ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, July 10, 2016

သွေးအတွင်း အဆီဓာတ်မြင့်မားခြင်း




သွေး အတွင်း အဆီဓာတ် မြင့်မားတဲ့သူ တွေ အနေနဲ့ အသားစား ပေးသင့် ပါတယ်။ တချို့က အဆီဓာတ် မြင့်မားလို့ ဆိုပြီး ပုံမှန် စားနေကျ ထမင်းကို လျှော့ပြီး ဟင်းသီး ဟင်းရွက် ကြော်၊ ဟင်းချိုရည် နဲ့ပဲ စားကြတယ်။ ကြာလာတော့ အားအင် ကုန်ခန်းပြီး တက်ကြွ လန်းဆန်းမှု မရှိတော့ဘဲ အမြဲ အိပ်ငိုက်ပြီး ပျင်းရိ နေတတ်တယ်။

လူ့ခန္ဓာကိုယ် အချိုးအဆ အနေနဲ့ ဘီအမ်အိုင် ၁၈ ဒသမ ၉ မှ ၂၄ ဒသမ ၉ အတွင်း ရှိရ ပါမယ်။ ဘီအမ်အိုင် ဆိုတာ ခန္ဓာကိုယ် အလေးချိန် (ကီလိုဂရမ်) အရပ် အမြင့် မီတာ (နှစ်ထပ်ကိန်း) နဲ့စားလို့ ရတဲ့ ကိန်းဖြစ်လို့ အလေးချိန် လျှော့ဖို့ လိုမယ်။ အသင့် အမြန်စား အစာတွေက ကိုလက်စထရော ကို မြင့်တက် စေပါတယ်။

တချို့သွေး အတွင်း အဆီဓာတ် လွန်ကဲသူတွေက အသားဟင်း၊ အဆီတွေကို မစားရ ဘူးလို့ နားလည် နေကြတယ်။ ပြည့်ဝဆီ များတဲ့ ဝက်သားလို အသားကို ရှောင်ပြီး ငါးကို ရွေးချယ် စားသုံး နိုင်ပါတယ်။

မပြည့်ဝဆီ အက်စစ်ဟာ သွေးအတွင်း အဆီဓာတ် ထူးခြားခြင်းနဲ့ နှလုံး၊ ဦးနှောက် သွေးကြော ရောဂါ တို့ကို ကာကွယ် ပေးရာမှာ အရေးကြီး တဲ့ ကဏ္ဍက ပါဝင် နေတယ်။

သွေးအားနည်း ရောဂါ ဖြစ်နေ သူတွေ အနေနဲ့ သံဓာတ် ကြွယ်ဝပြီး အဆီဓာတ် နည်းတဲ့ အမဲသား သို့မဟုတ် အဆီ မပါတဲ့ အသားကို ရွေးချယ် စားသုံး နိုင်ပါတယ်။

လေးဖက်နာ ရောဂါ ရှိနေသူတွေ ဆိုရင်တော့ ဖြူလင်းဓာတ် နည်းပါးတဲ့ ကြက်၊ ဘဲ တို့ကို ရွေးချယ် စားသုံး သင့်ပါတယ်။ အရိုးပွ ရောဂါ ဖြစ်နေသူတွေ ဆိုရင် ပုစွန် စားသုံးနိုင် ပါတယ်။

လူရဲ့ ခန္ဓာကိုယ် အတွင်းမှာ ပရိုတိန်းခေါ် အသားဓာတ်နဲ့ မရှိမဖြစ် လိုအပ်တဲ့ အဆီအက်စစ် ချို့တဲ့ နေတာကို တွေ့ရှိရ တတ်တယ်။

သွေးအတွင်း အဆီက အသားဓာတ် (ပရိုတိန်း) အဖြစ် မပြောင်းလဲ နိုင်လို့ ပုံမှန် စားနေကျ အစား အစာမှာ အသားကို စားသုံးခိုင်း ရတာပဲ ဖြစ်တယ်။ လူတိုင်း နေ့စဉ် လေ့ကျင့်ခန်း နာရီဝက်မှ တစ်နာရီထိ လုပ်သင့် ပါတယ်။

အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး လုပ်ပေးသင့်တယ်။ ခန္ဓာကိုယ်မှာ ရှိနေတဲ့ ပိုလျှံနေတဲ့ ကယ်လိုရီ တွေကို အဆီအဖြစ် မပြောင်းလဲဘဲ ချွေးအဖြစ် ပြောင်းလဲ စေရပါမယ်။

The Myawady Daily by - ဒေါက်တာလွင်သန့် (ဆေး-၂)

Originally published at - http://themyawadydaily.blogspot.com/2016/07/blog-post_46.html

No comments:

Post a Comment