ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label စိတ်ကျန်းမာရေး. Show all posts
Showing posts with label စိတ်ကျန်းမာရေး. Show all posts

Sunday, April 2, 2017

အသားအရေ လှပပြီး စိတ်ကို လန်းဆန်းစေမယ့် ရေချိုးနည်း




တစ်နေ့လုံး အလုပ်တွေ လုပ်ပြီး ပင်ပန်း နွမ်းနယ် ခဲ့သမျှ ညဘက် ရေအေးအေးလေး စိမ်ချိုး လိုက်ရရင် စိတ်က သက်တောင့် သက်သာ ဖြစ်သွား ပါတယ်။

ဆပ်ပြာ မြှုပ်တွေထဲ ဝင်စိမ်၊ အနံ့မွှေးတဲ့ ဖယောင်းတိုင်လေး ထွန်းလိုက်ပြီး ရေကို စိမ်ချိုး ရတာဟာ စိတ်ကို တည်ငြိမ် အေးချမ်း စေပါတယ်။ သွေးလည်ပတ် မှုကို ကောင်းမွန် စေပြီး ကြွက်သား တွေကို သက်တောင့် သက်သာ ဖြစ်စေတာမို့ ညအိပ်ခါနီး ရေချိုး တာက တကယ်ကို ကောင်းပါတယ်။

ကိုယ့်အသား အရေလေး လည်းလှ၊ စိတ်လည်း တည်ငြိမ် အေးချမ်းစေဖို့ အတွက် ရေချိုးနည်း ရှိပါတယ်။ လိုအပ်တဲ့ ပစ္စည်းတွေ ကိုတော့ စုံအောင် ရှာထားနော်။ ဒါမှ အကျိုး သက်ရောက်မှုကောင်းမှာ။

အုတ်ဂျုံ လိုတယ်ဆို မအံ့သြပါနဲ့။ သူက အသားအရေ ခြောက်သွေ့မှု၊ နေလောင်ခြင်းနဲ့ အရေပြား ယားယံ တာကို သက်သာ စေပါတယ်။ ဟင်းချက် ရာမှာ ချင်တွယ်တဲ့ ခွက်လေးနဲ့ ၁ ခွက် လိုပါတယ်။ ပျားရည်က အသား အရေကို စိုပြည်စေ တာမို့ ထမင်းစားဇွန်း ၂ ဇွန်းစာ လိုပါတယ်။

လာဗင်ဒါ အဆီကတော့ စိတ်ကို သက်တောင့် သက်သာ ဖြစ်စေတာမို့ ၆ စက်လောက် ထည့်ပါ။ ယူကလစ်ဆီ၊ ပက်ပါမင့်ဆီတို့က စိတ်ကို လန်းဆန်း စေပါတယ်။

အုန်းဆီကိုလည်း ထည့်ပါဦး။ အသား အရေကို ချောမွေ့ တင်းရင်း စေတယ်လေ။

မုန့်ဖုတ် ဆိုဒါကတော့ အသား အရေမှာ ကပ်ငြိနေတဲ့ ကြေးညှော်တွေကို ဖယ်ရှား ပေးပါတယ်။ သူ့ကိုတော့ ရေဇလုံထဲ မထည့်ပါနဲ့။ ရေစိမ်နေရင်း တံတောင်၊ ဒူး၊ ချိုင်းကြားနဲ့ ကြမ်းတမ်း ညိုမွဲတဲ့ နေရာတွေကို ပွတ်တိုက် ပေးရမှာ ဖြစ်ပါတယ်။

Source : Women Health

From : Duwun by Felicity

Originally published at - http://www.duwun.com.mm/lifestyle/beauty-fashion/-id6464605.html

Read More »

Wednesday, March 16, 2016

စိတ်ကြည်စေဖို့ ရိုးရှင်းတဲ့ လက်ချောင်း လေ့ကျင်ခန်း




လက်ချောင်း တိုင်းဟာ ခန္ဓာကိုယ်ထဲက အင်္ဂါတွေ၊ စိတ်ခံစား ချက်တွေနဲ့ ဆက်သွယ် ထားတယ်လို့ စိတ်ထဲမှာ တွေးပါ။ နောက်တော့ ကိုယ်တည်ငြိမ် ချင်တဲ့ စိတ်၊ ကိုယ်ကုသ ချင်နေတဲ့ ခန္ဓာကိုယ် အစိတ် အပိုင်းတွေနဲ့ ဆက်သွယ် နေတဲ့ လက်ချောင်းကို ဆုပ်ကိုင်ပြီး အသက်ပြင်းပြင်း ရှုလိုက် ထုတ်လိုက် လုပ်ပါ။ သုံးမိနစ် ကနေ ငါးမိနစ်ထိ လုပ်ပေးရမှာ ဖြစ်ပါတယ်။

လက်တွေကို အောက်ပါ အတိုင်း စိတ်ထဲမှာ မှတ်သားပါ။

လက်မ



  • ခန္ဓာကိုယ်အင်္ဂါ - အစာအိမ်၊ သရက်ရွက်
  • စိတ်အခြေအနေ - ပူပန်ခြင်း ၊စိုးရိမ်ခြင်း

လက်ညိုး



  • ခန္ဓာကိုယ်အင်္ဂါ - ကျောက်ကပ်
  • စိတ်အခြေအနေ - စိတ်ရှုပ်ထွေးခြင်း၊ ကြောက်ခြင်း

လက်ခလယ်



  • ခန္ဓာကိုယ်အင်္ဂါ - အသည်း ၊ သည်းခြေအိတ်
  • စိတ်အခြေအနေ - ဒေါသထွက်ခြင်း၊ ဘာလုပ်ရမှန်းမသိခြင်း၊ မဆုံးဖြတ်နိုင်ခြင်း

လက်သူကြွယ်



  • ခန္ဓာကိုယ်အင်္ဂါ - အဆုပ်
  • စိတ်အခြေအနေ - ဝမ်းနည်းမှု၊ ငြင်းပယ်ခံရမှာကို ကြောက်မှု၊ မကောင်းတဲ့ဘက်က မြင်နေမှု

လက်သန်း



  • ခန္ဓာကိုယ်အင်္ဂါ - နှလုံး
  • စိတ်အခြေအနေ - မလုံခြုံခြင်း၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှု လျော့ကျခြင်း

Photos & Source: Lifehack, Wikimedia

Originally published at - http://www.duwun.com.mm/lifestyle/


Read More »

Sunday, January 24, 2016

ဒေါသ မထွက်အောင် ထိန်းနည်း (၁၀) မျိုး




ဒေါသ ထွက်ခြင်းက မကောင်းဘူး ဆိုတ အားလုံး သိကြတဲ့ အရာပါ။ စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေ ထဲမှာ ဖိစီးမှုနဲ့ ဒေါသ ထွက်ခြင်းတွေ ပါဝင် ပါတယ်။

ဒေါသလွယ်သူတွေ အတွက်တော့ နေ့တိုင်းဟာ ဒေါသ ထွက်ချင် စရာတွေ ချည်းပါပဲ။

ကားပိတ်လို့၊ အလုပ် အဆင် မပြေလို့၊ အိမ်မှာ အဆင် မပြေလို့ စသဖြင့် အကြောင်း အရာကတော့ မျိုးစုံပါ။ ဒေါသ ထွက်လွယ် သူတွေ အတွက် မပင်ပန်းပဲ လေ့ကျင့် ယူလို့ရတဲ့ ဒေါသထိန်းနည်း (၁၀) မျိုးကို ဖော်ပြပေး ထားပါတယ်။

၁။ မပြောခင် စဉ်းစားပါ။

၂။ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ။ ကိုယ့်လက် လှုပ်ရှားမှုက ဖိအား ကင်းပြီး ဒေါသ လျော့စေ ပါတယ်။

၃။ နားချိန် ရအောင် ယူပါ။ အမြဲပဲ အလုပ်ချည်း လုပ်မနေပါနဲ့။

၎။ ဒေါသဖြစ်စရာ တွေ့လာရင် ဖြေရှင်းရမယ့် အဖြေကို ရှာကြည့်ပါ။ သင့်ကလေးတွေ အခန်းထဲမှာ ဆူညံနေလို့ သွားမဟောက် လိုက်ပါနဲ့။ အခန်းတံခါး အရင် ပိတ်ကြည့် လိုက်ပါ။

၅။ စကားပြောရင် “ငါ” ဆိုတာကြီးကို မပါအောင် ဂရုစိုက် ကြည့်ပါ။ “နင့်လုပ်ရပ်ကို ငါအရမ်း အံ့သြတယ်” ဆိုတဲ့ စကားအစား “နင့်လုပ်ရပ်က အံ့သြဖို့ ကောင်းပါလား” ဆိုတာမျိုး ပြောကြည့်ပါ။

၆။ အာဃာတာတွေ အငြိုးအတေးတွေ မထားပါနဲ့။ ခွင့်လွှတ်ခြင်းက ကိုယ့်ရဲ့စိတ် ငြိမ်းချမ်းဖို့ အကောင်းဆုံး နည်းလမ်းပါ။

၇။ ဟာသ များများ ပြောပါ။ ဟာသကားတွေ မကြာ မကြာ ကြည့်ပါ။ ရယ်မောခြင်းက စိုးရိမ် ပူပန်မှုတွေ ကင်းဝေးစေ ပါတယ်။

၈။ အလုပ်ရှုပ် နေရင်တောင် ခဏတဖြုတ် အနားယူလို့ ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ငါးမိနစ်လောက် မျက်လုံး မှိတ်ထားပြီး အသက် ရှုတာကို မှတ်နေ တာလည်း အနားယူ တာပါပဲ။

၉။ ထွက်လာတဲ့ ဒေါသကို ချိုးနှိမ်ပါ။ ချက်ခြင်း ထွက်လာတဲ့ ဒေါသကို ချိုးနှိမ်ဖို့ မလွယ် ပါဘူး။ ဒါပေမယ့် အလေ့ အကျင့်ပါပဲ။ များများ လုပ်ရင် နောက်ဆို အကျင့်ဖြစ် သွားမှာပါ။

၁၀။ အကောင်းမြင်ပါ။ အကောင်းမြင်စိတ် ကိုလည်း မွေးမြူလို့ ရပါတယ်။ အကောင်းမြင်စိတ် များရင် ဒေါသထွက်စရာ သိပ်ရှိတော့မှာ မဟုတ်ပါဘူး။

Source : Simple

Originally published at - http://www.duwun.com.mm/lifestyle/


Read More »

Wednesday, January 6, 2016

အလုပ်ကြောင့်ရတဲ့ စိတ်ဖိစီးမှုဟာ ဆေးလိပ် သောက်တာထက် ပိုဆိုးတဲ့ ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်စေ




ဝန်ထမ်း အများစု ဟာ လုပ်အားခ မရတဲ့ အချိန်ပို အလုပ်ဆင်းချိန် တွေကြောင့် ၊ လိုအပ် တာထက်ပိုပြီး ပြောဆို တတ်တဲ့ အထက် အရာရှိတွေ ကြောင့် စသဖြင့် အလုပ်မှာ စိတ်ဖိစီးမှု တွေကို ကြုံတွေ့ နေရပါတယ်။

အခုတော့ ၊ လေ့လာမှု အသစ်တစ်ခုက အလုပ်ကြောင့် ရတဲ့ စိတ်ဖိစီးမှု တွေဟာ သင့်အတွက် ဆေးလိပ် သောက်တတ် သွားသလိုပဲ ရေရှည် သက်ရောက်မှု ရှိမယ့် ကျန်းမာရေး ထိခိုက်မှု တွေ ဖြစ်လာနိုင် တယ်ဆိုတာကို ရှာဖွေတွေ့ရှိ ခဲ့ကြပါတယ်။

အလုပ်မှာ လုံခြုံမှု မရှိတာ နဲ့ အချိန်ကြာကြာ အလုပ်လုပ်ရခြင်းတို့လို အလုပ်ကြောင့် ရတဲ့ စိတ်ဖိစီးမှုတွေဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေး ကို ထိခိုက်မှု တွေရှိနိုင်ပြီး ဖျားနာခြင်းတွေ ဖြစ်ပွားဖို့ အခွင့်အရေးများစေတဲ့အပြင် သတ်မှတ်ချိန် ထက် စောပြီး သေဆုံးတာမျိုးအထိဖြစ်စေနိုင်တယ်လို့ ဆရာဝန် တွေက ဆိုလိုက်ပါတယ်။

ဟားဗာဒ် တက္ကသိုလ်က သုတေသီ အဖွဲ့ဟာ အလုပ်ခွင်ကရတဲ့ စိတ်ဖိစီးမှုတွေကို စုံစမ်းစစ်ဆေးဖို့ လေ့လာမှု ပေါင်း ၂၂၈ ခု ပြုလုပ်ခဲ့ပြီး သက်သေတွေ ရယူခဲ့ပါတယ်။ ဒါ့အပြင်သုတေသီ အဖွဲ့ဟာ ထို ၀န်ထမ်းတွေရဲ့ စိတ်ဖိစီးမှု ပမာဏ နဲ့ ကျန်းမာရေး ထိခိုက်မှု ပမာဏ တွေကို နှိုင်းယှဉ်စစ်ဆေးခဲ့ကြပါတယ်။

အဲဒီအခါမှာတော့ အလုပ်ဖြုတ်ခံရခြင်း ၊ အလုပ်မှာ အနည်းငယ် ဖိနှိပ်ခံရခြင်း နဲ့ ကျန်းမာရေး အာမခံ မရရှိခြင်း တို့ကတော့ ဆေးလိုက်သောက်တတ် သွားတာထက် ပိုပြီး စောစော သေဆုံးစေနိုင်တဲ့ သက်ရောက်မှု မျိုး ရှိစေနိုင်တာကို တွေ့ခဲ့ ရပါတယ်။

အချိန်ကြာရှည်စွာ အလုပ်လုပ်ရခြင်း ၊ မိသားစု ဘ၀ နဲ့ ဒွိဟ ဖြစ်စေပြီး အလုပ်လုပ်နေရခြက်း စတဲ့ စိတ်ဖိစီးမှု တွေကတော့ ဆေးလိပ်သောက်တတ်သွားတာထက် ပိုပြီး စောစောသေဆုံး နိုင်ချေရှိတဲ့ အခွင့်အရေးကို ၂၀ ရာခိုင်နှုန်း ပိုမို သေချာသွားစေခဲ့ပါတယ်။

အလုပ်ခွင် ဟာမျှတမှု မရှိဘူးလို့ ခံစားရတာတွေ ၊ အလုပ်ရှုပ်တာတွေကတော့ ဆေးလိပ်သောက်တာထက် ပိုပြီး ရောဂါ ဖြစ်နိုင်ချေများပြားလာ စေတယ်ဆိုတာကိုလည်း လေ့လာမှု က တစ်ဆင့် တွေ့ခဲ့ရပြန်ပါတယ်။

ဒါကြောင့် အနောက်နိုင်ငံတွေမှာ ရှိတဲ့ ကုမ္မဏီ ကြီးတွေဟာ ကျန်းမာရေး ပရိုဂရမ် တစ်ခု ဖန်တီးပြီး လေ့ကျင့်ခန်း နဲ့ ယောဂ သင်တန်းတို့ကို ပို့ချကာနေ့လည် ထမင်းစားချိန် ၀န်းကျင်တွေမှာ ၀န်ထမ်းတွေရဲ့ စိတ်ဖိစီးမှု တွေ လျော့နည်းလာအောင် ကြိုးစားနေကြတယ်လို့လည်း သိရပါတယ်။

Ref : Dailymail

Originally published at - http://health.thithtoolwin.com/2016/01/blog-post_23.html


Read More »

Tuesday, December 22, 2015

စိုးရွံ့ထိတ်လန့်မှုဟာ သွေးခဲမှုတွေ တကယ်ဖြစ်စေနိုင်




ထိတ်လန့် သည်းဖို ရုပ်ရှင်ြ ကိုက်သူတွေက မကြာခဏ ဆိုသလို မျှော်လင့် မထားတဲ့ ကြောက်လန့် စရာဇာတ်လမ်း ဇာတ်ကွက်တွေ ကြည့်ရှုရတာ နှစ်သက်ကြောင်း ပြောတတ် ကြပြီး အဲလို ခံစားမှုမျိုးကို “ သွေးခဲ သွားစေတယ် “ လို့ သုံးနှုန်းလေ့ ရှိကြပြီး လေ့လာချက် အသစ်အရ ဒါဟာ တကယ်ပဲ သွေးကြော အတွင်းစီးဆင်းနေတဲ့ သွေးတွေကို ခဲစေကြောင်း သိရှိခဲ့ ရပါတယ်။

Netherlands ရှိ Leiden University Medical Center က သုတေသီတွေက ထိတ်လန့် သည်းဖို ရုပ်ရှင် ကြိုက်သူတွေရဲ့ စိတ်ပိုင်း ဆိုင်ရာ သက်ရောက် မှုတွေကို လေ့လာ စမ်းသပ်ခဲ့ရာ ထိတ်လန့် သည်းဖို ဇာတ်ကားရဲ့ ဇာတ်ရှိန် အနိမ့်အမြင့်ကို လိုက်ပြီး ကြည့်ရှုသူတွေရဲ့ သွေးကြော အတွင်း သွေးခဲနှုန်း ဟာလည်း ပိုပြီး မြင့်တက် လာတာကို တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။

သုတွေသီတွေဟာ အသက် ၃၀ အောက် ကျန်းမာသန်စွမ်းသူ ၂၄ ဦးမှ ၁၄ ဦးကို Insidious ဇာတ်ကားပြသပြီးနောက် တစ်ပါတ်အကြာမှာ A Year in Champagne လို့ခေါ်တဲ့ မှတ်တမ်းဇာတ်ကားတစ်ကားကို ပြသခဲ့ပြီး ကျန် ၁၀ ဦးကိုတော့ တစ်ပါတ်အတွင်းမှာပဲ ဇာတ်ကား ၂ကားလုံးကို စမ်းသပ်ပြသခဲ့တာဖြစ်ပါတယ်။

သုတေသီတွေဟာ ဇာတ်လမ်းတွေ မကြည့်ခင် ၁၅ မိနစ်ခန့်ကြိုပြီးယူထားတဲ့ သွေးနမူနာနဲ့ ရုပ်ရှင်ကြည့်ပြီး သွေးနမူနာတွေကို နှိုင်းယှဉ်လေ့လာခဲ့တာဖြစ်ပါတယ်။

သွေးခဲမှုဟာ ခန္ဓာကိုယ်ရဲ့ အလိုလျောက်တုံ့ပြန်မှုအရ ကြောက်ရွံ့ထိတ်လန့်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုကြောင့် ဖြစ်ပွားတာလို့ ဆိုပါတယ်။

လူတစ်ဦးဟာ တိရိစ္ဆာန်တစ်ကောင်ကောင်ရဲ့ တိုက်ခိုက်မှုကိုခံရတဲ့အခါ ခန္ဓာကိုယ်အတွင်း သွေးထွက်လွန်ခြင်းကို ရပ်တန့်စေဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သွေးခဲမှုကိုဖြစ်စေတယ်လို့ သုတေသီတွေက ရှင်းလင်းပြောပြထားပါတယ်။

Ref : Upi

Originally published at - http://health.thithtoolwin.com/2015/12/blog-post_52.html


Read More »

Saturday, December 12, 2015

နေ့လည်ပိုင်းတွင် သင့်စိတ်ကို အားအင် ပြန်ဖြည့်ရန် အတွက် နည်းလမ်း (၇) သွယ်




သင်သည် မနက်ပိုင်း စိတ်အား တက်ကြွ လှုပ်ရှား တတ်သူ တစ်ဦးပင် ဖြစ်စေ၊ ညမင်းသား တစ်ဦးပင် ဖြစ်စေ၊ ထုတ်လုပ် စွမ်းအား မြင့်မားသည့် မနက်ပိုင်း အလုပ် လုပ်ဆောင်မှု သုံး၊လေး နာရီ ပြီးနောက် နေ့လည်ပိုင်း အပုတ်ချိန်သို့ ရောက်ရှိ လာသော အခါ သင်၏ ထုတ်လုပ်နိုင် စွမ်းရည် အတိုင်း အတာကို ဆက်လက် ထိန်းထားနိုင်ရန် စိန်ခေါ်မှုများ ရှိလာသည် ဖြစ်ပါသည်။

နေ့တစ်နေ့၏ အစပိုင်းတွင် သင်၏ တီထွင် ဖန်တီးနိုင်စွမ်း ရှိသော အားအင် အနှစ်များအား သုံးစွဲပစ်လိုက်ပြီး ဖြစ်သော်လည်း နေ့တစ်နေ့ မကုန်ဆုံးမှီ နောက်ထပ် အနည်းငယ်သော အလုပ် လုပ်ချိန် နာရီများတွင် အရည်အသွေး သိပ် မရှိတော့သည့် ကိစ္စပေါင်း များစွာကို ခပ်သုတ်သုတ် ပြီးစီးအောင် လုပ်ပေးရန် သင်သည် မျှောင်လင့် ခံထားရ ဆဲပင် ဖြစ်သည်။

သင်သည် အလုပ်ကို တစ်ဝက် တစ်ပျက်နှင့် လည်း အဆုံး မသတ်လိုသလို စောစောပြန် ရအောင်လည်း မထိုက်တန်သော အနေ အထားမျိုး တွင် သင်၏ စိတ်နှင့် ခန္ဓာကို လမ်းကြောင်းမှန် ပေါ် ပြန်ရောက် လာစေရန် မည်သည့် အရာများ လုပ်ဆောင်နိုင် ပါသနည်း?

ကံကောင်းစွာပင် သင်၏ စိတ်ကို မူလ စွမ်းဆောင်ရည် အဆင့်များ ဆီသို့ ပြန်လည်၍ အားစိုက်ရွေ့လျား သွားစေရန်နှင့် သင် စုစည်း လိုက်နိုင်သည့် နေ့ တစ်နေ့၏ ထုတ်လုပ်မှု အမြင့်မားဆုံး နောက်ဆုံး နာရီများကို သင့်အား ပေးစွမ်းနိုင်ရန် နည်းလမ်းများ ရှိပါသည်။

(၁) ကိုယ်လက်လေ့ကျင့်ခန်း

လေ့ကျင့်ခန်းပြုလုပ်ခြင်း၏ ရေတိုနှင့် ရေရှည် အကျိုး ကျေးဇူးများ အကြောင်း ကောင်းစွာ မှတ်တမ်း တင်ထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်က ဤနေရာတွင် အသေးစိတ် ရေးထုတ် ပြတော့မည် မဟုတ်ပါ။ ဆယ်မိနစ် ခန့်သာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် သင်၏ သွေးများ စီးဆင်းမှုကို ကောင်းမွန် လာစေရန်၊ နာကျင် ကိုက်ခဲမှုကို လျော့စေသော ဟော်မုန်းများ ထုတ်လွှတ်ပေးရန်၊ နောက်ထပ် နာရီ အနည်းငယ်ကြာ သင်၏ အာရုံ စူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးရန် အတွက် လုံလောက်ပါသည်။

၎င်းတို့ အပြင် ထပ်ပေါင်း၍ ရေရှည် ကျန်းမာရေး အကျိုးကျေးဇူးများ ကိုလည်း ရရှိလိမ့်မည် ဖြစ်သည်။ အကယ်၍ အချိန်နှင့် ညှိနှိုင်းပြောင်းလဲ လွယ် သော အနေအထားမျိုး ရှိပါက လမ်းလျှောက် ထွက်ခြင်းမျိုး သို့မဟုတ် ရုံးခန်း ပတ်လည်တွင် ဖြည်းဖြည်း မှန်မှန် ပြေးခြင်းမျိုး စမ်းသပ် လုပ်ကြည့်ပါ။ အကယ်၍ ထိုကဲ့သို့ အချိန်နှင့် အနေအထားမျိုး မရှိပါကလည်း သင်သည် တချို့သော ကာယဗလ လေ့ကျင့်ခန်းများ သို့မဟုတ် ခန္ဓာကိုယ် ဆွဲဆန့်ခြင်း မျိုးကို သင်၏ အလုပ်စားပွဲ ဘေး အနီးတွင်ပင် အမြဲတမ်း လုပ်ဆောင်နိုင်သည် သာဖြစ်သည်။

(၂) သင်သဘောကျနှစ်သက်သည့် တစ်စုံတစ်ယောက်ထံ ဖုန်းဆက်ပါ။

သင်၏ အိမ်ထောင်ဖက်၊ မိသားစုဝင် တစ်ဦးဦး သို့မဟုတ် သူငယ်ချင်းဟောင်း တစ်ဦး ဦးပင် ဖြစ်စေ ဖုန်းဆက် လိုက်ပါ။ ထိုသို့ စကားပြောခြင်းသည် သင်၏ စိတ်အား အလုပ်မှ အချိန် အနည်းငယ် ခွဲခွါ ထွက်သွား စေပြီး၊ စိတ်ဖိအား ဖြစ်နေမှု ပြန်လျော့ သွားစေရန် သင့်အား အချိန်ပေးမည် ဖြစ်သည်။

ထပ်ပေါင်းပြီး၊ ချစ်ရသော သူတို့၏ အသံကိုကြားရခြင်းသည် endorphins ခေါ် နာကျင် ကိုက်ခဲမှုကို လျော့နည်းစေသည့် ဟော်မုန်းများ ထုတ်ပေးခြင်းကို စတင်ဖြစ်ပေါ် စေနိုင်ပြီး၊ ၄င်းအချက်သည် အာရုံ စူးစိုက်နိုင်ခြင်းကို မြှင့်တင်ပေးကာ သင့်အား ပိုမို၍ အားအင်ပြည့်ဝ သလို ခံစားရ စေမည် ဖြစ်ပါသည်။

သင်သည် နောက်ဆုံးနာရီ အနည်းငယ် အတွက် ပိုမို ပျော်ရွှင်စွာ ပိုမို ချိတ်ဆက် မိလျက်နှင့် စိတ် လန်းဆန်းမှု ပြည့်ဝစွာ အလုပ်ဆီသို့ ပြန်သွားနိုင် မည်ဖြစ်သည်။

(၃) ချစ်စရာကောင်းသော တိရစ္ဆာန်များကိုကြည့်ပါ။

အချိန်ဖြုန်းသော နည်းလမ်းတစ်ခု အဖြစ် မကြာ ခဏ သတ်မှတ် ခြင်း ခံရသော်လည်း ချစ်စရာ ကောင်းသော ရုပ်ပုံများနှင့် တိရစ္ဆာန် (သို့မဟုတ် ကလေး ပေါက်စများ)၏ ဗီဒီယိုများ ကြည့် ခြင်းသည် သင်၏ ဦးနှောက် အတွက် အမှန် တကယ်ပင် ကောင်းစေနိုင် ပါသည်။

ပထမဆုံး အနေနှင့် ထိုသို့ပြုလုပ် ခြင်းသည် သင် မနက်ပိုင်းတွင် ရင်ဆိုင် ခဲ့ရသော အာရုံစူးစိုက်ရမှု ပြည့်နှက်နေသည့် အလုပ်များမှ သင်၏ စိတ်အား တကယ့် ခေတ္တ အနားယူမှု ပေးစွမ်းနိုင်မည် ဖြစ်သည်။

ဖိအားရှိမှု ပြန်လျော့စေရန် ထိုရိုးစင်းသော လုပ်ဆောင်ချက်သည် သင်၏ ဆက်လက် စွမ်းဆောင်နိုင် စွမ်းရည်အား တားဆီး အနှောင့်အယှက် ပေးနေသည့် စိတ်ဖိစီး မှုများနှင့် ၀န်ထုတ် ၀န်ပိုးတို့ ထဲမှ တချို့ကို လျော့ပါး သက်သာစေ နိုင်ပါသည်။

ဒုတိယအနေနှင့် ချစ်စရာကောင်းသော အရာများကို ကြည့်ခြင်းသည် အမှန် တကယ်ပင် သင်၏ အာရုံ စူးစိုက်နိုင် စွမ်းရည်ကို မြှင့်တင် ပေးနိုင်ပါသည်။ နောက် တစ်ကြိမ်တွင် အကယ်၍ သင်၏ သူဌေးက သင် ကြောင်ဇာတ်လမ်း ဗီဒီယို တစ်ထပ်ကြီး ကြည့်နေ သည်ကို မိသွားပါက သင်၏ အင်တာနက် ကြည့်နေသည့် browser window အင်တာနက် ကြည့်မျက်နှာပြင်ကို ချုံ့ပစ်ရန် မလို အပ်တော့ပါ။ သင်၏ ထုတ်လုပ်နိုင် စွမ်းရည် အမြင့်မားဆုံး ဖြစ်ရန် လုပ်ဆောင် နေခြင်းသာ ဖြစ်သည်ဟု ရှင်းပြ လိုက်ပါ။

(၄) အမျိုးအစား များစွာ ပါဝင်သည့် အချို့သော ကစီဓာတ်ပါ အစားအစာများ စားသုံးပါ။

တစ်စုံတစ်ခုကို ဆွဲယူ စားသုံး လိုက်ခြင်းသည် ဦးနှောက်၏ လှုပ်ရှား လုပ်ကိုင်မှုကို စေ့ဆော် ပေးနိုင်ပါသည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့တွင် နေ့လည်စာ နားချိန် ဟူ၍ မူလ အစ ကတည်းက ရှိနေခြင်း ဖြစ်သည်။

ထိုနေ့လယ်စာနားချိန် အတွင်း အလုပ် ပိုမိုပြီး စီးအောင် လုပ်နိုင် သည့် အတွက် နေ့လည်စာ မစားဘဲ နေခြင်းကဲ့သို့ စိတ်ပိုင်း ဆိုင်ရာ ထောင်ချောက် အတွင်းသို့ မကျရောက် ပါစေနှင့်။

သင်၏ အလုပ်စားပွဲမှ အဝေးသို့ ခြေလှမ်း ထွက်ခွာပြီး၊ သင့်လျော်သည့် အစား အသောက်မျိုး သုံးဆောင်ရန် အချိန် ယူ ပြုလုပ်ပေးပါ။ သို့သော်လည်း အစား အသောက် အားလုံးသည် ညီမျှစွာ ဖန်တီးပြုလုပ် ထားသည် မဟုတ် ဆိုသည်ကို စိတ်ထဲတွင် သတိရ ထားပါ။

သကြားများသည့် အစားအစာများနှင့် အလွယ်တကူ ပြင်ဆင် ရောင်းချနိုင်သည့် အာဟာရ မမြောက်သော အစား အသောက် များသည် သင့်အား စွမ်းအားနှင့် အာရုံ စူးစိုက်နိုင်မှု တို့ကို အချိန်တို ကလေးသာ မြှင့်တင် ပေးနိုင်မည် ဖြစ်သော်လည်း အမျိုးအစား စုံပါဝင်သည့် ကစီဓာတ် အစားအသောက် များက အားဖြည့် ပေးသကဲ့သို့ နာရီပေါင်း များစွာ ကြာရှည် ခံမည် မဟုတ်ပါ။

နေ့တစ်နေ့၏ နောက်ဆုံး ကျန်ရှိနေသော အစိတ် အပိုင်း အတွက် သင်၏ စိတ်နှင့် ခန္ဓာကို အားဖြည့် ပေးနိုင်ရန် အချို့သော သစ်သီးများ၊ ဟင်းသီး ဟင်းရွက်များနှင့် အခြားသော နှံစား သီးနှံ ထုတ်ကုန် များကို စားသုံးပါ။

(၅) အပြင်ဘက်သို့ သွားပါ။

တောက်ပသော အလင်းရောင်သည် melatonin ခေါ် သင့်အား အိပ်ငိုက်စေပြီး၊ နှေးကွေး လေးကန်စေသည့် ဟော်မုန်း တစ်မျိုး ထွက်ရှိမှုကို ဖိနှိပ် ထိန်းချုပ် ပေးနိုင် ပါသည်။

သို့သော် သင် အလုပ်လုပ်နေသော ရုံးခန်းထဲရှိ မီးချောင်းများသည် ထိုကဲ့သို့သော အကျိုးသက်ရောက်မှုကို စေ့ဆော်ပေးရန် လုံလောက်မည် မဟုတ်ပါ။ အမှန်တကယ်တွင် သူတို့သည် သင့်အား ပိုမို၍ အေးချမ်း ငြိမ်သက် သွားစေမည်သာ ဖြစ်ပါသည်။

သင်လိုအပ်သောအရာမှာ နီရဲသော အလင်းရောင်ပင်ဖြစ်သည်။ ၄င်းကို အပြင်ဖက်တွင် ရရှိနိုင် ပါသည် (နေထွက်နေသည်ဟု ယူဆလျက်)။ သင်၏ ဦးနှောက်အား ဤသဘာဝ အလင်းရောင်သို့ မိနစ် အနည်းငယ်ကြာ ထိတွေ့မှု ရှိစေခြင်းသည် သင့်အား ပိုမို၍ နိုးကြွ လာစေပြီး၊ စိတ်အာရုံ လန်းဆန်း လာသလို ခံစား ရလာစေရန် ကူညီပေးပါသည်။

သင်၏ အလုပ်ခွင်တစ်နေ့၏ နောက်ဆုံး လက်ကျန် အချိန်များကို အားလုံး လုပ်ဆောင် ပြီးစီး စေရန် ပြီးပြည့် စုံသည့် လမ်းကြောင်း တစ်ခု ချပေးနေ သလို ဖြစ်ပါသည်။

၎င်းအချက် အပြင် ထပ်ပေါင်းပြီး သန့်ရှင်း လတ်ဆတ်သော လေမျိုးလည်း ရရှိမည် ဖြစ်ပါသည်။ (ထို့ပြင် အကယ်၍ သင်သည် အထက်တွင် ဖော်ပြထားသည့် နံပါတ်တစ် အချက်ကို လိုက်နာနေ သူလည်း ဖြစ်ပါက ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ရန် အခွင့်အလမ်း ကိုပါ ရရှိမည် ဖြစ်သည်။)

(၆) သင်ကြိုက်နှစ်သက်သော တေးဂီတကို ဖွင့်ပါ။ (အကယ်၍ ဖြစ်နိုင်လျှင် သင်လည်း လိုက်ဆိုပါ။)

သင်၏ သွေးစီး ဆင်းမှုတို့ကို ပိုမိုမြန်ဆန် လာစေမည့် သီချင်း တစ်ချို့ကို ရွေးထုတ် လိုက်ပါ။ ထို့နောက် သင်၏ နေ့လည်ပိုင်း အလုပ် ခွင် အသံ အတွက် သူတို့အား ဖွင့်နားထောင်ရန် စာရင်း ထဲတွင် ထားလိုက်ပါ။ တေးဂီတသံ တစ်ခုတည်းနှင့် ပင် သင့်အား စွမ်းအား ပိုမိုပေး စွမ်းနိုင်ရန် လုံလောက် သင့်သည် ဖြစ်သည်။

သို့သော် အကယ်၍ သင်က ပိုမို၍ ပြင်းထန်သော မြှင့်ပေးမှုမျိုး လိုချင်ပါက ၄င်း သီချင်းနှင့် အတူ လိုက်ဆိုပေးပါ။ လေ့လာတွေ့ရှိမှု တစ်ချို့အရ တေးဂီတနှင့် အတူ သီချင်း လိုက်ဆိုခြင်း သည် endorphins (နာကျင် ကိုက်ခဲမှု လျော့ပါး စေသော ဟော်မုန်းများ)နှင့် oxytocin (ချစ်ခင်ကြင်နာခြင်းနှင့် စိတ်ကျေနပ်မှု ဖြစ်စေသော ဟိုမုန်းများ) ထုတ်လွှတ်ပေးရန် လှုံ့ဆော် ပေးနိုင်သည်ဟု ဆိုပါသည်။

၎င်းနှစ်မျိုး စလုံးသည် သင့်အား ပီတိဖြစ်စေခြင်းနှင့် အားအင် ပြည့်ဝမှု ရှိစေခြင်းတို့ကို ခံစားရ စေရန် ပြုလုပ် ပေးနိုင်မည် ဖြစ်သည်။ သေချာသည်မှာ သင်၏ လုပ်ဖော် ကိုင်ဖက် များဆီမှ ပြောင်လှောင်သည့် ကြည့်ခြင်းမျိုး မခံယူလို ပါက သင့်ဘာသာသင် ရုံးခန်းထဲ သို့မဟုတ် ကားထဲတွင် သော့ခတ် ထားပြီး လုပ်ရကောင်း လုပ်ရမည် ဖြစ်သည်။

(၇) သက်ကြိုက်နှစ်သက်သည့် အလုပ် တစ်ခုခု ပြုလုပ်ပါ။

ပြည့်ပြည်ဝဝနှင့် အလုပ်လုပ်ကိုင်နေသည့် အပိုင်းသို့ သင်ပြန်လည် ရောက်ရှိ သွားသော အခါ အောက်ခြေသိမ်း အလုပ်မျိုးနှင့် ပညာသား မပါသည့် အလုပ် တာဝန် များကို ရှာ၍ လုပ်မနေ ပါနှင့်တော့။ ၄င်းတို့သည် သင့်အား ပျင်းရိစေပြီး၊ သင်၏ အာရုံ စူးစိုက်မှုကို ပျက်စီး စေမည် ဖြစ်သည်။

အလားတူစွာပင် အလွန်အမင်းစိန်ခေါ်မှု များရှိသည့် အလုပ်တာဝန်များကိုလည်း ရှာဖွေမလုပ်ကိုင်ပါနှင့်။ ၄င်းတို့သည် သင့်အား စိတ်ပျက်လက်ပျက်သာ ဖြစ်စေမည်ဖြစ်သည်။ ၎င်းတို့အစား သင်၏ အားစိုက် ထုတ်မှု များကို သင် အမှန်တကယ် လုပ်ချင်သော လုပ်ငန်းတာဝန် (သို့မဟုတ် ပရောဂျက် တစ်ခုခု) ပေါ်သို့ အာရုံ စူးစိုက်လိုက်ပါ (ထိုသို့ လုပ်ချင်သော အရာ တစ်ခုခု ရှိသည်ဟု ယူဆလျက်)။

၎င်းသည် သင့်အား ဆက်လက် အလုပ်လုပ် နေစေရန် စိတ်လှုပ်ရှားမှု ဖြစ်စေပြီး အခြားသော လုပ်ကိုင်စရာ တာဝန်များအား ဆောင်ရွက် ပြီးစီးသွားစေရန် အတွက် လုံလောက်စွာ သင်၏ စိတ်အား ပြန်လည် လန်းဆန်း ရွှင်ပြ လာစေမည် ဖြစ်ပါသည်။

မနက်ပိုင်းတွင် ဤကဲ့သို့သော ပျော်ရွှင်စရာလုပ်ဆောင်ဖွယ်ရာ အနည်းဆုံးတစ်ခုကို သင်၏နေ့လည်ပိုင်း စိတ်အားတက်ကြွလာစေရေးအတွက် ချန်ထားခဲ့ပါ။

ဤနည်း စနစ်နည်းနာများ ထဲမှ တစ်ခု သို့မဟုတ် ပိုမို၍ များသောနည်းနာ များသည် သင့်အတွက် ထိရောက်မှု မရှိကြောင်း တွေ့ကောင်း တွေ့လာနိုင်ပါသည်။

လူတိုင်းတွင် ကွဲပြားခြားနားသည့် လိုအပ်ချက်များ ရှိပြီး၊ ကွဲပြားခြားနားသည့် ပိုမိုကြိုက်နှစ် သက်မှုများ ရှိကြပါသည်။ ထုတ်လုပ်နိုင် စွမ်းအား ပြည့်ဝစွာ အလုပ် လုပ်ကိုင်နိုင်ခြင်းနှင့် ပတ်သက်၍ သင်၏ စွမ်းဆောင်ရည် အပေါ် မည်သို့ သက်ရောက်မှု ရှိကြောင်း တွေ့မြင်လာစေရန် ဤနည်းလမ်းများ အားလုံးကို တစ်ခုချင်း စမ်းကြည့်ပါ။

အမျိုးမျိုးလွှဲပြောင်း၍ တွဲကြည့်ပြီး အသုံးပြုကြည့်ပါ။ သင့် အတွက် သင့်လျော်ထိရောက်မှုရှိသည့် ချဉ်းကပ်ပုံ ချည်းကပ်နည်း တစ်မျိုး တွေ့လာသည် အထိဖြစ်သည်။

သင့်ဘာသာသင် လေ့လာ သိရှိမှု ပိုမိုများပြား လာလေလေ၊ သင့် ပတ်ဝန်းကျင်နှင့် အသေးစိတ် ချိန်ညှိကာ သင်၏ စွမ်းဆောင်ရည်ကို မြင့်နိုင်သမျှ မြင့်လာအောင် အကောင်းဆုံး အသုံးချ လုပ်ကိုင် လာနိုင်လေလေ ဖြစ်လာ ပါလိမ့်မည်။

Inc.com မှ JAYSON DEMERS ၏ 7 Ways to Recharge Your Mind Midday ကို ကိုးကားဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာတွင် ဖတ်ရှုနိုင်ပါတယ်။

Original link - http://www.myanmar-network.net/forum/topics/recharge-mind

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »