ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 4, 2016

ဗီတာမင် B-12 ပိုမို လိုအပ်နေသော အကြောင်းရင်းများ




ဗီတာမင် B-12 သည် အာရုံကြော စနစ်နှင့် ခန္ဓာကိုယ် ထဲတွင် ဆဲလ် အားလုံးကို တည်ဆောက် ပေးခြင်း၊ DNA ဖန်တီးပေးခြင်း တို့အတွက် အရေး ပါသော ဓာတ်ဖြစ်သည်။

စိတ် ခံစားချက် များမှနေ၍ အစာချေဖျက်မှုတို့ အထိ အရာအား လုံးကို ထိန်းသိမ်းရန် ဗီတာမင် B-12 လိုအပ်သည်။ ထို့အပြင် ဗီတာမင် B-12 နည်းပါးနေခြင်း၏ လက္ခဏာ များကို လူအများ မသိဖြစ်နေသည်။

အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူရ ခက်ခြင်း၊ ကြွက်သားများ အားနည်းခြင်း တို့ကဲသို့ အခက်ကြုံရသော လက္ခဏာ များဖြစ်ပေါ်စေသော်လည်း B-12 ချို့တဲ့နေမှုကို နှစ်များစွာကြာ အောင် စစ်ဆေးတွှေရှိခြင်း မရှိဖြစ်နေလေ့ရှိသည်။

ဗီတာမင် B-12 ကို အစားအစာမှ ရရှိရန် တစ်ခုတည်းသော နည်းလမ်းမှာ အသား စားရန်ဖြစ်သည်။ တိရစ္ဆာန် ထုတ်ကုန်များကို ရှောင်ပြီး ဗီတာမင် B-12 ဖြည့်စွက်ဆေး မသောက်ပါက B-12 ချို့တဲ့မှုဖြစ်ပေါ် လာနိုင်သည်။

ဗီတာမင် B-12 ပြင်းထန်စွာ ချို့တဲ့မှု ကြောင့် အသားအရေ ဖျော့တော့ကာ အားနည်းနိုင်သည်။ ထို့ ကြောင့် သင်သည် သက်သတ်လွတ် စားပြီး ဟင်းသီး ဟင်းရွက် များသာ စားသုံးသူ ဖြစ်ပါက ဗီတာမင် B-12 နေ့စဉ်သောက်သုံး ပေးသင့်သည်။

အသက်အရွယ် ကြီးရင့်လာပါက အစားအစာမှ ဗီတာမင် B-12 ကို စုပ်ယူနိုင်မှု စွမ်းရည်လျော့ကျ လာနိုင်သည်။ အသက်ကြီး လာသည်နှင့် အမျှ မှတ်ဉာဏ် အပြောင်း အလဲများဖြစ်ပေါ်ခြင်း (သို့ မဟုတ်) သက်လုံ မကောင်းတော့ခြင်း ကဲ့သို့ ဗီတာမင် B-12 ချို့တဲ့ သည့် လက္ခဏာများနှင့် ကြုံတွေ့နိုင်သည်။

အသက် (၅၀) ကျော် လာပါက ကြံ့ခိုင်မှု ပြည့်ဝစွာနှင့် ခိုင်မာစွာနေထိုင်လိုပါက ဗီတာမင် B-12 ဖြည့်စွက်သောက်သုံးသင့်သည်။

အရက်ပုံမှန်သောက်သူများ အနေဖြင့် ခန္ဓာကိုယ်တွင် ဗီတာမင် B-12 ပမာဏလျော့နည်းနေနိုင်သည်။ B-12 ကို သိုလှောင်ရာတွင် အသည်းသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသဖြင့် အရက်ပုံမှန် သောက်သူများ B-12 ဖြည့်စွက်သောက်သုံးသင့်သည်။

အစာအိမ်ပြဿနာအတွက် သောက်ရသော ဆေးဝါးအချို့ ကြောင့် ခန္ဓာကိုယ်က ဗီတာမင် B-12 ကို စုပ်ယူမှုကို တားဆီးလာ နိုင်သည်။ ယင်းပြဿနာများအတွက် ကုသမှုခံယူနေရပါက B-12 ဖြည့်စွက်သောက်သုံးသင့်သည်။

ဆီးချိုရောဂါ (သို့မဟုတ်) ကိုယ်ခံအားစနစ် ထိခိုက်သော ရောဂါဖြစ်နေပါက သွေးထဲ သကြားဓာတ် ပမာဏမြင့်မားခြင်း ကြောင့် အစားအစာမှ ဗီတာမင် B-12 ကို ခန္ဓာကိုယ်က စုပ်ယူနိုင် ခြေပိုနည်းပါးလာရသည်။ အသားစားသုံးသူဖြစ်နေလျှင်ပင် ယင်းအ ခြေအနေတွင် B-12 ဖြည့်စွက်ဆေးများ သောက်သုံးသင့်သည်။

B-12 သည် ရေတွင် ပျော်ဝင်နိုင်ပြီး ခန္ဓာကိုယ်က လိုသ လောက်သုံးကာ ဘေးထွက်ဆိုးကျိုးမဖြစ်စေဘဲ ကျောက်ကပ်က မလိုအပ်သည်များကို စွန့်ပစ်ပေးသည်။

သို့သော် ဆရာဝန်နှင့် အသေအချာတိုင်ပင်စစ်ဆေးပြီးမှသာ ဖြည့်စွက်ဆေးများ သောက်သုံးသင့်သည်။

—Ref: Prevention

From : 7 day daily

Originally published at - http://www.7daydaily.com/story/82541

No comments:

Post a Comment