ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, October 13, 2015

၂၀၀၀ပြည့်နှစ် ပတ်ဝန်းကျင်မွေး ကျောင်းသားတွေဟာ နေ့စဉ်ဘ၀ကို စိတ်အိုက်နေ




စိတ်ပိုင်း ဆိုင်ရာ အကြံဉာဏ် တောင်းခံ လာတဲ့ တက္ကသိုလ် ကျောင်းသား အရေ အတွက်ဟာ မမျှော်လင့်ဘဲ များလာတာကို တွေ့ရ ပါတယ်။ သူတို့မှာ နေ့စဉ်ဘ၀နဲ့ ပတ်သက်ပြီး စိတ်ပိုင်း ဆိုင်ရာ အကျပ် အတည်းတွေ ရှိနေတယ်လို့ စိတ်ပညာရှင် တစ်ယောက်က ဆိုထား ပါတယ်။

ကျောင်းသားတွေရဲ့ အခက်အခဲမှလွတ်မြောက်ရေး အကြောင်းအရာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် စိတ်ပညာရှင် ဘော်စတွန်တက္ကသိုလ်ပါမောက္ခ Peter Gray ကို ထိပ်တန်းတက္ကသိုလ်တစ်ခုကနေ ဖိတ်ကြားခဲ့ပါတယ်။ အဲဒီ့မှာ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုကို လိုနေတာကြောင့် အကြံဉာဏ်ပေးဝန်ဆောင်မှုတွေကို ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာပဲ နှစ်ဆတိုးမြင့်ခဲ့ရကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာညှိုးနွမ်းမှုကြောင့် တက္ကသိုလ်ဆရာတွေဟာ ကျောင်းသားတွေရဲ့ အမှတ်အဆင့်ကို နှိမ့်ပြီးပေးဖို့တောင် မရဲကြတော့ပါဘူး။ တက္ကသိုလ်ဆရာတွေက ကျောင်းသားတွေကို စိန်ခေါ်မှုဖြစ်သွားတာမျိုးကို ရှောင်ပြီး လမ်းညွှန်ထောက်ပံ့ပေးဖို့ကိုပဲ အားသန်နေကြပါတယ်။

ကျောင်းသားတွေ အကြံဉာဏ်တောင်းခံရတဲ့ အကြောင်းရင်းကို ပေါမောက္ခ Peter Gray က ခိုင်းနှိုင်းပြခဲ့ပါတယ်။ အခန်းဖော်တစ်ယောက်က နောက်တစ်ယောက်ကို “ခွေးမ” လို့ခေါ်လို့ တိုင်ပင်တာ တစ်ယောက်ရှိရင် သူတို့ရဲ့ကျောင်းပြင်ပတိုက်ခန်းမှာ ကြွက်ရှိနေလို့ လာတိုင်ပင်တဲ့သူ နှစ်ယောက်ရှိနေတာမျိုး။ ကြွက်တွေ့လို့ ရဲကိုတောင် ဖုန်းခေါ်ခဲ့ကြပါသေးတယ်။

ကျောင်းသားတော်တော်များများဟာ အမှတ်အဆင့် C (တစ်ခါတစ်လေမှာ B) ရရင်တောင် ဒီမအောင်မြင်မှုမျိုးကို လောကကြီးရဲ့အဆုံးလို့သတ်မှတ်နေကြပါတယ်။ အမှတ်နည်းတဲ့အတွက် ဆရာတွေကို ပြန်ပြီးအပြစ်တင်ဖို့ အလားအလာတောင် တော်တော်များလာတာကို ဆရာတွေက သတိပြုမိခဲ့ပါတယ်။ အမှတ်နိမ့်လို့ စာပိုလုပ်ရမယ့်နေရာမှာ စောဒကတက်ဖို့အကြောင်းတစ်ရပ် ရလိုက်ပြီလို့ မြင်လာကြတာပါ။

ကျောင်းသားတွေရဲ့ စိတ်အခြေအနေကို အလျှော့ပဲပေးရမလား၊ “အားတင်းထား၊ ဒါ တက္ကသိုလ်” လို့ပြောရမလားဆိုတာကို တက္ကသိုလ်ဆရာတွေက ဗျာများနေရပါတယ်။ ၂၀၀၀ပြည့်နှစ် ၀န်းကျင်မွေး လူငယ်တွေဟာ ဘ၀လမ်းကြောင်းပေါ်က နေ့စဉ်အခက်အခဲတွေကို ဖြေရှင်းနိုင်စွမ်း နည်းလာပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာများလာတာပါ။ အခက်အခဲတွေကို မဖြေရှင်းနိုင်ရင်တော့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုဘက်မှာ ပြဿနာဖြစ်လာမှာပါပဲ။

ဒါတွေဟာ မိဘတွေကနေ သားသမီးတွေရဲ့ အခက်အခဲမှန်သမျှကို လိုက်ဖြေရှင်းပေးခဲ့တာကြောင့် ခုအချိန်မှာ သားသမီးတွေက သူတို့ကိုယ်တိုင် မဖြေရှင်းတတ်တော့တာဖြစ်တယ်လို့ တက္ကသိုလ်အကြံပေးအဖွဲ့ ဥက္ကဌဟောင်း Dan Jones ကပြောသွားပါတယ်။

Original link - http://health.thithtoolwin.com/2015/10/blog-post_57.html


No comments:

Post a Comment