ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ကုထုံးသစ်များ. Show all posts
Showing posts with label ကုထုံးသစ်များ. Show all posts

Monday, November 9, 2015

ဦးနှောက်လှုံ့ဆော်မှုဖြင့် ကိုယ်အလေးချိန် လျော့ကျစေနိုင်




ဆီးချိုရောဂါ၊ အစာခြေနှင့် အသည်းရောဂါ နိုင်ငံတော် တက္ကသိုလ်မှ သုတေသန ပညာရှင်တွေဟာ ဦးနှောက်ရဲ့လှုံ့ဆော်မှုဖြင့် လူတွေကို အစားအသောက် လျှော့စားစေပြီး ကိုယ်အလေးချိန် လျော့ကျအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း တစ်ခုကို လေ့လာတွေ့ရှိ ခဲ့ကြပါတယ်။

Transcranial direct current stimulation, သို့ TDCS လို့ခေါ်တဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးတဲ့ ပုံစံနဲ့ ဦးနှောက်တွင်းမှာ ရှိတဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းတွေကို လျှပ်စစ် လှိုင်းအနိမ့်များ ထုတ်လွှင့်ပေးခြင်း ဖြစ်ပါတယ်။ ဒီကုသမှုဟာ ဆရာဝန်တွေရဲ့ ပစ်မှတ်ထားတဲ့ အကူအညီဖြစ်ကြောင်း တွေ့ရှိရပါတယ်။

“ အ၀လွန်ခြင်းဟာ ဦးနှောက်ရဲ့အပြင်ပိုင်း အမြင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေ လျော့နည်းမှုနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။ ဒီလေ့လာမှုအရ အလေးချိန်လျှော့ချရာမှာ TDCS လျပ်စစ်လှုံ့ဆော်မှုဟာ ဖြစ်နိုင်ချေရှိတဲ့ ကုသမှုတစ်ခုဖြစ်နိုင်တယ်လို့ ပထမဆုံးအနေနဲ့ ကောက်ချက်ချနိုင်ပါတယ်” လို့ ပညာရှင်တွေက ဆိုပါတယ်။

ပညာရှင်တွေဟာ အသက် ၄၂နှစ်ပတ်ဝန်းကျင် ကျန်းမာသန်စွမ်းတဲ့ အမျိုးသားအမျိုးသမီးတွေနဲ့ အ၀လွန်နေသူများအား TDCS ကုထုံးဖြင့် စမ်းသပ်စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး ဒီကုသမှုဟာ အပြုအမူတွေနဲ့ တုံ့ပြန်မှုတွေကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါသတဲ့။

စမ်းသပ်စစ်ဆေးမှု ခံယူသူ အဖွဲ့နှစ်ဖွဲ့ဟာ တူညီတဲ့ ကယ်လိုရီပမာဏကို နေ့စဉ်စားသုံးစေပြီး တစ်ဖွဲ့ကိုတော့ TDCS ကုထုံးနဲ့ ကုသပေးခဲ့ရာ ပုံမှန်ထက် ကယ်လိုရီစားသုံးမှုပမာဏ ၇၀၀ ထက်လျော့ကျသွားပြီး ပျမ်းမျှ ကိုယ်အလေးချိန် ၀.၈ ပေါင်ခန့် ကျဆင်းသွားတာကို တွေ့ရတာဖြစ်ပါတယ်။

ပိုမိုစိတ်ချရပြီး ကြာရှည်အကျိုးသက်ရောက်မှုရှိတဲ့ ကုသမှုဖြစ်စေဖို့အတွက် ထပ်မံလေ့လာမှုတွေ ထပ်လုပ်ဖို့လိုသေးတယ်လို့ ဆိုပါတယ်။

Ref: Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_19.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Friday, October 30, 2015

မျိုးမအောင်တဲ့ အမျိုးသားတွေ အတွက် အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်




မျိုးရို ဗီဇချို့ယွင်း မှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြား ကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင် ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံ လောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြား ကနေ ဖန်တီး ရယူ ခဲ့တာပါ။

သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေအတွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင်ဆဲလ်ဖွံ့ဖြိုးမှုကို လေ့လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံးချမှုနိုင်မှုတွေအတွက် အလားအလာ ရှိပါတယ်။

ဥပမာ အရေအတွက်များများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။ သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_31.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Thursday, October 29, 2015

ရင်သားကင်ဆာကို ၁၅ မိနစ် အတွင်း ကုပေးနိုင်မယ့် လေဆာကုထုံး




ရင်သား ကင်ဆာကို ၁၅ မိနစ် အတွင်း ပျောက်ကင်းအောင် လေဆာနဲ့ ကုသလို့ ရတဲ့ထိ တိုးတက် မှုတွေ ရှိလာပါပြီ။ ရင်သားကို ဖယ်ထုတ် စရာ လုံးဝ မလိုတော့ပါဘူး။ အဲ့ဒီ အတွက်ကြောင့် ဆရာဝန်တွေဟာ အရမ်းကို စိတ်လှုပ်ရှား ရင်ခုန်နေ ကြပါတယ်။

အလင်း ကုထုံးဟာ အရေပြား ကင်ဆာ၊ အဆုတ်ကင်ဆာ အပါအဝင် ကင်ဆာ ၄မျိုးကို ပျောက်ကင်းအောင် ကုသနိုင် တယ်လို့ အတည်ပြုပြီး ဖြစ်ပါတယ်။

ရင်သားကင်ဆာကို ထိထိရောက်ရောက် ကုသနိုင်ဖို့ ကိုလည်း သိပ္ပံ ပညာရှင်တွေက စမ်းသပ် လုပ်ဆောင်နေ ကြပါတယ်။

အကျိတ်ပေါ်ကို လေဆာရောင်ခြည် တိုက်ရိုက် ထိုးပြီး အလင်းကို တုံ့ပြန်မှု ရှိအောင်လည်း ဆေးတစ်မျိုး သုံးထားမယ် ဆိုရင် ကင်ဆာကို သတ်နိုင် ပါတယ်။ အောင်မြင် သွားမယ် ဆိုရင် အကျိတ် ဘေးပတ်လည်က ရှိတဲ့ ကျန်းမာတဲ့ တစ်သျှူးတွေကို ထိခိုက်မှု မရှိစေပဲ ကုသနိုင် ပါလိမ့်မယ်။

ဒါဟာ လေဆာကုထုံးရဲ့ လှပသေသပ်မှုတစ်ရပ်ပါပဲ။

ကုသနည်းကတော့ အလင်းကိုတုံ့ ပြန်မှုရှိအောင် အကျိတ်ထဲကို ဆေးထိုးပြီး၊ ကင်ဆာကို သတ်ဖို့ အကြိတ်ကို လေဆာနဲ့ ခဏ တစ်ဖြုတ် ထိုးရမှာ ဖြစ်ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_81.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »