှိသည့် အိမ်ထောင်ရေးက နှလုံးရောဂါ ဖြစ်ပွားမှုကို မြင့်တက်စေနိုင်




ပျော်ရွှင်ဖွယ် မကောင်းသော အိမ်ထောင်ရေးကို ပိုင်ဆိုင် ထားခြင်းဟာ နှလုံး ရောဂါ ဖြစ်ပွားစေမှု ပိုမို တိုးမြင့်စေကာ အသက် ကိုပင် နုတ်ယူ သွားနိုင်သည်။

ထိုကဲ့သို့ အိမ်ထောင်ရေးတွင် ပျော်ရွှင်မှု မရှိခြင်းကြောင့် နှလုံးရောဂါ ခံစားရကာ သေဆုံး ခဲ့ရသည့် အထောက် အထားပေါင်း များစွာ ကိုလည်း သုတေသန ပညာရှင်များက ရှာဖွေ တွေ့ရှိ ခဲ့ကြ ပါတယ်။

ယခုနောက်ဆုံး တွေ့ရှိချက် တစ်ခုကတော့ အိမ်ထောင်ရေးတွင် မပျော်ရွှင်တာဟာ ဦးခေါင်းနှင့်လည်ပင်းကို ပေးပို့တဲ့ သွေးကြောတွေ ပါဝင်တဲ့ အဓိက သွေးလွှတ်ကြော နှစ်ခုအနက် တစ်ခုဖြစ်တဲ့ (Carotid Artery) ကို ပိုပြီးထူထဲလာစေပြီးတော့ နှလုံး သွေးကြော ဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှု ပိုမိုတိုးတက်လာစေတယ်လို့ သိရပါတယ်။

လေ့လာ တွေ့ရှိချက်များ အရ လူတစ်ဦး တစ်ယောက်၏ ပုဂ္ဂိုလ်ရေး ဆက်ဆံမှု ဆိုင်ရာ အရည်အသွေးနှင့် ပုံစံသည် အဆိုပါ လူပုဂ္ဂိုလ်၏ နှလုံးရောဂါ အပါအဝင် အခြား ကျန်းမာရေး ပြဿနာများနှင့် ဆက်စပ်လျက်ရှိတယ်လို့ အဆိုပါ သုတေသန အဖွဲ့ခေါင်းဆောင် ဖြစ်သူ ပစ်တ်ဘာ့ဂ် တက္ကသိုလ်မှ သောမတ်စ်ကမာ့ခ်က ပြောကြားခဲ့တာပါ။

လူသားတို့၏ နေ့စဉ် ဘဝများတွင် နေထိုင် ဆက်ဆံမှုများ အဆင်မပြေ ဖြစ်ခြင်းသည် အဆိုပါ Carotid Artery အတွင်း သွေးလွှတ်ကြော နံရံတွင် အဆီချပ်ကို ဖြစ်ပေါ် စေနိုင်ပြီးနောက် ဆိုးရွားသော အကျိုးဆက်ကို ရရှိစေနိုင်သည်ကို ပညာရှင်များက တွေ့ရှိ ထားကြောင်း ယခုလထုတ် Psychosomatic Medicine ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့အပြင် Carotid Artery အတွင်း သွေးလွှတ်ကြော နံရံတွင် အဆီချပ် ဖြစ်ပေါ်ပြီးနောက် ရုတ်တရက် နှလုံးခုန် ရပ်တန့်သည့် ရောဂါကို ခံစား ရရှိနိုင်မှုသည် သာမန်ထက်၈ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုမြင့်မားလာလျက် ရှိကြောင်း သုတေသန အဖွဲ့တွင် ပါဝင်သည့် နာတာရီယာ ဂျိုးဆက်ပ် ကလည်း ပြောကြားခဲ့သည်။

ထို့ကြောင့် လူသားများ၏ နေ့စဉ် လူနေမှုဘဝတွင် ဘဝဖော် အချင်းချင်း ရင်းနှီး ချစ်ခင်စွာ နေထိုင် နိုင်မှုသည် ပျော်ရွှင် စိတ်ချမ်းသာမှုကို ပေးစွမ်း နိုင်ပြီး သုတေသန ပညာရှင်များ ရှာဖွေ တွေ့ရှိထားသည့် ရောဂါများမှ ကင်းဝေး စေကာ အောင်မြင် ပျော်ရွှင်သော ဘဝတစ်ခုကို ဖန်တီး တည်ဆောက် နိုင်မည် ဖြစ်ပေသည်။

Ref : Goodhealth

Originally published at - http://health.thithtoolwin.com/2016/04/blog-post_21.html

Read More »

Thursday, November 26, 2015

တစ်မိနစ် နှလုံးခုန်နှုန်း ၁၀ ချက်ပိုတိုင်း ၉ ရာခိုင်နှုန်းစီ ငယ်ငယ် ရွယ်ရွယ် သေဆုံးနိုင်မှု နှုန်းမြင့်တက်




အေးအေး လူလူရှိနေတဲ့ အချိန် နှလုံးခုန်နှုန်း ဘယ်လောက် မြန်တယ် ဆိုတာကို ကြည့်ပြီး ငယ်ငယ် ရွယ်ရွယ် သေဆုံးနိုင်မှု နှုန်းကို တိုင်းတာနိုင်ကြောင်း လေ့လာမှု တစ်ရပ်က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

တစ်မိနစ် နှလုံး ခုန်နှုန်းဟာ သာမန်ထက် ၁၀ ချက် ပိုလာတိုင်း ပိုလာတိုင်း မည်သည့် အကြောင်းကြောင့် မဆို ငယ်ငယ် ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်းဟာ ၉ ရာခိုင်နှုန်းစီ မြင့်တက် လာတယ်လို့ တရုတ်နိုင်ငံသား သုတေသီ တွေက ရှာဖွေ တွေ့ရှိ ခဲ့တာပါ။

လူအများစုရဲ့ နားနေချိန် အတွင်း နှလုံး ခုန်နှုန်းဟာ တစ်မိနစ်ကို အချက် ၆၀ ကနေ ၁၀၀ အတွင်း ရှိပါတယ်။ ဒါပေမဲ့ ကျွမ်းကျင် အားကစား သမားတွေရဲ့ နှလုံး ခုန်နှုန်းကတော့ တစ်မိနစ် အချက် ၄၀ ဝန်းကျင်ပဲ ရှိပါတယ်။

တစ်မိနစ် နှလုံးခုန်နှုန်း အချက် ၆၀ ကနေ ၈၀ အတွင်း ရှိသူတွေဟာ ငယ်ငယ် ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်း ၂၁ ရာခိုင်နှုန်း တိုးလာခဲ့တဲ့ အချိန်မှာ တစ်မိနစ် နှလုံးခုန်နှုန်း အချက် ၈၀ ကျော် သူတွေဟာ ငယ်ငယ် ရွယ်ရွယ် သေဆုံးနိုင်မှုနှုန်း ၄၅ ရာခိုင်နှုန်း ပိုမြင့် ပါတယ်။

နှလုံးခုန်နှုန်း မြန်ခြင်းနဲ့ ငယ်ငယ် ရွယ်ရွယ် သေဆုံးမှုကြား ဆက်သွယ်ချက်ဟာ လူတိုင်း လူတိုင်းမှာ ရှိပါတယ်။ နှလုံး ဆိုင်ရာ ကျန်းမာရေး ပြဿနာရှိတဲ့ သူမှ မဟုတ်ဘူးလို့ သုတေသီတွေက ထပ်လောင်း ပြောခဲ့ပါတယ်။

နားနေချိန် နှလုံးခုန်နှုန်း ပိုနိမ့်တဲ့ သူတွေဟာ ပိုပြီး ကျန်းမာကြံ့ခိုင် ဖို့ များကြောင်း ဆရာဝန်တွေ သိခဲ့တာ ကြာပြီ ဖြစ်ပါတယ်။

နှလုံးခုန်နှုန်းကို ဂရုပြု တိုင်းတာ လေ့ရှိဖို့နဲ့ နှလုံးခုန်နှုန်း နည်းအောင် လုပ်ဖို့ ဆရာဝန်တွေက တိုက်တွန်း ထားပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_60.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »