ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 29, 2016

အန္တရာယ် ရှိသော ကြက်သွန်နီ ခြမ်း (နေ့စဉ် ဟင်းချက်ရင် အသုံးပြုတာမို့ ဖတ်ကြည့်စေချင်တယ်)




ထက်ခြမ်း ခွဲထားသော ကြက်သွန်နီ ကို ချက်ချင်း အသုံးမပြုနိုင်ပဲ ရက်ကျော်လွန် သွားလျှင် ပြန်၍ အသုံး မပြုသင့်ပါ။ မစားသင့်ပါ။ အန္တရာယ် ကို ဖြစ်စေပါသည်။ ခွဲခြမ်း ထားပြီး အပြင်မှာ အနည်းဆုံး ၆ နာရီနှင့် အထက် ကြာသွားသည့် ၄င်းကြက်သွန်နီခြမ်းဟာ အပုတ်နံ့များ၊ အနံ့ဆိုးများကို စုပ်ထားနိုင်ပြီး ဘတ်တီးရီးယား ပိုးမွှားများနှင့် အခြား အန္တရာယ်ကို ဖြစ်စေ တတ်သည့် ပိုးမွှား များလည်း ပါရှိ လာသည့် အတွက် ၀မ်းပျက်၊ ၀မ်းလျှော၊ ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့် အပြင် အဆိပ်အတောက် ကိုလည်း ဖြစ်စေနိုင် ပါတယ်လို့ နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ ဖော်ပြထားကြပါတယ်။

အခွံခွါထားသည့် ကြက်သွန်နီနှင့် ထက်ခြမ်းခွဲထားသည့် ကြက်သွန်နီခြမ်းကို ပြန်လည်အသုံးပြုလိုပါက အဖုံးလုံအောင် ပိတ်ထားသော ဗူး၊ ခွက်တို့ဖြင့် လုံခြုံစွာ ထည့်ထားသင့်ပါတယ်။

သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထည့်သွင်းသိမ်းဆည်းထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။

မသိမ်းဆည်းလိုက်ရပဲ အပြင်မှာ အချိန်ကြာအောင် ပစ်ထားမိသည့် ကြက်သွန်နီခြမ်းကို မဖြစ်မနေ အသုံးပြုရတော့မည်ဆိုလျှင်လည်း ပုံထဲမှာ မြင်ရသည့်အတိုင်း အလယ်တည့်တည့်မှ အဆံ၊ အဖူးကလေးကို ဖယ်ထုတ်ပစ်သင့်ပါတယ်။

အကြောင်းကတော့ အပုတ်နံ့များနှင့် အနံ့ဆိုးများကို ၄င်းနေရာမှ အဓိက စုပ်ယူထားပြီး ပိုမွှားများလည်း ၄င်းနေရာမှာ ပါဝင်မှု အများဆုံးလို့ သိရပါတယ်။

အသက်ကို ဥာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။

Credit: နေ့စဉ်သတင်းထူးများ

From : Lwin Pyin

Originally published at - http://www.lwinpyin.com/2016/12/danger-onian.html

No comments:

Post a Comment