ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label တီထွင်ဖန်တီးမှုများ. Show all posts
Showing posts with label တီထွင်ဖန်တီးမှုများ. Show all posts

Monday, May 15, 2017

ဘက်ထရီမလိုဘဲ ခန္ဓာကိုယ်တွင်းက စွမ်းအင်နဲ့ လည်ပတ်နိုင်မယ့် ကိရိယာသစ်




မကြာခင် ကာလ မှာပဲ နှလုံးစက် တုနဲ့  ခန္ဓာ ကိုယ်တွင်း ထည့် အခြား စက်ကိရိယာ တွေကို  ဘက်ထရီ ထည့်စရာ မလိုဘဲ ကိုယ်တွင်းက စွမ်းအင် တွေကို သုံးပြီး စက် လည်ပတ်အောင် လုပ်ဆောင် နိုင်တော့ မယ်လို့ သိရ ပါတယ်။

ဒါဟာ ကွန်နက် ကျူးဝက် တက္ကသိုလ်နဲ့ UCLA က  သုတေသီ အဖွဲ့ ရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။  သူတို့ဟာ လူ့ခန္ဓာ ကိုယ်တွင်းက အိုင်းယွန်း တွေကို  သိုလှောင် နိုင်စွမ်းရှိ စွမ်းအင် အဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ ဇီဝဗေဒ ဆိုင်ရာ စူပါကက် ပစီတာ တစ်ခုကို မကြာသေး ခင်က ထုတ်ဖော်ပြသ ခဲ့ကြပါတယ်။

လက်ရှိမှာတော့ နှလုံးအတုစက်တွေလို ကိရိယာတွေက ဘက်ထရီ တွေနေရာမှာ တဖြည်းဖြည်းနဲ့အစားထိုးသွားမှာဖြစ်ပါတယ်။

သည်စူပါ ကက်ပစီတာဟာ လူ့ခန္ဓာကိုယ်တွင်းက အရည်တွေဖြစ်တဲ့ဆီး ဒါမှ မဟုတ်သွေးရည်ကြည် တွေထဲက လျှပ်စစ်ဓာတ်ရှိတဲ့ အမှုန်ငယ်လေး တွေနဲ့ အိုင်းယွန်းတွေကို အသုံးပြုပြီးတော့ အားသွင်းသွားမှာပါ။

သည်ကိရိယာကို ခန္ဓာကိုယ်ရဲ့ အရွှေ့စွမ်းအင်ကို လျှပ်စစ်အဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ စွမ်းအင် စုပ်ယူစက်နဲ့ ချိတ်ဆက် ပေးနိုင် ပါတယ်။ သည်စူပါ ကက်ပစီတာကို ဂရပ်ဖင်း အပြင် အထူးပြုပြင် ထားတဲ့ လူ့ပရိုတိန်း အလွှာ တစ်ခုနဲ့ ပြုလုပ် ထားတာပါ။

စွမ်းအင်စုပ်ယူမှုတွေကို ဒီကက်ပစီတာတွေနဲ့ ပေါင်းစပ်လိုက်တာက ဘယ်တော့မှပြန်ပြီး အစားထိုးတပ်ဆင်လို့မရတဲ့ နှလုံးစက်တုကို အဆုံးမရှိတဲ့ စွမ်းအင်တွေပံ့ပိုးပေးမှာပါလို့ UCLA ရဲ့ ဘွဲ့လွန်သု တေသီ မဟာအယ်ကက်ဒီက သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာပြောပါ တယ်။

သည်ကက်ပစီတာမှာ မိုက်ခရိုမီတာတစ်ခုရဲ့အထူလောက်သာရှိပြီး  သည် ကိရိယာဟာ ခန္ဓာကိုယ်တွင်းမှာထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိဘဲ လှည့်ပတ် လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။

From : ကုမုဒြာဂျာနယ် by ချိုလေးငယ်

Originally published at - http://www.kumudranews.com

Read More »

Friday, November 11, 2016

နားရွက်ပြတ် သွားတဲ့ လူတစ်ဦး အတွက် အစားထိုး နားရွက် အောင်မြင်စွာ ဖန်တီး




နားရွက်ပြတ် သွားတဲ့ လူနာ တစ်ဦး အတွက် သူ့ရဲ့ လက်ဖျံပေါ် မှာပဲ နားရွက် တစ်ဖက်ကို တရုတ်နိုင်ငံက ပလတ်စတစ် ဆာ ဂျရီ အထူးကု ဆရာဝန် တွေ ဟာ အောင်မြင်စွာ ဖန်တီး ပေးလိုက် နိုင်ပါတယ်။

အဲဒီ လူနာက လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ယာဉ်မတော် တဆမှု တစ်ခုမှာ နားရွက် ဆုံးရှုံးသွားတဲ့ လူနာ တစ်ဦး ဖြစ်ပါတယ်။

လူနာဟာ ယာဉ်တိုက်မှု ဖြစ်ပွားချိန်မှာ အကြား အာရုံ ထိခိုက် မသွားပေမယ့် နားရွက် တစ်ဖက်ကို လုံးဝ ဆုံးရှုံး သွားတာပါ။ မ

စ္စတာဂျီလို့သာ နာမည်ဖော်ပြ ထားတဲ့ လူနာကတော့ အခု ခွဲစိတ်မှု နည်းပညာ သစ်ရဲ့ ရလဒ်ကြောင့် သူ့ဘဝမှာ ယုံကြည် မှုတွေ ပြန်လည် တိုးပွား လာမယ်လို့ မျှော်လင့် နေပါတယ်။



From : 7Day TV

Originally published at - https://www.youtube.com/channel/UCKhJYsH3mZp4zGPNKUWRNzQ

Read More »

Friday, August 26, 2016

ဘက်ထရီအတောင့်များကို မျိုချထားခြင်းဖြင့် ကင်ဆာကို ကုသနိုင်မည်ဟု ခန့်မှန်း




ပစ်စဘတ်၊ သြဂုတ် ၂၅

အထူး ပြုလုပ် ထားသည့် ဘက်ထရီတောင့် လေးများကို မျိုချ ထားခြင်းဖြင့် ကင်ဆာ ကဲ့သို့သော ရောဂါ ဝေဒနာများ သာမက အခြားဝေဒနာများကိုပါ ပျောက်ကင်း စေရန် ကုသနိုင်ကြောင်း ကာနေဂျီ မီလန် တက္ကသိုလ်မှ ပညာရှင်များ၏ ဖော်ထုတ်ချက်ကို Daily Mail သတင်းတွင် ဖော်ပြ ထားသည်။

ပညာရှင်များသည် အဆိပ်အတောက် မဖြစ်စေနိုင်သည့် ဘက်ထရီတစ်မျိုးကို ဆေးတောင့် သဏ္ဌာန် တီထွင်ကာ ယင်းဆေးတောင့် ထဲတွင် အရေပြား၊ ဆံပင်နှင့် မျက်လုံးများ ထဲတွင် တွေ့ရသည့် ဓာတ် တစ်မျိုးကိုပါ ပူးတွဲ ထည့်ပေး ထားခြင်းခြင့် ရောဂါ ဝေဒနာများကို ကုသနိုင် လိမ့်မည်ဟု ယူဆကြောင်း ယင်းသတင်းက ဆိုသည်။

ကာနေဂျီ မီလန်တက္ကသိုလ်မှ ခရစ်တိုဖာ ဘက်တင်ဂါ ဦးဆောင်သည့် အဖွဲ့သည် လွန်ခဲ့သည့် ၁၀ နှစ်ခန့် ကတည်းက လူသားတို့ ကိုယ်ခန္ဓာ အတွင်းပိုင်းတွင် လျှပ်စစ်ဆိုင်ရာ ဓာတ်သတ္တိ များကို ထည့်သွင်းပြီး ဇီဝနှိုးဆွမှုများ ပြုလုပ် ကုသခဲ့ရာ အောင်မြင်စွာ ကုသနိုင်ပြီး ရောဂါ ပျောက်ကင်းမှုများကို တွေ့ရှိ ခဲ့ကြသည်။

လွန်ခဲ့သည့် နှစ် ၂၀ လောက်ကတည်းက ဆေးတောင့်ကို မျိုချပြီး အစာအိမ်နှင့် အူလမ်းကြောင်းအတွင်း အနေအထားများကို ကင်မရာများဖြင့် လေ့လာရန် စီစဉ်ခဲ့ကြောင်း၊ ဘက်ထရီဆိုသည့် သဘောတရားမှာ အဆိပ်အတောက် ဖြစ်စေနိုင်ကြောင်း၊ ကိုယ်ခန္ဓာ အတွင်းပိုင်းတွင် ကြာရှည်စွာ ထားရမည့် ဘက်ထရီကို အဆိပ်အတောက် ကင်းစေရန် မဖယ်ရှားနိုင် သောကြောင့် မအောင်မြင် ခဲ့ကြောင်း၊ ယခု တီထွင်ထားသည့် နည်းသစ် များသည် ရောဂါ ဝေဒနာများကို ကုသရန် အထောက် အကူပြုနိုင် မည် ထင်ကြောင်း ခရစ်တိုဖာက ပြောကြားသည်။

ကိုယ်ခန္ဓာအတွင်း ဘက်ထရီကို ထည့်သွင်းရခြင်းမှာ လူနာများအတွက် သက်သောင့်သက်သာ မဖြစ်နိုင်ကြောင်း၊ မိမိတို့ တီထွင်ထားသည့် စနစ်မှာလည်း အနည်းဆုံး ဆေးတောင့်ဘက်ထရီကို နာရီ ၂၀ ခန့် မျိုချထားမှ သက်ရောက်မှု ရှိနိုင်ကြောင်း၊ အခရာအကျဆုံးမှာ ဘက်ထရီ ဖြစ်နေပြီး ဘက်ထရီကို ကြိုးစားတည်ဆောက်နေကြောင်း ယင်းကဆိုသည်။

လက်ရှိ ဆေးတောင့်အဖြစ် အသုံးပြုရန် တီထွင်ထားသည့် ဘက်ထရီသည် 5 miliWatt ပမာဏရှိပြီး မီလီဂရမ် ၆၀၀ အလေးချိန်ရှိကာ ၁၈ နာရီအထိ အသုံးပြုနိုင်ကြောင်း ဒေါက်တာဘက်တင်ဂါက ပြောကြားသည်။

From : The voice Myanmar

Originally published at - http://thevoicemyanmar.com/it/1176-bty

Read More »

Saturday, August 6, 2016

ဇီကာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး သုံးမျိုး မျောက်များတွင် စမ်းသပ်အောင်မြင်




မီယာမီ၊ သြဂုတ်

အမေရိကန် ပြည်ထောင်စုတွင် အကောင် အထည် ဖော်နေသော ဇီကာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး သုံးမျိုး စလုံးကို မျောက်များတွင် စမ်းသပ်ခဲ့ရာ အောင်မြင်မှု ရခဲ့ သည်ဟု သြဂုတ် ၅ ရက် AFP သတင်းတွင်ဖော်ပြထား သည်။

လာမည့်လများအတွင်း လူများတွင် ဆက်လက်စမ်းသပ်သွားမည်ဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။

ဇီကာဗိုင်းရပ်စ်သည် ခြင်မှတစ်ဆင့်ကူးစက်ပြီး ဖျားနာခြင်းကိုဖြစ်ပွားစေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကူးစက်ခံရပါက မွေးဖွားလာသောကလေးသည် ဦးခေါင်းအရွယ်အစား ပုံမှန်ထက် သေးငယ်ရ လေ့ရှိ သည်။

ဇီကာဗိုင်းရပ်စ်ပိုးသည် ယခုအခါ ကမ္ဘာ့နိုင်ငံဒေသ ၅ဝ တွင် ကူးစက်ပြန့်ပွားနေသည်။ အထူးသ ဖြင့် လက်တင်အမေရိကတိုက်၊ ကာ ရစ်ဘီယန်ဒေသနှင့် အမေရိကန် ဖ လော်ရီဒါပြည်နယ်တို့တွင်ဖြစ်သည်။

အမေရိကန်စစ်တပ်သုတေသနဌာနက ထုတ်လုပ်နေသောကာကွယ် ဆေးမှာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အခြေခံသည်။ ဟားဗက်တက္ကသိုလ်ကျောင်းသားနှစ်ဦး အကောင် အထည်ဖော်နေ သော ကာကွယ်ဆေးနှစ်မျိုးအနက် တစ်မျိုးမှာ DNA ကိုအခြေခံပြီး နောက်တစ်မျိုးမှာ Vector ကိုအခြေခံကာ ထုတ်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါဆေးသုံးမျိုးစလုံးကို မျောက်များတွင်စမ်းသပ်ခဲ့ရာ ဇီကာဗိုင်းရပ်စ် ပိုးကိုကာကွယ်နိုင်ပြီး ဘေးထွက်ဆိုး ကျိုးမရှိကြောင်း စမ်းသပ်တွေ့ရှိသည်။

အဆိုပါ ကာကွယ်ဆေး များကို လူများတွင် မစမ်းသပ်မှီ သေသေ ချာချာ လေ့လာသုံးသပ် သင့်ကြောင်း၊ အခန့်မသင့် ပါက စမ်းသပ်ခံ ရသော လူ သေဆုံး ရနိုင်ကြောင်း အောက်စ်ဖို့ဒ် တက္ကသိုလ် ကာကွယ်ဆေး ပညာ ရပ် ပါမောက္ခ ဆာရာဂျီးလ်ဘတ်က သတိပေး ပြောသည်။

Ref: AFP

Yangon Media Group

Originally published at - https://www.facebook.com/YangonMediaGroup

Read More »

Thursday, March 31, 2016

ပထမဆုံးအမျိုးသား သန္ဓေတား ထိုးဆေး ပေါ်ထွက်




နယူးယောက်၊ မတ်၊ ၃၁

ပထမဆုံး အမျိုးသား သန္ဓေတား ထိုးဆေး ဖြစ်လာမည့် ဆေးတစ်မျိုးကို အမေရိကန် အခြေစိုက် ဆေးဝါး သုတေသန NGO တစ်ခုက ထုတ်ဖော် မိတ်ဆက် လိုက်သည်။

ပါစီမက်စ် ဖောင်ဒေးရှင်းက စမ်းသပ်လျှက် ရှိသည့် Vasagel ဟု အမည်ရသော အဆိုပါ ထိုးဆေးကို တစ်ကြိမ် ထိုးထားရုံဖြင့် အမျိုးသား တစ်ဦးသည် ၁၂ လ အထိပင် သန္ဒေတား နိုင်မည် ဖြစ်သည်။

Vasagel သည် ဟော်မုန်းဆေး မဟုတ်ဘဲ အမျိုးသား သုတ်ပိုးများ အပြင်သို့ မထွက်အောင် တားထားနိုင်မည့် ဟိုက်ဒြိုဂျယ်လ် တစ်မျိုးဖြစ် ပေါ်စေမည့် ထိုးဆေးဖြစ်သည်။

လက်ရှိအချိန်တွင်အဆိုပါဆေးကို ယုန်များတွင် ထိုးသွင်းစမ်းသပ်အောင်မြင်ထားပြီး ယခုနှစ်ကုန်ပိုင်းတွင် လူများနှင့် စမ်းသပ်သွားတော့မည် ဖြစ်သည်။

လူများနှင့်စမ်းသပ်အောင်မြင်ပြီးပါက လာမည့် ၂ နှစ်အတွင်းတွင် တစ်ကမ္ဘာလုံးသို့ ဖြန့်ချီသွားရန် စီစဉ်ထားသည်ဟု ပါစီမက်စ်ဖောင်ဒေးရှင်း ကကြေညာထားသည်။

လက်ရှိအချိန်တွင် အမျိုးသားများအတွက် သန္ဓေတားရန်နည်းမှာ ကွန်ဒုံးအသုံးပြုခြင်း နှင့် သားကြောဖြတ်ခြင်း နှစ်မျိုးသာ ရှိနေပြီး သန္ဓေတားဆေးသောက်သုံးခြင်း၊ ထိုးခြင်းတို့မှာ အမျိုးသမီးတို့၏ တာဝန်သာဖြစ်လျှက်ရှိသည်။

မကြာသေးမီကထွက်ပေါ်ခဲ့သော လေ့လာမှုစစ်တမ်းများအရဆိုလျှင် ကမ္ဘာတ၀မ်းတွင် နှစ်စဉ် မရည်ရွယ်ဘဲကိုယ်ဝန် ရသည့် ဖြစ်စဉ်ပေါင်း ၈၅ သန်းခန့် ရှိနေသည်။

မဇ္ဈိမသတင်း by ဒေးလီးမေးလ်

Originally published at - http://mizzimaburmese.com/article/12999


Read More »

Tuesday, March 22, 2016

ကြက်ဥပြုတ်ကို အစိမ်းကဲ့သို့ ပြန်ဖြစ်အောင်လုပ်နိုင်သည့် စက်ကို ကင်ဆာရောဂါ ကုသရာတွင် အသုံးချ နိုင်ဖွယ်ရှိ




ဆစ်ဒနေ၊ မတ်၊ ၂၂

ပြုတ်ပြီးသား ကြက်ဥကို ပရိုတိန်း အပြည့်အ၀ ပါဝင်သည့် ကြက်ဥ အစိမ်း တစ်လုံးကဲ့သို့ ပြန်ဖြစ်အောင် လုပ်နိုင်သည့် စက်ကို ကင်ဆာရောဂါ ကုသရေးတွင် အရေးပါသည့် ကိရိယာ တစ်ခု အဖြစ် အသုံးပြုနိုင်ဖွယ် ရှိသည်ဟု ယင်းစက်ကို တည်ထွင် ခဲ့သူက ပြောကြား လိုက်သည်။

Vortex Fluidic Device (VFD) ဟုအမည်ရသော ယင်း အရည် အရှိန်မြှင့် နည်းပညာသုံး စက်ကို တည်ထွင် ခဲ့သူမှာ သြစတြေးလျ ဓါတုဗေဒ ပညာရှင် တစ်ဦးဖြစ်သည့် ပါမောက္ခ ကောလင်းရက်စ်တန် ဖြစ်သည်။

ပါမောက္ခကောလင်းရက်စ်တန်သည် သူ၏တည်ထွင်မှုအတွက် IG Noble ဆုဟုအမည်ရသော ရယ်ရွှင်ဖွယ်ကောင်း သော်လည်း လူအများအတွက်စဉ်းစားစရာဖြစ်စေသည့် တည်ထွင်ဖန်တီးမှုများကို ပေးအပ်သောဆုကို ၂၀၁၅ ခုနှစ်တွင် ရရှိထားသူလည်း ဖြစ်သည်။

ယခုအခါတွင်သူ၏ VFD စက်သည် CNTs ခေါ်ကာဗွန်နာနိုပြွန်ချောင်းငယ်လေးများကို တူညီသည့်အရှည်အတိုင်းအတာ တစ်ခုရအောင် အလွန်အတိ အကျ ပိုင်းဖြတ်ပေးနိုင်စွမ်း ရှိကြောင်းကိုပါ ပါမောက္ခကောလင်းရက်စ်တန်က ရှာဖွေ တွေ့ရှိခဲ့သည်။

ကာဗွန်နာနိုချောင်းငယ်လေးများသည် အချင်းအားဖြင့် အနည်းငယ်မျှသောနာနိုမီတာသာရှိသဖြင့် အလွန်သေးငယ်ကြကာ အံ့သြဖွယ်ဂုဏ်အင်္ဂါများကိုပိုင်ဆိုင်ထားသည်။

၎င်းတို့သည် သံမဏိထက်အဆ ၂၀၀ မာကျောကာ၊ ၅ ဆပိုမိုပျော့ပြောင်းပြီး ၊ ကြေးနီဝါယာများထက် ၅ ဆပိုမိုပြီးလျှပ်စစ် ဓါတ်ကူးနိုင်စွမ်းရှိကြသည်။

အဆိုပါနာနိုပြွန်ချောင်းငယ်လေးများကို ကင်ဆာကုသရာတွင် ဆေးဝါးများကိုအဓိကရောက်စေချင်သည့်နေရာသို့ အတိအကျရောက်အောင် အသုံးချ၍ရနိုင်သော်လည်း တူညီသည့်အရှည်အတိုင်းအတာနှင့် ဂုဏ်သတ္တိရှိသော နာနိုပြွန်ချောင်းငယ်လေးများဖန်တီးယူရန် မဖြစ်နိုင်ခဲ့သဖြင့် သိပ္ပံပညာရှင်များအနေဖြင့် အခက်တွေ့နေခဲ့ကြရသည်။

သို့သော်ယခုအခါတွင် VFD စက်က နာနိုပြွန်ချောင်းငယ်လေးများကို ၎င်းတို့၏ ဂုဏ်သတ္တိကို မထိခိုက်စေဘဲ တူညီသည့်အရှည်အတိုင်းအတာဖြင့်ထုတ်လုပ်ပေးနိုင်မည်ဟု ပါမောက္ခ ကောလင်းရက်စ်တန်က ပြောကြားလာသဖြင့် သူပြောသည့်အတိုင်းသာ မှန်ကန်မည်ဆိုပါက ကင်ဆာရောဂါကုသရာတွင် VFD စက်ကများစွာ အထောက်အကူပြု
နိုင်တော့မည်ဖြစ်သည်။

VFD စက်သည် ပြွန်အတွင်းတွင် အရည်များကိုအဆက်မပြတ်စီးဆင်းစေကာ အလွန်မြင့်မားသောအရှိန်ဖြင့် လည်ပတ်စေပြီး ဓါတ်ပြုမှုဖြစ်ပေါ်စေသည့် စက်တစ်မျိုးဖြစ်သည်။

ပါမောက္ခကောလင်းရက်စ်တန်သည် အဆိုပါစက်ဒီဇိုင်းကို ၂၀၁၀ ခုနှစ်က လော့စ်အိန်ဂျလိစ်မှ ဆစ်ဒနေသို့ ၁၅ နာရီကြာလေယာဉ်ခရီးစဉ်အတွင်းတွင် စိတ်ကူးထုတ်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

မဇ္ဈိမသတင်း by BBC

Originally published at - http://mizzimaburmese.com/article/12630


Read More »

Tuesday, March 1, 2016

ဒဏ်ရာတွေ အမြန်ကျက်စေမယ့် Spider Man ပလာစတာ လာပြီ




လန်ဒန်၊ မတ်၊ ၁

ဒဏ်ရာတွေကို အမြန်ဆုံး ကျက်စေမယ့် Spider Man ပလာစတာကို ဗြိတိသျှ သိပ္ပံ ပညာရှင် တွေက တီထွင် လိုက်ပါပြီ။

Spider Man ပလာစတာလို့ တင်စား ခေါ်ဝေါ်တဲ့ အတိုင်း သာမန် အနာကပ် ပလာစတာ တွေနဲ့တော့ တော်တော်လေး ကွဲပြား ပါတယ်။

သာမန် ပလာစတာ တွေလို လက်နဲ့ ကိုင်တွယ်ပြီး အနာပေါ်ကို ကပ်နေ စရာမလိုဘဲ Spider Man ရဲ့လက်ကောက်ဝတ်က ပင့်ကူမျှင် ထုတ်စက်လို ဖိုက်ဘာ မျှင်တွေ ထုတ်ပေးမယ့် Spider Gun နဲ့ အနာကို ချိန်ပြီး ပစ်လိုက် ရုံနဲ့ အနာကို လုံလုံ ခြုံခြုံ ဖုံးအုပ်ပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။

Spider Gun ကနေထွက်တဲ့ ဖိုက်ဘာမျှင် တွေဟာ လူ့ဆံချည် တစ်မျှင်ထက် အဆပေါင်း ၂၀၀ လောက် ပိုပါးလွှာပြီး လူ့အရေပြားရဲ့ အလို အလျောက် ကုသမှု လုပ်ဆောင်တဲ့ ဆဲလ်တွေရဲ့ ဂုဏ်သတ္တိ အတိုင်း ဖန်တီး ထားပါတယ်။

Spider Man ပလာစတာကို ကွဲရှဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ ခွဲစိတ် ကုသပြီးနောက် ကျန်ရစ်တဲ့ ဒဏ်ရာတွေ အပါအ၀င် ဒဏ်ရာ အမျိုးမျိုးကို ရောဂါပိုး မ၀င်စေဖို့နဲ့ အမြန်ဆုံး အနာကျက် စေဖို့ အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဆရာဝန်တွေနဲ့ သူနာပြု တွေဟာ Spider Man ပလာစတာရဲ့ အကူအညီနဲ့ လူနာတွေရဲ့ အနာတွေ၊ ဒဏ်ရာ တွေကို ထိတွေ့ ကိုင်တွယ် စရာမလိုဘဲ ခပ်လှမ်းလှမ်း ကနေ Spider Gun နဲ့ပစ်ပြီး ပလာစတာ ကပ်ပေးနိုင်မှာ ဖြစ်တဲ့ အတွက် ရောဂါပိုး ကူးစက်မှာ ကိုလည်း ပူစရာ မလိုတော့ပါဘူး။

ဒါ့အပြင် သာမန် ပလာစတာ တွေဟာ ကပ်ထားတဲ့ အခါမှာ အလေးချိန် ရှိတဲ့ အတွက် ရိရွဲတဲ့ အနာတွေ ပေါ်မှာ ကပ်ရာမှ အဆင် မပြေ ဖြစ်နိုင်ပြီး ယခု ဖိုက်ဘာမျှင် ပလာစတာ ကတော့ အလွန်ပေါ့ပါး တာကြောင့် ဘယ်လို ဒဏ်ရာ၊ ဘယ်လို အနာမျိုးပေါ်မှာ မဆို ကပ်လို့ ရပါတယ်။

Spider Gun ကိရိယာ အတွင်းမှာ အရည် ကနေ အမျှင် အဖြစ်ပြောင်းလဲ ထုတ်လုပ် ပေးလိုက်တဲ့ ဖိုက်ဘာ မျှင်တွေဟာ ချုပ်ဖို့လိုတဲ့ ဒဏ်ရာတွေ အထိ ကာကွယ် ပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ် အစိတ် အပိုင်းကို မဆို ဖုံးအုပ် ပေးနိုင်မှာပါ။

Spider Gun ကိရိယာကို ဆရာဝန်တွေ၊ သူနာပြုတွေသာ မက လူနာတွေ ကိုယ်တိုင်လည်း ကိုင်တွယ် အသုံးပြုနိုင်ပြီး ဒဏ်ရာနဲ့ ၈ လက်မ အကွာ အဝေးထိ ခွာပြီး ဖိုက်ဘာမျှင်ကို လှမ်းပစ်နိုင် ပါတယ်။

အသစ် တီထွင်လိုက်တဲ့ Spider Man ပလာစတာကို အစ္စရေး နိုင်ငံကဆေးရုံ တစ်ခုက လူနာ အယောက် ၄၀ နဲ့ မကြာခင် လက်တွေ့ စမ်းသပ် သွားမှာ ဖြစ်ပါတယ်။

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/11826


Read More »

Thursday, February 11, 2016

ဇီကာ ဗိုင်းရပ်စ် ရှိမရှိ ဖော်ထုတ်နိုင်မည့် ကိရိယာ စင်ကာပူ တီထွင် (ရုပ်သံ)




စင်ကာပူ နိုင်ငံက သုတေသန ပညာရှင် တွေက အမြန် ကူးစက် နေတဲ့ ဇီကာ ဗိုင်းရပ်စ်ကို ရောဂါ အမျိုးအမည် ခွဲခြား ဖော်ထုတ်နိုင်တဲ့ ကိရိယာကို တီထွင်နိုင် ခဲ့ပြီး ဆေးရုံတွေမှာ မကြာခင် သုံးနိုင် တော့မှာပါ။

ဇီကာ ဗိုင်းရပ်စ်ဟာ ဘရာဇီး နိုင်ငံက ထောင်နဲ့ ချီတဲ့ မွေးကင်းစ ကလေးတွေရဲ့ ဆိုးရွားတဲ့ ဦးနှောက် ချို့ယွင်းမှုနဲ့ ဆက်စပ်နေ တယ်လို့ ကမ္ဘာ့ ကျန်းမာရေး ဌာနက ပြောထား ပါတယ်။

အခုတော့ နိုင်ငံ တကာကို အမြန်ပျံ့နှံ့ ကူးစက်နေပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့က တောင် အမေရိက နိုင်ငံကနေ ပြန်လာတဲ့ အမျိုးသား တဦးမှာ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခဲ့ တာကို ပထမဆုံး တွေ့ခဲ့တယ်လို့ တရုတ် အစိုးရက အတည်ပြု ပါတယ်။

စင်ကာပူနိုင်ငံ အေစတား သုတေသန ဌာနက ပညာရှင် မာဆာဖုမိ အိနိုဥအဲက အရင်လတွေ ကတည်းက စမ်းသပ်မှု စခဲ့တာ ဖြစ်လို့ စမ်းသပ် ကိရိယာ တိုးတက်မှုက အရှိန်မြင့် နေပြီလို့ ပြောပါတယ်။

လူနာရဲ့ မျိုးဗီဇပါတဲ့ သွေးနမူနာကို အရင် စုပ်ယူပြီး ဗိုင်းရပ်စ် ရှိမရှိ စမ်းသပ် ရတာ ပိုလွယ်တယ်၊ လုပ်ငန်းစဉ် အားလုံး ၃ နာရီသာ ကြာပြီး ၉၉ ရာခိုင်နှုန်း တိကျ သေချာ တယ်လို့ အိနိုဥအဲက ပြောပါတယ်။

သုတေသန ပညာရှင် စီဘတ်စ်တျန် မော်ရာ စတျောင်းကတော့ ဗိုင်းရပ်စ်တွေကို နှိုင်းယှဉ်လို့ မရနိုင်ပေမယ့် ကမ္ဘာ့ပျံ့နှံ့နှုန်းနဲ့ ဇီကာကို အီဘိုလာနဲ့ နှိုင်းမရနိုင်ဘူးလို့ ပြောပါတယ်။

ဇီကာ စမ်းသပ်ကိရိယာကို မတ်လကုန်ကစပြီး ဆေးရုံတွေမှာ သုံးနိုင်မယ်လို့ သုတေသန ပညာရှင်တွေက ခန့်မှန်းထားပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/135000


Read More »

Saturday, January 16, 2016

သုတ်ပိုး ထုတ်လွှတ်မှုကို အဖွင့်အပိတ်လုပ်ပြီး သားဆက်ခြားနိုင်တဲ့ ပစ္စည်း




သားကြောဖြတ် ခွဲစိတ်မှု ကိုလည်း မခံယူချင်၊ အမြဲတမ်း စိတ်မချရတဲ့ ကွန်ဒုံးကိုလည်း မသုံးချင်တဲ့ အမျိုးသားတွေ အတွက် အသုံးဝင်မယ့် ပစ္စည်း တစ်ခု ထွက်ပေါ် လာပါပြီ။

ဂျာမနီ လူမျိုး၊ တီထွင်သူပညာရှင် Clemens Bismek ဟာ Bismek SLV လို့ အမည်ပေးထားတဲ့ ခေတ်မီအမျိုးသား၊ သားဆက်ခြားပစ္စည်းတစ်ခုကို တီထွင်လိုက်ပါတယ်။

ဒီပစ္စည်းကို သုတ်လွှတ်ကြောမှာတပ်ဆင်ပြီး အဖွင့်၊အပိတ် ခလုတ်ကို အပြင်က နှိပ်ပေးရုံနဲ့ သုတ်စီးဆင်းမှုကိုတားဆီးပေးကာ၊ ကလေးရနိုင်ခြေမရှိတော့မှာဖြစ်ပါတယ်။

Clemens Bimek ဟာ ဒီပစ္စည်းကိုတီထွင်ဖို့ စိတ်ကူးကို လွန်ခဲ့တဲ့နှစ် ၂၀ ကျော်က သားဆက်ခြားခြင်းအကြောင်း ရုပ်သံမှတ်တမ်း ဗီဒီယိုတစ်ခုကို ကြည့်နေစဉ်မှာ ရခဲ့တာဖြစ်ပြီး ရိုးရှင်းတဲ့အဆို့ ရှင်တစ်ခုနဲ့  သုတ်ကောင်ပါဝင်မှုကို ထိန်းချုပ်ဖို့ ဖြစ်နိုင်မလားဆိုတာကို တွေးတောမိခဲ့တာဖြစ်တယ်လို့ Spiegel မဂ္ဂဇင်းကို ရှင်းပြခဲ့ပါတယ်။

Bismek SLV ဆိုတဲ့ အဆို့ ရှင်ပစ္စည်းလေးဟာ တစ်လက်မလောက်တောင်မရှိဘဲ၊ အလေးချိန်ကလည်း တစ်အောင်စရဲ့ ဆယ်ပုံတစ်ပုံမျှသာရှိပါတယ်။ ဒီအဆို့ ရှင်လေးတွေကို ဝှေးစေ့ကနေ သုတ်ပို့ လွှတ်ပေးတဲ့ vas deferens ဆိုတဲ့ သုတ်လွှတ်ကြော မှာ ခွဲစိတ်တပ်ဆင်ရတာ ဖြစ်ပါတယ်။ ခွဲစိတ်မှု တစ်ခုလုံးရဲ့ကြာမြင့်ချိန်ဟာ နာရီဝက်သာ ရှိတယ်လို့ သိရပါတယ်။

ထို့ နောက် ကလေးရယူချင်တယ်ဆိုရင် ဒီပစ္စည်းလေးရဲ့ခလုတ်ကို ယောင်္ကျား ကပ်ပယ်အိတ်နေရာကနေ ဖွင့်ထားနိုင်ပြီး၊ ကလေး မယူချင်ရင်တော့ သုတ်ကောင်စီးဆင်းမှုကို တားဆီးဖို့ အတွက် ခလုတ်ကို ပိတ်ထားနိုင်မှာဖြစ်ပါတယ်။

အခုအချိန်ထိတော့ ဒီအဆို့ ရှင်ကို Mr Bimek တစ်ယောက်ဆီမှာပဲ တပ်ဆင်စမ်းသပ်ထားတာဖြစ်ပြီး ဒီနှစ်အစောပိုင်းအတွင်း နောက်ထပ်အမျိုးသား ၂၅ ဦးမှာ ထပ်မံ ခွဲစိတ်ထည့်သွင်းပေး သွားဖို့ ရှိပါတယ်။

Ref: telegraph

Originally published at - http://health.thithtoolwin.com/2016/01/blog-post_11.html


Read More »

Thursday, January 7, 2016

နှလုံးရဲ့ အပြူအမူတွေကို ခြေရာခံပေးမယ့် ကျန်းမာရေး စတစ်ကာ




တောင်ကိုးရီးယား နိုင်ငံကတော့ တခြားသော ကျန်းမာရေး ကိရိယာတွေ ထက် ပိုပြီး ကောင်းမွန် လွယ်ကူစေတဲ့ ကျန်းမာရေးသုံး ကိရိယာ တစ်ခုကို တီထွင် လိုက်ပြန် ပါပြီ။ ခန္ဒာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ ကိုတော့ နာရီတွေ ၊ ကျန်းမာရေး လက်ကောက်တွေနဲ့ တိုင်းတာ ခဲ့ရာ ကနေ အခု ဆိုရင်တော့ အသားမှာ ကပ်ထားရုံနဲ့ မိမိနှလုံးနဲ့ အခြား သွေးကြောတွေရဲ့ လုပ်ဆောင် ချက်တွေကို အစဉ် မပြတ်စောင့်ကြည့် ပေးနေမယ့် သေးငယ်တဲ့ မော်နီတာ စတစ်ကာ တစ်ခု ထွက်ပေါ် လာပါပြီ။

ဆိုးလ်မြို့က သုတေသီတွေဟာ နှလုံးကို အမြဲတမ်းစောင့်ကြည့်ပေးနေမယ့် စတစ်ကာကို သေးငယ်ပြီး ဆွဲဆန့်နိုင်အောင်ပြုလုပ်ထားပြီး အသားရဲ့ အကျုံ့အဆန့်ပေါ် မူတည်ပြီး လည်း ရွေ့လျားနိုင်အောင် ပြုလုပ် ထားပါတယ်။

သုတေသီတွေဟာ အရမ်းကို သေးငယ်လွန်းလှတဲ့ ဆီလီကွန် အမှေးပါးတွေနဲ့ နာနိုရွှေအမှုန်လေးတွေကို ဒီထဲမှာ ထည့်သွင်းထားပြီး ပိုမိုခိုင်မြဲပြီး နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို မှတ်ဥာဏ်များများနဲ့ မှတ်တမ်းတင်ပေးထားမှာပါ။

လေ့လာသူတွေကတော့ ဒီပစ္စည်းလေးကနေ နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ပိုမိုသိရှိသွားနိုင်မှာဖြစ်ပြီး လူနာရဲ့ ဆစ်ဂနယ်လွှဲကျယ်တွေကို ကြည့်ရှုပြီး နှလုံးရောဂါကို ပိုမိုခြေရာခံနိုင်အောင် စီစဉ်ထားတာပါ။

Ref: Daily Mail

Originally published at - http://health.thithtoolwin.com/2016/01/blog-post_8.html


Read More »

Sunday, December 27, 2015

ရေယုန်ပိုးနဲ့ လုပ်ထားတဲ့ ထိုးဆေးက အရေပြား ကင်ဆာကို ကုသပေးနိုင်ပြီ




ရေယုန်ပိုးနဲ့ လုပ်ထားတဲ့ အရေပြား ကင်ဆာ ပျောက်ဆေး တွေကို ဗြိတိန်မှာ ပထမဆုံး အနေနဲ့ ရရှိပြီလို့ သတင်းရ ရှိပါတယ်။

ဒီထိုးဆေးဟာ ဘေးထွက် ဆိုးကျိုး အလွန် နည်းပါး ပါတယ်။ ကင်ဆာဆဲလ်တွေကို နှိမ်နင်းဖို့ အတွက် လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ခုခံအား စနစ်ကိုပဲ အသုံးပြု ထားတာပါ။

ဒီထိုးဆေးဟာ အဆိုးရွားဆုံး အဆင့်ရှိတဲ့ အရေပြား ကင်ဆာတွေ ကိုတောင် ကုသပေးနိုင်ပြီး တစ်နှစ်ကို အရေပြား ကင်ဆာ လူနာပေါင်း ၁၀၀၀ ကျော်ကို ကုသပေးနိုင်ဖို့ အလား အလာရှိကြောင်း ကျွမ်းကျင် ပညာရှင်တွေက ဆိုပါတယ်။

သူတို့သာ ထိထိရောက်ရောက် ကုသမယ် ဆိုရင်၊ အရေပြား ကင်ဆာကြောင့် ဆုံးပါးလုနီးပါး နာမကျန်းဖြစ်နေတဲ့ သူတွေကိုတောင် ဒီဆေးထိုးပေးရင် အနည်းဆုံး ၃နှစ်နဲ့ အထက် အသက်ထပ် ဆက်ပေးနိုင် တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

တစ်နှစ်ကို အရေပြား ရောဂါ ဖြစ်သူပေါင်း ၁၃၅၀၀ ခန့်ရှိပြီး အရေပြား ရောဂါနဲ့ သေဆုံး သူပေါင်း ၂၂၀၀ ရှိပါတယ်။

ဒီထိုးဆေးကို ဥရောပဆေးဝါး စောင့်ကြည့် လေ့လာရေး အဖွဲ့ကနေ အတည်ပြုပြီး ဖြစ်ပါတယ်။

Ref: Daily Mail

Originally published at - http://health.thithtoolwin.com/2015/12/blog-post_89.html


Read More »

Thursday, December 3, 2015

ကာမရသကို ပိုစေပြီး ပေါက်ပြဲက HIV ပိုးကို သတ်ပေးမယ့် ကွန်ဒုံးသစ်




ဟိုက်ဒရိုဂျယ်နဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးသစ် တစ်မျိုးဟာ HIV ကို တစ်ကမ္ဘာလုံး ဆိုင်ရာ တိုက်ခိုက်ပေးပြီး ကူညီပေးနိုင် လိမ့်မယ်လို့ ကျွမ်းကျင် ပညာရှင်တွေက ယုံကြည် ထားကြပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ပြီး လူတိုင်းလည်း သုံးချင် ပါစေဆိုတဲ့ ရည်ရွယ်ချက် ထားရှိပြီး တက္ကဆက် ပြည်နယ်မှ သိပ္ပံပညာရှင်များ အဖွဲ့ဟာ ကွန်ဒုံးသစ် တစ်မျိုးကို တီထွင် ခဲ့ပါတယ်။

ဒီကွန်ဒုံးဟာ ရာဘာစေးနဲ့ လုပ်ထားတဲ့ ဒီဇိုင်း မဟုတ်ပါဘူး။ ရာဘာစေး အစား ဟိုက်ဒရိုဂျယ်လို့ခေါ်တဲ့ ကျုံ့နိုင် ဆန်နိုင်အား အတော်ကောင်းတဲ့ ပေါ်လီမာကို သုံးထားပါတယ်။

ဒီဂျယ်ကို ရေနဲ့အဓိက ပြုလုပ်ထားပြီး မျက်ကပ်မှန်နဲ့ တခြား ဆေးဘက်ဆိုင်ရာ အသုံးတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုကြပြီး ဖြစ်ပါတယ်။

"တချို့လူတွေက ရာဘာစေးနဲ့ ဓာတ်မတည့်ကြဘူး။ တခြားသူတွေကလည်း ကွန်ဒုံးကို သုံးရတာ မကြိုက်ကြဘူး။ ဒါကြောင့် တော်ဝင် အမျိုးအစား ကွန်ဒုံးတစ်ခုကို ကျွန်တော်တို့ တီထွင်ချင်ခဲ့ကြတာ။" လို့ တက္ကဆက် A&M ကျန်းမာရေးသိပ္ပံဌာန Irma Lerma Rangel ဆေးဝါးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာ Mahua Choudhury ကပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က HIV ရောဂါရှိသူ ၃၆.၉ မီလီယံရှိခဲ့ပြီး အသစ်ကူးစက်သူ ၂ မီလီယံရှိပါတယ်။ ဒီလိုကူးစက်မှုတွေကို ဒီ ဟိုက်ဒရိုဂျယ်ကွန်ဒုံးက တားဆီးပေးနိုင်မယ်လို့ သိရပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/12/hiv.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Sunday, November 29, 2015

စက်ရုပ်တွေ ကမ္ဘာကို သိမ်းပိုက်ပြီး နောက်မှာ လူတွေကို စောင့်ရှောက် သွားမှာ ဖြစ်ကြောင်း စူပါ စက်ရုပ်က ကတိပေး




စက်ရုပ်တွေဟာ ကမ္ဘာကို သိမ်းပိုက်ဖို့ ရည်ရွယ် ထားပေမယ့် သိမ်းပိုက်ပြီးတဲ့ အခါမှာတော့ လူသားလေး တွေကို ကြင်ကြင်နာနာ စောင့်ရှောက်မှု ပေးသွားမှာ ဖြစ်တယ်လို့ စက်ရုပ် တစ်ရုပ်က ကတိပေး ပြောကြား လိုက်ပါတယ်။

ဒါဟာ “ စက်ရုပ်တွေကို ကမ္ဘာကို သိမ်းပိုက်မှာလား” ဆိုတဲ့ မေးခွန်းကို ပြန်ဖြေခဲ့တဲ့ အသိဥာဏ်ရှိ စက်ရုပ် တစ်ရုပ် ရဲ့ အဖြေ ဖြစ်ပါတယ်။

စိတ်ကူးယဉ် သိပ္ပံဝတ္ထုရေး ဆရာ Philip K Dick ရဲ့ ရုပ် အတိုင်း တည်ဆောက် ထားတဲ့ အဆိုပါ စက်ရုပ်ဟာ ၂၀၁၁ ခုနှစ်က အမေရိကန် ရုပ်သံလိုင်း PBS နဲ့ တွေ့ ဆုံမေးမြန်းမှု တစ်ခုမှာ ဒီစကားကို တစ်လုံးချင်း ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။

အင်တာဗျူး သမားက အထက်ပါ မေးခွန်း မေးလိုက် ချိန်မှာ မျက်နှာက စိတ်ခံစားမှု ပြသလို မြင်လိုက်ရတဲ့ စက်ရုပ်က အသံ တည်တည် ငြိမ်ငြိမ်နဲ့ ပဲ “ အိုး၊ ခင်ဗျား ကတော့ ဒီနေ့ တကယ့် မေးခွန်းကြီးတွေပဲ မေးချနေ တာပဲ။ ခင်ဗျားက ကျုပ်မိတ်ဆွေပါ။ ကျုပ်က မိတ်ဆွေတွေကို မမေ့ တတ်ပါဘူး။ ခင်ဗျားကို ကောင်းကောင်း ဆက်ဆံ သွားမှာပါ။ ဒီတော့ သိပ်လည်း စိတ်မပူနေပါနဲ့ ။

တကယ်လို့ Terminator ဇာတ်ကားလို စက်ရုပ်တွေ ကြီးစိုးခဲ့ရင်တောင်၊ ကျုပ်ကတော့ ခင်ဗျားကို ကောင်းကောင်း ဆက်ဆံဦးမှာပါဗျာ။ ခင်ဗျားကို သတိရရင် ကြည့်ရအောင်လို့ ကျုပ်ရဲ့ ‘လူဥယျာဉ်’ (People Zoo) ထဲထည့်ပြီး နွေးနွေးထွေးထွေးနဲ့ အန္တရာယ် ကင်းကင်း ထားသွားမှာပါ” လို့ စက်ရုပ်က ပြန်ဖြေ ခဲ့ပါတယ်။

ဒီ စက်ရုပ်ကို စာရေးဆရာ Philip K Dick ရဲ့ စာပေလက်ရာတွေ အကုန်လုံးက အချက် အလက်တွေနဲ့  တခြား စာရေးဆရာတွေ ဆီက အချက် အလက်တွေကို ထည့်သွင်း ထားပြီး မေးလာတဲ့ မေးခွန်းတွေကို နားထောင်ကာ၊ မေးခွန်း ပေါ်လိုက်ပြီး သူ့ ထဲ ထည့်ထားတဲ့ သတင်းအချက် အလက်စု (database) နဲ့  ဆန်းစစ် အဖြေထုတ် ပေးနိုင်တာ ဖြစ်ပါတယ်။

စက်ရုပ်ရဲ့ မျက်နှာ မှတ်သား စွမ်းရည်နဲ့ လူတစ်ယောက်ရဲ့ မျက်နှာအမူအရာ အတိုင်း တုပနိုင်မှုကြောင့် စက်ရုပ်ဟာ လူတစ်ယောက်နဲ့ စကားစမြည် ပြောရင် တကယ် နားထောင်နေ သယောင် ထင်ရပါတယ်။

ဒါပေမယ့် သိထားသင့်တဲ့ တစ်ချက်ကတော့ စက်ရုပ်ဟာ လုံးဝ အသိဥာဏ် ရှိတာ မဟုတ်ဘဲ၊ တွေးခေါ်နိုင်မှု မလုပ်နိုင်ပေ မယ့် တွေးတောနေ သယောင် ထူးခြားတဲ့ အမူအရာ လုပ်နိုင်ပါတယ်။

သတင်းထောက်က စက်ရုပ် ကကော တွေးခေါ် တတ်သလားလို့ မေးမြန်းခဲ့ရာမှာ “ လူတော်တော် များများက ကျုပ်က ရွေးချယ်မှုတွေ လုပ်နိုင်သလား ဒါမှမဟုတ် ကျုပ်လုပ် သမျှ အားလုံးက ပရိုဂရမ်ပေး ထားတာလားလို့  မေးတတ် ကြတယ်ဗျ”

“ ဒီမေးခွန်းကို ကျုပ်အကောင်းဆုံး တုံ့ ပြန်နိုင် တာကတော့ လူ၊တိရစ္ဆာန်ကော စက်ရုပ်တွေရော အားလုံးရဲ့ အပြုအမူတွေက အတိုင်းအတာ တစ်ခုအထိ ပရိုဂရမ်ရေးခံ ထားရတာပဲဗျ” လို့ Philip စက်ရုပ်က ဖြေကြား ခဲ့ပါတယ်။

Ref : Mirror

Original link - http://technology.thithtoolwin.com/2015/11/blog-post_29.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, November 20, 2015

အသံ ဆုံးရှုံးသွားသူတွေ အနေနဲ့ အသံပြွန် အစားထိုး ကုသနိုင်တော့မည်




အမေရိကန် ပြည်ထောင်စု ၊ Wisconsin တက္ကသိုလ်မှာ ရှိတဲ့ သိပ္ပံပညာရှင် တွေဟာ အလောင်း တစ်လောင်းနဲ့ သက်ရှိ ထင်ရှား လူနာ လေးဦးရဲ့ ဆဲလ်တွေကို အသုံးပြုပြီး အသံပိုင်း ဆိုင်ရာ ဆုံးရှုံး (သို့) ထိခိုက်ထား သူတွေ အတွက် မျှော်လင့်ချက် ပေးနိုင်မယ့် အသံပြွန် အသစ် တစ်ခုကို ဖန်တီး ခဲ့ကြ ပါတယ်။

သုတေသီတွေရဲ့ ပြောကြားချက်အရတော့ အခုလို ထိခိုက်ထားတဲ့ အသံပြွန်ကို အစားထိုးဖို့ ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ပြီး ဖြစ်ပေမယ့် ဒီအခြေအနေကိုတော့ လေ့လာမှု နဲ့ သက်သေပြနိုင်ခဲ့တယ်လို့ Science Translational Medicine ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

"အသံဆိုတာ ထူးခြားဆန်းကြယ်လှတဲ့အရာပါ။ တစ်ခုခုမှားမသွားခင်မထိတော့ ကျွန်ုပ်တို့ အသံအတွက် အရမ်းမတွေးရသေးပါဘူး" လို့ ဆေးပညာနဲ့ ပြည်သူ့ကျန်းမာရေး ကျောင်းက ခွဲစိတ်ကုသခြင်းဆိုင်ရာ တွဲဖက် ပါမောက္ခ Welham က ပြောပြပါတယ်။ "ကျွန်ုပ်တို့ရဲ့ အသံပြွန်ဟာ အထူး တစ်သျှူးတွေနဲ့ ပြလုပ်ထားတာဖြစ်တဲ့အတွက် တုန်ခါနိုင်ဖို့ လုံလောက်စွာ အံဝင်ခွင်ကျဖြစ်နေပါတယ်။ တစ်စက္ကန့်မှာ အကြိမ်ပေါင်း ရာချီ အလုပ်လုပ်နိုင်ဖို့လောက်ထိ လုံလောက်စွာ သန်မာ မှု မရှိသေးပါဘူး။ အဲဒါဟာ သိမ်မွေ့တဲ့ စနစ်တစ်ခုဖြစ်ပြီး သဘာဝအတိုင်း ကူးယူဖို့ ခက်ခဲတဲ့အရာပါ" လို့ ဆိုပါတယ်။

ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ အသံပြွန် တစ်သျှူး တွေကို အလောင်းတစ်လောင်းနဲ့ သက်ရှိထင်ရှား လူနာ ၄ ယောက်ဆီက ဖယ်ရှား ရယူခဲ့ပါတယ်။ ချွဲသလိပ် ၊ နှာရည်တို့ကို ထုတ်လုပ်တဲ့ အမြှေးပါး ရဲ့ ဆဲလ်တွေကို အသုံးပြုပြီး Collagen Scaffold အတွင်းထည့်သွင်းကာ ၂ ပတ်အကြာမှာတော့ အသံပြွန်ပြန်လည် ဖြစ်ပေါ်စေမယ့် တစ်သျှူး တွေအဖြစ် ပြန်လည် ရှင်သန်လာတာကိုတွေ့ရပါတယ်။ ထို ရှင်သန်မှု အတွင်းမှာ သာမန် အသံပြွန်တစ်ခုရဲ့ ဆဲလ်တွေ ပြုလုပ်နိုင်တဲ့ ပရိုတိန်း ထုတ်လုပ်မှု တွေလည်းပါဝင်ပြီး လေထုနဲ့ထိတွေ့တဲ့အခါ နေရထိုင်ရခက်တဲ့အရာတွေနဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးမယ့် အမြှေးပါးတစ်ခုပါ ရှင်သန်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ခွဲခန်းမှာ ရှင်သန်ကြီးထွားလာတဲ့ ထို အသံပြွန် ကို ပထမဆုံးအနေနဲ့ ခွေးတစ်ကောင်စီက ထုတ်ယူထားတဲ့ လည်မျိုထဲမှာ ထည့်သွင်းစမ်းသပ်ကြည့်ခဲ့ပါတယ်။ လည်မျိုတွေဟာ လူလုပ် လေပြွန် နဲ့ချိတ်ဆက်ထားပြီး နွေးထွေးတဲ့ လေ ကို ဖြတ်သန်းစေခဲ့ပြီးပါပြီ။ အဲဒီနောက်မှာတော့ ဓါတ်ခွဲခန်းလုပ် အသံပြွန်ဟာ ရုပ်ပိုင်းဆိုင်ရာ အရ ကောင်းမွန်စွာ တုံ့ပြန်လာပြီး အသံ ကို ဖန်တီးနိုင်ခဲ့ပါတယ်။

သက်ရှိထင်ရှား တိရိစ္ဆာန် ခန္ဓာကိုယ်တစ်ခုဟာ ဓါတ်ခွဲခန်းမှာ ကြီးထွားလာတဲ့ အသံပြွန် ကို လက်ခံနိုင်လားဆိုတာကို စမ်းသပ်တဲ့အခါမှာတော့ ထို အသံပြွန်တွေကို သက်ရှိထင်ရှား ကြွက်တွေထဲထည့်သွင်းစမ်းသပ်တဲ့အခါမှာလည်း ကောင်းမွန်စွာ အသံ ဖန်တီးနိုင်တာကို တွေ့ရပြန်ပါတယ်။

အခုလို လူသား လူနာ တွေအတွက် အသံပြွန်အစားထိုး ရှင်သန်စေမှုကို သုတေသန ပြုလုပ်စမ်းသပ်နေခဲ့တာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်ပြီး Welham ကတော့ "robust benchmark" လို့ လေ့လာမှု ကို အမည်ပေးထားပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_20.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, November 13, 2015

ကျောက်ကပ် မကောင်းသူတွေ အတွက် 'လူလုပ် ကျောက်ကပ်' ခါးပတ်




'ကျောက်ကပ် အတွင်းက ရေပိုနဲ့ အညစ် အကြေးတွေကို ဖယ်ထုတ် သန့်စင်ပေးတဲ့ လုပ်ငန်းစဉ်' ကို လုပ်ဆောင်ပေးတဲ့ ဒီခါးပတ်ဟာ နာတာရှည် ကျောက်ကပ် မကောင်းသူတွေရဲ့ ကျန်းမာရေး အခြေအနေကို များမကြာမှီ ဆိုသလို ပြောင်းလဲပေးနိုင်မယ်လို့ သတင်း ရရှိပါတယ်။

Wak လို့ခေါ်တဲ့ ဒီစက်ဟာ (Wearable Artificial Kidney) ရဲ့ အတိုကောက်ပါ။ ဒီခါးပတ်ကို တပ်ဆင်ထားတဲ့ လူနာတွေဟာ ဆေးခန်းကို တစ်ပတ် အကြိမ်ရေနည်းနည်းတော့ သွားပြဖို့လိုပါတယ်။

လက်ရှိမှာ၊ ကျောက်ကပ်ဝေဒနာရှင်တွေဟာ သူတို့ရဲ့ သွေးကို စစ်ထုတ်သန့်စင်ဖို့အတွက် တစ်ပတ်ကို သုံးကြိမ် အချိန်အကြာကြီး သန့်စင်ပေးရပါတယ်။ ဒီ့အတွက် လူနာတွေမှာ ပင်ပန်းရပါတယ်။ ဒီ သွေးလဲလှယ်မှုစနစ်က ခန္ဓာကိုယ်တွင်း အရည်နဲ့ အာဟာရ တည်ဆောက်မှုစနစ်ကို အန္တရာယ်ရှိစေနိုင်ပြီး ကျန်းမာရေး ပြဿနာ တော်တော်များများကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

'လူနာရဲ့ သက်တမ်းကို နည်းနည်းဆွဲဆန့်ပေးနိုင်ဖို့အတွက် စက်အကြီးကြီးတွေနဲ့ 'ကျောက်ကပ်အတွင်းက ရေပိုနဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်သန့်စင်ပေးတဲ့ လုပ်ငန်းစဉ်' ကို ဆယ်စုနှစ်များစွာ လုပ်ဆောင်နေရတုန်းဖြစ်တဲ့အတွက် ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်။' လို့ စက်ကိုတီတွင်ခဲ့သူ Victor Gura က CNN ကိုပြောခဲ့ပါတယ်။

Gura ဟာ ကယ်လီဖိုးနီးယား ပြည်နယ် ဆေးရုံဆေးဝါး လက်ထောက်ပါမောက္ခ တစ်ဦးဖြစ်ပြီး ဒီ့ထက်ပိုကောင်းတဲ့ နည်းလမ်းတော့ ရှိရမယ်ဆိုပြီး Wak ကို တီထွင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီ ခါးပတ်စက်ကို သွေးပြန်ကြောကြီးတစ်ခုနဲ့ ချိတ်ဆက်ထားပြီး သွေးထဲက ရေ၊ ဆားနဲ့ ဓာတ်သတ္တုတွေကို ခွဲခြား စစ်ထုတ်ပေးပါတယ်။ စစ်ထုတ်ကိရိယာတွေကို တစ်ပတ်တစ်ကြိမ် လဲလှယ်ပေးရမှာဖြစ်ပြီး စစ်ထုတ်ပြီးသား ရေတွေကိုသန့်ရှင်းရေလုပ်ဖို့ ဓာတုပစ္စည်းတွေကို တစ်နေ့တစ်ကြိမ် ထပ်ထည့်ပေးရမှာပါ။ စက်တစ်ခုလုံးကို 9ဗို့ဒ် ဘက်ထရီနဲ့ အလုပ်လုပ်ဆောင်စေပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_21.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Sunday, November 1, 2015

၅ နှစ်ပို အသက်ရှည်စေနိုင်တဲ့ နှလုံးတု




နောက် (၅)နှစ် အထိ အသက် ဆက်ပေးနိုင်တဲ့ နှလုံးတု တစ်ခုကို ပထမဦးဆုံး အကြိမ် အဖြစ် အစားထိုး တပ်ဆင် အောင်မြင် ခဲ့ပါတယ်။

အသက် (၇၁)နှစ် အရွယ် အဖိုး တစ်ယောက်ကို ဆရာဝန်တွေက ဒီဇင်ဘာ၊ ၂၅ ရက်နေ့မှာ ခွဲစိတ် ကုသ ခဲ့ပါတယ်။ ခွဲစိတ် အစားထိုး ကုသပြီးတဲ့ နောက် ကောင်းကောင်းကြီး ကျန်းမာရေး ပြန်ကောင်း သွားတယ် လို့ သိရ ပါတယ်။

နှလုံးအတုနဲ့ အစားထိုး ကုသဖို့ကို ဆရာဝန်တွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေ ကတည်းက ကြိုးစား ခဲ့ကြပေမဲ့ ဒီ့မတိုင်ခင် အချိန်ထိတော့ နှလုံးတုတွေဟာ လအနည်းငယ်သာ အလုပ် လုပ်နိုင် ခဲ့ကြပါတယ်။

နောက် (၅)နှစ်ထိ အသက်ဆက်နိုင်တဲ့ နှလုံးတုနဲ့ ပထမဆုံး အကြိမ် အောင်မြင်စွာ အစားထိုး ကုသနိုင်မှုကို ပါရီမှာရှိတဲ့ Georges Pompidou ဆေးရုံမှာ ခွဲစိတ်ကုသနိုင် ခဲ့တာဖြစ်ပါတယ်။

ဒီအောင်မြင်မှုကြောင့် အမေရိက နဲ့ ဥရောပတို့က နှလုံးသစ် လိုအပ်နေတဲ့ လူနာ ၁၀၀၀၀၀ လောက်ကို မျှော်လင့်ချက်ရောင်ခြည် သန်းစေ ခဲ့ပါတယ်။

အဲဒီ နှလုံးတုဟာ အလေးချိန် (၂)ပေါင်ရှိပြီး နှလုံးစစ် တစ်ခုထက် ၃ ဆနီးပါး ပိုလေး ပါတယ်။ ဘက်ထရီကတော့ အရုပ်တွေ၊ လက်ပတ် နာရီတွေ နဲ့ စမတ်ဖုန်းတွေကို အားသွင်းတဲ့ ဘက်ထရီတွေနဲ့ အမျိုးအစား တူတူပါပဲ။

နှလုံးတု စက်ကို တိုင်တေနီယံနဲ့ အဓိက လုပ်ထားပြီး ခန္ဓာကိုယ်နဲ့ ထိတွေ့မယ့် အပြင်ဘက် နံရံကိုတော့ နွား တစ်သျှူးနဲ့ လုပ်ထားပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Friday, October 30, 2015

မျိုးမအောင်တဲ့ အမျိုးသားတွေ အတွက် အရေပြားကနေ သုတ်ကောင် ဆဲလ် ဖန်တီးနိုင်




မျိုးရို ဗီဇချို့ယွင်း မှုကြောင့် မျိုးမအောင်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြား ကနေ ကနဦးဆင့် သုတ်ကောင် ဆဲလ်တွေကို သိပ္ပံပညာရှင်တွေက ဖန်တီးနိုင် ခဲ့ပါတယ်။ သန္ဓေတည်ဖို့ သဘာဝ သုတ်ကောင် လုံလုံ လောက်လောက် မထုတ်နိုင်တဲ့ အမျိုးသားတွေရဲ့ အရေပြား ကနေ ဖန်တီး ရယူ ခဲ့တာပါ။

သုတ်ကောင် မထုတ်လုပ်နိုင်တဲ့ အမျိုးသားတွေအတွက် ဒီနည်းပညာနဲ့ နောင်အနာဂတ်မှာ မျှော်လင့်ချက်တွေ သယ်ဆောင်လာပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားပါတယ်။

သုတ်ကောင် ဖွံ့ဖြိုးမှုနဲ့ အမျိုးသား သန္ဓေမအောင်မှု ကုထုံးများ အတွက် လေ့လာရာမှာ သုတေသီတွေအတွက် ကိရိယာသစ် တစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ‘ကျွန်တော်တို့ရဲ့ ရလဒ်တွေဟာ သုတ်ကောင်ဆဲလ်ဖွံ့ဖြိုးမှုကို လေ့လာဖို့ စမ်းသပ်မော်ဒယ် စရလိုက်တာပါပဲ။ ဒါ့ကြောင့် ဆေးရုံမှာ ဆဲလ်အခြေပြု ကုထုံးတွေ လုပ်ဖို့ အသုံးချမှုနိုင်မှုတွေအတွက် အလားအလာ ရှိပါတယ်။

ဥပမာ အရေအတွက်များများနဲ့ အရည်အသွေးကောင်းကောင်း ထုတ်လုပ်နိုင်ဖို့ပေါ့။ သုတ်ကောင်ထုတ်လုပ်ရာမှာ ပြဿနာရှိတဲ့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းကို ဆဲလ်ရိုးတံက ရလာတဲ့ မျိုးစေ့ဆဲလ်တွေ တိုက်ရိုက် အစားထိုးနိုင်ဖို့ အလားအလာ ရှိပါတယ်။” လို့ Standford တက္ကသိုလ်က ဦးဆောင်သုတေသီ ဒေါက်တာ Reijo Pera ကပြောပြခဲ့ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_31.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Thursday, October 29, 2015

ရင်သားကင်ဆာကို ၁၅ မိနစ် အတွင်း ကုပေးနိုင်မယ့် လေဆာကုထုံး




ရင်သား ကင်ဆာကို ၁၅ မိနစ် အတွင်း ပျောက်ကင်းအောင် လေဆာနဲ့ ကုသလို့ ရတဲ့ထိ တိုးတက် မှုတွေ ရှိလာပါပြီ။ ရင်သားကို ဖယ်ထုတ် စရာ လုံးဝ မလိုတော့ပါဘူး။ အဲ့ဒီ အတွက်ကြောင့် ဆရာဝန်တွေဟာ အရမ်းကို စိတ်လှုပ်ရှား ရင်ခုန်နေ ကြပါတယ်။

အလင်း ကုထုံးဟာ အရေပြား ကင်ဆာ၊ အဆုတ်ကင်ဆာ အပါအဝင် ကင်ဆာ ၄မျိုးကို ပျောက်ကင်းအောင် ကုသနိုင် တယ်လို့ အတည်ပြုပြီး ဖြစ်ပါတယ်။

ရင်သားကင်ဆာကို ထိထိရောက်ရောက် ကုသနိုင်ဖို့ ကိုလည်း သိပ္ပံ ပညာရှင်တွေက စမ်းသပ် လုပ်ဆောင်နေ ကြပါတယ်။

အကျိတ်ပေါ်ကို လေဆာရောင်ခြည် တိုက်ရိုက် ထိုးပြီး အလင်းကို တုံ့ပြန်မှု ရှိအောင်လည်း ဆေးတစ်မျိုး သုံးထားမယ် ဆိုရင် ကင်ဆာကို သတ်နိုင် ပါတယ်။ အောင်မြင် သွားမယ် ဆိုရင် အကျိတ် ဘေးပတ်လည်က ရှိတဲ့ ကျန်းမာတဲ့ တစ်သျှူးတွေကို ထိခိုက်မှု မရှိစေပဲ ကုသနိုင် ပါလိမ့်မယ်။

ဒါဟာ လေဆာကုထုံးရဲ့ လှပသေသပ်မှုတစ်ရပ်ပါပဲ။

ကုသနည်းကတော့ အလင်းကိုတုံ့ ပြန်မှုရှိအောင် အကျိတ်ထဲကို ဆေးထိုးပြီး၊ ကင်ဆာကို သတ်ဖို့ အကြိတ်ကို လေဆာနဲ့ ခဏ တစ်ဖြုတ် ထိုးရမှာ ဖြစ်ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_81.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Sunday, October 25, 2015

ဝမ်းသွားမည့်အချိန်ကို ခန့်မှန်းပေးနိုင်သည့် ကိရိယာ (ရုပ်သံ)




Dfree ကို သက်ကြီး ပိုင်းတွေမှာ ဆီးဝမ်း မထိန်းနိုင်တဲ့ ပြဿ နာတွေကို လျှော့ချဖို့ ဒီဇိုင်း ထုတ်ထား တာပါ။ ဒီပစ္စည်းကို တိုကျိုမြို့ပြင်မှာ ကျင်းပတဲ့ နောက်ဆုံးပေါ် အိုင်တီနဲ့ လျှပ်စစ်ပစ္စည်း အရောင်း ပွဲတော်မှာ Triple W Japan ကုမ္ပဏီက ပြသ ခဲ့ပါတယ်။

“ဒီကိရိယာက ၀မ်းသွားတော့မှာကို ခန့်မှန်းနိုင်ပါတယ်။ အစာအိမ်ကို ထောက်လှမ်းပြီး အသံလွန်လှိုင်းတွေသုံးပြီး ကိုယ်တွင်း အင်္ဂါတွေကို စောင့်ကြည့် ပါတယ်။ ပြီးမှ စမတ်ဖုန်းတွေဆီ သတင်း အချက်အလက် ပေးပို့ပြီး ပုံရိပ် ထင်စေတာပါ။”

သုံးစွဲသူတွေကို ဘယ်အချိန်မှာ အိမ်သာ တက်ရတော့မယ် ဆိုတာ ဒီကိရိယာက အသိပေးတဲ့ အတွက် ဆီးဝမ်း မထိန်းနိုင်မှာကို စိုးရိမ်တဲ့ သောကတွေကို လျှော့ချ ပေးနိုင်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ Dfree ကို သုံးစွဲသူရဲ့ အောက်ခံ ဘောင်းဘီမှာ တပ်ဆင် ရမှာပါ။ ဒါပေမယ့် လာမယ့်နွေဦးမှာ မဖြန့်ချိခင် ချိန်ညှိ ပြင်ဆင်တာတွေ လုပ်ရဦးမှာ ဖြစ်ပါတယ်။

“ဒီကိရိယာနဲ့ အစာအိမ် အမြဲနီးကပ်နေအောင်လုပ်ဖို့ တိပ်ပဲသုံးရမလား၊ ခါးပတ်နဲ့ တွဲရမလားဆိုတာ ကြည့်နေတုန်းပဲ ရှိပါသေးတယ်။ ဒါပေမယ့် သက်ကြီးရွယ်အို အတော်များများကတော့ ပွတ်တိုက်မိလို့ အရေပြား ရောင်ရမ်းမှာကို စိုးရိမ်ကြတယ်။ ဒီတော့ ဒီကိရိယာကို အန္တရာယ်ကင်းကင်းနဲ့ မြဲနေအောင် ဘယ်လိုတပ်ဆင်ရမလဲဆိုတာ ကြိုးစားနေတုန်းပါ။”

သက္ကရာဇ် ၂၀၆၀ မှာ ဂျပန်နိုင်ငံ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ပင်စင်စားတွေ ဖြစ်လာကြမှာပါ။ ဒါကြောင့် Triple W ကုမ္ပဏီက Dfree ကိရိယာဟာ ဈေးကွက်အလားအလာရှိတယ်လို့ ယူဆထားပါတယ်။ ကလေးငယ်တွေ ဘယ်အချိန် ၀မ်းသွားမလဲဆိုတာ မိဘတွေကို နှိုးဆော်နိုင်မယ့် အလားတူစနစ်တခုကို တီထွင်ဖို့လည်း ဆန္ဒရှိနေပါတယ်။ အဲဒီကိရိယာဟာ ကလေးတွေ အိမ်သာထိုင်တဲ့ အလေ့အထရှိအောင် လေ့ကျင့်ရာမှာ အသုံးဝင်မယ်လို့ ယူဆထားပါတယ်။


by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/118533

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

Read More »

Saturday, October 10, 2015

အစာအိမ် ရောဂါမျိုးစုံ အတွက် ဆေး ဒုံးကျည်တောင့် (ရုပ်သံ)




ဒါကတော့ လူသားတွေရဲ့ ရှုပ်ထွေးတဲ့ အူလမ်းကြောင်း တခုကို တုပဖို့ ဒီဇိုင်း ထွင်ထားတဲ့ စမ်းသပ်မှု တခု ဖြစ်ပါတယ်။ ပါဒူး တက္ကသိုလ်မှာ တီထွင်ပြီး အီလက်ထရောနစ် နည်း ပညာတွေနဲ့ ဆေးဝါးတွေ ပါဝင်တဲ့ ဆေးတောင့်ဟာ အစာခြေ အဖွဲ့အစည်း ဆီကို ဦးတည် သွားတော့မှာပါ။ ဒီဆေးတောင့်ဟာ တော်ပီဒို တစင်းကို ပစ်လွှတ်ရာမှာ သုံးတဲ့ အခြေခံ သဘောတရား အတိုင်း အလုပ် လုပ်မှာ ဖြစ်ကြောင်း ဆေးတောင့် တီထွင်သူတွေက ဆိုပါတယ်။

‘ဆေးတောင့်မှာ သံလိုက် ခလုတ် တခုပါတယ်။ အပြင်ဘက်ကနေ တပ်ဆင်လို့လည်း ရသလို ခန္ဓာကိုယ်ထဲကို ထည့်သွင်းလို့ ရတဲ့ သံလိုက် marker တခုရှိမယ်။ အဲဒီ marker နဲ့ ခလုတ် နီးလာပြီ ဆိုတာနဲ့ ကိုယ်ပစ်လွှတ်ချင်တဲ့ နေရာမှာ ခလုတ်ကို ဖွင့်ပေး လိုက်မယ်။ ခလုတ်ဖွင့် လိုက်တာနဲ့ လျှပ်သိုထဲကနေ လျှပ်စီးတွေကို စီးဆင်းသွားမယ်။ ဖျုစ်လည်း ပြတ်ထွက် သွားမယ်။’

ဒီ့အတွက် ဆေးတောင့် ကွဲထွက် သွားပြီး အထဲမှာ ပါလာတဲ့ ဆေးဝါးတွေကို ထုတ်လွှတ်ပေးမှာပါ။ ပိုပြီးအရေးကြီးတာကတော့ အက်ဆစ်ဓာတ် အလွန်ပြင်းတဲ့ အစာအိမ်နဲ့ ပေ ၂၀ ရှည်တဲ့ အူသိမ် တလျှောက် ၈ နာရီကြာ ခရီးနှင်လာရတဲ့ ဆေးတောင့်ထဲက ဆေးတွေကို ပစ်လွှတ် ရတာ ဖြစ်တာမို့ ဆေး ဒုံးကျည်တောင့်ကို အူလမ်းကြောင်းထဲ သေချာ ရောက်အောင် ပို့ပေးဖို့ပဲ ဖြစ်ပါတယ်။

ဒီလို ပစ်မှတ်အရောက်ပို့ ပို့ဆောင်ရေးစနစ်ဟာ ကမ္ဘာတ၀ှမ်းက လူသား ၂၀ ရာခိုင်နှုန်းကို ကူးစက်နေတဲ့ ပိုးဝင်ရောင်ရမ်းခြင်း၊ အစာအိမ်ရောင်ခြင်း၊ ၀မ်းပျက်ဝမ်းလျှောနဲ့ ၀မ်းချုပ်ရောဂါ အစရှိတဲ့ အစာအိမ်ရောဂါမျိုးစုံအတွက် တိုးတက်ကောင်းမွန်တဲ့ ကုသမှုတခု ဖြစ်နိုင်ပါတယ်။


DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/115952


Read More »