ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label အရက်နှင့်ကျန်းမာရေး. Show all posts
Showing posts with label အရက်နှင့်ကျန်းမာရေး. Show all posts

Wednesday, February 24, 2016

အရက်ဋီကာ ချဲ့ခြင်း




ဆရာဝန်ကြီး တယောက်က ဈေးကြီး ပေးရတဲ့ အရက်ကောင်း ဆိုရင် ကျန်းမာရေး ကောင်းသင့်သလောက် သောက်ပါလို့ ပြောထားတယ်။ ကျနော် ဆရာဝန်လေး (အသက်ငယ်လို့ မဟုတ်ပါ) ဖြေပါမယ်။

ဈေးကြီးရင် ပစ္စည်းပိုကောင်းတဲ့ ဥပဒေသ ကတော့ အမှန် ရှိပါတယ်။ ဥပမာ အရက်၊ ရေမွှေး၊ ဂျူတီဖရီးက ရောင်းသမျှ။ ဈေးနည်းတာ သောက်ရလေလေ ဆိုးကျိုး ပိုဖြစ်နိုင်လေ ဆိုတာလည်း မှန်ပါတယ်။ ကျန်းမာရေး ဘက်က တွက်ရင်တော့ အဆိုးလေးနဲ့ အဆိုးကြီးသာ ကွာပါတယ်။

အရက်ဆိုရင် ဟောင်းလေ ကောင်းလေ ဥပဒေသလည်း ရှိပါတယ်။ ၁၈ နှစ် သက်တမ်းရှိတဲ့ Macallan Old Sherry Wood Distilled 1980 Bottled 1998 700ml တပုလင်းကို ဒေါ်လာ ၁၁၀၀ ပေးရတယ်။

Scotch Whisky စကော့ခ်ျ ဝီစကီတွေက ဟောင်းရင် ဈေးကောင်း ရတယ်။

  • ၂၁ နှစ်သက်တမ်း Balvenie Portwood = $189.90
  • ၁၇ နှစ်သက်တမ်း Balvenie = $129.90
  • ၁၅ နှစ်သက်တမ်း Dalwhinnie Single Malt = $63.90
  • ၁၂ နှစ်သက်တမ်း Cragganmore Single Malt = $59.95
  • ၁၂ နှစ်သက်တမ်း Dewar’s Special Reserve = $35.95
  • ၁ဝ နှစ်သက်တမ်း Ardbeg = $49.95
  • ၅ နှစ်သက်တမ်း Bench 5 Scotch Whisky = $23.55
  • ၃ နှစ်သက်တမ်း House Of Stuart = $18.90
  • ၃ နှစ်သက်တမ်း House of Stuart = $9.25

အရက်မှာ ဟောင်းတိုင်း ကောင်းသလားလို့ မေးခွန်းထုတ်တာတွေလည်း ရှိပါသေးတယ်။ နာမည်ကြီး Chivas (ချီးဗတ်စ်) ကနေ သုတေသန လုပ်ထား ပါတယ်။

 သောက်သုံးသူ ၉၃ ရာခိုင်နှုန်း ကတော့ ဟောင်းတာ ကောင်းတယ်လို့ ပြောကြ ပါတယ်။ ရောင်းတဲ့သူ အကြိုက် အဖြေ ဖြစ်ပါတယ်။

ကျန်ရာနှုန်းထဲက ထောက်ပြ တာကတော့ ဝီစကီထဲမှာ ပါတဲ့ Spirits (စပစ်ရစ်) အရက်ဟာ သိမ်းဆီးဖို့ ထားရတဲ့ Cask ထည့်စရာထဲမှာ ကြာလာရင် သစ်သားနဲ့ ဓာတ်ပြုပြီး ပြောင်းလဲ ပျက်စီး လာမယ်တဲ့။ သူ့ထဲမှာ ချက်လုပ် ရာမှာပါတဲ့ အစေ့ အဆံရဲ့အစွမ်းကို ဖုံးလွှမ်း သွားတယ်တဲ့။

ဥပမာ Malt Scotch မော့လ် စကော့်ခ်ျ ထုတ်တာမှာသုံးတဲ့ ဘာလီစေ့။ ဥပမာပြ ရရင် မျက်နှာမှာ မိတ်ကပ် ထူထူကြီး လိမ်းသလိုပဲတဲ့။

အရက်အမျိုးမျိုးကို ချက်လုပ်ရာမှာ ဘယ်လို အစေ့အဆံတွေ သုံးသလဲ…

  • Bourbon whiskey 51% Corn (Maize) ပြောင်း-ပြောင်းဖူးစေ့၊
  • Corn whiskey 80% Corn ပြောင်းစေ့၊
  • Malt whiskey 51% Malted barley ဘာလီစေ့၊
  • Rye whiskey 51% Rye ရိုင်း-စပါးစေ့၊
  • Rye malt whiskey 51% Malted rye ရိုင်း-စပါးစေ့၊
  • Wheat whiskey 51% wheat ဂျုံစေ့၊
  • Beer (ဘီယာ) ကို Barley ဘာလီ၊ ဒါမှမဟုတ် တခြားအစေ့အဆံတွေကနေ ထုတ်တယ်။
  • Wine (ဝိုင်) ကို စပျစ်သီးကနေ အများဆုံးထုတ်တယ်။ တခြား အသီးတွေကနေလည်း ထုတ်သေးတယ်။
  • Vodka (ဗော့ဒဂါ) ကို အစေ့အဆံကို သိုးအောင်လုပ်ပြီးမှ ထုတ်ရတယ်။
  • Gin (ဂျင်န်) ကလည်း အဲလိုပဲ။
  • Cider (စီဒါ) ဆိုတဲ့ အမေရိကားနဲ့ ကနေဒါက အရက်ကို ပန်းသီးရည်ကနေ ထုတ်တယ်။

Scotch whiskies တွေက အနည်းဆုံး နှစ်ခါ (တချို့က အခါ ၂ဝ) ပေါင်းခံတယ်။ အစစ်သတ်မှတ်ချက်အရ အနည်းဆုံး ၃ နှစ်ထားရမယ်။ Oak casks (အုတ်သစ်သား) နဲ့ လုပ်ထားတဲ့ စည်ပိုင်းထဲမှာသာ ထားရမယ်။ ဘယ်လောက် ကြာပြီဆိုတာ မပါဘဲ ရောင်းမရဘူး။ Smoky flavor မီးသင်းထားတဲ့ အနံ့လေး ပါတာ များတယ်။ Peat smoke သစ်ဆွေးမြေကို သုံးလေ့ရှိတယ်။

အရက်ကောင်းလို့ ယေဘုယျခေါ်ကြတဲ့ ဝီစကီကို တခြားနိုင်ငံတွေ ကလည်း ထုတ်ပါတယ်။ (စကော့ခ်ျ) အစစ် မဟုတ်ပါ။

ဥပမာ အိန္ဒိယမှာ ဝီစကီကို Neutral spirits အရက်ပျံနဲ့ ရောထားတယ်။ ဒီဟာက သကြားထုတ်တဲ့ အခါမှာ သုံးတဲ့ ကြံ၊ စပျစ် စတာတွေ ကနေရတယ်။ အဲလို ထုတ်လုပ် တာက Rum (ရမ်) နဲ့ ပိုတူ နေပါမယ်။

အရက်ထဲမှာ ဓာတုဗေဒ အရ ဘာတွေ ပါသလဲ…

အနံ့မွှေးဖို့ သုံးတာထဲမှာ (ကာဗွန်နိုင်းလ်) ဓာတ်ပေါင်း၊ (အယ်လ်ကိုဟော)၊ (ကာဘောက်ဆလစ် အက်စစ်)၊ (နိုက်ထရိုဂျင်) နဲ့ (ဆာလ်ဖါ) ဓာတ်ပေါင်းတွေ၊ (တဲနင်)၊ (တာပိုင်း)၊ (ပိုင်ရဒင်း)၊ (ပိုင်ရဇင်း) ဆိုတာတွေပါတယ်။

Oak အုတ်သစ်သား စည်ထဲမှာ ထားသိုရလို့ (အုတ်) နံ့ ရနေတယ်။ ဓာတ်ပေါင်းတွေပါမယ်။ Distillation ပေါင်းခံဖြစ်စဉ်ကနေ Fusel oils လောင်စာဆီ ပါတယ်။ သူက (အက်စနောလ်) ထက်ပိုပြီး အဆိပ်သဘောရှိတယ်။

ဒါကြောင့် ဒုတိယအကြိမ် ပေါင်းခံတဲ့အခါမှာ မီးသွေး စတာတွေကို သုံးတတ်တယ်။ ဝီစကီကို အရောင်ပေးဖို့ သုံးတဲ့ ဓာတ်ပေါင်းတွေလည်း ပါနေတယ်။

အရက်အမျိုးမျိုးထဲမှာ အရက်ဘယ်လောက်ပါသလဲ ….

  • Pilsner ပေလ်စနာ = 3–6 %
  • Beers ဘီယာ = 3-10 %
  • Lager လက်ဂါဘီယာ = 4-5 %
  • IPA (Pale Ale) ပေးလ်-အေးလ် = 6-7 %
  • Sparkling Wine စပါကလင်-ဝိုင် = 8–12 %
  • Wine (general) ပုံမှန် ဝိုင် = 10–15 %
  • Madeira Wine မဒီရာ-ဝိုင် = 15-18 %
  • Bum Wine ဘမ်-ဝိုင် = 15-20 %
  • Port Wine ပို့တ်-ဝိုင် = 16-20 %
  • Fortified Wines ဝိုင်အပြင်း = 16–22 %
  • Sherry ရှယ်ရီ-ဝိုင် = 17–22 %
  • Cask Strength Whisky/Rum စည်သွပ် ဝီစကီ၊ ရမ် = 60 %
  • Vodka/Whiskey/Rum ဗော့ဒဂါ၊ ဝီစကီ၊ ရမ် = 40 %
  • Neutral Grain Spirits ချက်အရက် = 95 %
  • Rectified Spirits မီးတောက်အရက် = 96 %

မြန်မာပြည်ထွက်တွေကို ကွန်မင့်ကနေ တယောက်က ပြောပြလို့ မှတ်ထားတာရှိတယ်။

  • – မြန်မာ ရမ် = 45 %
  • – မြန်မာ အာမီရမ် = 40 %
  • – မြန်မာ ဘီအီး (အရက်ဖြူ ) = 30%

Alcohol powder အရက်မှုန့်

အရက်မှုန့်ကို ၂ဝ ဂရမ်ထုပ်တထုပ်ကို ၁-၁ ဒသမ ၅ ယူရို (၁ ဒသမ ၃၅-၂ ဒေါ်လာ) နဲ့ရောင်းတယ်။ အရက်ကို အမှုန့်လုပ်နည်းကို ယူအက်စ်မှာ ၁၉၆၉ ကတည်းက မူပိုင်ခွင့်ကို မှတ်ပုံတင်ထားတယ်။ လုပ်နည်းက အပူချိန် (-173.4° F) အထိ လျှော့ချရတယ်။ Palcohol ကို FDA က အသိအမှတ် ပြုပေး ထားပါတယ်။ ရုရှားက နာမည်ကြီး ဗော်ဒကာအရက်ကိုလည်း Dry vodka အမှုန့် အနေနဲ့ လုပ်ထားတယ်။

၁။ Reconstituted ရေနဲ့ရောသောက်ရတယ်။
၂။ Oral ဆေးတောင့်ပုံစံလုပ်ထားပြီး ဆေးသောက်သလို သောက်ရတယ်။
၃။ Nebulizer ရှူဆေးနည်းနဲ့သုံးတယ်။

အရက်ဟာ သိပ္ပံပညာရှင်တွေကနေ တီထွင်ပြီး တွေ့သိလာတဲ့ အဆန်းထွင်မှုမဟုတ်ပါ။ အစားအသောက်နဲ့ အသီး အနှံတွေမှာ ပါနေတဲ့ သကြားဓာတ်က သဘာဝနည်းနဲ့ ကစော်ပေါက်တာကို အမှတ် မထင် သောက်သုံး ရာကနေ တွေ့လာပါ။

အကောင်တွေ၊ ငှက်တွေက အဲလိုဟာကို သောက်လို့ အမူအယာ ထူးခြားနေ တာကို သတိထား မိတဲ့ တိရစ္ဆာန် အထိန်းတွေ၊ တောသူ တောင်သားတွေကနေ စမ်းကြည့်ရာ ကနေ သောက်သုံး တာလို့ ဆိုပါတယ်။

 ကျောက်ခေတ်နှောင်းပိုင်းကာလ သက်တမ်းရှိတဲ့ ဘီယာခွက်နဲ့ တူတာကိုလည်း တွေ့ရှိ ထားလို့ ဒီအယူ အဆကို ခိုင်မာစေတယ်။ ဘီစီ ၁ဝဝဝဝ လို့ မှန်းပါတယ်။

အရက် အမယ်ပေါင်း ၂ ဒါဇင်လောက် ရေးပြီးပြီ၊ တာရှည် အရက်သောက်ရာ ကနေ ရစေနိုင်တဲ့ ရောဂါ ၁ ဒါဇင် တိတိ နာမည်လေးတွေပါ ပြောပါရစေ။

  1. Anemia သွေးအားနည်းခြင်း၊
  2. Cancer ကင်ဆာ၊
  3. Cardiovascular disease နှလုံး-သွေးကြောရောဂါ၊
  4. Cirrhosis အသည်းခြောက်ရောဂါ၊
  5. Dementia အသိဉာဏ်ချို့ယွင်းရောဂါ၊
  6. Depression စိတ်ကျရောဂါ၊
  7. Seizures အတက်ရောဂါ၊
  8. Gout ဂေါက်ရောဂါ၊
  9. High blood pressure သွေးတိုးရောဂါ၊
  10. Infectious disease ကူးစက်ရောဂါ၊
  11. Nerve damage အာရုံကြောထိခိုက်ခြင်း၊
  12. Pancreatitis သရက်ရွက်ရောင်ခြင်း။

အရက်ဈေးကြီးတာက ပိုကောင်းတယ်ဆိုလို့ သောက်နိုင်သူများခင်ဗျား၊ တပုလင်း ဒေါ်လာ ၂ဝ ကနေ ၁ဝဝဝ အကုန်ခံနိုင်တယ်ထားပါတော့၊ အသည်းရောဂါရလို့ အသည်းလဲရရင် ဒေါ်လာ ၁၀၀၀၀ မက ကုန်ကျပါမယ်။

