ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label လေ့လာတွေ့ရှိချက်များ. Show all posts
Showing posts with label လေ့လာတွေ့ရှိချက်များ. Show all posts

Monday, June 19, 2017

အဝလွန်သော သက်ကြီး ဆီးချို ဝေဒနာရှင်တွေ အချိန်မတိုင်မှီ သေဆုံးနိုင်ခြေ လျော့ကျ




တော်တော် များများက အဝလွန် တာနဲ့ ကိုယ်အလေးချိန် ပုံမှန်ထက် ပိုများနေ တာက ကျန်းမာရေးကို ထိခိုက် စေနိုင်တယ် လို့ပဲ သိထား ကြပါတယ်။

လေ့လာမှု အသစ် တစ်ရပ် မှာတော့ ကိုယ်အလေးချိန် ပုံမှန်ထက် ပိုများနေ တာက ဆီးချို ဝေဒနာ ခံစားနေ ရတဲ့ သက်ကြီး ရွယ်အိုတွေ အတွက် အကျိုး ရှိစေနိုင် တယ်လို့ တွေ့ရှိ ခဲ့ပါတယ်။

သည်လေ့လာမှုကို ပူးတွဲ လုပ်ဆောင်သူဖြစ်တဲ့ ဘေဂျင်းရှိ Capital Medical တက္ကသိုလ် An  Zhen ဆေးရုံက သုတေသီ Yu Jie Zhou နဲ့ အဖွဲ့ဟာ သူတို့ရဲ့ တွေ့ ရှိချက်တွေကို Diabetes Investigation ဂျာနယ်မှာ ဖော်ပြခဲ့ ပါတယ်။

ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ရဲ့ စာရင်းဇယားတွေအရ အမေရိကန်ပြည်ထောင်စုက ပြည်သူ ၂၉.၁ သန်းဟာ ဆီးချိုရောဂါခံစားနေ ရပြီး အများစုကသက်ကြီွးယ်အိုတွေ ဖြစ်ကြပါတယ်။

ရောဂါခံစားနေရသူတွေထဲက ၂၅ ရာခိုင်နှုန်းကျော်ဟာ အသက် ၆၅ နှစ်နဲ့အထက်လူကြီးတွေဖြစ် ကြတယ်လို့ သိရပါတယ်။ကိုယ်အလေးချိန် ပုံမှန်ထက် ပိုများနေတာက ဆီးချိုရောဂါခံစားရနိုင်တဲ့အဓိကကျတဲ့အကြောင်းရင်း ဖြစ်ပါတယ်။

ကိုယ် နဲ့ သူ့ရဲ့အဖွဲ့ဟာ အမျိုးအစား-၁ ဆီးချိုရောဂါနဲ့ အမျိုးအစား-၂ ဆီးချိုရောဂါခံစားနေရသူ ၂၅၀,ဝ၀ဝ ကျော်ပါဝင်နေတဲ့လေ့လာမှုပေါင်း ၂၀ ကျော်က အချက်အလက်တွေကိုလေ့လာခဲ့ပါတယ်။

သုတေသီတွေဟာလေ့လာ မှုမှာပါဝင်သူတွေရဲ့ BMI ကို အကဲဖြတ်လေ့လာခဲ့သလိုကိုယ်အလေး ချိန်နဲ့ အခြေအနေအရပ်ရပ်ကြောင့် သေဆုံးနိုင်ခြေတို့ကြား ဆက်စပ်မှုရှိနေလားဆိုတာကိုလေ့လာခဲ့ပါတယ်။ လေ့လာမှုကို နှစ်နှစ်နဲ့ ကိုးလကနေ ၁၆ နှစ် ခုနစ်လကြာလုပ်ဆောင်ခဲ့ပါတယ်။

လေ့လာမှုအတွင်း BMI အရ အဝလွန်နေတဲ့သူတွေဟာ ပုံမှန်ကိုယ်အလေးချိန် BMI ကိုပိုင်ဆိုင် ထားသူတွေနဲ့နှိုင်းစာရင် အခြေအနေအရပ်ရပ်ကြောင့် သေဆုံးနိုင်ခြေကျဆင်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။

ဆီးချိုဝေဒနာခံစားနေရတဲ့သက်ကြီးရွယ်အိုတွေမှာ ကိုယ်အလေးချိန်ပုံမှန်ထက်ပိုများနေတဲ့ သူတွေဟာ  ပုံမှန်ကိုယ်အလေးချိန်သာရှိသူတွေထက် အခြေ အနေ အရပ်ရပ်ကြောင့် သေဆုံးနိုင်ခြေဟာ ၁၈ ရာခိုင်နှုန်းလောက် လျော့နည်းနေတာကိုတွေ့ရှိခဲ့ ရပါတယ်။

[ref: MNT, Jun 12, 2017.]

From : ကုမုဒြာဂျာနယ် by: မအေးသီမွန်

Originally published at - http://www.kumudranews.com

Read More »

Saturday, June 17, 2017

အိမ်ထဲမှာ အဝတ်လှန်းလေ့ ရှိသလား၊ ပန်းနာရင်ကျပ် အန္တရာယ် သတိထားပါ




အဝတ် တွေကို အိမ်ထဲမှာ လှန်းထားခြင်း၊ အခြောက် ခံခြင်း က သေစေ နိုင်လောက်တဲ့ ပန်းနာ ရင်ကျပ် အန္တရာယ် ဖြစ်လာနိုင်စေ တယ်လို့ ပညာရှင် တစ်ဦးက သတိပေး ပါတယ်။

စိုစွတ်တဲ့ ပတ်ဝန်းကျင် တွေဟာ မှိုတွေ ဖြစ်ပေါ်စေတဲ့ နေရာ အနေ အထားတွေ ဖြစ်လာစေပြီး အမှုန် အမွှားတွေ ထွက်ရှိစေ တယ်လို့ ကျွမ်းကျင် သုတေသီက ဆိုပါတယ်။

မမြင်နိုင်တဲ့ ၄င်း အမှုန်တွေက ဓာတ်မတည့် မှုတွေ ဒါမှ မဟုတ် ပန်းနာ ရင်ကျပ် အန္တရာယ်တွေ အထိ ဖြစ်လာစေနိုင်ပါတယ်။ ကလေးငယ်တွေ၊ သက်ကြီးပိုင်း အရွယ်တွေနဲ့ ကင်ဆာ ကုထုံး ခံယူနေ ရသူတွေလို ကိုယ်ခံ အားနည်းတဲ့ သူတွေမှာ အထူးသဖြင့် ပိုသတိထား ရပါမယ်။

ဖြစ်နိုင်ရင်အဝတ်တွေကို အပြင်မှာပဲလှန်းသင့်သလို အိမ်ထဲမှာ လေမှုတ်စက်သုံးပြီး လေဝင်လေထွက်ကောင်းအောင်ထားရှိကာ မမြင်နိုင်တဲ့ မှိုတွေ များ မလာအောင် ကြိုတင် ကာကွယ်ပါလို့ သူက အကြံပြုပါတယ်။

ဘာလို့အန္တရာယ်များရတာလဲစွတ်စိုတဲ့ ပတ်ဝန်းကျင်တွေဟာ spores လို့ခေါ်တဲ့အမှုန်တွေကို ထွက်ရှိစေတဲ့မှိုတွေဖြစ်ပေါ်မှုကိုအားပေးတယ်၊ spores တွေက တချို့လူတွေမှာ ဓာတ်မတည့်မှုတွေဖြစ်စေတယ်၊ မှို spores တွေကို ခံနိုင်ရည်မရှိတဲ့ ပန်းနာရင်ကျပ်ရှိသူတချို့အတွက် ဆို ဓာတ်မတည့်မှု လက္ခဏာတွေ ပိုဆိုး သွားစေ တယ်လို့ Asthma Society of Ireland မှ ကျန်းမာရေးမြှင့်တင်မှုမန်နေဂျာ ဖီနာကန်နီ က ပြောပါတယ်။

Aspergillus fum-igatus ဆိုတာ အဆုတ် ရောဂါတွေဖြစ်စေတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ၄င်းမှိုကတစ်နှစ်တာလုံး ပေါက်ဖွားရှင်သန်နိုင်ပေမဲ့ စိုစွတ်တဲ့ လတွေမှာ ပိုများလေ့ ရှိပါတယ်။

ပတ်ဝန်းကျင်ကြောင့်ဖြစ်ရတဲ့ ရုတ်တရက် အန္တရာယ်လက္ခဏာမျိုးကို ပန်းနာရင်ကျပ်လူနာတချို့မှာ ခံစားရနိုင်ခြေပိုများပါတယ်။ အဲသည်လူတွေထဲမှာ ကလေးငယ်တွေ၊ သက်ကြီးပိုင်းတွေ၊ ကိုယ်ခံ အားနည်းသူတွေ၊ ပန်းနာရင် ကျပ်အပြင်းစားအဆင့်ရှိသူတွေ၊ အရေ ပြားပြဿနာရှိသူတွေပါဝင်ပါတယ်။

သည်မှိုတွေက မီးဖိုချောင်၊ ရေချိုးခန်းတို့လို မှောင်မိုက်တဲ့ပတ်ဝန်း ကျင်မှာလည်း ဖြစ်လာတတ်တာကိုလည်းသတိထားပါလို့ ကန်နီက ပြောပါတယ်။ အခန်းတွေကို  လေဝင်လေထွက်ကောင်းအောင်ထားရှိပြီး စိုစွတ်ခဲ့ရင် မှိုဖြစ် တည်လာမှုကို ကာကွယ်နိုင်ဖို့ ပန်ကာ၊ လေသန့်စက်တို့ကို သုံးနိုင်ပါတယ်။

မာကျောတဲ့မျက်နှာပြင်တွေမှာရှိတဲ့ မှိုတွေကိုတော့ ရေ၊ ဗီနီဂါ၊ ဆပ်ပြာတို့ရောပြီး ပုံမှန်ဆေးကျောပွတ်တိုက်တဲ့နည်းနဲ့ ဖယ်ရှားနိုင် ပါတယ်။

လေထုညစ်ညမ်းမှုနဲ့  ထိတွေ့ ခဲ့ရတဲ့စိတ်ဖိစီးမှုခံစားနေရသူ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကနေ မွေားဖွားလာတဲ့ကလေးတွေ ဟာ ပန်းနာ ရင်ကျပ် ဖြစ်နိုင်ခြေ ပိုများ တယ်လို့ နယူးယောက်မြို့ Mount Sinai ဆေးရုံမှ သုတေသီတွေက ပြီးနောက်သည်သတိပေးချက် ထွက်ပေါ်လာတာပါ။

သည်လက္ခဏာတွေရှိတဲ့ မိခင်တွေက မွေးဖွားလိုက်တဲ့ သား ယောကျာ်းလေးတွေဟာ အသက်ခြောက်နှစ်လောက်မှာ ပန်းနာ ရင်ကျပ် ရောဂါ လက္ခဏာ ပြတတ် တယ်လို့ သုတေသီတွေက တွေ့ရှိ ခဲ့ကြ ပါတယ်။

From : ကုမုဒြာဂျာနယ် by YSD

Originally published at - http://www.kumudranews.com

Read More »

Friday, June 2, 2017

အိပ်ဆေးသုံးခြင်းဟာ တစ်နေ့ ဆေးလိပ်တစ်ဗူး သောက်သလို အန္တရာယ်များ ဟုဆို




ကျွမ်းကျင် ပညာရှင် တွေက အိပ်ဆေး အလွန် အကျွံ သုံးစွဲ သူများကို သတိပေး မှုတွေ ပြုလုပ် ခဲ့ပါတယ်။ သူတို့ရဲ့ အဆို အရ အိမ်ဆေး သောက်ခြင်းဟာ တစ်နေ့ကို စီးကရက် တစ်ဘူး သောက်လိုက် သလို ဖြစ်စေပြီး၊ အလွန် အန္တရာယ် များကြောင်း သတိပေး ခဲ့ပါတယ်။

လူတစ်ယောက်ရဲ့ စိုးရိမ်ဖွယ်ရာ ကျန်းမာရေး ပြဿနာ တိုင်းဟာ အိပ်ဆေး သောက်ခြင်းရဲ့ သက်သေ တစ်ခု ဖြစ်ပြီး၊ ကင်ဆာ၊ လေဖြတ်ခြင်း၊ နှလုံးခုန် ရပ်ခြင်းနဲ့ နှလုံးရောဂါ တွေရဲ့ အရင်း အမြစ် ဖြစ်ကြောင်း သိရပါတယ်။

Arizona State University မှ ဒေါက်တာ Shawn Youngstedt က အိပ်လို့မရလို့ အိပ်ဆေးသောက်ခြင်းထက်၊ လေ့ကျင့်ခန်း တစ်ခုခု လုပ်ခြင်းက ပိုပြီး ထိရောက်ကြောင်း၊ ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း ဆိုပါတယ်။

ကိုယ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ၊ အားကစားတွေဟာ အိပ်ဆေးနဲ့ ဆန့်ကျင်ဘက် အကျိုးကျေးဇူးကို ပေးစွမ်းပြီး၊ စိတ်ဖိအား များ၊ ခန္ဓာကိုယ်တွင်းက အဆိပ် အတောက်များအပြင် ကင်ဆာ၊ နှလုံး၊ သွေးတိုး၊ ဆီးချို စတဲ့ရောဂါတွေကို ကြိုတင်ကာ ကွယ် နိုင်ကြောင်း၊ ဒါ့အပြင် ကောင်းမွန်စွာအိပ်စက်ခြင်းကို အလိုလို ရရှိမှာ ဖြစ်ကြောင်း အကြံပြုထားပါတယ်။

အိပ်ဆေးကို လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ မသုံးသင့်ကြောင်း၊ စီးကရက် တစ်လိပ် နှစ်လိပ် သောက်လိုက်တာ ထက်ပင် မကဘဲ၊ တစ်နေ့ကို စီးကရက် တစ်ဘူးသောက် လိုက်ရ သလိုပင် အန္တရာယ် များလွန်းလို့ အခု သိရှိပြီးချိန်မှ စပြီး ရပ်တန်းက ရပ်သင့်ကြောင်း Shawn က ဆိုပါတယ်။

Shawn က CNN သတင်းဌာနဲ့ တွေ့ဆုံစဉ်မှာ ” အိပ်ဆေးဆိုတာက ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့အရာဆို တာ သေချာပါတယ် .. ဘယ်လောက် အထိ ဆိုးသလဲ ဆိုရင် တစ်နေ့ကို စီးကရက်တစ်ဘူး သောက်တာနဲ့တောင် တူညီပါတယ် .. “လို့ ပြောခဲ့တာပါ။

နောက် အိပ်စက်တဲ့ ပျော်ဝင်မှုကို တိုးတက် စေလိုပါက အခန်းထဲမှာ မီးခပ်လင်းလင်းလေး ထွန်းထား သင့်ကြောင်း၊ အလင်းရောင် ကွဲပြားမှုဟာ ခန္ဒာကိုယ်ရဲ့ သွေးလည်ပတ် မှုကို ပုံမှန် အတိုင်း တည်ငြိမ် စေပြီး၊ အလွယ် တကူ အိပ်စက်စေနိုင်ကြောင်း၊ အိပ်ကာနီးမှာ အစာများများ စားမထား သင့်ကြောင်း၊ အချိန်မှန် အိပ်၊ အချိန်မှန် အိပ်ယာ ထပါက အိပ်စက်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွှတ်စွာ အထာကျ သွားမည် ဖြစ်ကြောင်း အကြံပေး ထားပါတယ်။

လင်းဇော်ကို (Shwemom)

From : SHWEMOM by Myo Min Htun

Originally published at - http://www.shwemom.com


Read More »

Friday, May 12, 2017

အဆီပြည့် ဒိန်ခဲစားသုံးခြင်းကြောင်း နှလုံးခုန် ရပ်တန့်နိုင်ခြေ မရှိကြောင်း ထုတ်ပြန်




လန်ဒန် ၁၂-၅-၂၀၁၇

အဆီပြည့် ဒိန်ခဲ စားလျင် နှလုံးခုန် ရုတ်တရက် ရပ်တန့် နိုင်ခြေကို မြင့်မား စေသည့် အပြင် လေဖြတ် ဝေဒနာ ကိုလည်း ခံစား ရနိုင်သည်ဟု မူလက ယူဆ ထားခြင်းသည် မမှန်ကန် ကြောင်းနှင့် အဆီပြည့် ဒိန်ခဲ၊ နွားနို့ ၊ နို့ ချဉ် အစ ရှိသည်တို့ ကို မျှတစွာ စားသုံး နိုင်ကြောင်း အင်္ဂလန် ပြည်သူ့ ကျန်းမာရေး ဌာနမှ ထုတ်ပြန် ကြေညာသည်။

အဆီပြည့်ဒိန်ခဲသည် ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာ မဟုတ်သော်လည်း မူလယူစခဲ့သည် ကဲ့သို့  ဆိုးရွားလွန်း လှသည် မဟုတ်ကြောင်း၊ နွားနို့ ကိုအခြေခံကာ ပြုလုပ်ထားသည့် အစားအစာများ စားသောက်ခြင်းနှင့် နှလုံးရောဂါ ဆက်နွယ်မှုကို ထဲထဲဝင်ဝင် လေ့လာဆန်းစစ်မှု ၂၉ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ ဒိန်ခဲ၊နို့ ချဉ် အစရှိသည်တို့ ၏ နှလုံးအပေါ် အကျိုးသက်ရောက်မှုမှာ အကောင်းလည်း မဟုတ်၊ အဆိုးလည်း မဟုတ်သည့် ပုံမှန်အနေအထားသာ ဖြစ်သည်ကိုတွေ့ ရှိရကြောင်း သုတေသီတစ်ဦး ဖြစ်သူ Ian Givens က ပြောသည်။

နို့ နဲ့ နို့ ထွက်ပစ္စည်း တွေကြောင့်နှလုံး သွေးကြောနှင့် ပတ်သက်သည့် ရောဂါအမျိုးမျိုး ဖြစ်ပွားသေဆုံးမှုနှင့် ဆက်နွယ်မှုမရှိကြောင်း၊ လွန်ခဲ့သော ၁၀ နှစ်ခန့် မှစတင်ကာ နို့ နှင့်နို့ ထွက်ပစ္စည်းများသည် နှလုံးအတွက် မကောင်း ဟူသည့် လွဲမှားသော အယူအဆတစ်ခုမှာ ကျယ်ပြန့် စွာပျံ့ နှံ့ လျက်ရှိကြောင်း၊ နို့ နှင့် နို့ ထွက် ပစ္စည်းများတွင် ပြည့်ဝအဆီပါဝင် သောကြောင့် သွေးတွင် မပျော်ဝင်နိုင်ဘဲ နှလုံးသွေးကြောများကို ဒုက္ခ ပေးလာနိုင်သည် ဟူသည့် အယူအဆ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

နို့ ထွက် ပစ္စည်းတွေက ကျန်းမာပြီးမျှတတဲ့ အစားအသောက် တွေထဲမှာ အရေးပါပါတယ်။ နို့ ထွက်ပစ္စည်း အများစု ပြည့်ဝအဆီနဲ့ အငန်ဓါတ် ပါဝင်တယ်ဆိုတာ မှန်ပေမယ့် မျှတစွာစားသောက် နေသရွေ့ နှလုံးအပါ အ၀င် အခြားသော ရောဂါများကို ဖြစ်ပွားစေနိုင်ခြင်းက ထူးပြီးမပိုပါဘူး။ အလွန်အကျွံမစားဘဲ ပုံမှန်စားတာ မျိုးကို ဘေးကင်းစွာ ပြုလုပ်နိုင်ပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။

ထို့ ကြောင့် အဆီပြည့်ဒိန်ခဲ ကိုလည်း နှလုံးရောဂါရှိ ၍ဖြစ်စေ၊ နှလုံးရောဂါဖြစ်ပွား မည်ကို ကြိုတင်ကာကွယ် ရန်ဖြစ်စေ လုံးဝရှောင်ကြဉ်ခြင်း ပြုလုပ်ရန်မလိုအပ်ဘဲ သင့်တင့်မျှတစွာ စားသောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

From : ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2017/05/blog-post_75.html

Read More »

Tuesday, February 7, 2017

နားမကြားတဲ့ ကြွက်တွေကို မျိုးရိုး ဗီဇပြောင်းလဲခြင်း ကုထုံးနဲ့ နားကြားအောင် ကုသနိုင်ခဲ့




မွေးရာပါ နားမကြားတဲ့ ကြွက်များကို ကုသနိုင် ခဲ့ခြင်းဟာ မွေးရာပါ ဗီဇချို့ယွင်း ချက်ကြောင့် နားမကြားတဲ့ လူနာတွေ ဘ၀ကို ပြောင်းလဲစေမဲ့ ကုထုံး တစ်ခုဖြစ်လာနိုင် ပါတယ်။

ဒီလို ဆန်းသစ်တဲ့ တီထွင်မှုကို အမေရိကန်သိပ္ပံပညာရှင်များ က ကြွက်တွေကို မှန်ကန်တဲ့ DNA (Deoxyribonucleic acid ) သယ်ဆောင်ထားတဲ့ Virus ကို ကူးစက်စေပြီး ကုသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကြွက်တွေဟာ Usher syndrome လို့ အမည်ရတဲ့ မွေးရာပါ မျိုးရိုးဗီဇ ချို့ယွင်းမူကြောင့် နားကန်းနေတာ ဖြစ်ပါတယ်။ကုသမှု အပြီး ကြွက်တွေဟာ လေသံလောက် မျှသော စကားကို တုံ့ပြန် လာနိုင်တဲ့ အထိ တိုးတက် လာခဲ့ပါတယ်။

ဒီလေ့လာမှုကို ဦးဆောင်ခဲ့သူ ဘော်စတွန် ကလေးဆေးရုံမှ ဒေါက်တာ ဂွင်နယ်လေ ဂျီလော့ကတော့ ” အခု ဒီကြွက်တွေဟာ တိုးတိုးလေး ပြောတာ ကိုတောင် ကြားရ ပါတယ် လို့ ပြောခဲ့ပါတယ်။

စမ်းသပ်မှုပြုလုပ်ခဲ့တဲ့ ကြွက် ၂၅ ကောင် အနက် ၁၉ ကောင်ကတော့ ၈၀ ဒက်ဆီဘယ် လောက်ရှိတဲ့ အသံကို ကြားနိုင် ခဲ့ပါတယ်။ (၃ ပေ လောက် အကွာ ကနေ စကားပြော သံဟာ ၆၀ ဒက်ဆီဘယ် ကနေ ၇၀ ဒက်ဆီဘယ် ရှိပါတယ်)



ဒီလေ့လာမှုကို Nature Biotechnology ဂျာနယ်မှာ တင်ပြ ခဲ့တာ ဖြစ်ပြီး ဒီကုသမှုဟာ ခန္ဓာကိုယ် မျှခြေ ထိန်းသိမ်းနိုင်စွမ်း ချို့ယွင်းမှု ကိုလည်း ကောင်းမွန် စေတယ် လို့ ဖော်ပြ ခဲ့ပါတယ်။

စမ်းသပ်မှုမှာ ပါဝင်ခဲ့သူ ဒေါက်တာ ဂျက်ဖရေး ဟော့တ်ကလည်း ” ဒါဟာ ထူးခြားတဲ့ တွေ့ရှိမှု တစ်ခုပါပဲ။ ပထမဆုံး အကြိမ် အနေနဲ့ မှန်ကန်တဲ့ မျိုးရိုးဗီဇ နားထဲမှာရှိတဲ့ အာရုံခံ အင်္ဂါတွေကို ပို့ပေးခြင်းဖြင့် အကြားအာရုံနဲ့ ခန္ဓာကိုယ် မျှခြေ ထိန်းသိမ်းနိုင်စွမ်းကို ကောင်းမွန်စေတယ် ဆိုတာ ပြသနေ တာပါပဲ ” လို့ ပြောကြား ခဲ့ပါတယ်။



လူသားတွေကို ကုသနိုင်ဖို့ အတွက်တော့ နောက်ထပ် လေ့လာမှုတွေ ထပ်မံပြုလုပ် ရဦးမယ်လို့ သုတေသန ပြုသူများက ဆိုခဲ့ ပါတယ်။

သုတေသနမှာ ပါဝင်သူ နောက်တစ်ဦးဖြစ်တဲ့ ဟားဗတ်ဆေးတက္ကသိုလ်မှ ဒေါက်တာ ဗန်ဒန် ဘာဂီကတော့ မျိုးရိုးဗီဇ ပါဝင်တဲ့ Anc 80 ဗိုင်းရပ်စ်ကို ဖန်တီး ခဲ့သူကတော့ ” ဒီမျိုးရိုးဗီဇ ပြောင်းလဲပေးခြင်း ကုထုံးကို လူသားတွေ အတွက် အသင့်ဖြစ်ဖို့ ကတော့ အချိန်တော်တော် ယူရဦးမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တွေ့ရှိမှုဟာ မျိုးရိုဗီဇ ကုထုံးမှာ အရေးကြီးတဲ့ တွေ့ရှိချက် တစ်ခု ဆိုတာကို ကျွန်တော် ယုံကြည် ပါတယ် ” လို့ ပြောဆို ခဲ့ပါတယ်။

Ref : The Sun

From : SHWEMOM by Lumos (Shwemom)

Originally published at - http://www.shwemom.com

Read More »

Saturday, August 13, 2016

ဟိုမုန်းများနှင့် လိင်စိတ် အကြွဆုံးသော အချိန်များ




အမျိုးသမီး တွေဟာ ညအိပ်ရာ မ၀င်ခင် အချိန်မှာ လိင်စိတ် ဆန္ဒ အနိုးကြားဆုံး ဖြစ်တယ်လို့ စစ်တမ်း တခုက ဆိုပါတယ်။ အမျိုးသားတွေ ကျတော့ မနက် အစောပိုင်း အိပ်ရာက နိုးလာတဲ့ အချိန် ဖြစ်တယ်လို့ သိရ ပါတယ်။ ဒီလိုမျိုး အမျိုးသား က လည်း အမျိုးသား အလျောက် အမျိုးသမီး ကလည်း အမျိုးသမီး အလျောက် စိတ်ဆန္ဒနိုးကြား တတ်တဲ့ အချိန် ကာလ ကို လေ့လာသူ ပညာရှင်တွေက sex o’clock လို့ အမည် တတ်ခဲ့ ကြပါတယ်။

လိင်မှု ကိစ္စနဲ့ ဆိုင်တဲ့ ပစ္စည်း(sex toy) တွေ ထုတ်လုပ်တဲ့ Lovehoney အမည်ရှိ ကုမ္ပဏီက လူ ၂၃၀၀ ကိုလေ့လာ စစ်တမ်း ကောက်ယူပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေ ကြားမှာ လိင်စိတ် ဆန္ဒ နိုးကြားမှု အချိန် ဖော်ထုတ် ကြည့်ခဲ့ ပါတယ်။

သူတို့ရဲ့ လေ့လာ တွေ့ရှိချက် အရ အမျိုးသား ၇၈ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၆၉ ရာခိုင်နှုန်းတို့ဟာ တနေ့တာ အတွင်း လိင်စိတ် အမြင့်ဆုံး အချိန် ကွဲပြားချက်တွေ နဲ့ ကြုံတွေ့ နေရတယ်လို့ သိရ ပါတယ်။

အမျိုးသားတွေဟာ မနက်ခင်း အချိန်မှာ သူတို့ရဲ့ စွမ်းအင် အပြည့်ဝဆုံးလို့ ခံစားကြ ရပါတယ်။ အမျိုးသား ၂၈ ရာခိုင်နှုန်းက မနက် ၆ နာရီနဲ့ ၉ နာရီ အတွင်းမှာ လိင်စိတ် အမြင့်ဆုံး ဖြစ်နေ တတ်ကြ ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ လိင်စိတ် ဆန္ဒဖြစ် ပေါ်တဲ့ အမျိုးသမီးကတော့ ၁၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။

အမျိုးသမီးတွေရဲ့ လိင်ကိစ္စနဲ့ ပတ်သက်သက်တဲ့ စိတ်ဆန္ဒဟာ တနေ့တာ အတွင်းမှာ တဖြည်းဖြည်းနဲ့ မြင့်တက် လာပြီး ည ၁၁ နာရီနဲ့ မနက် ၂ နာကြားမှာ အမြင့်ဆုံး
ဖြစ်လာ ပါတယ်။

စစ်တမ်းကို ဖြေဆိုပေးတဲ့ အမျိုးသမီး ၂၅ ရာခိုင်နှုန်းက အဲဒီ အချိန်မှာ လိင်ဆက်ဆံရင် ကျေနပ်နှစ်သိမ့်မှု အများဆုံး ရတယ်လို့ ရွေးချယ် ခဲ့ကြပြီး အိမ်ရာ မ၀င်ခင် လိင်ဆက်ဆံချင် တယ် ဆိုတဲ့ အမျိုးသား ကတော့ ၁၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ Lovehoney ရဲ့ စစ်တမ်းက ဆိုပါတယ်။

အမျိုးသားတွေက ဘာဖြစ်လို့ မနက် အိပ်ရာ ထချိန်မှာ လိင်စိတ် အမြင့်ဆုံး ဖြစ်နေပြီး အမျိုးသမီးတွေက ဒီလို မဖြစ်တာလဲ။ နောက်ပြီးတော့ အမျိုးသမီးတွေ စိတ်တက်ကြွ
နေတတ်တဲ့ ညနက်ပိုင်း အချိန်တွေမှာ အမျိုးသား တွေက ဘာကြောင့် အိပ် ဖို့ ပဲ စဉ်းစားနေ ကြတာလဲ။ ဒါတွေ အားလုံးက ဟိုမုန်းတွေကြောင့် ဖြစ်ပါတယ်။

မနက်လင်းလို့ အမျိုးသားတွေ မျက်လုံး မပွင့်ခင် ကတည်းက သူတို့ရဲ့ testosterone လို့ခေါ်တဲ့ ဟိုမုန်း (အမျိုးသမီးတွေ မှာလည်း ရှိပေမယ့် ကျားဟိုမုန်းလို့ သိကြတဲ့) လယ်ဗယ်က အမြင့်ဆုံးကို ရောက်နေ ပါပြီ။

ဘာကြောင့်လဲ ဆိုတော့ ဦးနှောက်ထဲမှာရှိတဲ့ pituitary gland ကြောင့်ဖြစ် ပါတယ်။ သူက အမျိုသားတွေရဲ့ လိင်ဟိုမုန်း ထုတ်လုပ်မှုကို ထိန်းချုပ်တဲ့ gland ဖြစ်ပြီးတော့ မနက် အရုဏ်တက်ချိန် အထိ ထုတ်လုပ်မှုက တဖြည်းဖြည်း မြင့်တက် သွားပါတယ်။

အမျိုးသမီးတွေမှာလည်း လိင်စိတ်ဆန္ဒကို အဓိက လှုံ့ဆော်ပေးတဲ့ ¬testosterone ဟိုမုန်း ထုတ်လုပ် ပါတယ်။ ဒါပေမယ့် ညဘက် ရောက်ရင် ထုတ်လုပ်မှုက တဖြည်းဖြည်း နည်းသွား ပါတယ်။

“testosterone လယ်ဗယ် အမြင့်ဆုံး ဖြစ်နေတဲ့ အတွက်ကြောင့် အမျိုးသား အများစုက တပတ်မှာ ၂ ရက် ၃ ရက်လောက် အိပ်ရာက နိုးလာတဲ့ အချိန်မှာ လိင်အင်္ဂါ တင်းမာနေ တတ်တာ ဖြစ်ပါတယ်။” လို့ လန်ဒန်မှာ ရှိတဲ့ St Bartholomew ဆေးရုံ က ဟိုမုန်း ပညာဆိုင်ရာ ပါမောက္ခ ဒေါက်တာ Ashley Grossman ပြောပါတယ်။

ညဘက်မှာ ကောင်းကောင်း အိပ်ပျော် ခဲ့မယ်ဆိုရင် အမျိုးသားတွေ အနေနဲ့ အလွန်ကို အင်အား ပြည့်သလို ခံစား နေရမှာ ဖြစ်ပါတယ်။ လေ့လာမှုတွေ အရ အမျိုးသားတွေ နှစ်နှစ် ချိုက်ချိုက်နဲ့ အချိန်ကြာကြာ အိပ်ပျော်လေ သူတို့ရဲ့ testosterone လယ်ဗယ်မြင့်လေလေ ဆိုတာတွေ့ရှိ ခဲ့ရပါတယ်။

မနက် ၇ နာရီ အချိန်က အမျိုးသားတွေ အတွက် ကတော့ လိင်စိတ်ကို လှုံ့ဆော်တဲ့ ဟိုမုန်းတွေ အမြင့်ဆုံး အချိန်ဖြစ် ပြီးတော့ အမျိုးသမီးတွေ အတွက် ကတော့ ဆန့်ကျင်ဘက် ဖြစ်ပြီး အနိမ့်ဆုံး ရောက်နေတဲ့ အချိန် ဖြစ်ပါတယ်။

မနက် ၈ နာရီကျော် သွား တဲ့ အချိန်မှာတော့ တနေ့တာ အတွက် လုပ်ငန်းခွင် ၀င်ဖို့ ပြင်ဆင်ချိန် ရောက်လာပြီ ဖြစ်လို့ ၀င်လာတဲ့ ဖိအား အမျိုးမျိုး ကြောင့် အမျိုးသားတွေရဲ့ လိင်စိတ်လဲ တဖြည်းဖြည်း လျော့ပါး သွားပါတယ်။ အမျိုးသမီးတွေလည်း ထိုနည်းတူ ပဲလို့ လေ့ လာမှုတွေ အရ သိရ ပါတယ်။

မနက် ၉ နာရီနောက်ပိုင်း တနေ့တာ အချိန်မှာတော့ အမျိုးသားတွေရဲ့ ဝှေးစေ့ အတွင်းမှာ testosterone ကို မှန်မှန်ထုတ် ပေးနေ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကြွက်သားတွေ ဖွံ့ဖြိုးဖို့နဲ့ သုတ်ရည် ထုတ်လုပ်နိုင် ဖို့လည်း ဒီဟိုမုန်းက လိုအပ်လို့ ဖြစ်ပါတယ်။

ညနေခင်း (၆နာရီ နောက်ပိုင်း) ရောက်ရင်တော့ အမျိုးသားတွေရဲ့ testosterone ထုတ်လုပ်မှုက စတင် ကျဆင်းလာပြီ ဖြစ် ပြီးတော့ အမျိုး သမီးတွေရဲ့ လိင်စိတ်ဆိုင်ရာ လှုံ့ဆော်မှု ဟိုမုန်းတွေက တဖြည်းဖြည်းချင်း မြင့်တက် လာပါတယ်။

ဒါပေမယ့် အလုပ်ဆင်းတဲ့ အချိန်မှာ ကိုယ်လက် လှုပ်ရှားလေ့ကျင့် ခန်း လုပ်တာက အမျိုးသား တွေရော အမျိုးသမီးတွေကိုပါ လိင်စိတ် ဆန္ဒနဲ့ စွမ်းဆောင် မှုကို မြင့် တက်စေ ပါတယ်။ လေ့လာမှုတွေ အရ အမျိုးသားတွေ အနေနဲ့ မိနစ် ၃၀ ကနေ ၄၀ အတွင်း လေ့ ကျင့်ခန်း တခုခု ယူမယ်ဆိုရင် testosterone သိသိ သာသာ မြင့်တက် လာတယ် ဆိုတာတွေ့ ရှိ ရပါတယ်။ အမျိုးသမီးတွေလဲ ထိုနည်းတူပါပဲ။

အိမ်ပြန်ရောက်ကြတဲ့ အချိန် ည၇ နာရီလောက် ကတော့ တနေကုန်ကြုံ ခဲ့ရတဲ့ စိတ်ဖိအားတွေကို ပြန်လည် လျှော့ချရတဲ့ အချိန် ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ သီချင်း နားထောင် တာက လိင်စိတ်ဆိုင်ရာ ဟိုမုန်းတွေ အတွက် ကောင်းစေတယ်လို့ ဂျ ပန်နိုင်ငံ Nara တက္ကသိုလ်ရဲ့ လေ့လာမှု တခုက ဆိုပါတယ်။

အမျိုးသမီးတွေ အနေနဲ့ သီချင်းနားထောင်ခြင်းကြောင့် စိတ်ပင်ပန်း မှုတွေကို လျော့ကျစေ သလို လိင်စိတ် ဆန္ဒကိုလည်း မြှင့်တင်ပေးနိုင် တယ်လို့ သုတေသီတွေက ယုံကြည် ထားပါတယ်။

ညဘက်ဆိုရင် TV မှာ လာတတ်တဲ့ အားကစားပွဲတွေ ကလည်း အမျိုးသားတွေရဲ့ testosterone အပေါ် သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ပွဲရဲ့ ရလဒ်ပါ။

အမေရိကန်နိုင်ငံ Utah တက္ကသိုလ်က ပညာရှင်တွေက ကမ္ဘာ့ဖလား ဘောလုံး ပွဲတွေကို ကြည့်တဲ့ ၀ါသနာရှင် တွေကို လေ့လာကြည့်တဲ့ အခါ သူတို့ အားပေးတဲ့ အသင်း အနိုင်ရရင် အမျိုးသားတွေရဲ့ ဟိုမုန်း လယ်ဗယ်က ၂၀ ရာခိုင်နှုန်းလောက် တက်လာ တတ်တာကို တွေ့ရှိခဲ့ ရပါတယ်။ ရှုံးရင်လည်း ၂၀ ရာခိုင်နှုန်း လောက် ကျသွား တတ်တယ်လို့ သိရ ပါတယ်။

ည ၉နာရီလောက် ဆိုရင်တော့ အမျိုးသားတွေရဲ့ testosterone က တနေ့တာမှာ အနိမ့်ဆုံး အနေ အထားကို ရောက်လာပြီး အမျိုးသမီးတွေ ကတော့ အမြင့်ဆုံး နားကို ရောက်ဖို့ ဦးတည်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အမျိုးသားတွေက ဒီလိုအချိန်မှာ တောင် လိင်ဆက်ဆံဖို့ ဖြစ်နိုင် ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေရဲ့ testosterone လယ်ဗယ်က အနိမ့် ဆုံ အနေ အထားမှာ ရှိနေ ရင်တောင် အမျိုးသမီးတွေ ထက်တော့ မြင့်နေသေးလို့ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း အမျိုးသား တွေနဲ့ အမျိုးသမီးတွေကြားမှာ လိင်စိတ်နိုးကြား တတ်တဲ့ အချိန်ကာလ (sex o’clock) ဆန့်ကျင်ဘက်တွေ ဖြစ်နေပေမယ့် သိသိသာသာ ကွဲပြားမှုတွေ မရှိခဲ့တာ ဖြစ်ပါတယ်။

Source: mirror.co.uk

အေးမင်း

ဧရာဝတီ by htet htet

Originally published at - http://burma.irrawaddy.com/lifestyle/2016/08/13/120536.html

Read More »

Wednesday, July 6, 2016

ကော်ဖီသောက်သုံးခြင်းက အူမကြီးကင်ဆာကို သက်သာပျောက်ကင်းစေနိုင်




ကော်ဖီ သောက်သုံး ခဲ့တဲ့ အဆင့် ၃ အူမကြီး ကင်ဆာ အဆင့်ရှိ လူနာများဟာ သူတို့ရဲ့ကင်ဆာ ရောဂါ တစ်ဝက် နီးပါး သက်သာ ပျောက်ကင်း ကြပြီး သေဆုံးနိုင်တဲ့ အခွင့် အလမ်း သုံးပုံပုံ တစ်ပုံခန့် နည်းပါး သွားကြောင်း လေ့လာမှု အသစ်အရ သိရှိရ ပါတယ်။

လေ့လာသူတွေက ကော်ဖီအတွင်းမှာ ပါဝင်တဲ့ ကဖင်းဓါတ်ဟာ ကင်ဆာရောဂါ ပြန်လည် ဖြစ်ပွားနိုင်မှုကို လျော့ကျ စေတယ် ဆိုတာ လေ့လာ တွေ့ရှိခဲ့ ပါတယ်။

ကော်ဖီသောက်သုံးခြင်းဖြင့် ကောင်းမွန်တဲ့ကာကွယ်မှုတွေ သို့ ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာစတဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပြီး ဆီးချိုရောဂါကိုလည်း လျော့နည်းသွားစေကြောင်း လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်။

“ ခင်ဗျားသာ ကော်ဖီသောက်သုံးသူတစ်ယောက်ဆိုရင် အူမကြီးကင်ဆာအတွက် ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဆက်ပြီးတော့သာ သောက်ပါ” လို့ Dana Farber ကင်ဆာဌာနရဲ့ ဒါရိုက်တာဖြစ်သူ Dr. Charles Fuchs ကဆိုပါတယ်။

“ ဒါပေမယ့် ခင်ဗျားက ကော်ဖီသောက်တတ်သူတစ်ဦးမဟုတ်ဘူး စတင်သောက်သုံးဖို့ စဉ်းစားနေရင်တာ့ ကိုယ့်ရဲ့ဆရာဝန်နဲ့အရင် တိုင်ပင်သင့်ပါတယ်” လို့လည်း ဆိုပါတယ်။

လေ့လာသူတွေဟာ အူမကြီးကင်ဆာ အဆင့်၃ရှိ လူနာ ၁၀၀၀ ကို လေ့လာခဲ့ရာ တစ်နေ့ကို ကော်ဖီတစ်ခွက် သို့ တစ်ခွက်နဲ့အထက် - ကဖင်းဓါတ် ၄၆၀ မီလီဂရမ်ခန့်သောက်သုံး သူတွေဟာ ကင်ဆာရောဂါပြန်လည်ဖြစ်ပွားဖို့ ၄၂ရာခိုင်းနှုန်းခန့် ပိုပြီးသက်သာစေတယ်လို့ တွေ့ရှိခဲ့ပါသတဲ့။ ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ချေ ၃၄ ရာခိုင်နှုန်းခန့်လည်း လျော့နည်း သွားစေတယ်လို့ ဆိုပါတယ်။

Fuchs က ကဖင်းဓါတ်ဟာ ကင်ဆာရောဂါကိုသာမက ဆီးချိုရောဂါအတွက်လည်း အကျိုးသက်ရောက်မှုရှိစေတယ်လို့ ဆိုပါတယ်။ ကော်ဖီဟာ ခန္ဓာကိုယ်တွင်း အင်ဆူလင် သိရှိ ခံစားနိုင်မှုကို မြင့်တက်စေပြီး ယောင်ရမ်းနာကျင်မှုတွေကို သက်သာစေပါတယ်။ ဆီးချိုရောဂါကို သက်သာစေရုံသာမက ကင်ဆာရောဂါပိုမို ဆိုးရွားလာစေမှု ကိုလည်း လျော့ကျစေ ပါတယ်။

Ref : Upi

Originally published at - http://health.thithtoolwin.com/2016/07/blog-post_5.html

Read More »

ဝမ်းဗိုက်မှ အဆီလျှော့ချခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်နိုင်




ခါး အတိုင်း အတာကို လျှော့ချနိုင် တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး လေဖြတ် နိုင်ခြေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ထက်ဝက် လျှော့ချ နိုင်ပါတယ်။

တခြား အဆီ အမျိုးအစားတွေ ဖြစ်တဲ့ ပေါင်နဲ့ တင်ပါးမှာ အဆီ ရှိတာဟာ ခန္ဓာကိုယ် ဝစေ သလိုသာ ဖြစ်တတ်ပေမယ့် ဝမ်းဗိုက်မှ အဆီတွေဟာ ရောင်ရမ်းမှု ဖြစ်စေတဲ့ ပစ္စည်းတွေ ထုတ်လုပ် တတ်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။ ဝမ်းဗိုက်မှ အဆီတွေ အမြန်ဆုံး ပျော်ဝင် သွားအောင် အောက်ပါတို့ကို ပြုလုပ် ပါလို့ ကျွမ်းကျင် သူတွေက အကြံပေး ထားပါတယ်။

၁။ တစ်ပတ်မှာ နှစ်ရက် အစာလျှော့ စားပါ

အပတ်စဉ် နှစ်ရက်လောက် ကာဗို ဟိုက်ဒရိတ်ကို လျှော့စား တာကြောင့် လေးလ အတွင်း ဝမ်းဗိုက်မှ အဆီ ကိုးပေါင်လျော့ကျ ပါတယ်။ ဒါဟာ တစ်ပတ် လုံးလုံး အစာလျှော့ စားတာထက် နှစ်ဆ ပိုပြီး အဆီလျော့ တယ်လို့ ဆိုပါတယ်။

ရေတို ကာဗို ဟိုက်ဒရိတ် ရှောင်ရှား တာကြောင့် အဆီ လောင်ကျွမ်းမှု မြင့်တက်နိုင် တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် တစ်ပတ်မှာ နှစ်ရက်ကို ကာဗို ဟိုက်ဒရိတ် မပါဘဲ ကြက်သား၊ ငါးနဲ့ ကြက်ဥ လိုမျိုး ပရိုတင်း ဓာတ်သာ စားပြီး ကျန် ငါးရက်ကို ပုံမှန် အတိုင်း စားပေးပါ။

၂။ ပါကင်ပေါ်မှ စာတန်းတွေကို သေချာဖတ်ပါ

ပါကင်ပေါ်မှ စာတန်းတွေကို ဖတ်ရှု ရာမှာ အာဟာရ ဓာတ်နဲ့ ပတ်သက်ပြီး ပေးထားတဲ့ သတင်း အချက် အလက်တွေကို အဓိကထား ဖတ်ပြီးမှ စားသုံးပါ။

၃။ လေ့ကျင့်ခန်းလုပ် အပြီး အဆာပြေ အစာ မစားခင် ခဏစောင့်ပါ

လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၃၀ နှုန်းနဲ့ အလေးမ လေ့ကျင့်ခန်းကို တစ်ပတ် နှစ်ကြိမ် ပြုလုပ်တဲ့ အမျိုးသမီး တွေဟာ ဝမ်းဗိုက်မှ အဆီ ပေါင် ၂၀ လျော့သွား တယ်လို့ သိရပါတယ်။

သူတို့ဟာ လေ့ကျင့်ခန်း လုပ်အပြီး မိနစ် ၄၀ အတွင်းမှာ ရေက လွဲပြီး ဘာအစား အသောက်မှ မစားမသောက် ဘူးလို့ ဆိုပါတယ်။ အလေးမ လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အဆီ လောင်ကျွမ်းနိုင်တဲ့ ဟော်မုန်း ထုတ်လုပ်မှုတွေ မြင့်တက် လာပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း လုပ်ပြီး ပြီးချင်း အစာ စား လိုက်တာကြောင့် ဟော်မုန်း ထုတ်လုပ်မှု ပြန်ကျ ဆင်းသွား ပါတယ်။

၎။ ဝမ်းဗိုက်မှ အဆီ ကျုံ့သွားအောင် Green Tea သောက်ပါ

နေ့စဉ် Green Tea လေးခွက် သောက်တာကြောင့် ဝမ်းဗိုက်မှ အဆီ သိုလှောင်မှုတွေ ၇၆ ရာခိုင်နှုန်းခန့် ပိုမိုပြီး ကျုံ့သွားနိုင် တယ်လို့ သုတေသီတွေက တွေ့ရှိ ခဲ့ပါတယ်။ Green Tea မှာ ပါဝင်တဲ့ Polyphenol ဒြပ်ပေါင်းတွေဟာ ဝမ်းဗိုက် အဆီ လောင်ကျွမ်းမှုကို မြန်ဆန်စေနိုင် လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။

Ref : Good Health

Originally published at - http://health.thithtoolwin.com/2016/07/blog-post.html

Read More »

Sunday, June 12, 2016

ကယ်လိုရီ မစားတာနဲ့ လေ့ကျင့်ခန်းလုပ်တာ ဘယ်အရာက ဝိတ်ပိုကျစေသလဲ?




ကယ်လိုရီ မစားသုံး တာဟာ လေ့ကျင့်ခန်း ပြုလုပ် တာထက် ပိုပြီး ထိရောက် ပေမယ့်လည်း လက်တွေ့မှာတော့ ကိုယ့် ခန္ဒာကိုယ် အချိုးအစားကို ထိန်းသိမ်းနိုင်ဖို့ အတွက်တော့ ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်တာက ပိုမိုပြီး ထိရောက်ပြီး ဝိတ်ကျတယ်လို့ သိရပါတယ်။

၃၅၀ဝကယ်လိုရီဟာ (၁ပေါင် (ဝ.၄၅ ကီလိုဂရမ်) ကိုယ်အလေး ချိန်နှင့်ညီမျှပါတယ်။ အကယ်လို့များ တစ်ရက်ကို (၅၀ဝ)ကယ်လိုရီ လျော့သွား ပါက တစ်ပတ်လျှင် (၁) ပေါင် (၅၀ဝ ကယ်လိုရီ _ ၇ ရက် = ၃၅၀ဝ ကယ်လိုရီ)လျော့ကျသွားမှာပါ။

လူအတော်များများကတော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကယ်လိုရီပမာဏတွေ ဖယ်ထုတ်ဖို့ ခဲယဉ်းတာကြောင့် အစားအသောက်ကို ထိန်းစားရ ခြင်းကိုပါ ပြုလုပ်ကြရပါတယ်။ဒါ့ကြောင့် ကယ်လိုရီလျော့စားသလိုပဲ လေ့ကျင့်ခန်းပါ တွဲဖက်ပြီး ပြုလုပ်တာက ဝိတ်ပိုကျစေပါတယ်။

ဒါ့ကြောင့် ကယ်လိုရီလျှော့စားတာကလည်း သင့်ရဲ့ ဝိတ်ကျမှုပေါ် အနည်းငယ်ထိရောက်ပေမယ့် အစားအစာကို ပုံမှန်စားသုံးပြီး လေ့ကျင့်ခန်းပြုလုပ်တာကတော့ သင့်ရဲ့ ခန္ဒာကိုယ်အလေးချိန်ကို သိသိသာသာအကျိုးထိရောက်မှုရှိနေတာပါ။

Ref : GoodHealth

Originally published at - http://health.thithtoolwin.com/2016/05/blog-post_17.html

Read More »

ခါးနာနေသလား၊ ဒီနည်းလေးတွေ စမ်းကြည့်ပါ




လူတွေမှာ ခါးနာတာ ကလည်း အပြော များတဲ့ ဝေဒနာ တခုပါပဲ။ အကြောင်း တွေလည်း အမျိုးမျိုး ရှိကြပါတယ်။ အဲဒီ ခါးနာတာကို ပိုမဆိုးအောင်၊ သက်သာ စေအောင် ရိုးစင်းတဲ့  နည်းလမ်း လေးတွေလည်း ရှိပါတယ်။

မျှတတဲ့ အစာ

တချို့ အစားအသောက်တွေမှာကိုက ရောင်ရမ်းနာကျင်မှု ပျောက်စေတဲ့ အာနိသင်ရှိပြီးသားပါ။ ငါးကွမ်းရှပ်၊ တူနာငါး၊ ဆော်လ်မွန်ငါး၊ သံလွင်ဆီ၊ ချယ်ရီသီး၊ ပဲပုတ်စေ့က ထုတ်တဲ့ အစားအသောက်တွေ၊ အခွံမာသီးရဲ့ အစေ့တွေ (သစ်ကြားသီး၊ ဗန်ဒါသီး လိုမျိုး)၊ လက်ဖက်ရည်ကြမ်း နဲ့  ဂျင်းတွေပေါ့။

တချို့ အစားအသောက်တွေကျပြန်တော့ နာကျင်မှု ပိုစေကြပြန်ပါတယ်။ စည်သွပ်ဗူးတွေ၊ အသင့်စား မုန့်ခြောက်တွေ၊ မာဂျရင်း၊ မကောင်းတဲ့အဆီ (ပြည့်ဝဆီနဲ့ အသွင်ပြောင်းဆီတွေ ပါဝင်တဲ့ အစာတွေ)၊ fructose ဆိုတဲ့ သကြားဓာတ် အများကြီးပါဝင်တဲ့ ပြောင်းဖူးပါတဲ့ အစားအသောက်တွေပါပဲ။ ချင့်ချိန်စားသောက်ဖို့ သတိထားရမှာပါ။

နေရောင်ခြည်

ဗီတာမင် D ချို့တဲ့တာလည်း ခါးနာစေပါတယ်။ သဘာဝ အလျောက် အဲဒီ ဗီတာမင် ရဖို့က နေရောင်ခြည်နဲ့  အတန်အသင့် ထိတွေ့ စေတာပါ။ အသက် ၁၅ နှစ်ကနေ ၅၂ နှစ်အကြား နာတာရှည် ခါးနာသူ တွေမှာ ၈၀ ရာခိုင်နှုန်းလောက်က ဗီတာမင် D ချို့တဲ့ကြတယ်လို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေကတော့ တနေ့ မှာ ဗီတာမင် D – 1000 IU လောက် စားသုံးသင့်တယ်လို့ ဆိုကြပါတယ်။



ထိုင်ခုံ

တနေ့တာလုံး ထိုင်ခုံမှာ ထိုင် အလုပ်လုပ်နေရသူတွေ အတွက် ထိုင်ခုံဖွဲ့ စည်းပုံက အရေးကြီးပါတယ်။ ထိုင်တဲ့ခုံက ပွပွဖောင်းဖောင်း ဖြစ်နေတဲ့အခါ ခါးရိုးတွေကို လိမ်နေသလိုဖြစ်ပြီး အာရုံကြောတွေ ထိခိုက် နာကျင်စေပါတယ်။ အထူးသဖြင့်  တင်ပါးဆုံကနေ ခြေဖျားအထိ နာကျင်ပြီး အကြောတက်တယ် ခေါ်တာမျိုးဖြစ်ကြတာပေါ့။ ညီညာပြီး သက်တောင့်သက်သာဖြစ်မယ့် ထိုင်ခုံရွေးဖို့ အရေးကြီးပါတယ်။

အပူနဲ့ ကုပါ

ခါးနာလာတဲ့ အခါတွေမှာ အနွေးဓာတ်လေးနဲ့ ကုတာက အကိုက်အခဲ ပျောက်ဆေးတွေထက် အဆင်ပြေတယ်လို့ ဆိုပါတယ်။ ခါးပတ်လည်မှာ ပူနွေးတာလေး (ရေနွေးအိတ်လိုမျိုး) ၈ နာရီလောက် အထိ ပတ်ပေးတာ ထိရောက်တယ်လို့ ဆိုပါတယ်။ သုတေသန ပြုချက်တွေအရကိုပဲ ဒါက ခိုင်မာတဲ့ သက်သေပြချက်တွေ ရှိနေတာပါ။

ခြေထောက် အထားအသို

စားပွဲမှာ ကုလားထိုင်နဲ့ ထိုင်အလုပ်လုပ်ရသူတွေ အဖို့  ခြေထောက် ထားပုံကလည်း စကားပြောပါတယ်။ခြေထောက် အောက်မှာ ခုံဖြစ်စေ၊ တခြား တခုခုဖြစ်စေ မြှင့်ပြီးထားသင့်တာပါ။ ဒူးခေါင်းက တင်ပါးဆုံထက်မြင့်တဲ့ အနေအထားမျိုး ထားပေးနိုင်ရင် ခါးနာ သက်သာတယ်၊ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။

ခါးနာသူများ စမ်းသပ်ကြည့်လို့ အကျိုးမဲ့ မဖြစ်နိုင်တဲ့ နည်းလမ်းတွေကို လက်တို့ လိုက်တာပါ။

ဧရာဝတီ by Zaw Lin Maung

Originally published at - http://burma.irrawaddy.com/lifestyle/health/2016/06/12/116053.html

Read More »

Sunday, May 1, 2016

ရုပ်ဆင်းသွင်ပြင် အိုမင်းရင့်ရော်မှုကို ပိုင်းခြားဆုံးဖြတ်ပေးသည့် ဗီဇဓာတု ပစ္စည်းကို တွေ့ ရှိ




ဝါရှင်တန် ၊ ၁-၅-၂၀၁၆

ခန္ဓာကိုယ်တွင်းရှိ ဗီဇဓာတု ပစ္စည်း အမှတ် MC1R သည် အရေပြားနှင့် ဆံပင် အရောင် တို့ကို သတ်မှတ် ပိုင်းခြား ပေးရာတွင် အဓိက ကျရာဝယ် ဆံပင်နီခြင်း၊ အသား အရောင် မွဲခြောက်ခြင်း၊ မှဲ့ ခြောက် တင်းတိပ်များ ပေါက်ခြင်း အစရှိသည် တို့ ကိုလည်း ဖြစ်စေနိုင်သည့် အတွက် ရုပ်ဆင်းသွင်ပြင် အိုမင်းရင့်ရော်မှုကို ပိုင်းခြား ဆုံးဖြတ်ပေးသည့် ဗီဇဓာတုပစ္စည်း အဖြစ် သုတေသီ များက သတ်မှတ် ထားကြောင်း သိရသည်။

MC1R ဗီဇဓာတု ပစ္စည်း ပါဝင်တဲ့ အချိုးအစား အလိုက် လူတစ်ယောက်ဟာ ဘယ်လောက်ထိ အိုမင်းရင့်ရော် ပုံပေါက်မလဲ ဆိုတာကို သုံးသပ်လို့  ရသလို အဲဒီ MC1R ဗီဇဓာတု ပစ္စည်းကို လိုအပ်သလို ပမာဏ ညှိပေးခြင်း အားဖြင့်လည်း မျက်နှာရင့်၊ အိုမင်းရင့်ရော် နေသူတွေ ပြန်ပြီး အသားအရေ စိုပြည်နုနယ် လာနိုင်ပါတယ် ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

MC1R ဗီဇဓာတု ပစ္စည်းက မူကွဲအမျိုးမျိုး ရှိပါတယ်။ အချို့ မူကွဲ တွေက လူကို စိုပြည်နုနယ် စေသလို အချို့မူကွဲ တွေက လူကို အိုမင်းရင့်ရော် စေပါတယ်။ အိုမင်းရင့်ရော် စေတဲ့ MC1R ဗီဇဓာတု ပစ္စည်းပိုများတဲ့ လူတွေက သာမန် လူတွေထက် နှစ်နှစ်လောက် အသက်ပိုကြီး တဲ့ပုံ ပေါက်လာလေ့ ရှိပါတယ်။

ဒီလိုလူကို ရင့်ရော်စေတဲ့ MC1R မျိုးတွေ ရှိ၊မရှိ ဆိုတာ အသားအရောင် ကြည့်ပြီး ဆုံးဖြတ်လို့ မရသလို နေလောင်ကွက် တွေ၊ အသားအရေ တွန့် တာတွေနဲ့ လည်း ဆုံးဖြတ်လို့  မရပါဘူးဟု ၄င်းက ဆက်လက် ရှင်းပြသည်။

MC1R ဟာ လူကို အသားအရေ တွန့်စေတာထက် ရုပ်ဆင်း သွင်ပြင်ကို ပိုပြီး အိုမင်းရင့်ရော် စေတာပါ။ တစ်ကယ်တော့ အရေးအကြောင်း တွေဆိုတာ အိုမင်းရင့်ရော် ခြင်းရဲ့  နိမိတ် လက္ခဏာတွေ မဟုတ်ပါဘူး။ ပါးတွဲကျတာ၊ လည်ပင်း နှစ်ထပ်ဖြစ်တာ လိုမျိုး မျက်နှာရဲ့ ပုံပန်းသဏ္ဍန် ပြောင်းလဲခြင်း ကသာ အိုမင်းရင့်ရော် ခြင်းရဲ့  လက္ခဏာတွေ ဖြစ်ပါတယ်။

ဒါကြောင့် MC1R ရဲ့ ဆိုးတဲ့မူကွဲ ပါရှိသူတွေဟာ သာမန်လူ တွေထက် မျက်နှာပိုရင့် နေမှာဖြစ်သလို ခန္ဓာကိုယ် ကလည်း ပျော့ကျ၊ တွဲကျတာ ပိုစော ပါလိမ့်မယ်။ ဒီကိစ္စကို ဘယ်လိုဟန့် တားပြုပြင်လို့ ရနိုင်မလဲ ဆိုတာကို လည်း ကျွန်တော်တို့ ဆက်လက် လေ့လာေ နပါတယ်။ အခုအချိန်အထိတော့ ထူးခြားတဲ့အဖြေတစ်စုံတစ်ရာ မရှိသေး ပါဘူး။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ဖို့ ပဲ အကြံပြုနိုင် ပါသေးတယ်ဟု ၄င်းက ဖြည့်စွက် ရှင်းပြသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_1.html

Read More »

Sunday, April 24, 2016

Type 1 ဆီးချိုရောဂါ ၏ နောက်ဆုံး ကျန်ရှိနေသည့် ပဟေဠိကို သိပ္ပံပညာရှင်များ ဖြေရှင်းနိုင်ပြီ




လန်ဒန်၊ ဧပြီ၊ ၂၄

Type 1 ဆီးချို ရောဂါကြောင့် ကိုယ်ခံအား စနစ်ဖောက်ပြန်ပြီး ခန္ဓာကိုယ် အတွင်းထိခိုက်စေသည့် အဓိက နေရာ ၅ နေရာကို သိပ္ပံပညာရှင် များက ဖော်ထုတ် လိုက်နိုင်ပြီ ဖြစ်သည်။

Diabetes ဂျာနယ်တွင်ဖော်ပြ ထားသော လေ့လာမှု အစီရင်ခံစာ တစ်ရပ်ထဲတွင် Type 1 ဆီးချိုရောဂါနှင့်ပတ်သတ်ပြီး ပဉ္စမမြောက်နှင့် နောက်ဆုံး အဖြစ် ဖြေရှင်း ကျန်ရှိနေသည့် ပုစ္ဆာကို ဖြေရှင်း လိုက်နိုင်ပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြား ထားသည်။

ယခုတွေ့ရှိမှုကြောင့် ဆီးချိုရောဂါ ကိုကာကွယ်ခြင်းနှင့် ကုသခြင်းတို့တွင် တိုးတက်မှုများရှိလာတော့မည် ဖြစ်သည်။

Type 1 ဆီးချိုရောဂါတွင် ကိုယ်ခံအားစနစ်သည် ဖောက်လွဲဖောက်ပြန်ဖြစ်ကာ သွေးတွင်း သကြားအဆင့်ကို ထိန်းညှိရန် လိုအပ်သည့် အင်ဆူလင်နှင့် ဟော်မုန်းများ ထုတ်လုပ်ပေးသော ဆဲလ်များကို ဖျက်ဆီးပစ်လေ့ရှိသည်။

ထိုကဲ့သို့ ဖျက်ဆီးရာတွင် ကိုယ်ခံအားစနစ်က အဓိက တိုက်ခိုက်သော ပစ်မှတ် ၅ ခုရှိရာမှ ၄ ခုကို ရှာဖွေ့တွေ့ရှိထားသည် မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ပဉ္စမမြောက်နှင့် နောက်ဆုံးတိုက်ခိုက်မှုကိုမူ ယခုမှရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။

ယခုကဲ့သို့ တွေ့ရှိမှုကြောင့် Type 1 ဆီးချိုရောဂါဝေဒနာသည်များကို ကုသရာတွင်လည်း ပိုမို၍တိုးတက်ကောင်းမွန်လာ မည်ဖြစ်သည်။

Type 1 ဆီးချိုရောဂါသည် အသက်အရွယ် မရွေးဖြစ်နိုင်သည့်ရောဂါဖြစ်သော်လည်း ယေဘူယျအားဖြင့် အသက် ၄၀ အောက်များတွင်အဖြစ်များပြီး အထူးသဖြင့် ကလေးဘ၀မှာတင် ဖြစ်နိုင်သည့် ဆီးချိုရောဂါဖြစ်သည်။

ဆီးချိုရောဂါဖြစ်ပွား စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကသာ Type 1 ဆီးချိုရောဂါဖြစ်သော်လည်း ကလေးအရွယ်များတွင် တွေ့ရလေ့ရှိသည့် ဆီးချိုရောဂါအမျိုးအစား ဖြစ်သည်။

နေထိုင်မှုပုံစံမမှန်ကန်မှုကြောင့် အဖြစ်များသော Type 2 ဆီးချိုရောဂါမှာမူ လူကြီးများတွင်တွေ့ရသည့် ဆီးချိုရောဂါ စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းအထိရှိပြီး Type 1 နှင့်ယှဉ်လျှင် အသက်အရွယ်ရလာသည့် အချိန်တွင်ပို၍အဖြစ်များသည်။

မဇ္ဈိမသတင်း by - ဘီဘီစီ

Originally published at - http://mizzimaburmese.com/article/13512

Read More »

Wednesday, April 6, 2016

ဗီတာမင် D က နှလုံးကျန်းမားရေးကို အထောက်အကူပြု




လန်ဒန်၊ ဧပြီ၊ ၅

ဗီတာမင်ဒီ ဖြည့်စွက် စာများက နှလုံးရောဂါ၊ ဝေဒနာ ခံစားနေ ရသူများ အတွက် အထောက် အကူဖြစ်စေနိုင်ကြောင်း မကြာသေးမှီက ပြုလုပ်ခဲ့သည့် လေ့လာမှု တစ်ရပ် အရ တွေ့ရှိ ခဲ့သည်။

နှလုံးရောဂါ၊ ဝေဒနာအမျိုးမျိုးခံစားနေရသည့် လူနာ ၁၆၃ ဦးကို လေ့လာသုတေသနပြုခဲ့ရာတွင် နေရောင်နှင့် ထိတွေ့ချိန်တွင် အရည်ပြားအတွင်း၌ဖြစ်ပေါ်သည့် ဗီတာမင် D က ထိုလူနာများ၏ ကျန်းမာရေးကို တိုးတက်လာစေကြောင်း တွေ့ရှိခဲ့သည်။

ယခုတွေ့ရှိမှုရလဒ်ကို အံ့အားသင့်လောက်စရာ တွေ့ရှိမှုဟု လိဒ်သင်ကြားရေးတက္ကသိုလ် သုတေသနအဖွဲ့က မှတ်ချက်ပြုခဲ့သည်။

ဗြိတိသျှနှလုံးကျန်းမာရေးဖောင်ဒေးရှင်းကမူ ယခုတွေ့ရှိမှုအပေါ်မှနေ၍ ရေရှည်စမ်းသပ်မှုများဆက်လက်လုပ်ဆောင် သွားရန် တိုက်တွန်းထားသည်။

ဗီတာမင် D သည် အရိုးနှင့် သွားများကျန်းမာရေးအတွက် မရှိမဖြစ်အရေးပါပြီး ကျန်းမာရေးအတွက် အရေးပါသည့် အထောက်အပံ့များပေးနိုင်သော်လည်း လူအများအပြားမှာ ဗီတာမင် D ချို့တဲ့လျှက်ရှိသည်။

ယခုတွေ့ရှိမှုအရ ဗီတာမင် D သည် နှလုံးစွမ်းဆောင်ရည်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်စီးဆင်းမှု ကိုပါ ကောင်းမွန် တိုးတက်စေကြောင်း တွေ့ရှိ ခဲ့ရခြင်းဖြစ်သည်။

အကယ်၍ ဗီတာမင် D ဖြည့်တင်းပေးခြင်းဖြင့်သာ နှလုံးရောဂါ၊ ဝေဒနာသည်များကို ကုသပေးနိုင်မည်ဆိုပါက ကုန်ကျစရိတ်လည်းများစွာ သက်သာသွားမည့် အပြင် ဘေးထွက် ဆိုးကျိုးလည်း မရှိသလောက်ဖြစ်လာမည် ဖြစ်သည်။

ဗီတာမင် D ကို နေရောင်ခြည်ဖြင့်ထိတွေ့ရာမှ အများဆုံးရရှိသော်လည်း အဆီများသော ငါး၊ ဥအမျိုးမျိုး နှင့် နှံစားပင်များမှပြုလုပ်ထားသည့် အစားအစာများမှနေလည်း ရရှိနိုင်သေးသည်။

မဇ္ဈိမသတင်း by ဘီဘီစီ

Originally published at - http://mizzimaburmese.com/article/13163


Read More »

Friday, April 1, 2016

ကမ္ဘာပေါ်တွင် လူကြီး ရှစ်ဦးလျင် တစ်ဦးမှာ အ၀လွန်လျက်ရှိ




ပါရီ၊ ဧပြီ ၁

ကမ္ဘာ၌ ယခုအခါ လူကြီး ရှစ်ဦးလျင် တစ်ဦးမှာ အ၀လွန် လျက်ရှိရာ ၁၉၇၅ နောက်ပိုင်း နှစ်ဆကျော် ရှိလာသော အချိုးတစ်ခု ဖြစ်ပြီး ၂၀၂၅တွင် လူကြီး ငါးဦးလျင် တစ်ဦးနှုန်း အ၀လွန် လာနိုင်သည်ဟု ကြီးမားသည့် စစ်တမ်း တစ်ခုက ဧပြီ ၁တွင် ထုတ်ပြန် ခဲ့သည်။

၂၀၁၄က အသက်ရှင်လျက် ရှိသော လူကြီး ၅ ဘီလျံခန့် အနက် ၆၄၁ သန်းမှာ အ၀လွန်နေ ခဲ့သည်ဟု အချက်အလက် များက ပြသခဲ့သည်။ အ၀လွန်သူဦးရေမှာ လာမည့် ကိုးနှစ် အတွင်း ၁ ဒသမ ၁ ဘီလျံ အထိ ရှိလာမည်ဟု ခန့်မှန်း ထားသည်။

သွေးဖိအားမြင့်မားမှုနှင့် ကိုလက်စထရောမြင့်မားမှုကို ဖြစ်စေသော အဆီနှင့် သကြားမြင့်မားသော အစားအစာများကြောင့် ဆိုးဆိုးဝါးဝါးအ၀လွန်မှုနှင့် ရောဂါများဖြစ်ပွားနိုင်ကြောင်း သုတေသနက သတိပေးခဲ့သည်။ "ကျွန်တော်တို့ မသိသေးတဲ့ ကျန်းမာရေးအကျိုးဆက်တွေလည်း ရှိပါသေးတယ်"ဟုအင်ပီးရီးယယ်ကောလိပ်လန်ဒန်မှ စာတမ်းရေးသူ မာဂျစ်အက်ဇာတီက ပြောသည်။

တစ်ကမ္ဘာလုံးက လက်ခံထားသော ကိုယ်အလေးချိန်နှင့် အရပ်၏ အချိုး (BMI) အရ လူများကို ကျန်းမာသူနှင့် မကျန်းမာသူဟူ၍ ခွဲခြားထားသည်။ ကျန်းမာသော BMI မှာ ၁၈ဒသမ၅မှ ၂၄ ဒသမ ၉ အထိရှိ သည်။

BMI၁၈ဒသမ၅အောက်မှာ ကိုယ်အလေးချိန်လျော့နည်းပြီး BMI ၂၅နှင့် အထက်မှာ ကိုယ်အလေးချိန်လွန်ကဲသူဖြစ်သည်။ BMI ၃၀မှ စ၍ ဆီးချို၊ လေဖြတ်ခြင်း၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါ များဖြစ်နိုင်ခြေမှာ ကြီးကြီးမားမားမြင့်တက်လာသည်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမျိုးသားများအနက် အ၀လွန်သူမှာ ၁၉၇၅တွင် အမျိုးသားလူဦးရေ၏ ၃ဒသမ၂ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၂၀၁၄တွင် ၁၀ဒသမ၈ရာခိုင်နှုန်း (၂၆၆သန်းခန့်) အထိရှိလာ ခဲ့သည်။ အမျိုးသမီးများအနေဖြင့် ၁၉၇၅က ၆ဒသမ၄ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ၂၀၁၄တွင် ၁၄ဒသမ၉ရာခိုင်နှုန်း(၃၇၅သန်း)ရှိလာခဲ့သည်။

ယခုနှုန်းအတိုင်းဆက်လက်သွားနေပါက ၂၀၂၅ခုနှစ်တွင် အမျိုးသားများ ငါးပုံတစ်ပုံ(၁၈ရာခိုင်နှုန်း)နှင့် အမျိုးသမီး ၂၁ ရာခိုင်နှုန်းမှာ အ၀လွန်သူများဖြစ်လာမည်ဟု The Lancet ဆေးပညာ ဂျာနယ်က ဖော်ပြခဲ့သည့် ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

မဇ္ဈိမသတင်း by အေအက်ဖ်ပီ

Originally published at - http://mizzimaburmese.com/article/13023


Read More »

Tuesday, March 22, 2016

ပလတ်စတစ်တွေကို စားသုံးနိုင်တဲ့ ဘက်တီးရီးယား မျိုးစိတ်အသစ် တစ်ခုကို တွေ့ရှိ




ဂျပန်နိုင်ငံက သုတေသန ပညာရှင်တွေ ကတော့ ပလတ်စတစ် အများစုကို စားသုံးနိုင်တဲ့ ဘက်တီးရီးယား မျိုးစိတ် အသစ် တစ်ခုကို တွေ့ရှိ ခဲ့တယ်လို့ ဆိုပါတယ်။

ဘက်တီးရီးယား မျိုးစိတ် အသစ်ကို Ideonella sakaiensis လို့ ခေါ်ပြီး ပလတ်စတစ် အမျိုးအစားကို PET သို့မဟုတ် polyethylene terephthalate လို့ ခေါ်ပါတယ်။

သိပံ္ပပညာရှင်တွေက အဆိုပါ ဘက်တီးရီးယားတွေကို ဂျပန်နိင်ငံရဲ့ မြို့တစ်မြို့ဖြစ်တဲ့ Sakai ရဲ့တံတားတိုင် တစ်ခုအောက်က ပလတ်စတစ် အမှိုက်ပုံထဲမှာ တွေ့ရှိ ခဲ့ပါတယ်။

PETကို ပလတ်စတစ်ပုလင်း၊ ဓာတုနည်း ပညာနဲ့ ရက်လုပ်ထားတဲ့ အ၀တ်အထည်တွေ၊ အစားအသောက် ထုတ်ပိုးတဲ့ အိတ်တွေနဲ့ အပူကာ ကိရိယာတွေမှာ တွေ့နိုင်ပါတယ်။

ရှည်လျားတဲ့ မော်လီကျူး ကွင်းဆက်တွေကို ပေါ်လီမာလို့ ခေါ်ပြီး သက်ရှိ တော်တော် များများက မဖျက်စီးနိုင်ပါဘူး။



သုတေသန ရလဒ်တွေက ဘက်တီးရီးယားတွေက ဘက်တီးရီးယားတွေကို မစားသုံးခင်မှာ အင်ဇိုင်း ဓာတ်နှစ်ခုကို အသုံးပြုပြီး ပေါ်လီမာတွေကို အပိုင်းပိုင်း ဖြစ်အောင် လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

ဘက်တီးရီးယားတွေရဲ့ အထဲကို ရောက်သွားတဲ့ အခါ PET က ပြိုကွဲသွားပြီး ကာဗွန်နဲ့ အင်အားတွေက ဆဲလ် အသစ်တွေကို ဖြစ်ပေါ်စေပါတယ်။

“ဒါက ပြိုင်ဘက်ကင်းတဲ့ အချက်ပါ ။

ဘက်တီးရီးယားတွေက PETကိုပြိုကွဲအောင် လုပ်နိုင်ပြီးသူတို့ရဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းတယ်”လို့ Kyoto Universityက ခေါင်းဆောင် ဇီဝပညာရှင် ရှိုဆုကီ ယိုရှီဒါ (Shosuke Yoshida) က ဆိုပါတယ်။

အဆိုပါသုတေသနကို ယိုရှီဒါနဲ့ သူရဲ့လုပ်ဖော် ကိုင်ဖက်တွေက ကြာသပတေးနေ့က “Science” ဂျာနယ်မှာဖော်ပြ ခဲ့ပါတယ်။

သုတေသန ပညာရှင်တွေက ဘက်တီးရီးယားတွေက ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ PETကို ဖြိုခွဲနိုင်တယ်လို့ ဆိုပါတယ်။

ဘက်တီးရီးယားတွေက တဖြည်းဖြည်း စားသုံးပြီး အဆိုပါ ပလတ်စတစ်တွေကို စားသုံးခြင်းက ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ထုတ်ပေးပါတယ်။

“အဲဒီ ဘက်တီးရီးယားတွေက ဘယ်လို ရောက်ရှိလာလဲဆိုတာ မတွေး တတ်အောင်ပါပဲ ၊ပလတ်စတစ် ပုလင်းတွေကို အသစ်ပြန်ထုတ်ဖို့ ပြန်သုံးလို့ ရတဲ့ အမှိုက်ပုံး ထဲထည့်တာထက် သေးငယ်တဲ့ ဘက်တီးရီးယားတွေက ဖျက်စီးတာက ပိုကောင်းတယ်လို့တော့ ကျွန်တော် မထင်ဘူး”လို့ မက်ဆာချူးဆက်က The Woods Hole Oceanographic Institution မှာ ပလတ်စတစ်ကြောင့် ညစ်ညမ်းမှုကို သုတေသနပြုနေတဲ့ ကျွမ်းကျင် ပညာရှင် ထရေစီ မင်ဆာက the Los Angeles Timeကို ပြောကြား ခဲ့ပါတယ်။



Ref : UPI

Originally published at - http://health.thithtoolwin.com/2016/03/blog-post_22.html


Read More »

Sunday, March 20, 2016

အလုပ်ခွင်မှာ အချိန်ကြာကြာထိုင်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ချေကို မြင့်တက်စေ




အလုပ်ခွင်မှာ အချိန် ကြာကြာ လုပ်ခြင်းက နှလုံးရောဂါ ဖြစ်နိုင်ချေကို မြင့်တက် စေတယ်လို့ သုတေသန အသစ် တစ်ရပ်က ဆိုပါတယ်။

အဆိုပါ လေ့လာမှု အတွက် သုတေသန ပညာရှင်တွေက လူ ၁၉၀၀ ကျော်ကို အချိန် ကြာကြာ သုတေသန ပြုလုပ် ခဲ့ပါတယ်။

အဆိုပါ လေ့လာချက်မှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်တဲ့ ၄၃ ရာခိုင်နှုန်းက ရင်ခေါင်း စူးအောင့် ရောဂါ၊ နှလုံး သွေးလွှတ်ကြော ယိုယွင်း ရောဂါ၊ ရုတ်တရပ် နှလုံးခုန် ရပ်ခြင်း၊ နှလုံးရောဂါနဲ့ သွေးဖိအား ကျဆင်းတာ စတဲ့ နှလုံးသွေး လှည့်ပတ်မှု ရောဂါ ( Cardiovascular Disease CVD) ဖြစ်နိုင်ဖို့ ဆက်စပ် နေတယ်လို့ ဆိုပါတယ်။

အလုပ်ချိန် ၄၆ နာရီက စပြီး အပို အလုပ်ချိန် တွေက နှလုံးရောဂါကို ပိုမို ဖြစ်ပွား နိုင်ပါတယ်။

တပတ် ပျှမ်းမျှ ၄၅ နာရီကို ၁၀နှစ်နဲ့ ၁၀ အထက် လုပ်သူနဲ့ တပတ် ၅၅ နာရီ လုပ်သူကို နှိုင်းယှဉ်တဲ့ အခါ ၅၅ နာရီလုပ်သူက ၁၆ ရာနှုန်းဖြစ်နိုင်ချေ ပိုများပြီး ၆၆ နာရီ အလုပ် လုပ်သူက ၃၆ ရာနှုန်း ဖြစ်နိုင်ချေ ပိုများကြောင်း အဆိုပါ သုတေသနက ဖော်ပြ ထားပါတယ်။

မတ်လထုတ် Journal of Occupational and Environmental Medicine ရဲ့လေ့လာချက် အရ ရှာဖွေတွေ့ရှိ ချက်တွေက အချိန်ပိုင်း အလုပ် လုပ်သူတွေ ပေါ်မှာ မသက်ရောက် ဘူးလို့ ဆိုပါတယ်။

သုတေသန ပညာရှင်တွေက အချိန်ကြာကြာ အလုပ် လုပ်ခြင်းနဲ့ နှလုံး ရောဂါ ဖြစ်နိုင်ချေ ကြားထဲက ကောင်းကျိုး ဆိုးကျိုး ဆက်နွယ်မှု တွေကိုတော့ ယခုထိ သက်သေ မပြရသေး ပါဘူး။

“ဒီသုတေသနက အလုပ်ချိန် အကြာကြီး လုပ်တာနဲ့ CV Dရောဂါ တိုးပွားနိုင်မှုကို တိကျတဲ့ သက်သေ ပေးပါတယ်။

အဲဒီမှာ အချိန် အကြာကြီး အလုပ် လုပ်တဲ့ မီလီယံနဲ့ ချီတဲ့ အမေရိကန်တွေ အတွက် အလုပ် အချိန်ဇယားပေါ် အဓိက ထားပြီး CVD ရောဂါကို ကာကွယ် ပေးဖို့ အခြေခံတွေ လည်း ပေးပါတယ်”လို့ ဟူစတန်မှာရှိတဲ့ University of Texas Health Science Centre မှ လေ့လာမှု အကြောင်း စာရေးသူ ဆဒီ ကွန်ဝေးက ဂျာနယ် တစ်စောင်မှာ ဖော်ပြ
ရေးသား ခဲ့ပါတယ်။

Ref : UPI

Originally published at - http://health.thithtoolwin.com/2016/03/blog-post_17.html


Read More »

Tuesday, February 16, 2016

လေ့ကျင့်ခန်းနဲ့ ဆီးကျိတ်ကင်ဆာ




လေ့ကျင့်ခန်း လုပ်တာဟာ ကျန်းမာရေး ကို ကောင်းမွန် စေပါတယ်။

ဒါကြောင့်လည်း လေ့ကျင့်ခန်း လုပ်တာဟာ ဆီးကျိတ် ကင်ဆာရောဂါ ပျောက်ကင်း သက်သာဖို့ အထောက်အကူ ဖြစ်နိုင် သလားဆိုတာကို UK က ကင်ဆာ သုတေသီတွေ လေ့လာ နေပါတယ်။

အေပီသတင်းဆောင်းပါးကို အခြေခံပြီး ကျော်ကျော်သိန်းက တင်ပြ ထားပါတယ်။



From: VOA Burmese

Originally published at - http://burmese.voanews.com/media/video/3192961.html


Read More »

Tuesday, February 2, 2016

အကြောအရွတ်များ နာကျင်မှုက အဆင့် ၂ ဆီးချိုရောဂါနှင့် ဆက်စပ်မှု ရှိ




လေ့ကျင့်ခန်း ပြုလုပ်တာက အဆင့်နှစ် ဆီးချိုရောဂါကို တားဆီးရာမှာ အရေးကြီး ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းကို ပြင်းပြင်း ထန်ထန် ပြုလုပ်တာ ကလည်း အကြောအရွတ်များ နာကျင် မှုကို ဖြစ်ပေါ်စေပြီး လေ့ကျင့်ခန်း ပြုလုပ်မှုကို နှေက်ယှက်စေတယ် လို့ သုသေသနပြုသူတွေက ပြောပါတယ်။

ပြုလုပ်ခဲ့ပြီးသော လေ့လာမှု များကို အသေးစိတ် ဆန်းစစ်ချက်များ အရ Tendinopathy လို့ခေါ်တဲ့ အကြော အရွတ်တွေ နာကျင်တဲ့ ရောဂါ ရှိသူတွေက မရှိသူတွေ ထက် အဆင့်နှစ် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၃ဆ ပိုများတယ်လို့ သုသေသနပြု သူတွေက တွေ့ရှိထား ကြပါတယ်။

အကြောအရွတ်ဆိုတာ အရိုးနဲ့ကြွက်သားတွေကို တွယ်ဆက်ပေးထားတဲ့ နူးညံ့လှတဲ့တစ်ရူးတွေဖြစ်ကာ အဲဒီတစ်ရူးတွေ ဒဏ်ရာရတာနဲ့ယောင်ယမ်းတာကို Tendinopathy လို့ခေါ်တာဖြစ်ပါတယ်။

များသောအားဖြင့် အလွန်အကျွံလှုပ်ရှားတာနဲ့ထပ်ကာထပ်ကာပြုလုပ်တဲ့ လှုပ်ရှားမှုတွေကြောင့် ဖြစ်တတ်ပါတယ်။ အကြောအရွတ်များနာကျင်မှုက လေ့ကျင့်ခန်းအစီအစဉ်တွေ မပြုလုပ်နိုင်အောင်ဖြစ်စေတတ်ပါတယ်။ လေ့ကျင့်ခန်းတွေက ဆီးချိုရောဂါထိန်းချုပ်မှုအတွက် အလွန်အရေးပါလှပါတယ်။

ဆီးချိုရောဂါနဲ့အကြောအရွတ်တွေနာကျင်မှုတို့ရဲ့ ဆက်စပ်မှုကို လေ့လာဖို့အတွက် Gaida ကောလိပ်မှကျောင်းသားတွေက အဖွဲ့ ၃၁ဖွဲ့ ဖွဲ့လိုက်ပါတယ်။ ၂၆ဖွဲ့က အဆင့်နှစ် ဆီးချိုရောဂါရှိတဲ့သူတွေကို လေ့လာပြီး ကျန်တဲ့ငါးဖွဲ့ကတော့ Tendinopathy ရောဂါလက္ခဏာရှိတဲ့သူတွေကို လေ့လာပါတယ်။

သူတို့တွေ ရရှိလာတဲ့ အချက်အလက်တွေကို ပြန်လည်စုပေါင်းပြီး စစ်ဆေးတဲ့အခါမှာတော့ Gaita အဖွဲ့က ဆီးချိုရှိတဲ့သူတွေက မရှိတဲ့သူတွေနဲ့ယှဉ်ကြည့်လိုက်ရင် Tendinopathy ဖြစ်နိုင်ခြေ ၃.၆၇ဆ ပိုများတာကို တွေ့ရှိရပါတယ်။ Tendinopathy ရှိနေတဲ့သူတွေကတော့ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၁.၃ဆ ရှိနေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

Ref : Foxnews

Originally published at - http://health.thithtoolwin.com/2016/02/blog-post_3.html


Read More »

Thursday, January 28, 2016

ကြက်သွန်ဖြူ ကနေ ထုတ်လုပ်တဲ့ ဆေးဝါးတွေဟာ နှလုံးရောဂါဖြစ်ခြင်းကို ကာကွယ်ရာမှာ ကူညီပေး




ကြက်သွန်ဖြူ ကနေ ထုတ်လုပ် ထားတဲ့ ဖြည့်စွက် ဆေးဝါးတွေဟာ သွေးလွှတ်ကြောနဲ့ နှလုံးရောဂါ ဖြစ်ပွားမှု ရာနှုန်းတွေကို လျှော့ကျ စေနိုင်တယ် ဆိုတာကို လေ့လာတွေ့ရှိ ခဲ့ရပါတယ်။

သိပ္ပံပညာရှင်တွေ အဆိုအရ နေ့စဉ်ဖြည့်စွက် ဆေးဝါး စားသုံးသူတွေမှာ သွေးလွှတ်ကြော အတွင်းအညစ်ကြေးတွေ စုပုံမူ သိသိသာသာ လျော့ကျလာတာကို တွေ့ရှိ ရတယ်လို့ ပြောပါတယ်။

လေ့လာမူတွေ အရတော့ သုသေသန ပြုသူများဟာ ဇီဝဗေဒ လက္ခဏာတွေကို စစ်ဆေးထားတဲ့ နှလုံးရောဂါ စဖြစ်နိုင်တဲ့ လက္ခဏာတွေ့ရှိပြီး အသက် ၄၀ မှ ၇၅ နှစ်အတွင်း ရှိတဲ့ လူနာတွေကို စုဆောင်း ခဲ့ပါတယ်။

သွေးကြောများထဲတွင် ကယ်လ်ဆီယမ် အနည်ကျခြင်းနှင့် သွေးခဲများ စုပုံလာခြင်းကို တိုင်းတာပြီးနောက် သုသေသနပြု သူတွေက နေ့တိုင်း ကြက်သွန်ဖြူမှ ထုတ်လုပ် ထားတဲ့ ဖြည့်စွက်ဆေးဝါး ၂၄၀၀မီလီဂရမ် တိုက်ကျွေး ခဲ့ပါတယ်။

တစ်နှစ်ကျော်ကြာ သုသေသန ပြုပြီးနောက် ကြက်သွန်ဖြူမှ ထုတ်လုပ် ထားသောဖြည့်စွက်ဆေးဝါး သောက်သုံးတဲ့ သူတွေမှာ သူတို့ရဲ့သွေးကြော တွင်းရှိ သွေးခဲ များဖြစ်ပေါ်မူနှုန်း ၈၀ ရာခိုင်နှုန်း လျော့ကျ သွားတာကို တွေ့ရှိရပြီး ရှိနေတဲ့သွေးခဲတွေ ဟာလည်း လျော့ကျသွား တာကိုတွေ့ရှိရပါတယ်။

“ ဒီလေ့လာမှုက နှလုံးရောဂါ ဖြစ်ပွားစေတဲ့ သွေးခဲများ ဖြစ်ပေါ်ခြင်းကို ကာကွယ်ခြင်းနှင့် ရှိပြီးသား သွေးခဲများ တိုးပွားလာခြင်းကို လျော့ကျစေတဲ့ ဖြည့်စွက် အစားအစာရဲ့ ကောင်းကျိုးတွေကို ပြသလိုက်တဲ့ နောက်ထပ် စမ်းသပ်မှု တစ်ခုဖြစ်ပါတယ် “ လို့ LA BioMeduu မှ သုသေသန ပညာရှင် ဒေါက်တာ Matthew Budoff ကပြောပါတယ်။

လေ့လာမှုများကို အသေးစိတ်စစ်ဆေးရာတွင် သုသေသနပြုလုပ်သူများက ကြက်သွန်ဖြူမှ ထုတ်လုပ်ထားတဲ့ ဖြည့်စွက်ဆေးဝါးတွေဟာ သွေးပေါင်ချိန်နှင့်ကိုလက်စထရော ကိုလည်း လျော့ကျစေနိုင်ကြောင်း ထင်ရှားတဲ့ အချက်အလက်တွေ ကိုလည်း တွေ့ရှိခဲ့ ရပါတယ်။

Ref : Upi

Originally published at - http://health.thithtoolwin.com/2016/01/blog-post_44.html


Read More »

Sunday, January 24, 2016

အသက်ရှည်စေနိုင်မယ့် ဟော်မုန်း တစ်မျိုးကို သိပ္ပံပညာရှင်တွေ ရှာဖွေ တွေ့ရှိ




ဒါဟာ ကျန်းမာရေး သုတေသန တွေထဲမှာ တန်ဖိုး အရှိဆုံး ဖြစ်လာခဲ့ ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီသုတေသန က တဆင့် လူတွေ အသက် ရှည်စေမယ့် အဓိက နည်းလမ်းကို ရှာဖွေ တွေ့ရှိခဲ့ ကြလို့ပါ။ သိပ္ပံပညာ ရှင်တွေဟာ တစ်ဖြည်းဖြည်းချင်း ပိုမို နီးစပ် လာပြီဆိုတာ ကိုလည်း ယုံကြည် ခဲ့ကြပါတယ်။

Yale ဆေးပညာ တက္ကသိုလ်က အဖွဲ့တွေဟာ လည်ပင်း သငံရည် အင်္ဂါစုက ထုတ်လုပ်တဲ့ ဟော်မုန်း တစ်မျိုးဟာ ဘ၀သက်တမ်းကို ၄၀ ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင် တယ်ဆိုတာကို သိရှိ ခဲ့ကြပါတယ်။

ဒါ့အပြင်သူတို့ရဲ့  ရှာဖွေတွေ့ရှိ မှုက တဆင့် ထုတ်ဖော် ပြသနိုင် ခဲ့တာက FGF21 လို့ခေါ်တဲ့ ထိုဟော်မုန်း ပမာဏ များပြားခြင်းဟာ ခုခံအား စနစ်ကို အသက်အရွယ် အရ ထိခိုက် ပျက်စီးစေခြင်းမှ လည်း ကာကွယ် ပေးနိုင်တယ် ဆိုတာပါပဲ။

သုတေသီတွေ ပြောကြားချက်အရတော့ ထို လေ့လာမှုဟာ အနာဂါတ်မှာ သက်ကြီးရွယ်အိုတွေရဲ့  ခုခံအား လုပ်ဆောင်မှုကို မြှင့်တင်ပေးရင်းနဲ့ အ၀လွန်ရောဂါ ၊ ကင်ဆာနဲ့ အမျိုးအစား ၂ ဆီးချိုသွေးချို ရောဂါတို့ကို ကာကွယ်နိုင်လိမ့်လို့ သိရပါတယ်။

သာမန်အားဖြင့်တော့ လည်ပင်းသငံရည်အင်္ဂါစုဟာ ခုခံအားစနစ်အတွက် လိုအပ်တဲ့ တီ ဆဲလ်တွေကို ထုတ်လုပ်ပေးပါတယ်။

ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ လည်ပင်းသငံရည်အင်္ဂါစုဟာ ပိုမို ၀ လာပြီး ဆဲလ်တွေထုတ်လုပ်နိုင်စွမ်းလျော့နည်းလာပါတယ်။ အဲဒီလို တီဆဲလ်တွေ လျော့နည်းလာခြင်းဟာ ကူးစက်ရောဂါများနဲ့ ကင်ဆာရောဂါများ ဖြစ်ပွားလာစေနိုင်ပါတယ်။

သုတေသီတွေက ထို FGF21 ဆိုတဲ့ဟော်မုန်းရဲ့  သက်ရောက်မှုတွေကို ကြွက်တွေနဲ့ စမ်းသပ်လေ့လာခဲ့တာဖြစ်ပါတယ်။

ထို FGF21 ဟော်မုန်းဟာ အသည်းမှာလည်း အန်ဒိုခရိုင်း ဆိုတဲ့ ဟော်မုန်းအဖြစ်နဲ့ ထုတ်လုပ်နေပါတယ်။ ထိုဟော်မုန်းတွေဟာ ကယ်လိုရီတွေအနေနဲ့ အဆီတွေကို လောင်ကျွမ်းစေဖို့ တားမြစ်ခံထားရချိန် ၊ ဂလူးကို့စ် ပမာဏ နည်းပါးနေချိန်တွေမှာ များပြား လာတတ် ပါတယ်။

FGF21 ဟာ အင်ဆူလင် ထိတွေ့ခံနိုင်မှုကိုလည်း ပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်လျော့ကျစေမှုကိုလည်း စွမ်းဆောင်ပေးနိုင်ပါတယ်။

လေ့လာမှုက ဖော်ထုတ်ပေးခဲ့တဲ့ သေချာတဲ့ အဖြေကတော့ ထိုဟော်မုန်းဟာ အမျိုးအစား ၂ ဆီးချိုသွေးချို ရောဂါနဲ့ အ၀လွန်ရောဂါ တို့ကို ထိရောက်တဲ့ သက်ရောက် မှုတွေ ဖြစ်ပေါ် လာစေနိုင် ပါတယ်။

ဒီလေ့လာမှုကိုတော့ Proceedings of the National Academy of Sciences ဆိုတဲ့ဂျာနယ်မှာ ပုံနှိပ် ဖော်ပြ ခဲ့ပါတယ်။

Ref : Dailymail

Originally published at - http://health.thithtoolwin.com/2016/01/blog-post_33.html


Read More »