ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label နည်းပညာနှင့်ကျန်းမာရေး. Show all posts
Showing posts with label နည်းပညာနှင့်ကျန်းမာရေး. Show all posts

Friday, May 12, 2017

ဆေးဝါးသစ်များ ကုထုံးများ တိုးတက်လာ၍ HIV ဝေဒနာရှင်များ သက်တမ်းစေ့ ရှင်သန်နိုင်ရန် နီးစပ်လာ




လန်ဒန် ၁၂-၅-၂၀၁၇

ဆေးဝါး သစ်များ ထွက်ပေါ် လာပြီး ကုထုံး များလည်း တိုးတက် ကောင်းမွန် လာသောကြောင့် HIV ဝေဒနာရှင် များ အနေဖြင့် လူ့ ဘ၀ကို သက်တမ်းစေ့ ရှင်သန် နေထိုင် နိုင်ရန် ပိုမို နီးစပ် လာပြီ ဖြစ်ကြောင်း UK ရှိ Bristol University က ထုတ်ပြန် ကြေညာသည်။

ကုသမှုပုံစံမှာ တိုးတက်မှုတွေ ရှိလာပြီးတဲ့နောက် HIV ဆေး သောက်နေရတဲ့ လူငယ်လူရွယ်တွေဟာ သာမန် လူတွေလို လူ့ ဘ၀ကို သက်တမ်းစေ့ နေထိုင် နိုင်တော့မှာ ဖြစ်ပါတယ်။

အခုအချိန်မှာ အသက် ၂၀ ရှိနေ ပြီး ၂၀၁၀ လောက်ကစပြီးတော့ ART ဆေး သောက်ရသူ များဟာ ၁၉၉၆ ခုနှစ်က ART ဆေး စသောက်ခဲ့ သူတွေထက် အသက် ၁၀ နှစ် ပိုပြီး ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။

HIV ကူးစက်ခံရပြီ ဆိုတာနဲ့  အမြန်ဆုံး ဆေးသောက်ခွင့်ရရင် အသက်ရှင်သန် နေထိုင်နိုင်ခွင့်လည်း ပိုလာမှာဖြစ်ပါတယ်ဟု သုတေသီတစ်ဦးက ပြောပြသည်။ ကိုယ့်မှာ HIV ကူးစက်ခံနေရပြီဆိုတာ အချိန်မီမသိ ကြသူတွေ အများကြီး ကျန်ရှိနေပါတယ်။ အခု ဆေးဝါး အသစ်တွေကို အသုံးပြုနေပါတယ်။

ဘေးထွက်ဆိုးကျိုး နည်းပါးပြီး ဗိုင်းရပ်က ခန္ဓာကိုယ်အနှံ့ ကိုပျံ့ မသွား အောင် တားဆီးကာကွယ် နိုင်စွမ်းလည်း ပိုကောင်းပါတယ်။ ဒါ့အပြင် ဗိုင်းရပ်အနေနဲ့  ဆေးကိုပြန်လည် ခုခံ တိုက်ခိုက်ဖို့ လည်း ပိုခက်လာပါတယ်ဟု ၄င်းက ဆက်လက် ပြောပြသည်။

HIV လူနာများကို ဆေးဝါးကုသမှု ပေးရာဝယ် မူးယစ်ဆေးဝါးကို သွေးကြောမှတစ်ဆင့် ထိုးသွင်းသူများ သည် ခန့် မှန်းထားသည့်နှစ် အပိုင်းအခြားအထိ ရှင်သန်လေ့မရှိကြောင်း၊ ART ကုထုံးတွင် HIV ဗိုင်းရပ် ဆက်လက်မပြန့် ပွားနိုင်အောင် တားဆီးပေးသည့် ဆေး ၃ မျိုးနှင့်အထက်ကို ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း၊ လူနာတစ်ဦးနှင့် တစ်ဦး၏ အခြေအနေ ပေါ်မူတည်၍ မည်သည့်ဆေးသုံးမျိုးကို ပေါင်းစပ်ရန် မှ ကွဲပြားမှုရှိနိုင်ကြောင်း သိရသည်။

လေ့လာဆန်းစစ်မှု များအရ ၂၀၀၈ မှ ၂၀၁၀ အတွင်း ဆေးကုသမှု စတင်ခံယူခဲ့ သူများသည် ၁၉၉၆ မှ ၂၀၀၇ အတွင်း ဆေးကုသမှုခံယူခဲ့ သူများထက် အသက်ပိုရှည်ကြောင်း၊ ထို့ ကြောင့် နောက်ပိုင်းတွင် အသစ် ထုတ်လုပ် လိုက်သော HIV ဆေးဝါးများနှင့် ၄င်းတို့ ကို ပေါင်းစပ်အသုံး ပြုပုံတို့ ကြောင့် HIV လူနာများ၏ ဘ၀သက်တမ်းလည်း မြင့်မားလာခြင်း ဖြစ်ကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/05/hiv_12.html

Read More »

Wednesday, December 21, 2016

နားကြပ်များကို အချိန်ကြာမြင့်စွာ အသုံးပြုပါက နားစည်ကို ထိခိုက်စေနိုင်




ဝါရှင်တန် ၊ ၂၁-၁၂-၂၀၁၆

ငယ်ရွယ်စဉ် ကတည်းက ဖုန်းနားကြပ် များကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းဖြင့် အကြား အာရုံကို ပျက်စီး စေနိုင်ပြီး နားနှင့် ပက်သတ်သည့် ရောဂါများကို ရရှိ စေနိုင်ကြောင်း သုတေသီ တို့မှ ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရသည်။

ယခုခေတ်တွင် ဖုန်း၊ Laptop ၊ iPad စသည့် လျှပ်စစ်ပစ္စည်း များကို အသုံးပြုမည် ဆိုပါက မိမိ၏ အခန်းဖော်များ၊ ဘေးပတ်ဝန်းကျင် များကို အနှောင့် အယှက် မဖြစ်ပေါ်
စေရန် နားကြပ် များကို သုံးစွဲ လာကြပြီး ယခု အဆိုပါ နားကြပ် များသည် ကြိုးမဲ့ စနစ်များ အထိ နည်းပညာများ တိုးတက် လာခဲ့သည့် အပြင် အဆိုပါ နားကြပ်များသည် အသံ နှုန်းထား ၁၂၀ ဒယ်ဆီဘယ် အထိ ကြာယ်လောင်စွာ ထွက်ရှိနိုင် သဖြင့် အသံနှုန်းထား ၁၂၀ ဒယ်ဆီဘယ် သည် Rock ဂီတဖျော်ဖြေပွဲမှ ထွက်ရှိသော အသံ၊ ညကလပ်တွင် ဖွင့်သော တေးသီချင်းသံနှင့် ရှုပ်ထွေးနေသည့် လမ်းပေါ်မှ ထွက်ပေါ်လာသည့် အသံများနှင့် ထပ်တူကျကာ လူငယ် အများစုသည်လည်း နားကြပ်များဖြင့် အချိန် ကြာမြင့်စွာ တပ်၍ နားထောင်ခြင်းဖြင့် အသက်အရွယ် ကြီးရင့်လာပါက နားစည်ကို ထိခိုက်စေနိုင် သဖြင့် အကြား အာရုံကို ဆုံးရုံးရသည့် အထိ ဆိုးဝါးနိုင်ကြောင်း သိရသည်။

ထို့ကြောင့် နားကြပ်ကို အသုံးပြုမည် ဆိုပါက အသံကို အဆုံးထိ ချဲ့၍ နားဆင်ခြင်းကို ရှောင်ကြဉ်ရန်နှင့် နားကြပ်ဖြင့် တေးသီချင်း များကို နားဆင်မည် ဆိုပါက အနည်းဆုံး ၁ နာရီ အထိသာ တပ်ဆင် နားဆင် သင့်ပြီး အိပ်ပျော် နေစဉ် အတွင်း အသံကို ကျယ်လောင်စွာ အချိန် ကြာမြင့်စွာ နားဆင် မိပြီ ဆိုပါက တစ်ရက် သို့မဟုတ် အချိန်ကြာ
မြင့်စွာ ဆူညံသည့် အသံများကို ရှောင်ကြဉ်၍လည်း နားစည်ကို ပြန်လည်ကုသ နိုင်ကြောင်း အမေရိကန် သုတေသီ တို့မှ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/12/blog-post_91.html

Read More »