ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ဆေးဝါးအာနိသင်. Show all posts
Showing posts with label ဆေးဝါးအာနိသင်. Show all posts

Friday, December 9, 2016

ဆေးဖက်ဝင် ခွေးလှေးယားပင် အကြောင်း သိကောင်း စရာ




ခွေးလှေးယား ပင်သည် ခန္ဓာကိုယ် ယားယံစေသည့် အပင်ဖြစ်ကြောင်း လူတိုင်း သိရှိ ကြပြီး ဖြစ်သည်။ သို့သော် ထိုအပင်တွင် လူများ၏ကျန်းမာရေး အတွက် အာနိသင် ထက်မြက် လှသည့် သဘာဝ aဆးဖက်ဝင် ဓာတ်ပစ္စည်းများ ပါဝင် aနခြင်းကို လူသိနည်း နေဆဲ ဖြစ်သည်။

ခွေးလှေးယား ပင်ကို ရုက္ခဗေဒ အရ Mucuna pruriens ဟု ခေါ်ပြီး အင်္ဂလိပ် အမည်မှာ Velvet Bean ဖြစ်ပါသည်။

ပဲအုပ်စုဝင် တစ်နှစ်ခံ အပင်ပျော့မျိုး ဖြစ်ပြီး တိုင်ထောင် ပဲများကဲ့သို့ ဖြစ်သည်။ ခွေးလှေးယားပင် ၏ ပင်စည်သည် အခြား အပင်ကြီးများကို တွယ်တက်လျှင် ပေ ၄ဝ မှ ၅ဝ ခန့်အထိ ရှည်တတ် ပါသည်။ ခွေးလှေးယားပင်၏ မူရင်းဒေသ (Native) မှာ မြန်မာနိုင်ငံ အပါအဝင် အပူပိုင်း အာရှ ဒေသ (Tropical Asia) နှင့် အာဖရိက ဒေသများ
ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒေသ အသီးသီး တွင်လည်း တွေ့နိုင်ပါသည်။

အဓိကဆေးဖက်ဝင် အပိုင်းမှာ ခွေးလှေးယားသီး အစေ့ဖြစ်သည်။ အစေ့ကို အုပ်ထားသော အသီးမှာ ပဲသီးတောင်ကဲ့သို့ နှစ်မြောင်းကွဲ သီးတောင့်ဖြစ်ပြီး ကတ္တီပါ အမွှေးလေး များနှင့် အုပ်ထားပါသည်။

ယင်းအမွှေးလေးများသည် အသီးမှ အလွယ်တကူ ကျွတ်ထွက် တတ်ပြီး ထိတွေ့ မိသူကို အင်မတန် ယားယံစေသည်။ အသီးတစ်သီးတွင် အစေ့ ၄ စေ့ မှ ၉ စေ့ ခန့် အထိ ပါဝင် တတ်ပြီး ယင်းအစေ့ များထဲတွင် အလွန် တန်ဖိုးကြီးသည့် ဆေးဖက်ဝင် ဓာတ်ပစ္စည်းများ ကြွယ်ဝစွာ ပါရှိပါသည်။



ခွေးလှေးယားသီး အစေ့တွင် ပါဝင်သော အာဟာရ ဓာတ်များ
  1. - ကစီဓာတ် (Carbohydrate) ၅ဝ-၆ဝ %
  2. - ပရိုတင်းဓာတ် (Protein) ၂ဝ-၂၉ %
  3. - အဆီဓာတ် (Lipid) ၆-၇ %
  4. - အမျှင်ဓာတ် (Crude Fibers) ၂ဝ-၃ဝ %
  5. - သတ္တုဓာတ်(Minerals)အနည်းငယ် ပါဝင်ပါသည်။

ပါဝင်သော ဆေးဖက်ဝင်ဓာတ်ပစ္စည်းများ

အစွမ်းထက် ဆေးဖက်ဝင်ဓာတ်ပစ္စည်း (Phyto-chemicals) များလည်း ကြွယ်ဝစွာ ပါဝင်နေပါသည်။ ယင်းတို့အနက် အရေး အပါဆုံးမှာ အယ်လ်ဒိုပါ (L-dopa) ဖြစ်ပြီး ၇-၁ဝ % အထိ ပါဝင် ပါသည်။

ဒုတိယ အနေနှင့် စီရိုတိုနင် (Serotonin) များ ပါဝင်ပြီး ယင်းဓာတ် နှစ်မျိုးသည် အခြားဆေးပင် များထက် သိသိ သာသာ အမြောက် အမြား ပါဝင်နေခြင်းဖြစ် သည်။

အယ်လ်ဒိုပါဟု အတိုကောက်ခေါ်သည့် လီဗိုဒိုပါ (Levodopa) ကို ၁၉၁ဝ ခုနှစ်တွင် Vicia faba ဟု ရုက္ခဗေဒ အရ အမည်တွင်သော ပဲပြား (Broad bean) ထဲမှ စတင်
တွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း ယင်း၏ ဆေးဖက်ဝင် အာနိသင်ကိုတော့ ဂရုမပြုမိ ကြသေးပါ။

၁၉၅၇ တွင် အယ်လ်ဒိုပါမှ ဒိုပါမင်း (Dopamine) အဖြစ် ပြောင်းလဲ ပေးသော အယ်လ်ဒိုပါ ဒီကာဘောက် ဆိုင်လေ့စ် (L-dopa Decarboxylase) အင်ဇိုင်းကို ရှာဖွေ
တွေ့ရှိ ခဲ့ပါသည်။

ဒိုပါမင်းဆိုသည်မှာ ဦးနှောက် ထဲတွင်ရှိသော ဟိုမုန်းတစ်မျိုးဖြစ်ပြီး ယင်းဟိုမုန်းချို့တဲ့ လျှင် ပါကင်ဆန်ရောဂါ (Parkinson’s Disease) ဖြစ်ပွားပါသည်။ ထို့နောက် ၁၉၆၁ ခုနှစ်တွင် လီဗိုဒိုပါ ကို ပါကင်ဆန်ရောဂါ၌ စတင်အသုံးပြုနိုင်ခဲ့သည်။

လီဗိုဒိုပါကို ပဲပြားမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သော ကြောင့် အခြားပဲအုပ်စုဝင်များကို ဆက်လက်လေ့လာ ရာ ခွေးလှေးယားသီး၏အစေ့တွင် အများဆုံး ပါဝင် နေကြောင်း လေ့လာတွေ့ရှိ ရသည်။

ထို့ကြောင့် နောက်ပိုင်းတွင် ခွေးလှေးယားသီး အစေ့မှ လီဗိုဒိုပါ ထုတ်ယူမှုများ ပြုလုပ် ခဲ့ကြပါသည်။ ယနေ့ဆိုလျှင် လီဗိုဒိုပါသည် ပါကင်ဆန် ရောဂါအတွက် တစ်ခု တည်းသော ကုသရန် ဆေးဖြစ်သည်။

“Gold standard” of modern drug treatment of Parkinson’s Disease) သို့ဖြစ်သောကြောင့် ရှာဖွေတွေ့ရှိ ခဲ့သော သိပ္ပံပညာရှင်များသည် သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်တွင် ဓာတုဗေဒဆိုင်ရာ နိုဗယ်ဆု ချီးမြှင့်ခံ ခဲ့ရပါသည်။

ပါကင်ဆန်ရောဂါ အပေါ် အကျိုး သက်ရောက်မှု

လီဗိုဒိုပါကို အဓိကအနေနှင့် ရောဂါ (၂) မျိုးတွင် ထိရောက်စွာ အသုံးပြုနိုင်ပါသည်။ ယင်းတို့မှာ-
(၁) အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော ပါကင် ဆန်ရောဂါ (Parkinsonism)
(၂) အမျိုးသားများတွင် ကလေးမရနိုင်ခြင်း(Infertility) နှင့် ပန်းသေပန်းညှိုးရောဂါ (Erectile dysfunction) တို့ဖြစ်သည်။

ကျွန်တော်တို့၏ ဦးနှောက်ထဲတွင် ခန္ဓာကိုယ် လှုပ်ရှား သွားလာမှုကို ထိန်းချုပ် ပေးသည့် ဒိုပါမင်း (Dopamine) အမည်ရှိသော ဟိုမုန်း တစ်မျိုး မရှိမဖြစ် လိုအပ် ပါသည်။

အသက်အရွယ် ကြီးလာ ချိန်တွင် အထူးသဖြင့် (၆၅) နှစ်ကျော် လာလျှင် ယင်းဟိုမုန်း ထုတ်လုပ်မှု ကျဆင်း လာပါသည်။ ထိုအခါ အာရုံကြောများ ပုံမှန် အလုပ် မလုပ်နိုင်တော့ သောကြောင့် အထိုင် အထများ နှေးကွေးလေးလံ လာပြီး လမ်းကောင်းစွာ မလျှောက်နိုင်ခြင်း၊ ခြေလက် တုန်ခြင်းများ ဖြစ်ပွားပါသည်။

ယင်းကို ပါကင်ဆန်ရောဂါ (Parkinson’s Disease) ဟု ခေါ်သည်။ ဤရောဂါ ကို ဒိုပါမင်း ဟော်မုန်း ဖြည့်စွက် ကူညီပေးခြင်းဖြင့် ကုသနိုင်ပါသည်။

သို့သော် ဒိုပါမင်းဟော်မုန်းသည် သောက်ဆေး အနေနှင့်ဖြစ်စေ၊ ထိုးဆေး အနေနှင့်ဖြစ်စေ သွေးကြောမှတစ်ဆင့် ဦးနှောက်ထဲသို့ ဝင်ရောက်ရာတွင် အဓိကဖြတ်ကျော် ရသည့် ဦးနှောက် အမြှေးပါးအလွှာ (Blood Brain Barrier) ကို ကျော်ဖြတ်နိုင်ခြင်း မရှိပါ။

ထို့ကြောင့် ဒိုပါမင်းဟိုမုန်းကို ဆေးအနေနှင့် အသုံးပြု၍ မရနိုင်ပါ။

ထို့နောက် သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှု အရ ခွေးလှေးယားသီး အစေ့တွင် ပါဝင်သော အယ်လ်ဒိုပါ (L-dopa) များသည် ဦးနှောက် အမြှေးပါး လွှာကို ကောင်း စွာ ဖြတ်ကျော် နိင်ြကြောင်း တွေ့ရှိရပြီး ဦးနှောက် အတွင်းသို့ ရောက်လျှင် ဒိုပါမင်း အဖြစ် ပြောင်းလဲ သွားသည့် အတွက် ပါကင်ဆန် ရောဂါ၏ လက္ခဏာများ သက်သာ သွားစေပါသည်။

ဤလေ့လာ တွေ့ရှိမှုကို ကြည့်ခြင်း ဖြင့် ပါကင်ဆန် ရောဂါ အတွက် ခွေးလှေးယားသီး အစေ့များသည် များစွာ အသုံး ဝင်ကြောင်း သိရှိနိုင်သည်။

ဒိုပါမင်းဟိုမုန်း အရေးပါပုံ

ကျွန်တော်တို့ ခန္ဓာကိုယ်၏ ကျန်းမာရေး အတွက် ဟိုမုန်း စနစ်များ မှန်ကန် ဖို့ လိုအပ်ပါသည်။ ယင်းတို့ အနက် ဒိုပါမင်း ဟိုမုန်းသည် တစ်ခု အပါအဝင် ဖြစ်သည်။

ဒိုပါမင်းသည် ကက်တီကောလ်အေမင်း (Catecholamine) နှင့် ဖီနိုင်းအလနင်း (Phenylalanine) အုပ်စုဝင် နျူရိုထရန်စမစ်တာ (Neurotransmitter) တစ်မျိုး ဖြစ်သည်။

နျူရိုထရန် စမစ်တာ ဆိုသည်မှာ အာရုံကြောဆဲလ် (Nerve Cell) တစ်ခုနှင့် တစ်ခုကြား ဆက်သွယ်၍ သတင်း အချက် အလက်များ ပို့ပေးသော မော်လီကျူး လေးများ
ဖြစ်သည်။

ယင်းတို့ကို ဦးနှောက်အစိတ်အပိုင်းတစ်နေရာ ဖြစ်သော ဦးနှောက်အလယ်ပိုင်း (Midbrain) ၏ ဆပ်စတန်းရှားနိုင်ဂရာ (Substantia Nigra) မှ နေ့စဉ်ထုတ်လုပ် ပေးလျက် ရှိသည်။ မော်လီကျူး ဖော်မြူလာ မှာ C8 H11 NO2 ဖြစ်သည်။

ဒိုပါမင်းသည် ခန္ဓာကိုယ် တွင်းတွင် အဓိက အလုပ်နှစ်ခု လုပ်ဆောင်ပါ သည်။ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ လုပ်ငန်းနှင့် ဦးနှောက်ပြင်ပ လုပ်ငန်း ဟူ၍ (၂) ခု ခွဲခြား
နိုင်သည်။

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာလုပ်ငန်းအနေ နှင့် ခန္ဓာကိုယ်လှုပ်ရှားသွားလာမှု၊ ထိုင်ခြင်း၊ ထခြင်းနှင့် စိတ်ခံစားမှုအခြေအနေ များကို ထိန်းချုပ်ထားပါသည်။

ထို့ကြောင့် ယင်းဟိုမုန်းချို့တဲ့လျှင် အထိုင်အထ ခက်ခဲခြင်း၊ လမ်းလျှောက်လျှင် နှေးကွေးခြင်း၊ ခြေလက်လှုပ်ရှားမှု လေးလံခြင်းနှင့် လက်တုန်ခြင်းများ ဖြစ်ပွား တတ်ပါသည်။

နောက်ထပ် ဦးနှောက်နှင့် ပတ်သက်သော ရောဂါများ ထဲတွင် ယနေ့ကလေး များတွင် အဖြစ်များ လာသော ADHD (Attention Deficit Hyperactivity Disorders) ဟုခေါ်သည့် အော်တစ်စင်ကဲ့သို့သော ရောဂါမျိုးမှာလည်း ဒိုပါမင်း လျော့နည်းမှု နှင့် ပတ်သက်နေပါသည်။

အလကားနေရင်း ဒူးတွေ၊ ခြေတွေ လှုပ်နေသည့်ရောဂါ (Restless Legs Syndrome) သည်လည်း ဒိုပါမင်းချို့တဲ့မှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

ဦးနှောက်နှင့်အာရုံကြောစနစ်၏ အဓိကပြင်ပတာဝန်အနေနှင့် နှလုံး၊ သွေးကြောများပေါ်တွင် သက်ရောက်မှုရှိပါသည်။ နှလုံးအားနည်းခြင်း၊ သွေးပေါင် ချိန် ကျဆင်းခြင်း၊ နှလုံး အလုပ် ကောင်းကောင်း မလုပ်ခြင်း (Heart Failure) နှင့် ကျောက်ကပ် အားနည်းခြင်း (Renal failure) တို့မှာ ဒိုပါမင်းနှင့် ပတ်သက်မှု ရှိပါသည်။

ထို့ကြောင့် ဒိုပါမင်းကို ဒိုပါမင်း ဟိုက်ဒရို ကလိုရိုက် (Dopamine Hydrochloride) ထိုးဆေး အနေဖြင့် ထုတ်လုပ် ထားပြီး အရေးပေါ် အခြေအနေနှင့် အရေးကြီး အခြေအနေ များတွင် အသုံးပြုလေ့ရှိသည်။

ဥပမာ - နှလုံး ပျက်စီးခြင်း (Acute Heart Failure)၊ ကျောက်ကပ် ပျက်စီးခြင်း (Kidney Failure)၊ နှလုံး ကြွက်သားများ ပုပ်ခြင်း (Myocardial Infarction)၊ ဗက်တီးရီးယား ပိုးဝင်၍ ရှော့ခ်ဖြစ်ခြင်း (Septic Shock) တို့ဖြစ်သည်။

ဒိုပါမင်းကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ မရှိမဖြစ် လိုအပ်သော ဆေးဝါး (Essential Medicine) ထဲတွင် ထည့်သွင်းထားရပြီး အဓိက အရေးပါသော ဟိုမုန်းဆေး တစ်ခုဖြစ်သည်။

ပန်းသေ ပန်းညှိုးဖြစ်နေ သူများနှင့် ကလေးမရ သူများအပေါ် အကျိုး သက်ရောက်မှု

အိန္ဒိယနိုင်ငံနှင့် ဘရာဇီးနိုင်ငံ များတွင် ခွေးလှေးယားသီး အစေ့ကို အမျိုးသား အားတိုးဆေး အဖြစ် သုံးစွဲ ခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်သည်။

ဒိုပါမင်း ပမာဏကျဆင်းလာလျှင် အမျိုးသားများတွင် ပန်းသေ ပန်းညှိုးပါ တစ်ပြိုင်နက် တည်းဖြစ်ပွား ပါသည်။ အဘယ့်ကြောင့် ဆိုသော် ဒိုပါမင်းသည် ပီကျူထရီ အကျိတ် (Pituitary Gland) မှ ပရိုလက်တင် (Prolactin) ဟိုမုန်း ထုတ်လုပ်မှုကို ဟန့်တားနိုင်စွမ်း ရှိသောကြောင့် ဖြစ် သည်။

ပရိုလက်တင်ပမာဏ များလာ လျှင် အမျိုးသားတစ်ယောက်၏ ကြန် အင်လက္ခဏာများ ဆုံးရှုံးသွားလေ့ရှိ သည်။ ထို့ကြောင့် ဒိုပါမင်းဖြည့်စွက် ခြင်းဖြင့် ပရိုလက်တင် ပမာဏကို နည်း စေသောကြောင့် ပြန်လည်အားပြည့် လာစေခြင်းဖြစ်သည်။

ထို့အပြင် ဒိုပါမင်းကိုယ်၌ကလည်း ပီကျူထရီ အကျိတ်မှ ကြီးထွားဟော်မုန်း (Growth Hormone) ထွက်ရှိမှုကို အားပေးသောကြောင့် ခန္ဓာကိုယ်သန်စွမ်း စေခြင်း၊ ခန္ဓာကိုယ်ပျက်စီးယိုယွင်းမှုကို ဟန့်တားပြီး နုပျိုလန်းဆန်းစေခြင်း (Anabolic and growth hormone stimulant property) အစရှိသည့် အာနိ သင်များကို ရရှိစေပါသည်။

ထို့ကြောင့် ပန်းသေ ပန်းညှိုးကို သက်သာစေရုံမျှမက ခန္ဓာကိုယ်အတွက် စွမ်းအားများစွာ တိုးစေနိုင်ပါသည်။ ယင်းအာနိသင် များကြောင့် သုတ်ကောင် အရေ အတွက် (Sperm Count)ကို များပြားစေပြီး သုတ်ကောင်များ၏ လှုပ်ရှား သန်မာမှု (Sperm Motility) ကိုလည်း အားပေးသည့် အတွက် အမျိုးသား၏ ချို့ယွင်းမှုကြောင့် ကလေး မရ သူများတွင် ကလေး ရစေရန် များစွာ အထောက် အကူ ပြုပါသည်။

ခွေးလှေးယားသီးအစေ့ကို အသုံးပြုလျှင် သတိထားရမည့် အချက်များ

ခွေးလှေးယားသီး အစေ့ကို ကိုယ်ဝန်ဆောင် မိခင် များတွင် သုံးလျှင် ကလေး၌ ဝမ်းတွင်းပါ ချို့ယွင်းမှု (Birth Defects)များ ဖြစ်ပေါ်နိုင်သည့် အတွက် လုံးဝ အသုံးမပြု သင့်ပါ။ ထို့အပြင် ယောက်ျား ဟိုမုန်း (Testosterone) ပမာဏကို များစေသောကြောင့် ယောက်ျား ဟိုမုန်းများ၍ ဖြစ်သည့် ရောဂါများ (Excessive Androgen Syndrome) ဥပမာ-ဆီးကျိတ် ကင်ဆာ ရှိသူများတွင် မသုံးရပါ။

သွေးထဲရှိ သကြားဓာတ် ပမာဏကို ကျစေသည့် အာနိသင်လည်း ရှိသောကြောင့် ဆီးချို သွေးချို ရောဂါ ရှိ၍ ဆေးသောက် နေရသူများ အနေနှင့် မိမိသောက်နေ ကျ ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ပြီး အတိုးအလျော့ လုပ်ရန် လိုအပ်ပါသည်။

ခွေးလှေးယားသီးနှင့် ထိတွေ့လျှင် ယားသည့် အကြောင်းရင်း

ခွေးလှေးယားသီး၏ အပြင်ခွံတွင် အမွှေးလေးများ ပါရှိပြီး အထူးသဖြင့် ရင့်မှည့် ခါစ အချိန်တွင် အများဆုံး ပါဝင်ပါသည်။

ယင်းအမွှေးလေး များသည် ကြွေလွယ်ပြီး လေတိုက်ရုံဖြင့် အလွယ်တကူ ကြွေကျတတ်သော ကြောင့် ရင့်မှည့် သွားချိန်တွင် အမွှေးများ မပါရှိတော့ပါ။ ထိုအမွှေးများကို လက်နှင့်ဖြစ်စေ၊ ခန္ဓာကိုယ် အရေပြားနှင့်ဖြစ်စေ ထိတွေ့ ခဲ့လျှင် လွန်စွာ ယားပါသည်။

အဘယ့်ကြောင့်ဆိုသော် အမွှေးလေးများတွင် မြူကူနိမ်း (Mucunain) နှင့် ဆီရိုတိုနင် (Serotonin) အမည်ရှိသော ဓာတ်ပစ္စည်းနှစ်မျိုး ပါဝင်နေသော ကြောင့်ဖြစ်သည်။

ထိုအမွှေးများ ခန္ဓာကိုယ်နှင့် ထိတွေ့ မိသည်နှင့် တစ်ပြိုင်နက် ယင်းဓာတ် ပစ္စည်း နှစ်ခုကြောင့် လွန်စွာ ယားလာသည့် အပြင် ဤကဲ့သို့ ယားခြင်းကို ကုတ်လိုက်လျှင် အဆိုပါ ဓာတ်ပစ္စည်းများသည် အခြား နေရာများကိုပါ ပြန့်သွားသည့် အတွက် ပိုမိုယားယံစေ ပါသည်။

ရေနှင့် ဆေးလျှင်လည်း ယင်းဓာတ်ပစ္စည်း များ ရေထဲတွင် ပျော်ဝင်သွားပြီး အရေပြား အထဲထိ စိမ့်ဝင် သွားတတ်သည့် အတွက် ပိုမို ဆိုးရွားစေနိုင်ပါ သည်။

အကောင်းဆုံး နည်းလမ်းမှာ ရေခဲတုံးကို ပလတ်စတစ် အတွင်း ထည့်ပြီး ယားသည့် နေရာ အပေါ် မှ ဖိကပ် ထားပေးရပါမည်။ ပြီးလျှင် အယား သက်သာ စေ သည့်
သောက်ဆေး တစ်မျိုး အမြန်ဆုံး သောက်ရပါ မည်။

ဥပမာ- ဆီရိုတိုနင်ကို ဟန့်တား ဖျက်ဆီးသော ဆေး (Antiserotonin) ဖြစ်သည့် Zadine ကဲ့သို့ဆေး မျိုး အမြန်ဆုံး သောက်ရပါမည်။

ခွေးလှေးယားသီးအစေ့သည် အလွန်တန်ဖိုး ရှိသော သဘာဝ ဆေးဘက်ဝင်ပစ္စည်း တစ်ခုဖြစ်သည့် အတွက် တတ်ကျွမ်း နားလည် သူများနှင့် တိုင်ပင် ဆွေးနွေးပြီး ကုသ ခဲ့လျှင် အမျိုးသားများ ကလေးမရ ခြင်း (Infertility) အပြင် ပန်းသေ ပန်းညှိုးရောဂါနှင့် အသက်ကြီး သူများတွင်ဖြစ်သည့် ပါကင်ဆန် ရောဂါ များကို သက်သာ
စေနိုင်သောကြောင့် အကောင်းဆုံး သဘာဝ ဆေးစွမ်းကောင်း တစ်လက် ဖြစ်ပါသည်။

စာဖတ်သူအားလုံးကို အစဉ်လေးစားလျက်

ဒေါက်တာ ခင်မောင်လွင် (FAME)

From : Ziwaka

Originally published at - https://www.facebook.com/ziwakamagazine/?hc_ref=NEWSFEED

Read More »

Saturday, September 24, 2016

အမျိုးသား လိင်အင်္ဂါ မတောင့်တင်းနိုင်ခြင်း(သို့မဟုတ်) ပန်းသေ၊ ပန်းညှိုးရောဂါ




အမျိုးသားတွေ လိင်အင်္ဂါ တောင့်တင်း နိုင်မှု မရှိတဲ့ ပြဿနာ (ပန်းသေ၊ ပန်းညှိုးလို့လဲ ခေါ်ကြ ပါတယ်) ဆိုတာ အမျိုးသား တွေ ကြုံတွေ့ရ တတ်တဲ့ ပြဿနာ တခုဖြစ် ပါတယ်။ တချို့တွေ အတွက် တသက်တာလုံး ကြုံရ တတ်ပေမယ့် တခြားသူ အများစု အတွက် ကတော့ မထင်မှတ်ဘဲ ဖြစ်တတ်တဲ့ အခြေ အနေမျိုး၊ အကြောင်း တစုံ တရာကြောင့် ဖြစ်လာပြီး ဖြေရှင်း နိုင်ရင် ပျောက်ကင်း သွားတတ် တာမျိုးပါ။

ဒါပေမယ့် ဘာကြောင့် ဖြစ်တယ် ဆိုတာကို သိဖို့တော့ လိုပါတယ်။ ဖြစ်ရ ခြင်း အကြောင်းရင်းကို မသိရင် အလွယ်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

ဒီလို ပြဿနာ ကြုံရနိုင်တဲ့ နောက်ကွယ်က အကြောင်းရင်း ၇ မျိုးကို ဖော်ပြ လိုက်ပါတယ်။

(၁) ကိုလက်စထရော များခြင်း

အမျိုးသားတွေ လိင်အင်္ဂါ တောင့်တင်း လာခြင်းက လိင်တံထဲမှာ သွေးစီးဆင်းမှု တိုးလာခြင်းကြောင့် ဖြစ်ပါတယ်။ သန်မာ ရှည်ကြာ တောင့်တင်းနိုင်ဖို့ အတွက်
သွေးလည်ပတ် စီးဆင်းမှု ကောင်းမွန်ဖို့ လိုအပ် ပါတယ်။ ဒါပေမယ့် ကိုလက်စထရော များခြင်းကြောင့် သွေးလည်ပတ်မှု စနစ် ပုံမမှန် ခြင်းကြောင့် သွေးစီးဆင်း မှုကို လျော့ကျစေပြီး လိင်မှု ဆိုင်ရာ စွမ်းဆောင် ရည် ကိုလည်း ကျဆင်း စေနိုင် ပါတယ်။

(၂) ဆီးချိုရောဂါ

လိင်မှုဆိုင်ရာ သာယာမှုနဲ့ တုန့်ပြန်မှု အပေါ်မှာ ဆီးချိုရောဂါက သက်ရောက်မှု ရှိတယ်ဆိုတာကို လူအများစုက သတိ မထား မိကြပါဘူး။ ဆီးချိုရောဂါကြောင့် လိင်မှု ကိစ္စကို ထိခိုက်စေခြင်းက အမျိုးသားတွေရော အမျိုးသမီးတွေမှာရော တွေ့ ရပါတယ်။

ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ် ခံစားမှုကို ရဖို့ ခက်ခဲတတ်ကြပါတယ်။ ထို နည်းတူပဲ ဆီးချိုရောဂါရှိတဲ့ အမျိုးသားတွေဟာလည်း အိပ်ခန်းထဲမှာ အခက်တွေ့ကြရပါတယ်။

အမေရိကန်နိုင်ငံ အမျိုး သားကျန်းမာရေး သိပ္ပံ(National Institutes of Health) ရဲ့ အဆိုအရ ဆီးချိုရောဂါရှိတဲ့ အမျိုးသား ၇၅ ရာခိုင်နှုန်းဟာ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ နဲ့ ကြုံရလေ့ ရှိတယ်လို့ သိရပါတယ်။

(၃) ဆီးကျိတ်ကင်ဆာ ကုသခြင်း

ဆီးကျိတ်ကင်ဆာရောဂါ ကုသမှု ခံယူနေတဲ့ အမျိုးသားတွေ အနေနဲ့ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကြုံရနိုင် ချေက သာမန်လူတွေ ထက် ၄ဆ ပိုများ တယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဗြိတိန် သုတေသီတွေရဲ့ လေ့လာမှု တခုအရ သိရပါတယ်။

သုံးစွဲရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်ရောင်ခြည်က ဆီးကျိတ်ကင်ဆာ ရောဂါ ကုသမှုခံယူနေသူတွေရဲ့ လိင်မှုဆိုင် ရာ စွမ်းဆောင်ရည်နဲ့ သာယာမှုကို ထိခိုက်စေပါတယ်။

(၄) ဆေးလိပ်နှင့် အရက် အလွန် အကျွံသောက်သုံးခြင်း

ဆေးလိပ်သောက် ခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်တယ် ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ဆက်စပ်တဲ့ အခါမှာတော့ အမော မခံနိုင် တာလောက်ပဲ သတိပြု မိကြပါတယ်။

ဆေးလိပ်သောက်ခြင်းက သွေးလည်ပတ်မှုကို ကြီးကြီးမားမား ထိခိုက်စေပါတယ်။ သွေးလည်ပတ် စီးဆင်းမှု ကောင်းမှသာ လိင်အင်္ဂါလည်း သန်သန် မာမာနဲ့ အချိန် ရှည်ကြာစွာ တင်းမာနေနိုင်မှာ ဖြစ်ပါတယ်။ အရက်အလွန် အကျွံသောက် သုံးခြင်းကလည်း ထိုနည်းတူပဲ ထိ ခိုက်နိုင်ပါတယ်။

(၅) ဆေးဝါးများ

အကြောင်းတစုံတရာကြောင့် ဆေးဝါးတွေကလည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ နဲ့ အခြား လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် အခက် အခဲတွေကို ဖြစ်စေ ပါတယ်။

အဲဒီဆေးတွေထဲမှာ စိတ်ကျရောဂါ အတွက်ဆေး၊ ဓာတ်မတည့် တဲ့ ရောဂါအတွက်ဆေး၊ ဆီးရွှင်ဆေး၊ သွေးတိုးကျဆေးနဲ့ အကိုက်အခဲ ပျောက်ဆေးတွေ လည်းပါဝင်ပါတယ်။

တကယ်လို့ ဆေးဝါး အသစ်တမျိုးမျိုးကို စတင်မှီဝဲ ပြီးတဲ့ နောက်မှာမှ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကြုံရတယ်ဆိုရင် ဆေးကြောင့် ဖြစ်ဖို့ များတဲ့ အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၆) အဝလွန်ခြင်း

အလွန်ဝ ခြင်းကလည်း ကိုယ်ခန္ဓာကို ကျန်းမာရေး ပြဿနာ အမျိုးမျိုးပေးနိုင်ပါတယ်။ အဲဒီအပြင် လိင်မှုဆိုင်ရာ စွမ်းဆောင် ရည်ကိုလည်း ဆိုးဆိုး ဝါးဝါး ကျဆင်းစေနိုင် ပါတယ်။ အဝလွန်ခြင်းက သွေးလည်ပတ်မှုကို ထိခိုက်စေသလို အမျိုးသား ဟိုမုန်း (Testosterone) ထုတ်လုပ်မှု ကိုလည်း လျော့နည်းစေပါတယ်။

အဲဒီ အချက် ၂ချက်လုံးကလည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကိုဖြစ်စေတဲ့ အကြောင်းတွေပါပဲ။

(၇) ဟိုမုန်းများ

အမျိုးသား ဟိုမုန်း (Testosterone) ထုတ်လုပ်မှုကိုလည်း လျော့နည်းခြင်းက လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်ဆို တာကို အထက်မှာ ပြောခဲ့ပြီး ပါပြီ။

နောက်ထပ်ရှိသေးတာက thyroid ဟိုမုန်းနည်းခြင်း၊ ကျောက်ကပ် အလုပ် လုပ်ပုံ မမှန်ခြင်း စတာတွေ ကြောင့် ဟိုမုန်းတွေ မညီမျှရင်လည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ဖြစ်လာနိုင်ပါ တယ်။

တကယ်လို့ ဟိုမုန်းကြောင့် ဖြစ်တယ် လို့ သံသယ ရှိတယ်ဆိုရင် ဟိုမုန်းအခြေ အနေကို စစ်ဆေးကြည့် ဖို့ အရေး ကြီးပါတယ်။

အထက်မှာဖော်ပြခဲ့တာတွေ အားလုံးက လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ဖြစ်လာနိုင်တဲ့ အကြောင်းရင်းတွေ ဆိုပေမယ့်လို့ ဒီတိုင်းပဲထားပြီး တယောက်ထဲ ဒုက္ခခံမနေဘူးဆိုရင် ဖြေရှင်းလို့ ရနိုင်တာတွေ ဖြစ်ပါတယ်။

နားလည် ကျွမ်း ကျင်တဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အကြောင်းရင်းကို အဖြေရှာမယ်ဆိုရင် လိုအပ်သလို ကုသပျောက်ကင်းနိုင်မှာ ဖြစ်ပါ တယ်။

Source: everydayhealth.com

From: ဧရာဝတီ by : အေးမင်း

Originally published at - http://mobile.irrawaddy.com/education/2016/09/24/123798.html

Read More »

Thursday, July 21, 2016

အသည်းရောင် အသားဝါစီပိုး ကုသဆေးသစ်




မြန်မာ နိုင်ငံဟာ အသည်းရောင် စီပိုးကြောင့် အသည်း ရောဂါ အဖြစ် များတဲ့ နိုင်ငံ ဖြစ်ပြီး၊ ဒီကုသ ဆေးသစ် Sofosbuvir ဟာ အလွန် ထိရောက် တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ပြောဆို ကြပါတယ်။

ဒီဆေးသစ်ဟာ ဈေး သက်သာပြီး၊ ကာလ တိုမှာသာ လွယ်လွယ် သောက်သုံး ရကာ၊ ပိုးကို တိုက်ရိုက် သေစေ တာမို့ အလွန် ထိရောက်မှု ရှိပါတယ်။ ဒါကြောင့်မို့ ဒီရောဂါ အဖြစ် များတဲ့ မြန်မာ နိုင်ငံမှာ လူတိုင်း ဒီပိုးရှိ မရှိ စစ်ဆေးမှု ခံယူ သင့်ပြီး၊ ပိုးရှိ သူတိုင်း ဒီဆေးသစ် သောက်သုံးခြင်း အားဖြင့် အသည်းခြောက် တာကို ပျောက်အောင် ကုသေ ပေးနိုင်တာ အပြင် အသည်း ကင်ဆာ ကနေ ကာကွယ် ပေးနိုင် ပါတယ်။

ဒီ စီပိုးမကူးစက်အောင် ကာကွယ်ရေး အတွက် အခြားသူ တစ်ဦးရဲ့ သွေးနဲ့ မထိ တွေအောင် ကာကွယ်နိုင်ဖို့ တစ်ခါသုံး ဆေးထိုးအပ် အသစ်ပဲ သုံးတာ၊ ဆံပင်ညှပ် ဓါးအသစ်နဲ့ မုတ်ဆိတ် ရိတ်ဓါး၊ သွားတိုက်တံ လက်သဲညှပ် တစ်ကိုယ်ရေ သီးသန့် သုံးတာ၊ တစ်ခါသုံး ဆေးမှင်ကြောင်ထိုး အပ်သုံးတာတွေ လုပ်ပေး သင့်ပါတယ်။

ဒါ့အပြင် လက်ရှိ ကူးစက်မှု များနေစေတဲ့ ကလေးမွေး မိခင် သွေးစင် တာက မကူးအောင် အထူး ကြပ်မတ်ပြီး၊ သွားဆေးခန်းက တစ်ဆင့် ကူးဆက်တာ မဖြစ်အောင် သွားဆေးခန်း ကရိယာတွေ ပိုးသန့်စင်မှုကို တိုးမြှင့် လုပ်ဆောင် သင့်ပါတယ်။

ဒီအသည်းရောဂါ ကူးဆက်မှု အကြောင်း ပိုမို သိရှိနားလည် ညနိုင်ဖို့ ကိုဝင်းမင်း က အထူးကု ဆရာဝန်ကြီးနဲ့ ဆေးတက္ကသိုလ် (၁) ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း ကို ဆက်သွယ် မေးမြန်း တင်ပြ ထားပါတယ်။



From : ဗွီအိုအေမြန်မာသတင်းဋ္ဌာန by - (ကိုဝင်းမင်း)

Originally published at - http://burmese.voanews.com/a/health-hepatitis-c-new-medicine/3429077.html

Read More »

HIV ကာကွယ်ဆေး HVTN 100 ကို အာဖရိကတိုက်နိုင်ငံများတွင် စတင်စမ်းသပ်မည်




ပရစ်တိုးရီးယား ၊ ၂၁-၇-၂၀၁၆

တောင် အာဖရိက နိုင်ငံ၌ စမ်းသပ် စစ်ဆေး မှုများ လုပ်ဆောင် ထားသည့် HIV ရောဂါပိုး ကာကွယ် aဆးကို ယခုနှစ် အတွင်း စတင်စမ်းသပ် အသုံးပြုသွားရန် စီစဉ် ထားကြောင်း ဇူလိုင် ၂ဝ ရက် ထုတ်ပြန်ချက် အရ သိရသည်။

HVTN 100 အမည်ရှိ အဆိုပါ ကာကွယ်ဆေးကို ၂ဝ၁၅ ခုနှစ်က ကနဦး စမ်းသပ်ခဲ့ရာ အလားအလာ ကောင်းသော ရလဒ်များ ထွက်ပေါ်ခဲ့ကြောင်း နှင့် ယခုနှစ် နှောင်းပိုင်း တွင် တောင်အာဖရိက နိုင်ငံ၌ စမ်းသပ် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

စမ်းသပ် လေ့လာဆဲ ယင်း ကာကွယ်ဆေး သည် RV 144 ဟုခေါ်သည့် HIV ကာကွယ်ဆေးကို ထိုင်းနိုင်ငံ၌ ၂ဝဝ၉ ခုနှစ်တွင် စမ်းသပ် ခဲ့ပြီးနောက် ထပ်မံ လုပ်ဆောင် ခဲ့ခြင်း ဖြစ်သည်။

RV 144 ကာကွယ်ဆေး သည် စမ်းသပ်မှု လုပ်ဆောင်ခဲ့သည့် ၂ဝဝ၉ ခုနှစ်ပြီး နောက် နောက်တစ်နှစ် အကြာတွင် ရောဂါပိုးကို ၆ဝ ရာခိုင်နှုန်း အထိ ပျောက်ကင်း စေနိုင်စွမ်း ရှိကြောင်း၊ သို့သော် သုံးနှစ်ခွဲ ကြာပြီး နောက်တွင်မူ ထိရောက် နိုင်စွမ်းမှာ ၃၁ ရာခိုင်နှုန်း အထိ လျော့ကျခဲ့ကြောင်း သုတေသီ များက ပြောကြားသည်။

ယခု HVTN 100 ကာကွယ်ဆေးသည် ယခင် ကာကွယ်ဆေးထက် အကျိုး အာနိသင် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးခွန်းများစွာ ထွက်ပေါ်လာကြောင်း၊ ထို့ကြောင့် လူ့ခန္ဓာကိုယ် အတွင်းရှိ ခုခံအားစနစ်ကို မြှင့်တင်ရန် အတွက် ယခင် ကာကွယ်ဆေး အား ပြုပြင်မွမ်းမံ ထားကြောင်း ဓာတ်မတည့်မှု နှင့် ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား သိပ္ပံအဖွဲ့
ညွှန်ကြားရေးမှူး အန်တိုနီဖော်ဆီ က ပြောကြားသည်။

အဆိုပါ ကာကွယ်ဆေးကို ၂ဝ၁၅ ခုနှစ် တွင် လူ ၂၅ဝ အားစမ်းသပ် ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ တောင်အာဖရိက နိုင်ငံအတွင်းရှိ မြို့လေးမြို့မှ လူ ၅၄ဝဝ ဦးဖြင့် စမ်းသပ်သွားမည် ဖြစ်ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/07/hiv-hvtn-100.html

Read More »

Sunday, July 17, 2016

ဂနိုရောဂါပိုးများ ဆေးယဉ်ပါး လာပြီဖြစ်၍ ကုသရန် ခက်ခဲ




ဝါရှင်တန် ၊ ၁၇-၇-၂၀၁၆

လိင်ဆက်ဆံ ရာမှ တစ်ဆင့် ကူးစက်သော ရောဂါပိုးကြောင့် ဖြစ်ပွားလေ့ ရှိသည့် ဂနိုရောဂါကို ပဋိဇီဝ ဆေးနှစ်မျိုး ပေါင်းစပ် တိုက်ကျွေး ကုသ ရလေ့ ရှိရာ ဆေးနှစ်မျိုး အနက် azithromycin သည် ဂနိုရောဂါပိုး များ အပေါ် အကျိုး အာနိသင် တက်ရောက်ခြင်း မရှိသည်ကို တွေ့ ရှိရ သဖြင့် ဂနိုရောဂါကို ကုရန်မှာ ယခင် ကထက် ပင် ပို၍ ခက်ခဲ လာနိုင်ဖွယ် ရှိကြောင်း အမေရိကန် ပြည်ထောင်စု ရောဂါ တိုက်ဖျက်ရေး နှင့် တားဆီး ကာကွယ်ရေး ဌာန CDC မှ ပြောကြားသည်။

" ဂနိုရောဂါကို ဖြစ်စေတဲ့ ဗက်တီးရီးယား ဟာ ပင်နယ်စလင် ကို ယဉ်ပါးနေပါပြီ။ တက်ထရာ ဆိုင်ကလင်း နဲ့ ဖလူရိုကွင်နိုလုံး တို့ ကိုလည်း မကြောက်တော့ ပါဘူး။ ဒါကြောင့် အဇီသရိုမိုင်စင် ရဲ့ အကျိုး အာနိသင်ပါ မထိရောက် တော့မှာကို စိုးရိမ်ရပါတယ်။ မကုဘဲ ထားရင်လည်း ဂနိုရောဂါဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေမှာပါ။ အမျိုးသမီးတွေမှာ တင်ပါးဆုံ ရောင်ရမ်းပြီး သန္ဓေမတည် နိုင်တဲ့ ပြဿနာကို ပေးနိုင်သလို အမျိုးသားတွေ မှာလည်း ကျားအင်္ဂါ မခံမရပ် နိုင်အောင် နာကျင်မှာ ဖြစ်ပြီး ပန်းသေသွား နိုင်ပါတယ် " ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

" အမေရိကန် ပြည်ထောင်စု မှာတော့ ဂနိုကို ကုလို့ မရဘူး ဆိုတာတော့ မရှိသေးပါဘူး။ အခုအချိန် အထိတော့ ဂနိုကို အဇီသရိုမိုင်စင် သောက်ဆေးနဲ့ ပဲ ကုသနေသလို စက်ဖ်ထရီယာဇုံ တစ်ချောင်း ထိုးပေးရုံနဲ့ လည်း လုံလောက် ပါတယ် " ဟု ရောဂါ တိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေး ဌာန၊ HIV/AIDS, TB နှင့် STD ကူးစက်မှု တိုက်ဖျက်ရေး တာဝန်ခံပုဂ္ဂိုလ် ဒေါက်တာ ယောန သန်မာမင်း က ပြောသည်။

CDC က ဂနိုရောဂါကို ၁၉၈၆ ကတည်းက စောင့်ကြည့် နေခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်လလျှင် အမျိုးသား ၂၅ ဦးနှုန်း ဆေးစစ်မှု ပြုလုပ်ခဲ့ကြောင်း၊ ဆေးစစ်မှုများ အရ ဂနို ဗက်တီးရီးယား ၏ အဇီသရိုမိုင်စင်း ပဋိဇီဝ ဆေးကို ခုခံနိုင်စွမ်းသည် အဆပေါင်း ၄၀၀ ရာခိုင်နှုန်း တိုးလာခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု အခြေအနေ အရ ဂနို ဗက်တီးရီးယား၏ ဆေးယဉ်ပါး မှုသည် သက်တမ်းနု သေးကြောင်း၊ လိုအပ်သော ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်နိုင်လျှင် ထင်ရှားသော အကျိုး သက်ရောက်မှုများ ဖြစ်လာနို င်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် စမ်းသပ်မှုအရ ဗက်တီးရီးယား နမူနာ ထောင်ပေါင်း များစွာကို အဇီသရိုမိုင်စင် နှင့်စမ်းသပ်ခဲ့ရာ ၂ ဒသမ ၅ ရာခိုင် နှုန်းကသာ ဆေးယဉ်ပါး နေသည်ကို တွေ့ရှိခဲ့ရ သော်လည်း ၂၀၁၃ ကိန်းဂဏန်းမှာ ၀ ဒသမ ၆ ရာခိုင်နှုန်းသာ ရှိခဲ့သည့် အတွက် ဆေးယဉ်ပါး ဗက်တီးရီးယား ပြဿနာမှာ ကြီးထွားလာနေပြီ ဟု ဆိုနိုင်ကြောင်း သိရသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/07/blog-post_17.html

Read More »

Thursday, March 17, 2016

ကာကွယ်ဆေးအကြောင်း သိကောင်းစရာ




ရာသီဥတု အပြောင်း အလဲတွင် အဖြစ်များသည့် ရောဂါများ အကြောင်း သိကောင်း စရာများနှင့် ကာကွယ် ကုသနည်းများကို 7Day ရုပ်/သံက အပတ်စဉ် တင်ဆက်လျှက် ရှိပါသည်။

ယခုတစ်ပတ် အတွက် ကာကွယ်ဆေး အကြောင်း သိကောင်း စရာများကို တင်ဆက်ပေး လိုက်ပါသည်။



From : 7DayDaily - YouTube

Original link - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ


Read More »

Thursday, December 24, 2015

ချောင်းဆိုးပျောက်ဆေး အလွန်အကျွံ သုံးစွဲက ဦးနှောက် ပျက်နိုင်




အိပ်ငိုက်စေတဲ့ codeine ပါသော ချောင်းဆိုး ပျောက်ဆေးတွေ အလွန် အကျွံ သောက်ခြင်းဟာ အန္တရာယ် ရှိကြောင်း ဆရာဝန် တွေက သတိပေးချက် ထုတ်ပြန် ထားပါတယ်။

ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ဟာ အဆိုပါ ချောင်းဆိုး ပျောက်ဆေး တွေကို ၁၅ ရက်တာ သောက်သုံး ပြီးတဲ့ အခါမှာ ဆိုးဆိုး ရွားရွား နေမကောင်း ဖြစ်ခဲ့ ပါတယ်။

Codeine ပါဝင်တဲ့ ချောင်းဆိုး ပျောက်ဆေး၊ အအေးမိ ပျောက်ဆေးတွေဟာ များသော အားဖြင့်တော့ ဆရာဝန်ဆေးစာ မပါဘဲနဲ့ အလွယ် တကူ မရရှိနိုင် ပါဘူး။ ဒါပေမဲ့ Codeine မပါဝင်တဲ့ ချောင်းဆိုးပျောက် ဆေးတွေမှာ အကျိုး အာနိသင် နည်းကြောင်း ဆရာဝန်တွေက သတိပေး ထားပါတယ်။

ကျန်းမာတဲ့ ၁၄နှစ် အရွယ်ကောင်မလေး ချောင်းဆိုး ပျောက်ဆေးကို အလွန်အကျွံ သောက်ပြီးနောက် ဆရာဝန်တွေ ဝေခွဲ မရတဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ခဲ့ ရပါတယ်။

ဒီကောင်မလေးဟာ codeine ပါတဲ့ ချောင်းဆိုး ပျောက်ဆေးကို တစ်နေ့ ၂ ဇွန်း ၃ ဇွန်းနှုန်းနဲ့ ၁၅ ရက်ကြာ သောက်ခဲ့ ပြီးနောက် Irish ဆေးရုံက A&E ဌာနမှာ ကုသမှု ခံယူခဲ့ ရပါတယ်။

သူမဟာ ရေမချိုး ရသေးဘဲ ရေချိုး ပြီးပြီလို့ ထင်မြင်နေ တာမျိုးဖြစ်ကာ အသိဉာဏ် ဝေဝါး သွားခဲ့ တယ်လို့ ဆိုပါတယ်။ သူမဟာ တစ်နေ့ကို နာရီ ၂၀ အိပ်ကာ အာရုံစိုက်မှု နည်းပါး လာပြီး ခေါင်းလည်း မကြာခဏ ကိုက်လာ ပါတယ်။

အချိန်နဲ့ အမျှ သူမဟာ မှတ်ဉာဏ် သစ်တွေ ဖန်တီးနိုင်စွမ်း မရှိတော့ပါဘူး။ ဆီးစစ်ဆေး ရာမှာလည်း တခြားဘာဆေးဝါးမှ မတွေ့ရှိရဘဲ Codeine တွေကိုသာ တွေ့ရှိခဲ့ ရပါတယ်။

အသက် ၁၈နှစ် အောက် ကလေးတွေကို Codeine ပါဝင်တဲ့ ချောင်းဆိုး ပျောက် ဆေးအရည် မတိုက်သင့် ဘူးလို့ ဗြိတိန် ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန် စည်းကမ်း သတ်မှတ်ရေး အစိုးရ အဖွဲ့ကနေ အကြံပြု ထားပါတယ်။

Ref: Daily Mail

Originally published at - http://health.thithtoolwin.com/2015/12/blog-post_67.html

Read More »

Tuesday, December 1, 2015

"Calpol" အလွန်အကျွံ တိုက်ကျွေးခြင်းက ကလေးတွေကို ကျောက်ကပ်၊ အသည်းနဲ့ နှလုံး ထိခိုက်စေ




မိဘတွေဟာ ကလေးငယ် တွေကို ထစ်ခနဲရှိ "Calpol" တိုက်ကျွေး ကြခြင်းကြောင့် ကလေး တွေရဲ့ ကျန်းမာရေးဟာ အန္တရာယ် ရှိကြောင်း ဆရာဝန် တွေက သတိပေး ပြောကြား ထားပါတယ်။

အပျော့ (တော်ရုံ တန်ရုံ) ဖျားတာ အတွက် ကလေးတွေကို "Calpol" ဆေး တိုက်တာဟာ မှားယွင်းကြောင်း လန်ဒန် တက္ကသိုလ်မှ ကလေး အထူးကု ပါမောက္ခ Alastair Sutcliffe ကပြောခဲ့ပါတယ်။

Calpol နဲ့ အလားတူဆေးဝါးတွေကို အလွန်အကျွံအသုံးပြုခြင်းက ကလေးငယ်တွေမှာ ပန်းနာရင်ကြပ်ကိုဖြစ်စေပြီး သူတို့ရဲ့ ကျောက်ကပ်၊ အသည်းနဲ့ နှလုံးကို ထိခိုက်စေတယ်လို့ သူက ပြောပါတယ်။

ဗြိတိန်မှာ တစ်နှစ်ကို Calpol ဆေးပုလင်း ၁၂ သန်း ရောင်းချနေရပြီး ကလေးငယ်တွေအတွက် ပါရာစီတမော-အခြေခံ ဆေးဝါးတွေရောင်းချရငွေဟာ တစ်နှစ်ကို ပေါင်သန်း ၈၀ ရှိပါတယ်။

၎င်းဆေးတွေကို အသက် ၆လအရွယ်ကလေးတွေကို တိုက်နေတာဟာ ၈၀ ရာခိုင်နှုန်းရှိနေပါတယ်။ "မိဘတွေက ပါရာစီတမောကို အထိန်းအကွပ်မဲ့ အသုံးပြုကြလွန်းတယ်။

ပါရာစီတမော အလွန်အကျွံသုံးတာက ပန်းနာ ရင်ကြပ်ရောဂါ ဖြစ်နိုင်ချေကို တိုးစေပြီး အသည်း ထိခိုက်မှုကိုလည်း တိုးစေဆိုတဲ့ အထောက် အထားရှိတယ်။

ဒါပေမဲ့ ကျောက်ကပ်နဲ့ နှလုံးထိခိုက်တာကိုတော့ လူသိနည်းသေးတယ်။" လို့ ပါမောက္ခ Alastair Sutcliffe ကပြောပါတယ်။

ကလေးစောင့်ရှောက်တဲ့သူတွေက ကလေးငယ်တွေကို တိုက်ရမယ့် ဆေးပမာဏထက် ပိုပြီး တိုက်နေကြကြောင်း၊ အဲ့ဒီ ကလေးစောင့်ရှောက်တဲ့ သူတွေဟာ ကလေးကို ဒီနေ့ အတွက် ဘယ်လောက် များများ တိုက်ပြီးပြီ ဆိုတာကို မသိကြကြောင်း အခြားသော ကျွမ်းကျင် ပညာရှင်တွေက သတိပေးပြောကြား ခဲ့ပါတယ်။

ဆေးတိုက်ရမယ့် ပမာဏထက် ၂ ရက် ဒါမှမဟုတ် ၃ရက် ကျော်မိရင်တောင် အဲ့ဒါက အသည်းကို စတင်ထိခိုက်စေတယ်လို့ အကြံပြုထားပါတယ်။

Ref: Daily Mail

Original link -http://health.thithtoolwin.com/2015/12/calpol.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, October 23, 2015

အကိုက်အခဲပျောက်ဆေး တစ်နေ့ တစ်လုံးသောက်ခြင်းက ကိုယ်ဝန် ရစေရန် ကူညီ




အကိုက်အခဲ ပျောက်ဆေး တစ်နေ့ တစ်လုံး သောက်ရင် ကိုယ်ဝန် ရဖို့ကို ကူညီပေး နိုင်တယ်လို့ ကမ္ဘာ့ ထိပ်တန်း ဆရာဝန်တွေက အကြံပြု ခဲ့ပါတယ်။

အကိုက်အခဲ ပျောက်ဆေး ပုံမှန် သောက်သုံး ပေးတာဟာ ကင်ဆာ၊ နှလုံး တိုက်ခိုက်မှုနဲ့ လေဖြတ် ရောဂါ စတဲ့ အန္တရာယ်တွေကို လျော့ကျ စေနိုင်တယ် ဆိုတဲ့ အချက် အလက်တွေလဲ အများကြီး ဖော်ထုတ် ခဲ့ပြီး ဖြစ်ပါတယ်။

အခု မိသားစု တစ်စုကို စပြီး တည်ထောင် တော့မယ့် အမျိုးသမီးတွေ အတွက် သတင်းကောင်းပါ။ အကိုက် အခဲပျောက်ဆေး တစ်နေ့ တစ်လုံး ပုံမှန် သောက်ပေးရင် အချင်းကို ပိုထူ စေပါတယ်၊ ဆဲလ်များ အတွင်း ရောင်ရမ်းမှုကို လျှော့ချ ပေးပါတယ်၊ သွေးလည်ပတ်မှု ကိုလည်း အားကောင်း စေပါတယ်။

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတွေ အနေနဲ့ အကိုက်အခဲ ပျောက်ဆေးကို တစ်နေ့ တစ်လုံး သောက်ခြင်းဖြင့် ကိုယ်ဝန်ရနိုင်ဖို့ အခွင့် အလမ်း တိုးလာမှာ ဖြစ်ကြောင်း မျိုးပွား ဆေးပညာ အမေရိကန် အသင်းအဖွဲ့ ဒုဥက္ကဌ ဒေါက်တာ Richard Paulson က အကြံပြု ထားပါတယ်။

ယခု လေ့လာ တွေ့ရှိချက် အကြောင်းတွေကို အသင်းအဖွဲ့ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ တင်ပြမှု ပြုလုပ် ခဲ့ပါတယ်။

ကိုယ်ဝန် ပျက်ကျပြီး နောက် တစ်ကြိမ် ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေ အတွက်လည်း အောင်မြင်တဲ့ မွေးဖွားမှုကို ဖြစ်စေနိုင်တဲ့ အထောက်အထား တွေလဲ ရှိပါတယ်။

အကိုက်အခဲ ပျောက်ဆေးမှာ ကိုယ်တွင်း ကိုယ်နာ၊ အစာအိမ် သွေးယိုတာ စတဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိတာကြောင့် အကိုက်အခဲ ပျောက်ဆေးကို နေ့တိုင်း သောက်သုံးမယ့် သူတွေ အနေနဲ့ မိသားစု ဆရာဝန်နဲ့ အရင် တိုင်ပင် ဖို့ကိုတော့ သတိပြု သင့်ပါတယ်။

Ref: Mirror

Original link - http://health.thithtoolwin.com/2015/10/blog-post_70.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Antioxidant အသုံးပြုမှုဟာ ကင်ဆာပြန့်နှံ့မှုကို ပိုမို များပြားစေနိုင်




Antioxidant ဟာ လူတွေရဲ့ကျန်းမာရေးကို ကောင်းမွန် စေတယ်လို့ သိထား ကြပေမယ့် သုတေသန ပညာရှင်တွေဟာ ကြွက်တွေကို လေ့လာရာမှာ ကင်ဆာ ကြီးထွား ပြန့်နှံ့မှုကို ပိုမို များပြား လာစေတာကို တွေ့ရှိခဲ့ ကြပါတယ်။

သုသေသန ပညာရှင်တွေ အဆိုအရ ဒီလေ့လာမှုဟာ ကင်ဆာ ရောဂါဝေဒနာ သည်တွေကို Antioxidants နဲ့ ကုသမှုတွေ ပြုလုပ်တဲ့ အခါ တကယ်တော့ အကျိတ်တွေ ပိုကြီးထွား လာတဲ့ ရလဒ်တွေကို တွေ့ရှိရတဲ့ လေ့လာမှုတွေကို ပိုမို ခိုင်မာစေ ပါသတဲ့။

UT Southwestern Medical Center ရှိ Pediatric Genetics ၏ဥက္ကဌ Mary McDermott Cook နဲ့ CRI ညွှန်ကြားရေးမှူးချုပ် Dr. Sean Morrison တို့က “ ကင်ဆာကျိတ်တွေကို ပြန့်နှံ့စေတဲ့ melanoma cells တွေမှာ Oxidative လို့ခေါ်တဲ့ ဓါတ်တိုးပမာဏ အရမ်းမြင့်နေတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။

ကြွက်တွေမှာ melanoma cells တွေ ပိုပြီးရှင်သန်နိုင်ဖို့အတွက် antioxidants ပမာဏကို ထိန်းချုပ်စီမံခြင်းက ရောဂါပြန့်နှံ့မှုအခြေအနေကို ပိုတိုးလာစေပါတယ်” လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

မူလကင်ဆာကျိတ်ကနေ ခန္ဓာကိုယ်အတွင်း အခြားနေရာတွေကို ပြန့်နှံ့ခြင်းဟာ တစ်ခါတစ်ရံမှာ မထိရောက်တဲ့ အခါ ကင်ဆင်ဆဲလ်တွေဟာ သွေးကြောတွေထဲမှာ ရှင်သန်နိုင်ခြင်းမရှိကြပါဘူး။

UT က သုတေသန ပညာရှင်တွေဟာ လူတွေမှာရှိတဲ့ melanoma cells တွေကို ကြွက်တွေ ဆီမှာ ကူးပြောင်း ထားပြီး အချို့ကို antioxidants နဲ့ ကုသပြီး အချို့ကိုတော့ ပုံမှန် ကုသကာ ရောဂါပြန့်နှံ့နှုန်းကို ကာကွယ်ဖို့ စမ်းသပ် ခဲ့ကြပါတယ်။

antioxidants နဲ့ ကုသခံရတဲ့ ကြွက်တွေရဲ့ ကင်ဆာဖြစ်ပွားပြန့်နှံ့နှုန်းဟာ အခြားကြွက်တွေထက် ပိုပြီးမြန်ဆန်နေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/10/antioxidant.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Thursday, October 15, 2015

ငှက်ဖျားဆေးတွေဟာ ကင်ဆာရောဂါ ၉ မျိုးကို ပျောက်ကင်းစေနိုင် စွမ်းရှိ




ငှက်ဖျား ရောဂါပိုးရဲ့ အစိတ်အပိုင်း တစ်ခုကို အသုံးပြုပြီး ဖော်စပ်ထားတဲ့ ကင်ဆာရောဂါ ကုသတဲ့ ဆေးဝါးတွေဟာ ကင်ဆာရောဂါ ၁၀ မျိုးမှာ ၉ မျိုးကို နှိမ်နင်းနိုင် တယ်လို့ သိရပါတယ်။

Danish နဲ့ Canadian သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ သုတေသီအဖွဲ့ တစ်ဖွဲ့ဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ဖြစ်ပေါ်နေတဲ့ ငှက်ဖျားရောဂါကို ဘယ်လို တိုက်ခိုက် မလဲဆိုတာ အဖြေရှာရင်းနဲ့ ဒီဆေးဝါးကိုတွေ့ရှိ ခဲ့တာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ လေ့လာမှု က တစ်ဆင့် ဖော်ပြခဲ့ တာကတော့ ငှက်ဖျား ပရိုတိန်းဆေးဝါး တွေဟာ ကင်ဆာရောဂါကို ပျောက်ကင်း စေနိုင်တယ် ဆိုတာပါပဲ။ ကင်ဆာရောဂါ အတွက် ကုသနိုင်မယ့် နည်းလမ်းတွေကို မျှော်လင့်တကြီး ရှာဖွေနေကြတဲ့ သိပ္ပံပညာရှင် တွေဟာ လာမယ့် ၄ နှစ် အတွင်းမှာ ကင်ဆာရောဂါ ပျောက်တဲ့ ဆေးဝါးတွေ ထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေ ကြပါတယ်။

Copenhagen တက္ကသိုလ်က ငှက်ဖျားရောဂါဆိုင်ရာ ကျွမ်းကျင်သူ ပရော်ဖက်ဆာ Ali Salanti က ပြောပြခဲ့တာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အချင်းမှာ သူ့ဘာသာသူ ကပ်တွယ်နိုင်စွမ်းရှိတဲ့ ငှက်ဖျားရောဂါပိုးတစ်မျိုးဖြစ်တဲ့ ကာဗွန်ဟိုက်ဒြိတ်ဟာ ကင်ဆာဆဲလ်တွေမှာ တွေ့ရတဲ့ ကာဗွန်ဟိုက်ဒြိတ် နဲ့ တစ်ပုံစံတည်းတူနေတာကိုတွေ့ရပါတယ်။

ဒါကြောင့် သုတေသီတွေဟာ ဓါတ်ခွဲခန်းအတွင်းမှာ ထိုကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အချင်းမှာ ကပ်တွယ်နေတဲ့ ကာဗွန်ဟိုက်ဒြိတ်ကို ဖယ်ရှားပေးနိုင်မယ့် ပရိုတိန်းကို တီထွင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အဲဒီဆေးတွေကို သက်ရှိဇီဝ မှာ ထုတ်လုပ်တဲ့ အဆိပ်တစ်မျိုးနဲ့ ပေါင်းစက်ကြည့်လိုက်တဲ့အခါမှာတော့ ထိုပေါင်းစပ်မှုဟာ ကင်ဆာရောဂါဆဲလ်တွေရဲ့ စုပ်ယူမှုကို ခံရပြီးနောက်မှာတော့ ကင်ဆာဆဲလ်တွေအားလုံး သေဆုံးသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ထိုပေါင်းစပ်ဖန်တီးထားတဲ့ဆေးဝါးမှာ ပါဝင်တဲ့ သက်ရှိဇီဝ က ထုတ်လုပ်တဲ့ အဆိပ်တစ်မျိုးဟာ ခန္ဓာကိုယ်တွင်းမှာ ပျံ့နှံ့လျက်ရှိတဲ့ ကင်ဆာဆဲလ်တွေအားလုံးကို လိုက်လံ ချေမှုန်း ပေးနိုင်တယ်ဆိုတာကို သုတေသနက တစ်ဆင့်တွေ့ရှိခဲ့ကြပါတယ်။

သုတေသီတွေဟာ ဒီစမ်းသပ်မှု တစ်ခုလုံးကို ကြွက်တွေနဲ့ စမ်းသပ်ကြည့်ခဲ့တာဖြစ်ပြီး လူတွေနဲ့ စမ်းသပ်ဖို့ကိုတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ အချင်းနဲ့ ကင်ဆာ အကျိတ် နဲ့ ဘယ်လောက်ထိ တူညီနိုင်သလဲဆိုတာကို စတင်စမ်းသပ်နေကြပြီလို့ သိရပါတယ်။

ဒီ ရှာဖွေတွေ့ရှိမှုတွေကိုတော့ Cancer Cell ဆိုတဲ့ ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြခဲ့ကြပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/10/blog-post_93.html


Read More »

Tuesday, October 6, 2015

ကင်ဆာဆေးတွေက ဉာဏ်ကောင်းစေ




ကင်ဆာဆေးတွေက သင့်ကို တကယ်ပဲ ဉာဏ်ကောင်းစေ ပါသလား ?

RGFP966 ဆေးဝါးကို ကြွက်တွေနဲ့ စမ်းသပ်ကြည့်တဲ့အခါမှာ ကြွက်တွေက သူတို့ ကြားတာ တွေကို ပိုသိရှိ သဘောပေါက်ကာ မှတ်သား လာနိုင်ပြီး အချက်အလက် များများ ကိုတောင် မှတ်မိ လာကြောင်း သုတေသီ တွေက ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

အယ်လ်ဇိုင်းမား စမ်းသပ် ဆေးဝါးတွေ မှာတော့ ဦးနှောက် ဆဲတွေဟာ တဖြည်းဖြည်းကျုံ့လာပြီး အာရုံကြော တစ်ခုကနေ နောက် တစ်ခုကို ကူးပြောင်းတဲ့ အချက်အလက် အင်အား နည်းလာ တာကြောင့် ဦးနှောက် ဆဲလ်ဆက် နေရာတွေ သေလာပါတယ်။

အကြောင်း မလှစွာပဲ၊ အယ်လ်ဇိုင်းမား ရောဂါကို နှေးကွေးစေတဲ့ ကုသမှုနှစ်ရပ် ရှိပေမဲ့ အပြီးတိုင် ကုသလို့ရတဲ့ ကုသနည်း မရှိပါဘူး။ လက်ရှိ ကင်ဆာ ကုထုံး အချို့မှာ သုံးနေတဲ့ HDAC ထိန်းဆေး ဟာ ကင်ဆာဆဲလ် အဖြစ် ကူးပြောင်းမယ့် ဆဲလ်ကောင်းတွေကို ဆက်လက် ကောင်းနေစေဖို့ ထိန်းထား ပေးပါတယ်။

ကင်ဆာဆေး RGFP966 ဟာ ဦးနှောက်ဆဲလ် ဆက်သွယ်မှုတွေ ပိုအားကောင်း လာစေပါတယ်။ ဦးနှောက်ဆဲလ်တွေရဲ့ အစွမ်းကို အသုံးချပြီး မှတ်ဉာဏ်တွေ ဖန်တီးပေးဖို့ ကိုတောင် တိုးမြှင့်ပေး ပါတယ်။ ဓာတ်ခွဲခန်းကြွက်တွေကို အသုံးပြုပြီး စမ်းသပ်တဲ့ အခါ ကြွက်တွေက တေးဂီတတွေကို မှတ်မိနေ တာတောင် ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

လေ့ကျင့် ပေးနေတုန်း သူတို့ကြားခဲ့တဲ့ အသံ အချက်ပြချက် တွေကို ပိုနားထောင် လာတတ်တာကို နောက်ဆုံး ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

“အကြားအာရုံ ပြန်လည် ရရှိဖို့ နားတွင်း ခရုပတ် ထည့်သွင်း ကုသမှု ခံယူရတဲ့ ထိခိုက်ဒဏ်ရာ (သို့) ရောဂါ ဝေဒနာရှင် တွေမှာတောင် စကားပြောဖို့ အတွက် လေ့လာတဲ့ အခါမှာ ယခုလို ကုထုံး ကုသနည်းက နောက် အနာဂတ်မှာ အသုံးဝင် လာနိုင် ပါတယ်။

ဒီဆေး သုံးစွဲမှုက ဘာသာ စကား သင်ယူမှု အခက်အခဲ ရှိသူတွေ၊ ဒုတိယ ဘာသာစကား တစ်ခုကို သင်ယူ သူတွေ အတွက်တောင် အထောက် အကူ ဖြစ်လာမှာပါ။” လို့ ဦးဆောင်သုတေသီ Kasia M.Bieszczad ကပြောသွား ခဲ့ပါတယ်။

သစ်ထူးလွင်(ကျန်းမာရေး)

Original link - http://health.thithtoolwin.com/2015/10/blog-post_9.html


Read More »