ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ကာကွယ်ခြင်းများ. Show all posts
Showing posts with label ကာကွယ်ခြင်းများ. Show all posts

Friday, August 19, 2016

လေဖြတ်ထားခြင်း ရှိမရှိ သင်ဘယ်လို သိနိုင်မလဲ




အသားကင်ဆိုင် တစ်ဆိုင်တွင် အမျိုးသမီး တစ်ဦး ချော်လဲ ကျသည်။

ဖိနပ် အသစ် စီးလာ၍ ချော်လဲ ကျ တာပါ ဟုပင် သူမက ပြောလိုက် သေးသည်။ သူမက အဝတ်စားတွင် ကပ်နေသော ဖုန်များကို ခါ၍ သန့်ရှင်းပြီး ပန်းကန် တစ်ချက် ယူကာ ညနေစာ စားသည်။

သူမကို ကြည့်ရသည်မှာ တစ်ညနေလုံး အေးအေး ဆေးဆေးပါ။

ညနေခြောက်နာရီ ရောက်တော့ သူမ အမျိုးသားက အသားကင်ဆိုင်ကို ဖုန်းဆက်သည်။ ညနေ ခြောက်နာရီမှာ သူမ ဆုံးပါး သွားပါသည် ဟူ၍။

ဆရာဝန်၏ အဆိုအရ လေဖြတ်ခြင်းကြောင့် သူမ လဲကျ သွားခဲ့ခြင်း ဖြစ်ပြီး (၃) နာရီး အတွင်း ဆေးရုံ သို့ရောက်ရှိ လာပါက အသက် မသေအောင် ကယ်ဆယ်နိုင် သည်ဟု ဆိုသည်။

သို့ဆိုလျှင် အချိန်မှီ ကယ်တင်နိုင်ရန် လူတစ်ဦး လေဖြတ် မဖြတ် ဘယ်လို သိရှိနိုင် မည်လဲ။

ဦးနှောက်နှင် အာရုံကြော ဆရာဝန်များက အဆင့် သုံးဆင့် ၃ ဆင့် ပါဝင်သော စမ်းသပ် နည်းတစ်ခု တည်ထွင် ထားသည်။

၁. S- Smile. ဒဏ်ရာရသူကို လေဖြတ်မဖြတ် သိရှိနိုင်ရန် ပြုံးခိုင်းပါ။

၂. T- Talk. ဝါကျ တစ်ခုကို သဒ္ဒါ မှန်မှန် ၊ ယုတ်တိကျကျ ပြေခိုင်းပါ။ ဥပမာ။ ။ ယနေ့ နေသာသည်။

၃.R- Raise Both Arms.လူနာကို လက်နှစ်ဖက်လုံ မြှောက် ခိုင်းပါ။

အထက်ပါ စမ်းသပ်မူ ၃ ခုအနက် တစ်ခုခု မလုပ်နိုင်ပါက ဆေးရုံသို့ ချက်ချင်းပို့ပါ။

ထိုနည်းများနှင့် စမ်းသပ်၍ မသေချာ ပါက လူနာကို လျှာထုတ် ခိုင်းပါ။ လျှာလိပ် နေလျှင်ဖြစ်စေ၊ လျှာ တစ်ဖက် ဖက်သို့ စောင်းနေလျှင် ဖြစ်စေ လေဖြတ် နေခြင်း
ဖြစ်နိုင်သည်။

အထက်ပါ နည်းလမ်း များကို သိထားသူမှ လူ ၁၀ ဦးအား မျှဝေပေး ပါက အနည်းဆုံး လူတစ်ဦး၏ အသက်အား ကယ်တင်နိုင်မည်ဟု ဆရာဝန်မှ တိုက်တွန်း ထားသည်။

ကျန်းမာရေးနှင့်ဗဟုသုတအစုံ

Originally published at - https://www.facebook.com/ကျန်းမာရေးနှင့်ဗဟုသုတအစုံ

Read More »