ဒေါက်တာတင့်ဆွေ

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/136816


Read More »

Sunday, January 24, 2016

ဝိုင်သောက်ခြင်းက အဆစ်အမြစ် ရောင်ရမ်းနာကျင်မှု ကို ခံစားရဖို့ အခွင့်အလမ်း နည်းစေ




ဝိုင်သောက်တဲ့ သူတွေဟာ ဒူးခေါင်း အဆစ် အမြစ် ရောင်ရမ်း နာကျင်ခြင်း ဝေဒနာ ကို ခံစားရဖို့ အခွင့်အလမ်း နည်းပေ မယ့်လည်း ဘီယာ သောက်တဲ့ သူတွေကတော့ အဆစ်အမြစ် ရောင်ရမ်း နာကျင်ဖို့ ပိုများ စေတယ်လို့ လေ့လာမှု အသစ် တစ်ခုက ဖော်ပြ လိုက်ပါတယ်။

နော့တင်ဟမ် တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေဟာ ဒူးခေါင်း (သို့) တင်ပါးရောင်ရမ်း နာကျင်တာ မျိုးတွေ ခံစားနေရပြီး အသက် ၄၅ နှစ်ကနေ ၈၆ နှစ်ကြားရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး အယောက် ၂၀၀၀ ရဲ့ ယမကာ မှီဝဲမှု အကျင့်တွေကို ကျန်းမာတဲ့ လူ အယောက် ၁၀၀၀ နဲ့ နှိုင်းယှဉ် ကြည့်ခဲ့ ကြပါတယ်။

ဘီယာ မသောက်တတ်တဲ့ သူတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် တစ်ပတ်ကို ၂၀ ယူနစ်ထက်ပိုပြီးဘီယာ သောက်သုံးသူတွေဟာ ဒူးခေါင်း အဆစ်အမြစ်ရောင်ရမ်းနာကျင်ဖို့ ၉၃ ရာခိုင်နှုန်း အခွင့်အရေးပိုများနေပါတယ်။ ခါး ၊ တင်ပါး တို့ရဲ့ အဆစ်အမြစ်တွေရောင်ရမ်းနိုင်ချေကတော့ ဒူးခေါင်းထက်ပင် အခွင့်အရေး ၂ ဆ ပိုများနေပြန်ပါတယ်။

တစ်ဖက်မှာကျပြန်တော့လည်း တစ်ပတ်ကို ၀ိုင် ၄ ခွက်ကနေ ၆ ခွက် အထိ သောက်သုံးသူတွေဟာ ဒူးခေါင်းအဆစ်အမြစ်ရောင်ရမ်းနာကျင်မှု ကို ၄၄ ရာခိုင်နှုန်းအထိ လျော့ကျသွားစေပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၇ ခွက် သောက်သုံးသူတွေဆိုရင် ၂ ဆ ပိုမို လျော့ကျစေမှာ ဖြစ်ပါတယ်။

ဒီလို ဘာကြောင့် ၀ိုင်က အဆစ်အမြစ်ရောင်ရမ်းနာကျင်မှု ကို သက်သာစေသလဲဆိုတဲ့ အကြောင်းပြချက်တော့ တိတိကျကျမသိရပါဘူး။ သီအိုရီအရတော့ ၀ိုင်မှာပါဝင်တဲ့ Polyphenols ဆိုတဲ့ အန်တီအောက်ဆီးဒင့် တစ်မျိုးကြောင့်ဖြစ်ပါတယ်။

Polyphenols ဟာ ကာကွယ်မှုနဲ့ ဆိုင်တဲ့ သက်ရောက်မှု တွေ ခန္ဓာကိုယ်ကို ဖြစ်စေပါတယ်။ ဘီယာမှာပါဝင်တဲ့ Uric အက်ဆစ် ပမာဏကတော့ ထိခိုက်တဲ့ သက်ရောက်မှုတွေစာ ဖြစ်စေနိုင်တာဖြစ်ပါတယ်။

ထို ရှာဖွေတွေ့ရှိမှုတွေကိုတော့ Arthtitis Research Therapy ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Ref : Dailymail

Originally published at - http://health.thithtoolwin.com/2016/01/blog-post_17.html


Read More »

Thursday, December 31, 2015

နှစ်သစ်ကူး မှာ အရက်နာကျနေရင် ဘယ်လို သက်သာအောင် လုပ်ရမလဲ?




လူတစ်ချို့ က နှစ်သစ်ကူး ပွဲတော်ကို အပျော် တမ်းည လို့ သတ်မှတ် ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သာမန် အားဖြင့် အရက်သောက်လေ့ မရှိသူတွေပင် နှစ်သစ်ကူး ညမှာ တစ်ညလုံး မူးနေအောင် သောက်ထား ကြပြီး နှစ်သစ် ရဲ့  ပထမဆုံး နေ့မှာတော့ အိပ်ယာထဲ လဲနေ တတ်လို့ပါ။

ဒီတစ်ပတ် Reactions ဆိုတဲ့ YouTube ချန်နယ်လ် ရဲ့  ဇာတ်လမ်း တွဲမှာတော့ သူတို့ဟာ အရက်နာ ကျခြင်းနောက်ကွယ်က သက်ရောက်မှု အဖြစ်စေဆုံး ဓါတုပစ္စည်း တစ်မျိုးကို လေ့လာ ခဲ့ကြပြီး ဘယ်လို ကုသ ရမယ်ဆိုတဲ့ သဲလွန်စတွေကို ဖော်ပြ ခဲ့ကြပါတယ်။

အရက်နာကျခြင်းရဲ့ သက်ရောက်မှုတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက် ကွဲပြားမှု ရှိပါတယ်။ ဒါပေမယ့်လည်း ယေဘူယျအားဖြင့်တော့ စတင်အရက်သောက်သုံးပြီး ၈ နာရီကနေ ၁၆ နာရီ အကြားမှာ အရက်နာကျခြင်း ကို ခံစားရလေ့ရှိပါတယ်။

အရက်နာကျခြင်း ရဲ့  မနှစ်မြို့ ဖွယ် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့ သောကများနေခြင်း ၊ မအီမသာ ဖြစ်နေခြင်း ၊ ပျို့ ခြင်အန်ခြင် စိတ်ဖြစ်နေခြင်းတို့ပါ။

သင်အရက်သောက်လိုက်တဲ့ အခါမှာ ထို ယမကာဟာ သင့်ရဲ့ အသည်းကို ဖြတ်သန်း သွားပြီး ADH နဲ့ ALDH ဆိုတဲ့ ဓါတ်ပြောင်း အကူဒြပ် ၂ မျိုးက ထို ယမကာ ကို လောင်ကျွမ်း ချေဖျက် စေပါတယ်။

ADH ကတော့ ထို ယမကာ ကွန်ပေါင်းတွေကို အက်ဆီတယ်ဒ်ဟိုဒ်ဆိုတဲ့ ဓါတု ဒြပ်ပေါင်းတစ်မျိုးအဖြစ် ပြောင်းလဲစေပြီး ထို ဒြပ်ပေါင်းဟာ အဆိပ်တစ်ခု အဖြစ် ပြောင်းလဲသွားပါတယ်။

ALDH ကတော့ ယမကာ ကွန်ပေါင်းတွေကို အက်ဆီတိတ် အဖြစ်ပြောင်းလဲပြီး ထို အက်ဆီတိတ်က တဆင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ရေတွေအဖြစ် ပြောင်းလဲသွားစေပါတယ်။

လေ့လာမှုများစွာက ပြသခဲ့တာကတော့ အက်ဆီတယ်ဒ်ဟိုဒ် ပမာဏ များပြားနေခြင်းဟာ အမြင်အာရုံ အားနည်းစေခြင်း ၊ မှတ်ဥာဏ် ချို့ ယွင်းစေခြင်း ၊ ပါးစပ် ခြောက်ကပ်ခြင်း ၊ မောပန်းခြင်း နဲ့ အခြား ပင်ပန်းတဲ့ ခံစားမှုတွေကို ဖြစ်ပေါ်လာစေတယ်လို့ သိရပါတယ်။

အရက်နာကျခြင်းကို ဖြေရှင်းဖို့အတွက် Reaction အဖွဲ့ရဲ့  အကောင်းဆုံး အကြံဥာဏ်ကတော့ မနက်စာအတွက် ကြက်ဥ ကို စားသုံးပေးပါတဲ့။ ကြက်ဥတွေဟာ L-cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးကို စုစည်းပေးနိုင်အားကောင်းပါတယ်။

ထို အက်ဆစ်ဟာ သင့်ရဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အက်ဆီတယ်ဒ်ဟိုဒ် တွေကို ဖယ်ရှားပေးပြီး အရက်နာကျခြင်း ရောဂါလက္ခဏာတွေကိုလည်း သုတ်သင်ပေးနိုင်ပါတယ်။

နောက်တစ်နည်းကတော့ ရေများများသောက်ပေးပါ။ ရေဓါတ်ခမ်းခြောက်ခြင်းဟာ အရက်နာကျခြင်းရဲ့  ဘုံအဖြစ်ဆုံး လက္ခဏာပါ။ အရက်အလွန်အကျွံသောက်ခြင်းဟာ vasopressor ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို ကျောက်ကပ်အတွင်းမှာ ခမ်းခြောက်သွားစေပါတယ်။

ထို ဟော်မုန်းဟာ သင့်ကျောက်ကပ်ရဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကိစ္စရပ်တွေကို ဘယ်လောက်ထိ တောင့်ခံပေးနိုင်သလဲဆိုတာကိုဖန်တီးပေးပါတယ်။

ဒါကြောင့် ရေသောက်ရင် ပြန်မူးသွားတယ်ဆိုပေမယ့်လည်း ရေသောက်ပေးခြင်းဟာ သင့်ရဲ့ ကျောက်ကပ်ကို ပြန်လည် ကောင်းမွန်လာစေနိုင်ပါတယ်။

နောက်တစ်မျိုးကတော့ သင်ဟာ နှစ်သစ်ကူးပွဲတော်ကို တစ်ညလုံးနီးပါးဖြတ်သန်းထားရပြီး မနက်ပိုင်းမှာလည်း လုံလောက်စွာ မအိပ်လိုက်ရပဲ အလုပ်ကိစ္စ ရှိနေတဲ့အခါမျိုးမှာ ရုတ်တရတ် ထလာရတဲ့အတွက် သင့် ရဲ့ ဦးနှောက်ဟာ သာမန်အတိုင်းလှုပ်ရှားနိုင်ခြင်း မရှိတော့ပါဘူး။

ဒါကြောင့် အာရုံကြောဆိုင်ရာ လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေဖို့ကတော့ အချိုမှုန့် ကို အနည်းငယ်စားသုံးပေးဖို့လိုပါလိမ့်မယ်။

အရေးအကြီးဆုံးအနေနဲ့ သတိပြုရမှာကတော့ အရက်မသောက်ခင်မှာ အစာအနည်းငယ်စားပေးပါ။ အစာမရှိပဲ အရက်သောက်ခြင်းဟာ သင့်အစာအိမ်ကို သင်ဖျက်ဆီးနေခြင်းသာဖြစ်ပါတယ်။ စာဖတ်ပရိတ်သတ်အားလုံး ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ။

Ref : Dailymail

Originally published at - http://health.thithtoolwin.com/2016/01/blog-post.html


Read More »

Monday, December 14, 2015

New Year မှာ အမူးလွန်နိုင်တဲ့ သူတွေ အတွက် ဆေးနည်းကောင်းများ




အခုကာလ ကတော့ ရာသီဥတု အေးအေးနဲ့ သောက်လို့ အကောင်းဆုံး ကာလပါပဲ။ အသောက်များ တတ်တဲ့ သူတွေရဲ့ ပိုက်ဆံအိတ်တွေ ကလည်း အခုလို ကာလတွေမှာ ဖောင်းတယ်လို့ကို ရှိမှာ မဟုတ် ပါဘူး။ ဒါ့ကြောင့် အကယ် လို့များ သင်သာ အသောက်များ သွားမယ်ဆိုရင် အမူးလွန်မှုကို သက်သာစေဖို့ ဒီနည်းလမ်းလေး တွေကိုတော့ သိထား သင့်ပါတယ်။

၁. Sprite လို သံပုရာအအေးတွေ ဒါဇင်လိုက်ဆောင်ထားပါ

တရုတ်ပြည်က သုတေသန ပြုချက်တွေ အရတော့ သံပုရာ အနံ့ အရသာ ပါဝင်တဲ့ စားစရာတွေဟာ အယ်လ်ကိုဟောကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ၅၇ ရာခိုင်နှုန်း အထိ လျှော့ချ ပေးနိုင်ပြီး သင့်ရဲ့ အမူးပြေမှုကို လေးဆလောက် ပိုပြီး မြန်ဆန် လာစေမှာပါ။

ဘာကြောင့်လဲ ဆိုတော့ သံပုရာ အချိုရည်တွေမှာ ပါဝင်တဲ့ Alkaline ဓာတ်ဟာ သင့်ရဲ့ အစာ လမ်းကြောင်း အတွင်းမှာ ရှိတဲ့ မူးမောစေတဲ့ ဓာတ်တွေကို တိုက်ထုတ် ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

၂. ပျားရည်ဆမ်း ပေါင်မုန့် မီးကင်နဲ့ Black ကော်ဖီ တစ်ခွက်

ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ် ကတော့ သင့်ရဲ့ အသောက်လွန်ပြီး ထိုင်းမှိုင်းနေ မှုကို ပုံမှန် ပြန်ဖြစ်အောင် အကျိုးပြု စေမှာပါ။ ကော်ဖီလေး သောက်ပြီးရင်တော့ ပေါင်မုန့် မီးကင်ကို ပျားရည် ဆမ်းပြီး စားလိုက်ပါ။

သင့်ရဲ့ ပူလောင်နေတဲ့ အစာအိမ်ကို ခဏငြိမ်သက် သွားစေမှာဖြစ်ပြီး လိုအပ်နေတဲ့ အာဟာရဓာတ်ကို ဖြည့်ဆည်းပေး ပါလိမ့်မယ်။ ပျားရည်ကတော့ အရင်သောက်သုံး ထားတဲ့ ကော်ဖီထဲက ခန္ဒာကိုယ် အတွက် မလိုတော့တဲ့ ကဖိန်းဓာတ်တွေကို ချေဖျက်ပေး သွားမှာပါ။ ကဖိန်းဓာတ်များနေရင်လည်း မကောင်းတာကြောင့် ရေနည်းနည်းသောက်လိုက် တာကလည်း ပိုအကျိုးပြုစေမှာပါ။


၃. ခရမ်းချဉ်သီးဖျော်ရည် တစ်ခွက် သောက်ပါ


အယ်ကိုဟောလ်မှာ အီသနောနဲ့ မီသနောဆိုပြီး ဓာတ်နှစ်မျိုး ပါဝင်ပါတယ်။ သင့်ခန္ဒာ ကိုယ်ကတော့ အီသနော ဓာတ်ကို ဦးဆုံး ဖြိုခွင်းပြီးနောက်မှာတော့ မီသနောကို formaldehyde ဓာတ် အဖြစ်ကို ပြောင်းလဲ ပေးပါတယ်။

formaldehyde ဓာတ်ဟာ သင့်ရဲ့ ခန္ဒာကိုယ်ကို အော်ဂလီဆန်အောင် ပြုလုပ်မှာပါ။ အဲ့လို အော်ဂလီဆန် တာမျိုးမဖြစ် ချင်ရင်တော့ ခရမ်းချဉ်သီး ဖျော်ရည်ကို သောက်သုံးသင့်ပါတယ်။

သူက antioxidants ဓာတ်တွေကို ထုတ်လွှတ်ပေးမှာဖြစ်ပြီး သင့်ရဲ့ ခန္ဒာကိုယ် အတွင်းက အဆိပ်ဓာတ် တွေကို ချေဖျက်ပြီး ဇီဝက္မြဖြစ်စဉ်ကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပေး ပါလိမ့်မယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/12/new-year.html


Read More »

Tuesday, November 24, 2015

အရက်သောက်သုံးသူ အမျိုးသမီး ဦးရေ များလာ၊ အမျိုးသား ဦးရေ ကျဆင်း




နှစ်ပေါင်း များစွာ အတွင်း အရက် သောက်သုံးသူ အမျိုးသား ဦးရေဟာ ကျဆင်း လာပြီး အရက် သောက်သုံးသူ အမျိုးသမီး ဦးရေဟာတော့ လပိုင်း အတွင်း များလာ တယ်လို့ သတင်း ရရှိပါတယ်။

ခုဆိုရင် အရက်သောက်သုံးသူ အမျိုးသမီးဦးရေနဲ့ အမျိုးသားဦးရေဟာ ကွာဟမှုနည်းလာပြီး အရက်ကို သောက်သုံးလာတဲ့ အမျိုးသမီးဦးရေဟာ 'Alarming Rise' (စိုးရိမ်ဖွယ်ရာ တိုးတက်မှု) အဖြစ် ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။

စစ်တမ်းလေ့လာမှုတွေထဲမှာ အရက်ကို လက်ရှိသောက်သုံးနေသူတွေ၊ တစ်လကို ရက်တော်တော်များများ သောက်သုံးသူတွေ၊ အရက်အလွန်အကျွံ သောက်သုံးသူတွေနဲ့ အရက်သောက်၍ ယာဉ်မောင်းသူတွေ ပါဝင်ပါတယ်။ "အမျိုးသားတွေက အရက်ကို ပိုသောက်နေကြတုန်းပါပဲ၊ ဒါပေမဲ့ အမျိုးသမီးနဲ့ အမျိုးသားကြားက ကွာဟမှုက မှေးမှိန်လာပြီ။" လို့ အရက်အလွဲသုံးစားလုပ်မှုနှင့် အရက်စွဲကပ်မှုဆိုင်ရာ နိုင်ငံတော်တက္ကသိုလ်မှ ဒေါက်တာ Aaron White ကပြောခဲ့ပါတယ်။

'တခြား မကြာသေးမီက ထုတ်ပြန်ချက်တွေကလည်း အမေရိကန်မှာရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ အရက်သောက်သုံးမှု ပုံစံတွေဟာ ပြောင်းလဲနေကြောင်း ဒီသုတေသနရပ်က အတည်ပြုပါတယ်။' လို့ အရက်အလွဲသုံးစားလုပ်မှုနှင့် အရက်စွဲကပ်မှုဆိုင်ရာ နိုင်ငံတော်တက္ကသိုလ် (NIAAA) မှ ဒေါက်တာ George Koob ကပြောသွားခဲ့ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_54.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Sunday, November 22, 2015

အရက်မူးလာရင် သွေးဆိုး တတ်တာဟာ မျိုးရိုးဗီဇ ကြောင့် ဖြစ်




တစ်ချို့လူတွေဟာ အရက်သောက်တာ များသွားတဲ့ အခါမှာ စိတ်ထဲမှာ ကသိ ကအောက် ဖြစ်လာကာ မထင်မှတ် ထားတာတွေကို လုပ်ဆောင် တတ်ကြ ပါတယ်။

ဖင်လန် နိုင်ငံက သုတေသီတွေ ဟာ လူတွေ အရက်မူး လာရင် အကျိုးသင့် အကြောင်းသင့် မဟုတ်တဲ့ စိတ်လိုက် မာန်ပါ လုပ်ဆောင်ချက်တွေ ဖြစ်လွယ် တာဟာ မျိုးရိုးဗီဇ နဲ့ သက်ဆိုင်တယ် ဆိုတာကို ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ ထို ရှာဖွေတွေ့ရှိမှု ဟာ ဆေးဝါး အသစ် ဖြစ်ပေါ်လာဖို့ ကိုလည်း ဦးတည်ပေး ခဲ့ပါတယ်။

သုတေသီတွေဟာ လူတွေရဲ့ မျိုးရိုးဗီဇနဲ့ ပတ်သက်ပြီး တစ်ရက်တာ လေ့လာကြည့်ခဲ့ ကြပါတယ်။ အဲဒီအခါမှာ လူတွေရဲ့ အားနည်းချက်တွေနဲ့ အရက်ကို ရှောင်ကြဉ်ဖို့ ကြိုးစားရင်း စိတ်ပိုင်း ဆိုင်ရာ ကုသမှု ခံယူ ခဲ့ရတာတွေ ကိုလည်း တွေ့ခဲ့ ရပါတယ်။

နှစ်ပေါင်းများစွာကြာအဖြေရှာ မတွေ့သေးပဲ ဖြစ်နေခဲ့တာက တစ်ချို့လူတွေဟာ အရက်သောက်ရင် မထိန်းနိုင်ကြပါဘူး။ သူတို့ဟာ ဘာကြောင့် အရက် ပမာဏ အနည်းငယ် သောက်သုံးမိလိုက်တာနဲ့ မူးယစ်ထွေပြား သွားရသလဲ ဆိုတာလည်း မသိနိုင်ခဲ့ကြပါဘူး။

Helsinki တက္ကသိုလ် မှာရှိတဲ့ ဒေါက်တာ Tikkanen နဲ့ သူ့ရဲ့ နောက်လိုက် အဖွဲ့သားတွေဟာ လူတွေ အရက်မူးနေတဲ့အခါမျိုးမှာ ဆီရိုတိုနင် 2B receptor ဆိုတဲ့ ပရိုတိန်းတစ်မျိုးနဲ့ ဆက်စပ်နေတဲ့ မျိုးရိုးဗီဇ တွေထဲမှာ လူတစ်ယောက်ရဲ့ တည်ငြိမ်တဲ့ စိတ်နေစိတ်ထားကို ကမူးရှုးထိုး စိတ်နေစိတ်ထားတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့ သန္ဓေပြောင်းလဲမှု(Mutation) ကို ရှာဖွေတွေ့ရှိသွားပါတယ်။

အဲဒီလို ပြောင်းလဲသွားတဲ့ လုပ်ဆောင်ချက်တွေဟာ ဆီရိုတိုနင် 2B receptor ကြောင့် အနည်းအကျဉ်းဖြစ်နိုင်ပေမယ့် အဲဒီကတစ်ဆင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ များနဲ့ အတူ စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်းဆီကို ဦးတည်သွားတာပဲ ဖြစ်ပါတယ်။ သုတေသီအဖွဲ့ဟာ အရက်နဲ့ ဆက်စပ်အရာတွေကြောင့် စိတ်လိုက်မာန်ပါလုပ်ဆောင်ခြင်းကို ကြုံတွေ့နေရသူတွေကို စစ်တမ်းကောက်ယူ လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။

ဦးနှောက် သုတေသီတွေဟာလည်း မျိုးရိုးဗီဇ(Gene) တွေရဲ့ ပရိုတိန်းထုတ်လုပ်မှု ဟာ နည်းလမ်း အမျိုးမျိုးနဲ့ သက်ရောက်မှု ရှိနေတယ်ဆိုတာကို သိရှိခဲ့ပြီးတဲ့နောက် မျိုးရိုးဗီဇ ဆိုင်ရာ ကိစ္စရပ်တွေကို ပိုမိုသတိရှိလာခဲ့ပါတယ်။ ဒီရှာဖွေတွေ့ရှိမှုကတဆင့် ဆီရိုတိုနင် 2B receptor ရဲ့ ကျန်းမာရေးဆိုင်ရာ အရေးပါနေမှု ကို သိရှိခဲ့ကြပြီး ဒီအခြေအနေကို ပြောင်းလဲနိုင်မယ့် ဆေးဝါး အသစ်တွေထုတ်လုပ်ဖို့ တိုက်တွန်းနိုင်ခဲ့ပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/11/blog-post_25.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »