ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label သဘာဝဆေးဝါးများ. Show all posts
Showing posts with label သဘာဝဆေးဝါးများ. Show all posts

Wednesday, May 3, 2017

နံနံစေ့ရဲ့ ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုး ရှစ်ရပ်




ဟင်းခတ် အမွှေး အကြိုင် တွေထဲမှာ နံနံစေ့ မပါရင် မပြီး ပါဘူး။ နံနံစေ့မှာ လတ်ဆတ်တဲ့ သံပရာ လိုမျိုး အရသာ ပါဝင် မှုက လူတွေကို အကြိုက် တွေ့စေတာ ဖြစ်ပါတယ်။

ရှေးခေတ်က  အသုံးပြု လာခဲ့တဲ့ နည်း လမ်းတွေ အရ နံနံစေ့က ကျန်းမာရေးကို ကောင်းမွန် စေနိုင်တယ်လို့ သိရှိ ရပါတယ်။ သည်အစွမ်း သတ္တိကို နံနံစေ့ မှာရော နံနံ စေ့ အမှုန့်မှာပါ တွေ့ရှိ ရပါတယ်။ နံနံစေ့ရဲ့ အဆီကလည်း ကျန်းမာရေး အတွက် အသုံးဝင် ပါတယ်။

နံနံစေ့ရဲ့ ကျန်းမာရေးအတွက်  အကျိုးပြုတဲ့ အချက် ရှစ်ချက်ကို ကြည့်လိုက် ကြပါစို့။

၁။ ကိုယ်အလေးချိန်ကျစေနိုင်

ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုတိုး တက်စေပြီး အဆီကို လောင်ကျွမ်းစေနိုင်တဲ့အစားအစာတွေကို စားသုံးပေးမယ်ဆို ရင် ကိုယ်အလေးချိန်ကို လျော့ကျ စေနိုင်ပါတယ်။ ရေစိမ်ထားတဲ့ နံနံစေ့လက် ဖက်ရည်ဇွန်း သုံးဇွန်းကို ရေတစ်ဖန်ခွက် စာနဲ့ သုံးနာရီကြာ အပူပေးပါ။ ရေဖန်ခွက် တစ်ဝက်စာပဲ ကျန်အောင် တည်ပါ။ အဲသည် အရည်ကိုစစ်ပြီး တစ်နေ့  နှစ်ကြိမ် သောက်သုံးပေးပါ။ သည်လိုသောက်သုံး ပေးတာက အစာချေ စနစ်ကို တိုးတက် ကောင်းမွန်စေပြီး ကိုယ်ခံအားကို ကောင်းမွန်စေရုံ သာမက ကိုယ်အလေးချိန်ကို လည်း ကျစေပါတယ်။

၂။ သွိုင်းရွိုက်တိုးတက် ကောင်းမွန်စေ

တကယ်လို့ သင့်မှာ သွိုင်းရွိုက်လျော့ နည်းခြင်းလိုမျိုး သွိုင်းရွိုက်ရောဂါအခံရှိ နေတယ်ဆိုပါက နံနံစေ့စားသုံးဖို့ စဉ်းစားပါ။ နံနံစေ့မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်တဲ့ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ဟော် မုန်းတွေကို ထိန်းချုပ်ပေးတဲ့အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။

၃။ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေ

အစာမကြေတာမျိုးတွေ ခံစားနေရပါသလား။ နံနံစေ့ စားသုံးပေးပါ။ နံနံစေ့ရဲ့ အကောင်းဆုံးသော အကျိုးကျေးဇူးတွေထဲကတစ်ခုက ရောင်ရမ်းတာကို လျော့ ကျစေတာဖြစ်ပါတယ်။ သဘောကတော့ ဂတ်စ်တွေကို လျော့ပါးသက်သာစေနိုင်သလို လေပွတာနဲ့ အခြားအစာချေစနစ်ဆိုင်ရာ အခြားရောဂါလက္ခဏာ တွေကို သက်သာစေ တာပဲဖြစ်ပါတယ်။  အူတွေက အာဟာရဓာတ်တွေကို ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်အောင်လည်း လုပ်ဆောင်ပေးပါ တယ်။

နံနံစေ့ဖျော်ရည်လုပ်ဖို့အတွက် နံနံစေ့လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေခဲ၊ အုန်းနို့နဲ့ သခွားသီး ဒါမှမဟုတ် ဖရဲသီးတို့နဲ့ရော စပ်ပြီး သောက်သုံးလို့ရပါတယ်။

၎။ အလာ့ဂျစ်ဖြစ်တာကို သက်သာစေ

နံနံစေ့ရဲ့အအေးဓာတ်ဂုဏ်သတ္တိကြောင့် အရေပြားမှာ ဓာတ်မတည့်တာ ကြောင့် အဖုအပိမ့်တွေထွက်တာကို သက် သာစေပါတယ်။ နံနံစေ့က အင်ပျဉ်၊ ယားနာနဲ့အရေပြားရောင်ကိုင်းတာတွေလိုမျိုး အရေပြားရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။ ပျားရည်လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ နံနံစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်စာတို့ကို ရောပြီး အနှစ်လုပ် ကာ အရေပြားမှာ လိမ်းပေးနိုင်ပါတယ်။ အရေပြားယားယံတဲ့နေ ရာမှာ ဖျော်စပ်ထားတဲ့ အနှစ်ကို လိမ်းပြီး ငါးမိနစ်ကနေ ၁၀ မိနစ်လောက်အထိထားပြီး ရေဆေးချလိုက်ပါ။

လည်ချောင်းနဲ့ပါးစပ်တွေမှာ ရောင်ရမ်းတာမျိုးတွေ ဖြစ်ပေါ်နေရင်လည်း နံနံစေ့လက်ဖက်ရည်ကို သောက်သုံးပေးလို့ ရပါတယ်။ နံနံစေ့မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ခွက်နဲ့ရောပြီး ဆူအောင်တည်ပေးပါ။ ခပ်နွေးနွေးအနေအထားမှာ ပျားရည်ရောစပ်ပြီး သောက်သုံး ပေးပါ။ နံနံစေ့ကို အအေးခံထားတဲ့သခွားသီး ဒါမှမဟုတ် တရုတ်နံနံဖျော်ရည်ထဲမှာ ထည့်ပြီး သောက်သုံးပေးလို့ ရပါတယ်။

၅။ အဆစ်အမျက်ရောင်တာ သက်သာစေ

နံနံစေ့ကို အဆစ်အမျက်ရောင်ရမ်းတာ သက်သာစေဖို့အတွက် အသုံးပြုနိုင် ပါတယ်။ နံနံစေ့အမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက် shea butter ၊ အုန်းဆီ ဒါမှမဟုတ် ကြိုက်နှစ်သက်ရာ အနံ့မရှိတဲ့အဆီတစ်မျိုးကို ရောစပ်ပြီး လိမ်းဆေးပြုလုပ်နိုင် ပါတယ်။

နံနံစေ့ရနံ့ဆီကလည်း အဆစ်အမျက် ရောင်ရမ်းမှုတွေအတွက် အကျိုးပြုပါတယ်။ နံနံစေ့ရနံ့ဆီ ငါးစက်ကို အုန်းဆီ၊ သံလွင်ဆီ ဒါမှမဟုတ် စပျစ်သီးအစေ့ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ရောစပ်အသုံးပြုနိုင်ပါတယ်။ သည်ရောစပ်ထားတဲ့ အဆီကို အဆစ်တွေအပေါ်မှာ လူးပေးနိုင်ပါတယ်။

၆။ ဓမ္မတာများတာကိုသက်သာစေ

ရာသီသွေးဆင်းများတဲ့အမျိုးသမီးတွေအနေနဲ့ နံနံစေ့ပြုတ်ရည်ကို သောက်သုံးပေးလို့ရပါတယ်။ နံနံစေ့ပြုတ်ရည်က သွေးသွန်တာများတာကို ထိန်းချုပ်ပေးနိုင် သလို သွေးဆင်းမများတော့အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ နံနံစေ့မှာ သံ ဓာတ်များစွာပါဝင်မှုက သွေးအားပြန်လည်ဖြည့်တင်းရာမှာ အထောက် အကူပေးနိုင်သလို အားအင်ပြန်လည်ပြည့်လာစေပါတယ်။

၇။ ဆီးချိုကို ထိန်းညှိပေးခြင်း

နံနံစေ့က အင်ဆူလင်လုပ်ဆောင်မှုကို ထိန်းသိမ်းနိုင်သလို သွေးတွင်းသကြား ဓာတ်ပမာဏကိုလည်း လျော့ကျစေပါတယ်။ နံနံစေ့အမှုန့် ဒါမှမဟုတ် နံနံစေ့ အစိမ်းကို ဟင်းတွေ၊ ဟင်းရည်တွေ၊ သနပ်တွေ၊ အချိုရည်တွေနဲ့ ဟင်းအနှစ်တွေထဲမှာ ထည့်သွင်းအသုံးပြုလို့ရပါတယ်။ နံနံစေ့အမှုန့် ၁၀ ဂရမ်ကို ရေ ၁၀ ဆနဲ့ရောပြီး တစ်ညထားကာ သောက်သုံးပေးလို့လည်း ရပါတယ်။

၈။ မျက်စိကျန်းမာရေးကောင်းမွန်စေ

နံနံစေ့မှာ  ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါရှိမှုက မျက်စိယားယံတာ၊ မျက်စိနီတာနဲ့ မျက်တွင်းသားရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ မျက်စိရောဂါတွေ သက်သာစေဖို့အတွက် နေ့စဉ် မနက်စောစော အစားမစားခင်မှာ နံနံစေ့ ဖျော်ရည်ကို သောက်သုံးပေးရမှာဖြစ်ပါ တယ်။

[ref: curejoy, Apr 30, 2017]

From : ကုမုဒြာဂျာနယ် by မအေးသီမွန်

Originally published at - http://www.kumudranews.com

Read More »

Monday, April 3, 2017

ပဲတီစိမ်း စားသူများ ဆီးချို အန္တရာယ် လျော့ကျနိုင်




အမျိုးအစား-၂ ဆီးချို ရောဂါသည် ကမ္ဘာ တစ်ဝန်း ကြုံတွေ့ နေရသည့် ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်ပြီး ပဲတီစိမ်း ပမာဏ မြင့်မားစွာ စားသုံး ခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်များ ကို သိသိ သာသာ လျော့ကျ စေနိုင်ကြောင်း လေ့လာမှု အသစ် တစ်ခုက ဖော်ပြသည်။

ပဲတီစိမ်း အုပ်စုဝင် ပဲစေ့ အမျိုးမျိုးသည် အာဟာရ ဓာတ်များနှင့် ပြည့်စုံပြီး ကျန်းမာရေး အကျိုးကျေးဇူးများ ပေးစွမ်း နိုင်သည်။ ပဲတီ စိမ်း၏ ကျန်းမာရေး အကျိုးကျေးဇူး များ အနက် တစ်ခုသည် ဗီတာမင် ဘီ ပမာဏ မြင့်မားစွာ ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ် အတွက် စွမ်းအင် ဖြစ်စေပြီး ဇီဝ ဖြစ်ပျက်မှုကို ထိန်းညှိပေးသည်။

အမျှင်ဓာတ်မြင့်မားစွာ ပါဝင်ပြီး ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်တို့ကဲ့သို့ သတ္တုဓာတ် များလည်း ပါဝင်သဖြင့် ခန္ဓာ ကိုယ်၏ ဇီဝဖြစ်စဉ်ကို အားကောင်းစေကာ နှလုံးရောဂါနှင့် ဆီးချို ရောဂါတို့ကို ကာကွယ်ရန် စားသုံးသင့်သည်။

ထို့အပြင် ပဲတီစိမ်း စားပြီးပါက သွေးထဲတွင် ပါဝင်သည့် သကြားဓာတ် ပမာဏမြင့်တက်မှုကို နှေးကွေးစေသည်။

ယင်းကဲ့သို့ ပဲတီစိမ်းတွင် ကျန်းမာရေး အကျိုးကျေးဇူး အများအပြား ပါဝင်သောကြောင့် အမျိုး အစား-၂ ဆီးချို ရောဂါကို ကာကွယ်ရေး စားသုံးရန် မကြာခဏ လမ်းညွှန် ခံရသော အစား အစာ ဖြစ်သည်။

အမျိုးအစား-၂ ဆီးချို ရောဂါ ဖြစ်ပွားနေသူ အရေ အတွက် သည် အမေရိကန်တွင် ၂၉ သန်းခန့်ရှိပြီး ကမ္ဘာ တစ်ဝန်း အရွယ်ရောက်ပြီးသူ သန်း ၄၀၀ ကျော်ရှိသည်။

ဆီးချိုရောဂါ ကာကွယ်ရန် ပဲတီစိမ်းများ၊ ပရိုတိန်းနှင့် ကာဗို ဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်သော အခြား အစားအစာ များကို စား ပေးသင့်ကြောင်း သုတေသီ များကပြောသည်။

ယခုလေ့လာမှု အရ ပဲတီစိမ်း ပမာဏမြင့်မားစွာ စားသုံး သူများ သည် အနည်းငယ်သာ စားသုံးသူ များထက် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ ၃၅ ရာခိုင်နှုန်း ပိုနည်းပါးကြောင်း သိရသည်။

ယင်းကဲ့သို့သော ပဲအမျိုးမျိုးကို ပမာဏမြင့်မားစွာ ပုံမှန်စား သောက်ပေးခြင်းကြောင့် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေနည်းပါးသည်။

ယင်းပဲများကို စားသောက်ခြင်းသည် ပေါင်မုန့်၊ ကြက်ဥထမင်း နှင့် အာလူးတို့ စားသုံးခြင်းမှ ရသော အာဟာရ ဓာတ်များနှင့် တူညီ သော အာဟာရဓာတ်ကို ရရှိ စေနိုင်သည်။

—Ref: MNT

From : 7 Day daily News

Originally published at - http://www.7daydaily.com/story/93285

Read More »

Tuesday, December 27, 2016

ဈေးဘက်တွင်မက ဆေးဘက်လည်းဝင် နံနံပင်ကို စိုက်ပျိုးကြ




နံနံပင် ကတော့ မုန့်ဟင်းခါး ညှပ်ခေါက်ဆွဲ တို့နဲ့ ဆိုရင်တော့ အလွန် လိုက်ဖက်တဲ့ အပင်လည်း ဖြစ်ပါတယ်။ အခြားသော ဟင်းလျာများ ချက်ပြုတ် ရာမှာလည်း နံနံပင်ကို အုပ်ပြီးတော့ ချက်စားနိုင် သလို အတို့အမြှုပ် အဖြစ်လည်း စားသုံး နိုင်ပါတယ်။

နံနံပင်ရဲ့ မူရင်းဒေသ ကတော့ မြေထဲပင်လင် အနီးတဝိုက်မှာ ရှိတဲ့ နိုင်ငံတွေကပဲ ဖြစ်ပါတယ်။ နံနံပင် ကတော့ မြေနက်မှာရော မြေနီနုံးမှာရော ကောင်းစွာ ဖြစ်ထွန်းပါတယ်။

စနပ်ဖွတ်ချေးမြေမှာ မြေသြဇာ ချစရာမလိုပဲ နှုန်းမြေနီနဲ့ နှုန်းမြေနက်တို့မှာတော့ မြေသြဇာ ချပေးဖို့ လိုပါတယ်။ နံနံပင်ကို ဆောင်းရာသီမှာ စိုက်ပျိုးမယ် ဆိုရင်တော့ ပိုမိုအောင်မြင် ပါတယ်။ နံနံပင် စိုက်ပျိုးရန် အတွက် ကတော့ ၁ ဧကကို မျိုးစေ့ ၄ ပိဿာခွဲခန့် လိုအပ်ပါတယ်။



စိုက်တန်း တစ်တန်းနဲ့ တစ်တန်း ကိုတော့ ၉ လက်မခန့် ခြားပေး ရမှာပါ။ ကြွက်မြီးတန်း မျိုးစေ့ချ စနစ်နဲ့ စိုက်ပျိုးနိုင် ပါတယ်။ မျိုးစေ့ ချပြီးရင်တော့ မြေပါးပါးလေး ချပေး ရပါတယ်။ ပေါင်းမြတ်များကိုလည်း ရှင်းလင်းပေး ထားရမှာပါ။ ပေါင်းမြတ် များကို ရှင်းလင်းပေးခြင်း မြေဆွပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးရမှာပါ။

နံနံပင်ကို စိုက်ပျိုးပြီး ၃၆ ရက်အကြာမှ ရက်ပေါင်း ၆၀ အတွင်းမှာ နှုတ်ယူ စားသုံးနိုင်မှာလည်း ဖြစ်ပါတယ်။

နံနံပင်မှာ အဓိကကျရောက်တတ်တဲ့ ပိုးမွှားတွေကတော့ ပြပိုးပဲဖြစ်ပါတယ်။

နံနံပင်ကိုတော့ အတို့အမြှုပ် စားသောက် ရုံတင်သာ မက ဆေးဘက်ဝင် အပင်အဖြစ်လည်း အသုံးပြုနိုင် ပါတယ်။ နံနံစေ့ တစ်မတ်သား သကြား တစ်မတ်သားတို့ကို ရောစပ်ပြီး စားသုံးပေး ပါက အဆစ်အမြစ် ကိုက်ခဲခြင်းများ သက်သာ ပျောက်ကင်းစေမှာလည်း ဖြစ်ပါတယ်။ ကလေးငယ်များ ချောင်းဆိုးနေရင်တော့ နံနံစေ့ကို ဆန်ဆေးရေနဲ့ စိမ်ပြီးတော့ သကြားအနည်းငယ် ထည့်ပြီး ကလေးငယ်များကို ကျွေးပေးမယ် ဆိုရင်တော့ ချောင်းဆိုးရောဂါ ပျောက်ကင်းစေမှာလည်း ဖြစ်ပါတယ်။

From : မဇ္ဈိမ မီဒီယာ

Originally published at - http://mizzimaburmese.com/article/21663

Read More »

Sunday, December 18, 2016

သွေးလွန် တုပ်ကွေးရောဂါကို အမြစ်ဖြတ် ပေးနိုင်တဲ့ သင်္ဘောရွက်




သွေးလွန် တုပ်ကွေး ရောဂါဆိုတာ ခြင်ပေါက်ဖွားတဲ့ ရာသီ ဥတုတွေ ဖြစ်တဲ့ နွေဦးရာသီမှ မိုးဦးစ ရာသီ အတွင်း ဖြစ်တတ်တဲ့ ရောဂါ ဖြစ်ပါတယ်။

ခြင်မှ တစ်ဆင့် ကူးစက်တဲ့ ဗိုင်းရပ်ရောဂါ ဖြစ်ပြီး လူကိုပါ သေစေနိုင် ပါတယ်။ နှစ်စဉ် ကမ္ဘာ တစ်ဝှမ်းလုံးဟာ 2.5% အထိ သွေးလွန် တုပ်ကွေး ရောဂါကြောင့် သေဆုံး
နေပါတယ်။



ဆေးနဲ့ အလှမ်းဝေးတဲ့ ဒေသအတွေ အတွက် သွေးလွန် တုပ်ကွေးရောဂါကို အမြစ်ဖြတ် ကုသပေးနိုင်တဲ့ ဆေးနည်းကို ညွှန်ပြပေး လိုက်ပါတယ်။ အဆိုပါ ဆေးဟာ
မြန်မာ့ဆေးရင်း နည်းလည်း ဖြစ်ပါတယ်။ သင်္ဘောရွက်ကို အသုံးပြုတာ ဖြစ်ပါတယ်။

သင်္ဘောရွက်ကို ဘယ်လိုအသုံးပြုမလဲ



သင်္ဘောရွက် နှစ်ရွက်ခန့်ကို ရေစဉ်အောင် ဆေးပါ။ အရိုးကို ဖယ်ပစ်ပါ။ ငရုတ်ဆုံ သန့်သန့်၊ သို့မဟုတ် အရည် ကြိတ်စက် ထဲမှာ ရေအနည်းငယ် လောင်းထည့်ပြီး သတ္တုရည် ရအောင် လုပ်ပါ။ ရေနွေး အကြမ်းပန်ကန် တစ်လုံးစာ ရရင် သွေးလွန်တုပ်ကွေး ရောဂါသမားကို တိုက်ပါ။ တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ် အထိ သောက်သုံး နိုင်ပါတယ်။



သင်္ဘောရွက်ရည်က ခါးလှတယ် ဆိုရင် အခြား ဖျော်ရည် တစ်မျိုးမျိုးနဲ့ ရောစပ်ပြီး သောက်သုံး နိုင်ပါတယ်။ ဒါပေမယ့် ဒီအတိုင်း သောက်နိုင်လေ ထိရောက်လေ ဖြစ် ပါတယ်။

ရောဂါမပြင်းထန်သူ ဆိုရင် တစ်ကြိမ်တည်းနဲ့ သွေးလွန် တုပ်ကွေး ပျောက်ကင်းနိုင်ပြီး၊ ရောဂါပြင်းထန်သူ ဆိုရင် အများဆုံး သုံးရက်သာ ကြာမြင့်တယ်လို့ သိရပါတယ်။

source : myhealthtips.in

From : SHWEMOM by နတ်စည်တော် (Shwemom)

Originally published at - http://www.shwemom.com/how-to-use-papaya-leaf-juice-for-dengue-fever/

Read More »

သင်မသိသေးတဲ့ ဆန်ရဲ့ အခြားအသုံးဝင်မှုများ




ဆန်ဆိုတာ မြန်မာပြည်ရဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ မြန်မာ လူမျိုးတိုင်း ဆန်နဲ့ မကင်းကြပါဘူး။ ဆန်ကို အဓိက အားဖြင့် ထမင်း အဖြစ် ချက်ပြုတ် စားသောက် ကြပါတယ်။

မုန့်တီ၊ မုန့်ဟင်းခါ၊ ကြာဇံ အစရှိတဲ့ ထုတ်ကုန်တွေ အဖြစ်လည်း အသွင်ပြောင်းပြီး သုံးစွဲကြ ပါသေးတယ်။ ဆန်ဟာ ဒီနည်းတွေနဲ့သာမက မချက်ပြုတ် ရသေး ခင်မှာလည်း အခြား နေရာတွေမှာ အသုံးပြုလို့ ရပါသေးတယ်။

(၁) ကော်ဖီမှုန့်ကြိတ်စက် သန့်ရှင်းစေဖို့



ကော်ဖီမှုန့် ကြိတ်တဲ့ စက်ငယ်လေးတွေ အသုံးပြုပါက ကြာလာတဲ့ အခါ ညစ်ပတ် လာတတ် ပါတယ်။ ဒီတော့ မချက်ရ သေးတဲ့ ဆန်အစိမ်းကို ကော်ဖီမှုန့် စက်ထဲကို ထည့်လိုက်ပြီး၊ ကော်ဖီစေ့ တွေကို ကြိတ်သလို ခပ်ကြာကြာလေး ကြိတ်ပေး လိုက်ပါ။ ဆန်က အညစ် အကြေးနဲ့ စွတ်စို ထိုင်းမှိုင်းဖြစ်နေ မှုတွေကို သယ်ဆောင် သွားပါလိမ့်မယ်။

(၂) ဒဏ်ရာတွေ ရလာတဲ့ အခါ ကြပ်ထုပ်ထိုးလို့ ရတယ်

ထိခိုက် ဒဏ်ရာတွေ ရတယ်ဆိုရင် ဆန်ကို အ၀တ် သန့်သန့် လေးထဲကို ထည့်ပြီး အလုံးလေး ဖြစ်သွားအောင် ကြိုးနဲ့ စည်းလိုက်ပါ။ ပြီးရင် ပေါင်မုန့်ကင်တဲ့ စက်ထဲမှာ စက္ကန့် သုံးဆယ်လောက် ထားပါ။ ပြီးတာနဲ့ ဒဏ်ရာ ရထားတဲ့ နေရာတွေမှာ ကြပ်ထုပ် သဘောမျိုး သုံးကြည့်ပါ။ မကြာခင်မှာ သက်သာ သွားပါလိမ့်မယ်။

အအေးနည်းနဲ့ ထိုးချင်တယ်ဆိုရင်လည်း ရေခဲ သေတ္တာထဲမှာ ဆယ်မိနစ်လောက် ထည့်ထားပြီး ဒဏ်ရာတွေပေါ်ကို တင်ပေးပါ။ ခဏချင်း သက်သာ သွားမှာပါ။

(၃) ဖုန်းစသည်တို့ ရေစိုတဲ့ အခါ



ဖုန်းတွေ ရေစိုတဲ့ အခါ အစိတ် အပိုင်း များကို လျှင်မြန်စွာ ဖြုတ်ပြီး ဆန်ထဲကို မြှုပ်ထား လိုက်ပါ။ ဆန်က ရေနဲ့ စွတ်စို ထိုင်းမှိုင်း မှုတွေကို မိနစ် 30 လောက် အတွင်း ပြေပျောက် စေပါလိမ့်မယ်။

(၄) လည်ရှည်ဖန်ပုလင်းများ သန့်ရှင်းစေလိုလျှင်

တစ်ချို့က ပုလင်းတွေကို သန့်ရှင်းစေလိုတဲ့ အခါ ကျောက်ခဲ သေးသေးလေးတွေနဲ့ ရေနဲ့ ထည့်ပြီး ဆေးကြောကြပါတယ်။ ဆန်ကိုလည်း အဲဒီ နည်းအတိုင်း သုံးနိုင်ပြီး ချောင်ကျို ချောင်ကြားမှာ ကပ်နေတဲ့ အညစ်အကြေး တွေကိုတောင် ဖယ်ရှားပေး နိုင်ပါတယ်။

source : rd.com

From : SHWEMOM by မဒီလေး (Shwemom)

Originally published at - http://www.shwemom.com/household-uses-for-rice/

Read More »

ငှက်ပျောဖူးကို စားရင် ရလာမယ့် အကျိုးကျေးဇူးတွေ




ငှက်ပျောဖူကို စားဖူးမယ် ထင်ပါတယ်။ အညာဘက်မှာ ဆိုရင်တော့ ငှက်ပျောဖူးကို ရေလေးနဲ့ လျှောပြီးပြုတ်၊ မြေပဲဆံ ထောင်းလေးနဲ့ သုပ်စား တတ်သလို၊ အချဉ် သိပ်ပြီး ချဉ်ဖက် ကိုလည်း သုပ်စား တာမျိုး၊ ဒီအတိုင်း အကွင်းလိုက် လှီးပြီး ချက်စား တာမျိုးလည်း ရှိပါတယ်။

ငှက်ပျောဖူးကို ပုံမှန်စားပေးပါက အောက်ပါ အကျိုးတွေကို ရရှိမှာ ဖြစ်ပါတယ်။

(၁) ရောဂါကူးစက်မှုကို ကာကွယ်ပေးတယ်

ငှက်ပျောဖူးမှာ Ethanol ဓာတ်ပေါင်း ပါဝင်ပါတယ်။ အဲဒီ ဓာတ်ပေါင်းဟာ ခန္ဓာကိုယ် ထဲကို ရောက်သွားပြီ ဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ ရောဂါ တိုက်ထုတ်မှု စနစ်ကို အထူး ထောက်ပံ့ ပေးပါတယ်။

ဒါကြောင့် ငှက်ပျောဖူးကို စားပေးရုံနဲ့ သာမန်ဖျားနာလေးတွေသာမက၊ ကင်ဆာကဲ့သို့သော ရောဂါဆိုးကြီး တွေကိုပါ ကာကွယ်ပေးပါတယ်။

(၂) အသက်ကြီးရင့်မှုကို လျှော့ချပေးတယ်



ဗီတာမင်စီ ကြွယ်ဝတဲ့ ငှက်ပျောဖူးက ခန္ဓာကိုယ်တွင်း ဆဲလ်တွေ၊ တစ်ရှုးတွေ လျှင်မြန်စွာ ပျက်စီးခြင်းကို ထိထိ ရောက်ရောက် ကာကွယ် ပေးနိုင် ပါတယ်။ အထူးသဖြင့် အရွယ်တင် နုပျိုမှုကို ဖြစ်စေပြီး၊ အသက်ရှည်တဲ့ ဘ၀ကိုလည်း ပိုင်ဆိုင် စေပါတယ်။

(၃) နှလုံးရောဂါကို မဖြစ်စေဘူး

ပိုတက်စီယမ် ကြွယ်ဝတဲ့ ငှက်ပျောဖူးဟာ အစား အစာတွေကို လွယ်ကူစွာ ချေဖြတ် ပေးပါတယ်။ သွေးနဲ့ အစား အစာတွေ ထဲမှာရှိတဲ့ ကိုလက်စထရောနဲ့၊ အဆိပ် အတောက် တွေကို အမြန်ဆုံး နည်းနဲ့ ဖယ်ရှား ပေးနိုင် ပါတယ်။ နှလုံးရောဂါနဲ့ ဆက်စပ် ရောဂါတွေကို ကာကွယ် ပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။

(၄) အစာချေစနစ်ကို ကောင်းမွန်စေတယ်



တစ်ချို့က ငှက်ပျောဖူးကို ၀မ်းချုပ်တဲ့ အခါမှာ ချက်ကျွေး တတ်ကြ ပါတယ်။ ငှက်ပျောဖူးရဲ့ သတ္တိက ၀မ်းသွားနေသူကို ၀မ်းရပ်စေပြီး၊ ပိုတက်စီယံ ဓာတ်က ၀မ်းမသွားသူကို ၀မ်းသွားအောင် အစာခြေ စနစ်ကို ပြုပြင်ပေး ပါတယ်။

(၅) အမျိုးသမီးများ ဓမ္မတာကို မှန်စေတယ်

ဓမ္မတာမမှန်တဲ့ အမျိုးသမီးတွေ အတွက်တော့ သဘာဝဆေးလို့ ဆိုပါတယ်။ ထိမ်ခြင်း၊ ကျန်ခြင်း၊ ပုံမှန် မဟုတ်သော အရောင်ဆင်းခြင်း စတာတွေကိုလည်း မဖြစ်စေပါဘူး။

အမျိုးသမီးတွေ လစဉ်ဖြစ်ပေါ်လေ့ရှိတတ်တဲ့ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ စိတ်ကြွပ်ဆပ်ခြင်း စတာတွေကိုပါ ပျောက်ကင်း စေနိုင်ပါတယ်။

source : lifehack.org

From : SHWEMOM by ညီလင်းထက် (Shwemom)

Originally published at - http://www.shwemom.com/health-benefits-of-eating-banana-flower/

Read More »

ဆံပင်ပါးခြင်း၊ ထိပ်ပြောင်ခြင်းအတွက် တန်ဖိုးနည်းနည်းနဲ့ ထိရောက်တဲ့ အိမ်သုံးဆေးဝါးများ




ဆံပင်ဆိုတာ လူတွေ အထွတ် အမြတ် အနေနဲ့ တသသထားတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ချို့ မျိုးရိုးအရ ဆံပင်ပါးကြပြီး၊ တစ်ချို့က အသက် 20 လောက် အထိ ဆံပင်ကောင်းနေရက်နဲ့ တဖြည်းဖြည်း ကျွတ်သွားလို့ ပါးသွား ကြသူတွေလည်း ရှိပါတယ်။ တစ်ချို့က အသက်က 30 မကျော်သေးဘူး ထိပ်ပြောင် သူ ခေါင်းပြောင်သူ တွေလည်း ရှိနေပါတယ်။

အဲဒီတော့ ဆံပင်အတွက် တန်ဖိုးနည်းနည်းနဲ့ ထိရောက်တဲ့ အိမ်သုံးဆေးဝါးလေးတွေကို ပရိသတ်ကြီး အတွက် ဖော်ပြပေး လိုက်ပါတယ်။ ဆံပင်အတွက် ထိရောက်လို့ ယုံယုံကြည်ကြည် သုံးစွဲစေချင်ပါတယ်။

(၁) အုန်းနို့+အုန်းဆီ

အုန်းသီးအဆံကနေ အုန်းနှို့ထုတ်ယူပါ။ ခေါင်းမှာအသုံးပြုမှာမို့ ပမာဏကို မိမိဘာသာ စိတ်ကြိုက်ချိန်ဆပါ။ အုန်းနို့ ရလာပြီဆိုရင် ခေါင်းဦးရေပြားထဲထိ တဖွဖွနှိပ်နည်းနဲ့ စိမ့်အောင်လူးပါ။ ဆယ်မိနစ်လောက် အထိ အချိန်ပေးပြီး လူးပေးပါ။ ပြီးရင် သဘက် တစ်ထည်နဲ့ မိနစ် 30 လောက် ပေါင်းထားပေးပါ။ တစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ် လုပ်ပေးပါက ဆံပင်ပေါက်နှုန်း ပြန်ကောင်း လာပါလိမ့်မယ်။

(၂) ဆီးဖြူသီးအဆီ၊ အယ်လ်မွန်သီးအဆီ၊ ပဲနံ့သာဆီ

ဆီးဖြူသီး အဆီကတော့ အတော်လေး ရှားပါတယ်။ အောက်ပြည် အောက်ရွာ နေသူအဖို့တော့ ဆီးသီး အဖြူလို့ ထင်စရာ ရှိပါတယ်။ ဆီးဖြူသီးက ဆီးဖြူသီးသာ ဖြစ် ပါတယ်။ ဆီးသီးမျိုးရင်း မဟုတ်ပါ။ အပင်မှာ ဆူးမရှိပါ။ ဆီဖြူသီး အဆီ မရနိုင်ရင်တော့ အယ်လ်မွန် အဆီနဲ့ ပံနံ့သာ ကနေ ထုတ်လုပ်ထားတဲ့ အဆီကို ရေမချိုးခင် တစ်နာရီလောက် အလို ကတည်းက နံပတ် (၁) နည်းအတိုင်း သုတ်လိမ်းပေးပါ။ ပြီးရင် ရေစင်အောင် လျှော်ချလိုက်ပါ။

(၃) ဒန်းရွက်၊ တရော်၊ ကင်ပွန်း

လူသုံးအများဆုံး၊ တန်ဖိုး အနည်းဆုံးနဲ့၊ အထိရောက်ဆုံး နည်းဖြစ်မယ် ထင်ပါတယ်။ အညာဘက်မှာတော့ ဒီကုန်ကြမ်းက အလွယ်တကူ ရှာလို့ ရပါတယ်။

သုံးမယ် စလုံးရရင် သုံးမယ်စလုံး ဆတူရောပြီး၊ ဆံပင်ပေါင်းတင်ဆေး အဖြစ် သုံးနိုင်ပါတယ်။ အလွန်ထိရောက်တဲ့ ဆေးဖြစ်ပါတယ်။

(၄) ကုလားပဲမှုန့်+ဒိန်ချဉ်



ကုလားပဲ အမှုန့်နဲ့ ဒိန်ချဉ်ကို ဆတူ ရောစပ်ပြီး ဆံပင်နဲ့ ဦးရေပြားကို ပေါင်းတင်တဲ့ နည်းဖြစ်ပါတယ်။ ဒိန်ချဉ် မရရင်လည်း သဘာဝ နွားနို့ကို သုံးလို့ ရပါတယ်။

ဆံပင်နဲ့ ဦးရေပြားကို ထိရောက်အောင် ဖွဖွလေးနယ်တဲ့နည်းနဲ့ မိနစ် 30 လောက်ကြာအောင် သဘက်နဲ့ ပေါင်းတင် ထားလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်မှ သုံးကြိမ် အထိ လုပ်ပေးနိုင်ပါတယ်။

(၅) ပျားရည်+သံလွင်ဆီ



ဒီနည်းကလည်း အမျိုးသမီးတွေ တော်တော် များများ ရှေးအစဉ် အဆက် ကတည်းက သုံးလာခဲ့တဲ့ နည်းဖြစ်ပါတယ်။

သုံးနည်းကလည်း ရိုးရှင်းပြီး အလွန် ထိရောက် ပါတယ်။ တစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်ခန့် သုံးပြုနိုင်ပြီး၊ တစ်လအတွင်း ဆံပင်ပေါက်အား ငါးလ အထိ သိသိ သာသာ ကောင်းလာမှာ ဖြစ်ပါတယ်။

source : myhealthtips.in

From : မဒီလေး (Shwemom)

Originally published at - http://www.shwemom.com/top-home-remedies-to-get-rid-of-baldness/

Read More »

Friday, December 9, 2016

ဆေးဖက်ဝင် ခွေးလှေးယားပင် အကြောင်း သိကောင်း စရာ




ခွေးလှေးယား ပင်သည် ခန္ဓာကိုယ် ယားယံစေသည့် အပင်ဖြစ်ကြောင်း လူတိုင်း သိရှိ ကြပြီး ဖြစ်သည်။ သို့သော် ထိုအပင်တွင် လူများ၏ကျန်းမာရေး အတွက် အာနိသင် ထက်မြက် လှသည့် သဘာဝ aဆးဖက်ဝင် ဓာတ်ပစ္စည်းများ ပါဝင် aနခြင်းကို လူသိနည်း နေဆဲ ဖြစ်သည်။

ခွေးလှေးယား ပင်ကို ရုက္ခဗေဒ အရ Mucuna pruriens ဟု ခေါ်ပြီး အင်္ဂလိပ် အမည်မှာ Velvet Bean ဖြစ်ပါသည်။

ပဲအုပ်စုဝင် တစ်နှစ်ခံ အပင်ပျော့မျိုး ဖြစ်ပြီး တိုင်ထောင် ပဲများကဲ့သို့ ဖြစ်သည်။ ခွေးလှေးယားပင် ၏ ပင်စည်သည် အခြား အပင်ကြီးများကို တွယ်တက်လျှင် ပေ ၄ဝ မှ ၅ဝ ခန့်အထိ ရှည်တတ် ပါသည်။ ခွေးလှေးယားပင်၏ မူရင်းဒေသ (Native) မှာ မြန်မာနိုင်ငံ အပါအဝင် အပူပိုင်း အာရှ ဒေသ (Tropical Asia) နှင့် အာဖရိက ဒေသများ
ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒေသ အသီးသီး တွင်လည်း တွေ့နိုင်ပါသည်။

အဓိကဆေးဖက်ဝင် အပိုင်းမှာ ခွေးလှေးယားသီး အစေ့ဖြစ်သည်။ အစေ့ကို အုပ်ထားသော အသီးမှာ ပဲသီးတောင်ကဲ့သို့ နှစ်မြောင်းကွဲ သီးတောင့်ဖြစ်ပြီး ကတ္တီပါ အမွှေးလေး များနှင့် အုပ်ထားပါသည်။

ယင်းအမွှေးလေးများသည် အသီးမှ အလွယ်တကူ ကျွတ်ထွက် တတ်ပြီး ထိတွေ့ မိသူကို အင်မတန် ယားယံစေသည်။ အသီးတစ်သီးတွင် အစေ့ ၄ စေ့ မှ ၉ စေ့ ခန့် အထိ ပါဝင် တတ်ပြီး ယင်းအစေ့ များထဲတွင် အလွန် တန်ဖိုးကြီးသည့် ဆေးဖက်ဝင် ဓာတ်ပစ္စည်းများ ကြွယ်ဝစွာ ပါရှိပါသည်။



ခွေးလှေးယားသီး အစေ့တွင် ပါဝင်သော အာဟာရ ဓာတ်များ
  1. - ကစီဓာတ် (Carbohydrate) ၅ဝ-၆ဝ %
  2. - ပရိုတင်းဓာတ် (Protein) ၂ဝ-၂၉ %
  3. - အဆီဓာတ် (Lipid) ၆-၇ %
  4. - အမျှင်ဓာတ် (Crude Fibers) ၂ဝ-၃ဝ %
  5. - သတ္တုဓာတ်(Minerals)အနည်းငယ် ပါဝင်ပါသည်။

ပါဝင်သော ဆေးဖက်ဝင်ဓာတ်ပစ္စည်းများ

အစွမ်းထက် ဆေးဖက်ဝင်ဓာတ်ပစ္စည်း (Phyto-chemicals) များလည်း ကြွယ်ဝစွာ ပါဝင်နေပါသည်။ ယင်းတို့အနက် အရေး အပါဆုံးမှာ အယ်လ်ဒိုပါ (L-dopa) ဖြစ်ပြီး ၇-၁ဝ % အထိ ပါဝင် ပါသည်။

ဒုတိယ အနေနှင့် စီရိုတိုနင် (Serotonin) များ ပါဝင်ပြီး ယင်းဓာတ် နှစ်မျိုးသည် အခြားဆေးပင် များထက် သိသိ သာသာ အမြောက် အမြား ပါဝင်နေခြင်းဖြစ် သည်။

အယ်လ်ဒိုပါဟု အတိုကောက်ခေါ်သည့် လီဗိုဒိုပါ (Levodopa) ကို ၁၉၁ဝ ခုနှစ်တွင် Vicia faba ဟု ရုက္ခဗေဒ အရ အမည်တွင်သော ပဲပြား (Broad bean) ထဲမှ စတင်
တွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း ယင်း၏ ဆေးဖက်ဝင် အာနိသင်ကိုတော့ ဂရုမပြုမိ ကြသေးပါ။

၁၉၅၇ တွင် အယ်လ်ဒိုပါမှ ဒိုပါမင်း (Dopamine) အဖြစ် ပြောင်းလဲ ပေးသော အယ်လ်ဒိုပါ ဒီကာဘောက် ဆိုင်လေ့စ် (L-dopa Decarboxylase) အင်ဇိုင်းကို ရှာဖွေ
တွေ့ရှိ ခဲ့ပါသည်။

ဒိုပါမင်းဆိုသည်မှာ ဦးနှောက် ထဲတွင်ရှိသော ဟိုမုန်းတစ်မျိုးဖြစ်ပြီး ယင်းဟိုမုန်းချို့တဲ့ လျှင် ပါကင်ဆန်ရောဂါ (Parkinson’s Disease) ဖြစ်ပွားပါသည်။ ထို့နောက် ၁၉၆၁ ခုနှစ်တွင် လီဗိုဒိုပါ ကို ပါကင်ဆန်ရောဂါ၌ စတင်အသုံးပြုနိုင်ခဲ့သည်။

လီဗိုဒိုပါကို ပဲပြားမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သော ကြောင့် အခြားပဲအုပ်စုဝင်များကို ဆက်လက်လေ့လာ ရာ ခွေးလှေးယားသီး၏အစေ့တွင် အများဆုံး ပါဝင် နေကြောင်း လေ့လာတွေ့ရှိ ရသည်။

ထို့ကြောင့် နောက်ပိုင်းတွင် ခွေးလှေးယားသီး အစေ့မှ လီဗိုဒိုပါ ထုတ်ယူမှုများ ပြုလုပ် ခဲ့ကြပါသည်။ ယနေ့ဆိုလျှင် လီဗိုဒိုပါသည် ပါကင်ဆန် ရောဂါအတွက် တစ်ခု တည်းသော ကုသရန် ဆေးဖြစ်သည်။

“Gold standard” of modern drug treatment of Parkinson’s Disease) သို့ဖြစ်သောကြောင့် ရှာဖွေတွေ့ရှိ ခဲ့သော သိပ္ပံပညာရှင်များသည် သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်တွင် ဓာတုဗေဒဆိုင်ရာ နိုဗယ်ဆု ချီးမြှင့်ခံ ခဲ့ရပါသည်။

ပါကင်ဆန်ရောဂါ အပေါ် အကျိုး သက်ရောက်မှု

လီဗိုဒိုပါကို အဓိကအနေနှင့် ရောဂါ (၂) မျိုးတွင် ထိရောက်စွာ အသုံးပြုနိုင်ပါသည်။ ယင်းတို့မှာ-
(၁) အသက်ကြီးသူများတွင်ဖြစ်လေ့ရှိသော ပါကင် ဆန်ရောဂါ (Parkinsonism)
(၂) အမျိုးသားများတွင် ကလေးမရနိုင်ခြင်း(Infertility) နှင့် ပန်းသေပန်းညှိုးရောဂါ (Erectile dysfunction) တို့ဖြစ်သည်။

ကျွန်တော်တို့၏ ဦးနှောက်ထဲတွင် ခန္ဓာကိုယ် လှုပ်ရှား သွားလာမှုကို ထိန်းချုပ် ပေးသည့် ဒိုပါမင်း (Dopamine) အမည်ရှိသော ဟိုမုန်း တစ်မျိုး မရှိမဖြစ် လိုအပ် ပါသည်။

အသက်အရွယ် ကြီးလာ ချိန်တွင် အထူးသဖြင့် (၆၅) နှစ်ကျော် လာလျှင် ယင်းဟိုမုန်း ထုတ်လုပ်မှု ကျဆင်း လာပါသည်။ ထိုအခါ အာရုံကြောများ ပုံမှန် အလုပ် မလုပ်နိုင်တော့ သောကြောင့် အထိုင် အထများ နှေးကွေးလေးလံ လာပြီး လမ်းကောင်းစွာ မလျှောက်နိုင်ခြင်း၊ ခြေလက် တုန်ခြင်းများ ဖြစ်ပွားပါသည်။

ယင်းကို ပါကင်ဆန်ရောဂါ (Parkinson’s Disease) ဟု ခေါ်သည်။ ဤရောဂါ ကို ဒိုပါမင်း ဟော်မုန်း ဖြည့်စွက် ကူညီပေးခြင်းဖြင့် ကုသနိုင်ပါသည်။

သို့သော် ဒိုပါမင်းဟော်မုန်းသည် သောက်ဆေး အနေနှင့်ဖြစ်စေ၊ ထိုးဆေး အနေနှင့်ဖြစ်စေ သွေးကြောမှတစ်ဆင့် ဦးနှောက်ထဲသို့ ဝင်ရောက်ရာတွင် အဓိကဖြတ်ကျော် ရသည့် ဦးနှောက် အမြှေးပါးအလွှာ (Blood Brain Barrier) ကို ကျော်ဖြတ်နိုင်ခြင်း မရှိပါ။

ထို့ကြောင့် ဒိုပါမင်းဟိုမုန်းကို ဆေးအနေနှင့် အသုံးပြု၍ မရနိုင်ပါ။

ထို့နောက် သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှု အရ ခွေးလှေးယားသီး အစေ့တွင် ပါဝင်သော အယ်လ်ဒိုပါ (L-dopa) များသည် ဦးနှောက် အမြှေးပါး လွှာကို ကောင်း စွာ ဖြတ်ကျော် နိင်ြကြောင်း တွေ့ရှိရပြီး ဦးနှောက် အတွင်းသို့ ရောက်လျှင် ဒိုပါမင်း အဖြစ် ပြောင်းလဲ သွားသည့် အတွက် ပါကင်ဆန် ရောဂါ၏ လက္ခဏာများ သက်သာ သွားစေပါသည်။

ဤလေ့လာ တွေ့ရှိမှုကို ကြည့်ခြင်း ဖြင့် ပါကင်ဆန် ရောဂါ အတွက် ခွေးလှေးယားသီး အစေ့များသည် များစွာ အသုံး ဝင်ကြောင်း သိရှိနိုင်သည်။

ဒိုပါမင်းဟိုမုန်း အရေးပါပုံ

ကျွန်တော်တို့ ခန္ဓာကိုယ်၏ ကျန်းမာရေး အတွက် ဟိုမုန်း စနစ်များ မှန်ကန် ဖို့ လိုအပ်ပါသည်။ ယင်းတို့ အနက် ဒိုပါမင်း ဟိုမုန်းသည် တစ်ခု အပါအဝင် ဖြစ်သည်။

ဒိုပါမင်းသည် ကက်တီကောလ်အေမင်း (Catecholamine) နှင့် ဖီနိုင်းအလနင်း (Phenylalanine) အုပ်စုဝင် နျူရိုထရန်စမစ်တာ (Neurotransmitter) တစ်မျိုး ဖြစ်သည်။

နျူရိုထရန် စမစ်တာ ဆိုသည်မှာ အာရုံကြောဆဲလ် (Nerve Cell) တစ်ခုနှင့် တစ်ခုကြား ဆက်သွယ်၍ သတင်း အချက် အလက်များ ပို့ပေးသော မော်လီကျူး လေးများ
ဖြစ်သည်။

ယင်းတို့ကို ဦးနှောက်အစိတ်အပိုင်းတစ်နေရာ ဖြစ်သော ဦးနှောက်အလယ်ပိုင်း (Midbrain) ၏ ဆပ်စတန်းရှားနိုင်ဂရာ (Substantia Nigra) မှ နေ့စဉ်ထုတ်လုပ် ပေးလျက် ရှိသည်။ မော်လီကျူး ဖော်မြူလာ မှာ C8 H11 NO2 ဖြစ်သည်။

ဒိုပါမင်းသည် ခန္ဓာကိုယ် တွင်းတွင် အဓိက အလုပ်နှစ်ခု လုပ်ဆောင်ပါ သည်။ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ လုပ်ငန်းနှင့် ဦးနှောက်ပြင်ပ လုပ်ငန်း ဟူ၍ (၂) ခု ခွဲခြား
နိုင်သည်။

ဦးနှောက်နှင့် အာရုံကြောဆိုင်ရာလုပ်ငန်းအနေ နှင့် ခန္ဓာကိုယ်လှုပ်ရှားသွားလာမှု၊ ထိုင်ခြင်း၊ ထခြင်းနှင့် စိတ်ခံစားမှုအခြေအနေ များကို ထိန်းချုပ်ထားပါသည်။

ထို့ကြောင့် ယင်းဟိုမုန်းချို့တဲ့လျှင် အထိုင်အထ ခက်ခဲခြင်း၊ လမ်းလျှောက်လျှင် နှေးကွေးခြင်း၊ ခြေလက်လှုပ်ရှားမှု လေးလံခြင်းနှင့် လက်တုန်ခြင်းများ ဖြစ်ပွား တတ်ပါသည်။

နောက်ထပ် ဦးနှောက်နှင့် ပတ်သက်သော ရောဂါများ ထဲတွင် ယနေ့ကလေး များတွင် အဖြစ်များ လာသော ADHD (Attention Deficit Hyperactivity Disorders) ဟုခေါ်သည့် အော်တစ်စင်ကဲ့သို့သော ရောဂါမျိုးမှာလည်း ဒိုပါမင်း လျော့နည်းမှု နှင့် ပတ်သက်နေပါသည်။

အလကားနေရင်း ဒူးတွေ၊ ခြေတွေ လှုပ်နေသည့်ရောဂါ (Restless Legs Syndrome) သည်လည်း ဒိုပါမင်းချို့တဲ့မှုကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။

ဦးနှောက်နှင့်အာရုံကြောစနစ်၏ အဓိကပြင်ပတာဝန်အနေနှင့် နှလုံး၊ သွေးကြောများပေါ်တွင် သက်ရောက်မှုရှိပါသည်။ နှလုံးအားနည်းခြင်း၊ သွေးပေါင် ချိန် ကျဆင်းခြင်း၊ နှလုံး အလုပ် ကောင်းကောင်း မလုပ်ခြင်း (Heart Failure) နှင့် ကျောက်ကပ် အားနည်းခြင်း (Renal failure) တို့မှာ ဒိုပါမင်းနှင့် ပတ်သက်မှု ရှိပါသည်။

ထို့ကြောင့် ဒိုပါမင်းကို ဒိုပါမင်း ဟိုက်ဒရို ကလိုရိုက် (Dopamine Hydrochloride) ထိုးဆေး အနေဖြင့် ထုတ်လုပ် ထားပြီး အရေးပေါ် အခြေအနေနှင့် အရေးကြီး အခြေအနေ များတွင် အသုံးပြုလေ့ရှိသည်။

ဥပမာ - နှလုံး ပျက်စီးခြင်း (Acute Heart Failure)၊ ကျောက်ကပ် ပျက်စီးခြင်း (Kidney Failure)၊ နှလုံး ကြွက်သားများ ပုပ်ခြင်း (Myocardial Infarction)၊ ဗက်တီးရီးယား ပိုးဝင်၍ ရှော့ခ်ဖြစ်ခြင်း (Septic Shock) တို့ဖြစ်သည်။

ဒိုပါမင်းကို ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ မရှိမဖြစ် လိုအပ်သော ဆေးဝါး (Essential Medicine) ထဲတွင် ထည့်သွင်းထားရပြီး အဓိက အရေးပါသော ဟိုမုန်းဆေး တစ်ခုဖြစ်သည်။

ပန်းသေ ပန်းညှိုးဖြစ်နေ သူများနှင့် ကလေးမရ သူများအပေါ် အကျိုး သက်ရောက်မှု

အိန္ဒိယနိုင်ငံနှင့် ဘရာဇီးနိုင်ငံ များတွင် ခွေးလှေးယားသီး အစေ့ကို အမျိုးသား အားတိုးဆေး အဖြစ် သုံးစွဲ ခဲ့သည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်သည်။

ဒိုပါမင်း ပမာဏကျဆင်းလာလျှင် အမျိုးသားများတွင် ပန်းသေ ပန်းညှိုးပါ တစ်ပြိုင်နက် တည်းဖြစ်ပွား ပါသည်။ အဘယ့်ကြောင့် ဆိုသော် ဒိုပါမင်းသည် ပီကျူထရီ အကျိတ် (Pituitary Gland) မှ ပရိုလက်တင် (Prolactin) ဟိုမုန်း ထုတ်လုပ်မှုကို ဟန့်တားနိုင်စွမ်း ရှိသောကြောင့် ဖြစ် သည်။

ပရိုလက်တင်ပမာဏ များလာ လျှင် အမျိုးသားတစ်ယောက်၏ ကြန် အင်လက္ခဏာများ ဆုံးရှုံးသွားလေ့ရှိ သည်။ ထို့ကြောင့် ဒိုပါမင်းဖြည့်စွက် ခြင်းဖြင့် ပရိုလက်တင် ပမာဏကို နည်း စေသောကြောင့် ပြန်လည်အားပြည့် လာစေခြင်းဖြစ်သည်။

ထို့အပြင် ဒိုပါမင်းကိုယ်၌ကလည်း ပီကျူထရီ အကျိတ်မှ ကြီးထွားဟော်မုန်း (Growth Hormone) ထွက်ရှိမှုကို အားပေးသောကြောင့် ခန္ဓာကိုယ်သန်စွမ်း စေခြင်း၊ ခန္ဓာကိုယ်ပျက်စီးယိုယွင်းမှုကို ဟန့်တားပြီး နုပျိုလန်းဆန်းစေခြင်း (Anabolic and growth hormone stimulant property) အစရှိသည့် အာနိ သင်များကို ရရှိစေပါသည်။

ထို့ကြောင့် ပန်းသေ ပန်းညှိုးကို သက်သာစေရုံမျှမက ခန္ဓာကိုယ်အတွက် စွမ်းအားများစွာ တိုးစေနိုင်ပါသည်။ ယင်းအာနိသင် များကြောင့် သုတ်ကောင် အရေ အတွက် (Sperm Count)ကို များပြားစေပြီး သုတ်ကောင်များ၏ လှုပ်ရှား သန်မာမှု (Sperm Motility) ကိုလည်း အားပေးသည့် အတွက် အမျိုးသား၏ ချို့ယွင်းမှုကြောင့် ကလေး မရ သူများတွင် ကလေး ရစေရန် များစွာ အထောက် အကူ ပြုပါသည်။

ခွေးလှေးယားသီးအစေ့ကို အသုံးပြုလျှင် သတိထားရမည့် အချက်များ

ခွေးလှေးယားသီး အစေ့ကို ကိုယ်ဝန်ဆောင် မိခင် များတွင် သုံးလျှင် ကလေး၌ ဝမ်းတွင်းပါ ချို့ယွင်းမှု (Birth Defects)များ ဖြစ်ပေါ်နိုင်သည့် အတွက် လုံးဝ အသုံးမပြု သင့်ပါ။ ထို့အပြင် ယောက်ျား ဟိုမုန်း (Testosterone) ပမာဏကို များစေသောကြောင့် ယောက်ျား ဟိုမုန်းများ၍ ဖြစ်သည့် ရောဂါများ (Excessive Androgen Syndrome) ဥပမာ-ဆီးကျိတ် ကင်ဆာ ရှိသူများတွင် မသုံးရပါ။

သွေးထဲရှိ သကြားဓာတ် ပမာဏကို ကျစေသည့် အာနိသင်လည်း ရှိသောကြောင့် ဆီးချို သွေးချို ရောဂါ ရှိ၍ ဆေးသောက် နေရသူများ အနေနှင့် မိမိသောက်နေ ကျ ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ပြီး အတိုးအလျော့ လုပ်ရန် လိုအပ်ပါသည်။

ခွေးလှေးယားသီးနှင့် ထိတွေ့လျှင် ယားသည့် အကြောင်းရင်း

ခွေးလှေးယားသီး၏ အပြင်ခွံတွင် အမွှေးလေးများ ပါရှိပြီး အထူးသဖြင့် ရင့်မှည့် ခါစ အချိန်တွင် အများဆုံး ပါဝင်ပါသည်။

ယင်းအမွှေးလေး များသည် ကြွေလွယ်ပြီး လေတိုက်ရုံဖြင့် အလွယ်တကူ ကြွေကျတတ်သော ကြောင့် ရင့်မှည့် သွားချိန်တွင် အမွှေးများ မပါရှိတော့ပါ။ ထိုအမွှေးများကို လက်နှင့်ဖြစ်စေ၊ ခန္ဓာကိုယ် အရေပြားနှင့်ဖြစ်စေ ထိတွေ့ ခဲ့လျှင် လွန်စွာ ယားပါသည်။

အဘယ့်ကြောင့်ဆိုသော် အမွှေးလေးများတွင် မြူကူနိမ်း (Mucunain) နှင့် ဆီရိုတိုနင် (Serotonin) အမည်ရှိသော ဓာတ်ပစ္စည်းနှစ်မျိုး ပါဝင်နေသော ကြောင့်ဖြစ်သည်။

ထိုအမွှေးများ ခန္ဓာကိုယ်နှင့် ထိတွေ့ မိသည်နှင့် တစ်ပြိုင်နက် ယင်းဓာတ် ပစ္စည်း နှစ်ခုကြောင့် လွန်စွာ ယားလာသည့် အပြင် ဤကဲ့သို့ ယားခြင်းကို ကုတ်လိုက်လျှင် အဆိုပါ ဓာတ်ပစ္စည်းများသည် အခြား နေရာများကိုပါ ပြန့်သွားသည့် အတွက် ပိုမိုယားယံစေ ပါသည်။

ရေနှင့် ဆေးလျှင်လည်း ယင်းဓာတ်ပစ္စည်း များ ရေထဲတွင် ပျော်ဝင်သွားပြီး အရေပြား အထဲထိ စိမ့်ဝင် သွားတတ်သည့် အတွက် ပိုမို ဆိုးရွားစေနိုင်ပါ သည်။

အကောင်းဆုံး နည်းလမ်းမှာ ရေခဲတုံးကို ပလတ်စတစ် အတွင်း ထည့်ပြီး ယားသည့် နေရာ အပေါ် မှ ဖိကပ် ထားပေးရပါမည်။ ပြီးလျှင် အယား သက်သာ စေ သည့်
သောက်ဆေး တစ်မျိုး အမြန်ဆုံး သောက်ရပါ မည်။

ဥပမာ- ဆီရိုတိုနင်ကို ဟန့်တား ဖျက်ဆီးသော ဆေး (Antiserotonin) ဖြစ်သည့် Zadine ကဲ့သို့ဆေး မျိုး အမြန်ဆုံး သောက်ရပါမည်။

ခွေးလှေးယားသီးအစေ့သည် အလွန်တန်ဖိုး ရှိသော သဘာဝ ဆေးဘက်ဝင်ပစ္စည်း တစ်ခုဖြစ်သည့် အတွက် တတ်ကျွမ်း နားလည် သူများနှင့် တိုင်ပင် ဆွေးနွေးပြီး ကုသ ခဲ့လျှင် အမျိုးသားများ ကလေးမရ ခြင်း (Infertility) အပြင် ပန်းသေ ပန်းညှိုးရောဂါနှင့် အသက်ကြီး သူများတွင်ဖြစ်သည့် ပါကင်ဆန် ရောဂါ များကို သက်သာ
စေနိုင်သောကြောင့် အကောင်းဆုံး သဘာဝ ဆေးစွမ်းကောင်း တစ်လက် ဖြစ်ပါသည်။

စာဖတ်သူအားလုံးကို အစဉ်လေးစားလျက်

ဒေါက်တာ ခင်မောင်လွင် (FAME)

From : Ziwaka

Originally published at - https://www.facebook.com/ziwakamagazine/?hc_ref=NEWSFEED

Read More »

Tuesday, November 29, 2016

သင်မသိသေးတဲ့ ဆီးချိုကို ယူပစ်လိုက်သလို ပျောက်သွားစေမယ့် အရွက်




ဆီးချို ရောဂါဟာ လက်ရှိမှာ လူကြီး၊ လူငယ် မရွေး ဖြစ်ပွား နေပြီး အထူးသဖြင့် အသက် အရွယ်ကြီးတဲ့ သူတွေမှာ ရောဂါရဲ့ အကျိုး သက်ရောက် မှုဟာ ဆိုးရွားလွန်း လှပါတယ်။

ဒီ့အတွက် သဘာဝ နည်းနဲ့ ကုနိုင်တာကတော့ သရက်ရွက်ပါ။

သရက်ရွက်မှာ vitamins, enzymes, antioxidants တွေ အများအပြား ပါဝင် တာကြောင့် သူ့ကို ကျန်းမာရေး အတွက် ကောင်းစွာ အသုံးပြု နိုင်ပါတယ်။

နည်းလမ်းကတော့ သရက်ရွက်နုနုလေး ၁ဝရွက်ကနေ ၁၅ ရွက်အထိခူးပြီး ရေ တစ်ဖန်ခွက်စာ ပမာဏနဲ့ ပြုတ်ပါ။

ပြီးရင် ထိုအတိုင်း တစ်ညတာ ထားပါ။ နောက်တစ်နေ့ မနက်ရောက်တဲ့ အခါဘာမှ မစား ရသေးခင်း ပြုတ်ထားတဲ့ အရည်ကို သောက်ပါ။

ဒီအတိုင်း နှစ်လ ကနေ သုံးလ ဆက်တိုက်သာ လုပ်ပေးမယ်ဆို သင့်ရဲ့ ဆီးချို ရောဂါ ပျောက်ကင်းတဲ့ အပြင် ခန္ဓာကိုယ် အတွင်း ပြောင်းလဲမှုကို သိသိသာသာ ခံစား ရမှာ ဖြစ်ပါတယ်။

  • နောက်တစ်နည်း ကတော့ နေရောင် မကျတဲ့ နေရာမှာ သရက်ရွက် တွေကို အခြောက်ခံ ထားပါ။
  • ပြီးရင် ခြောက်နေတဲ့ အရွက်တွေကိုအမှုန့် ဖြစ်အောင် လုပ်ပြီးတစ်နေ့ကို လက်ဖက်ရည် ဇွန်းနဲ့ နှစ်ဇွန်း သောက်သုံးပေးပါ။
  • ကျန်းမာရေး သိသိသာသာ ကောင်းမွန် လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

From : Myanmarload

Originally published at - https://www.myanmarload.com/news/1676

Read More »

Tuesday, November 22, 2016

မြွေဆိပ်ဖြေဆေး (ကျီးအာသီးပင် အစွမ်း)




သင်သိပြီးရင် မျှဝေပါ ။

ဆေးထိုးရွာ နွားထိုးကြီး မြို့နယ် မြင်းခြံ မြို့က ကိုဇော်လတ်က သူတို့ အရပ်မှာ ပိုးထိတိုင်း သုံးစွဲလေ့ ရှိတဲ့မြွေဆိပ် ဖြေဆေးကို ပြောပြ ခဲ့ပါတယ်။

သူတို့ရွာမှာ မြွေပွေး ပေါပါတယ်။ တခြားမြွေ ဆိုးတွေ လည်း ရှိပါတယ်တဲ့။

သူပြောတဲ့ ဆေးပင်က "ကျီးအာသီးပင်" ပါ။

ဒီအပင်က သူတို့ဒေသမှာ ပေါပါတယ်။ အလေ့ကျ ပေါက်ပင်တွေပါ။ ဆေး အသုံးက"ပိုးထိတဲ့ သူကို ကျီးအာသီး ပင်ရဲ့ ဥကို တူးယူပြီး အစိမ်းတိုင်း စားခိုင်း တာပါပဲ။

အဲဒီလို စားလိုက်ရင် မြွေဆိပ်တွေ ပြေပြီး ဆေးရုံ ရောက်ရင်လည်း မြွေဆိပ်ရှာ မရတော့ ပါဘူးတဲ့။

သူတို့ရွာမှာ အမြဲသုံးနေကြ ဖြစ်ပြီး ဒီဆေးကြောင့်တော့ အခုအထိ အဖိတ်အစင် မရှိသေး ပါဘူးတဲ့။

ဘယ်မြွေမျိုးရဲ့ အဆိပ်ကို မဆိုနိုင်တာ တွေ့ရ ပါတယ်တဲ့။

သုတေသန ပြုလုပ်ပြီးမြွေဆိပ် ဖြေဆေး ထုတ်လုပ်နိုင်ခဲ့ရင် လယ်ယာ လုပ်ငန်းခွင်မှာ ပိုပြီးအန္တရာယ် ကင်းစွာ လုပ်ကိုင် ဆောင်ရွက် နိုင်မယ်လို့ မျှော်လင့် မိပါတယ်။

ဆေးနည်းပြောပြပေးတဲ့ ကိုဇော်လတ်ကို ကျေးဇူး တင်မိပါတယ်။ ။

credit.... zaw Lat

From : မြန်မာ့သတင်းထူးသတင်းဦးများ

Originally published at - https://www.facebook.com/myanmarlatestupdates/?hc_ref=NEWSFEED

Read More »

မြွေဆိပ်နိုင်တဲ့ ဟင်းငုတ်ပင်




ဟင်းငုတ်ပင်ကို ဒေသ အလိုက် သခွပ်ပင် ဟင်းဂုတ်ပင် ဟင်းဂွတ်ပင်ဟု ခေါ်ကြသည်။
  • တစ်နိုင်ငံလုံး ပေါက်သည်။
  • နှစ်ရှည် ပင်ကြီး။
  • ပင်စည်တွင် အခေါက် အပွေး မရှိ။
  • အရွက် အနည်းငယ်ဝိုင်း။
  • အပွင့်အဖြူရောင်။
  • ပဒိုင်းပွင့်နှင့်တူသည်။
  • တန်ခူးမှဝါဆိုလအထိပွင့်သည်။
  • အသီးမှာ သေးသေး ရှည်ရှည်။ နှစ်ပေခန့်ရှိ။



ဆေးဘက် ဝင်ပုံ


အခေါက်
၁။ မြွေပွေး။ မြွေဟောက် ကိုက်ခံ ရပါက အခေါက်ကို အမြန် ဝါးစား လိုက်ပါလျှင် အဆိပ် မရှိတော့ပါ။ ငန်းတော်ကျား။ ငန်းမြွေ အပါ အဝင်ပါ။ (မြွေပွေးနှင့် မြွေဟောက်သာ အကိုက်ခံသူရှိ၍ ဦးစားပေး ဖေါ်ပြရခြင်းပါ)

၂။ အဆိပ်ရှိ သတ္တဝါလေးများ ကိုက်လျှင်လည်းအခေါက် ဝါးးစားပါ။

၃။ မျက်စေ့နာပါက အခေါက်သွေးပြီး မျက်လုံး ကွင်းလိမ်းပါ။ မကျည်းခေါက်လို အပွေး မရှိ။

၎။ ကိုယ်လက်ကိုက်ခဲ ပါက အခေါက်ပြုတ်ရေ ချိုးပါ။

အပွင့်

၁။ ရှေးကတည်းက ကလေးတွေကို ရောဂါကင်း။ ကိုယ်တွင်း အဆိပ်ကင်းသည် ဆိုကာ သုပ်ကျွေးသည်။

၂။ အပွင့်ကို ရေနွေးဖျောရုံဖြင့် ကျက်သည်။ အခြောက် ဆိုရင်ပြုတ်ရသည်။ အခြောက် အရောင်မဲနေသည်မှ လွဲ၍ အရသာ မပြောင်းပါ။

၃။ ဘီပိုး။ စီပိုး ပျောက်သည် ဆိုကာ တော်တော်များများ အပွင့် သုပ်စားနေ ကြသည်။

၎။ ဈေးတွင် ဟင်းရွက်တန်း၌ ရောင်းချနေကြပါသည်။ တို့စားစရာ အဖြစ်လည်းသုံးသည်။



အရွက်

၁။ အရွက်နုကို ဟင်းခါး ချက်သောက် ကြသည်။

၂။ ကလေးများ ရေကျောက်ပေါက် လျှင် အရွက်ပြုတ် တိုက်သည်။

၃။ တကိုယ်လုံး ညောင်းညာ ကိုက်ခဲလျှင်၎င်း။ ကလေးများ ကျန်းမာရေး အတွက်၎င်း။ အရွက်ပြုတ်ရေ ဖြင့် ရေချိုးကြသည်။

၎။ ဆိတ်ကို မြွေစိမ်းမြီးခြောက် ကိုက်လျှင် ခေါင်းတခုလုံးရောင်။ မျက်လုံးပိတ်။ ငါးရက်ခန့် ကြာမှ ကောင်းသော်လည်း အရွက်ကျွေး ပါကတရက်နှင့် ပျောက်သည်။

အချုပ်အားဖြင့်

မြွေပွေး။ မြွေဟောက် ကိုက်ခံရသူများ အခေါက်စား သွားသဖြင့် ဆေးရုံရောက်သည့် အခါအဆိပ် မရှိတော့။ တဦးက လက်သန်း မြွေပွေး ကိုက်ရာ မြွေပါ အစွယ်နှင့် ချိတ်ပါ လာသည်။ သူကတော့ ဆေးရုံ မသွားတော့ဘဲ အခေါက်စား။ အရွက်နှင့် စည်းထား ခဲ့သည်။

သစ်ကြီးပိ။ မြွေကြီး ကိုက် ဆိုလျှင် အန္တရာယ်ကြီးလွန်းသည်။ ခြေသလုံး အထက်ကြီးသည့် မြွေအရွယ်ကို ဆိုလိုပါသည်။ မြွေကြီးတော့ အဆိပ်အလွန် များတော့ အမြန်ဆုံး အခေါက်စားရန် လိုပါမည်။ ရှေးဦးသူနုာပြု နည်းမလုပ်ရ ဟုဆိုလိုခြင်း မဟုတ်ပါ။

အိမ်။ လယ်ယာ အနီးရှိ ဟင်းငုတ်ပင်များအား ခုတ်ခြင်း မပြုဘဲ။ နေရာရှိလျှင် စိုက်ထားသင့်သည့် အပင်ဖြစ်ပါသည်။

မိမိတွင် ရုက္ခဗေဒ စာအုပ်များ မရှိပါ။ လက်ရှိ အသုံးပြု နေပုံများ။ သက်ကြီး စကား အကြားများ။ အတွေ့အကြုံ များအား ဖေါ်ပြ ထားခြင်းဖြစ် ပါကြောင်း။

Credit မေတ္တာဖြင့် တောင်ကြီးသား

Originally published at - https://www.facebook.com/profile.php?id=100004723036760&hc_ref=NEWSFEED

Read More »

Thursday, August 11, 2016

ဆီးဖြူးသီးရဲ့ ကျန်းမာရေး ကောင်းကျိုး (၇) မျိုး




ဆီးဖြူ သီးကို မြင်ဖူး စားဖူး ကြပါ သလား။ အညာ မှာတော့ အတော် ပေါပါတယ်။ ဒီလို နွေရာသီ တစ်လျှောက်လုံး ပေါ်ပေါက် တတ်ပြီး ဒီအတိုင်း တစ်ကိုက် ကိုက်လိုက်ပြီး တာနဲ့ ရေသောက် လိုက်ရင် ဘယ်လို အရသာလေး လျှာ ပေါ်မှာ ကျန်နေသလဲ ဆိုတာ စားဖူး သူတိုင်း သိပါ လိ့မ်မယ်။

ဆီးဖြူသီးကို ဒီအတိုင်းလည်း စားကြ သလို၊ ငပိ၊ ပုဇွန်ခြောက် စတာတွေ နဲ့လည်း အချို အစပ် ချက်စား ကြပါတယ်။ အညာမှာတော့ သိပ်ပေါလွန်းလို့ အချဉ်သိပ်ပြီး စား
ကြ ပါတယ်။ ဆီးဖြူးသီးရဲ့ ကျန်းမာရေး ကောင်းကျိုး (၇) မျိုးကို ဖော်ပြ ပေးလိုက် ပါတယ်။

၁။ ကျန်မာရေးကို အကျိုးပြုတဲ့ ဓာတ်တွေ

ဆီးဖြူသီးမှာ ကျန်းမာရေးကို အကျိုးပြုနိုင်တဲ့ ဓာတ်တွေ မြောက်များစွာ ပါဝင် ပါတယ်။ အထူး သဖြင့် Calcium, Phosphorus, Iron, Copper, Potassium, Manganese, Magnesium, Chromium, Vitamins A နဲ့ B စတဲ့ ဓာတ်တွေ အပြင် Dietary Fiber လည်း ပါဝင် ပါတယ်။ ဒါ့အပြင် ရေဓာတ် 80% ပါဝင်ပြီး ကယ်လိုရီလည်း လုံးဝ မပါ သလောက် နည်းပါး ပါတယ်။

၂။ ဆံပင်ကို သန်စွမ်းနက်မှောင်စေပြီး အသားအရေကို ကြည်လင်ဝင်းပစေနိုင်တယ်

ဆီးဖြူသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ ဆံပင် သန်စွမ်းနက်မှောင် စေပါတယ်။ ဒါ့အပြင် အသားအရည်ကို ထောက်ပံ့ မှုတွေ အများကြီး ပေးနိုင်တဲ့ ဗီတာမင် C, နဲ့ အခြား သတ္ထုဓာတ် တွေလည်း ပါဝင်ပါတယ်။

၂။ မျက်စိအမြင်ကို ကြည်လင်စေတယ်



ဆီးဖြူသီးမှာ ခန္ဓာကိုယ်ရဲ့ သက်စောင့်ဓာတ် ဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာ ပါဝင် ပါတယ်။ မျက်စိ မှုန်ဝါးခြင်း၊ မျက်လုံး ကြိမ်းခြင်း၊ အရွယ်မတိုင်မှီ မျက်စိ ကွယ်ခြင်း-စတာတွေကို ထိရောက်စွာ ကာကွယ် ပေးနိုင် ပါတယ်။

၃။ သွေးတိုးသွေးကျ ရောဂါသည်တွေအတွက် ကောင်းမွန်တဲ့ ဆေး

ဆီးဖြူသီးကို ပုံမှန် စားသုံးပေး ပါက သွေးပေါင်ချိန် မမှန်ခြင်း၊ သွေးတိုးခြင်း၊ သွေးကျခြင်း စတာတွေကို ကာကွယ် တားဆီး ပေးနိုင် ပါတယ်။ ဆီးဖြူသီးမှာ ပါဝင်တဲ့ ဗီတာမင် C ဟာ သွေးထဲရှိ ကိုလက်စထရောနဲ့ သကြားဓာတ်ပါ ၀င်မှုကို သန့်စင်စေပြီး သွေးခဲ့ခြင်း၊ သွေးကြော ပိတ်ခြင်းတွေကို ထိရောက်စွာ ကာကွယ် ပေးနိုင် ပါတယ်။

၎။ နှလုံးရောဂါကို ကာကွယ်ပေးတယ်

ဗီတာမင် C ဓာတ် ကြွယ်ဝစွာ ပါဝင်လို့ နှလုံးရောဂါနဲ့ နှလုံးသွေးကြောကျဉ်း ရောဂါကိုလည်း ကာကွယ် ပေးနိုင် ပါတယ်။

၅။ အရွယ်တင် နုပျိုစေတယ်

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အသားအရည်ပျက်ဆီးခြင်း၊ အသားအရေ ခြောက်ကပ်ခြင်း၊ အရေတွန့်ခြင်း စတာတွေအတွက်လည်း ဆီးဖြူသီးကို ပုံမှန် စားသုံးပေးခြင်းဖြင့် သက်သာ ပျောက်ကင်း စေနိုင် ပါတယ်။

၆။ သွားနဲ့ အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်

ဆီးဖြူသီးမှာ ဗီတာမင် C, B, A စတဲ့ ဓာတ်တွေကို ပါဝင်လို့ သွားတွေကို ဖြူဖွေး ကျန်မား စေပါတယ်။ ဒါ့အပြင် အရိုး ပျက်ဆီးမှု ကိုလည်း ထိန်ပေးပြီး အရိုးတွေကို ခိုင်မာ စေပါတယ်။

၇။ ကင်ဆာရောဂါကို အကာကွယ်ပေးနိုင်တယ်

ဗီတာမင် C ဓာတ် ပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်ထဲကို နည်းအမျိုးမျိုးနဲ့ ၀င်ရောက်လာမည့် ကင်ဆာဆဲလ်တွေ ကို တိုက်ဖြတ် ပေးနိုင် ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်လို့ ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို ထိရောက် စွာ တားဆီး ပေးပါတယ်။

Credit: Shwemom

Originally published at - http://shwemom.com

Read More »

ကင်ဆာရောဂါကို ကုစားပေးမယ့် ဒန်ဒီလီယွန် လက်ဖက်ရည် ကြမ်း




ကနေဒါ နိုင်ငံမှာ အလွယ်တကူ တွေ့နေရတဲ့ အလေ့ကျ အပင် တမျိုးဖြစ်တဲ့ ဒန်ဒလီယွန် ပင်ရဲ့ အရွက်နဲ့ အပွင့်တွေက ဆေးဘက် ၀င်တယ်လို့ အစဉ် အဆက် လက်ခံ သုံးစွဲ ခဲ့တာဖြစ်ပြီး အရည် ညှစ်ယူ သောက်သုံး မှီဝဲ ကြပေမယ့် အဲဒီ အပင်ရဲ့ အမြစ်က အာနိသင် အစွမ်း ကိုတော့ သူတို့ မသိ ခဲ့ကြဘူးလို့ ဆိုပါတယ်။

ကင်ဆာ ဖြစ်စေတဲ့ ဆဲလ် အားလုံးကို သတ်နိုင် တာကြောင့် ဒန်ဒလီယွန်ပင်၏ အမြစ်မှာ ဓာတု ကုထုံး ထက်ပင် ပိုမို ကောင်းမွန်ပုံ ရကြောင်း၊ ထို့အပြင် ဆီးရွှင်စေတဲ့ အာနိသင်လည်း ရှိပြီး၊ သည်းခြေ ရည်ကို အားပေးကြောင်း သိရပါတယ်။

အသည်းကိုလည်း ဆေးကြောပေးကာ ဓာတ်မတည့် မှုတွေ ကိုလည်း ကုစားနိုင်တဲ့ အပြင် အဆီလည်း ကျစေနိုင်ကြောင်း၊ လူ့ခန္ဓာကိုယ် အတွက် အရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် များလည်း ကြွယ်ဝစွာ ပါဝင်ကြောင်း တွေ့ရှိချက်မှာ ဖော်ပြ ထားပါတယ်။

ဒန်ဒလီယွန်မြစ် လက်ဖက်ရည်ကြမ်း

ကင်ဆာရောဂါ ခံစားနေရတဲ့ အသက် ၇၂ နှစ် အရွယ် အဖိုးအိုတဦးကို ကုနေကျ အတိုင်း ဓာတ်တု ကုထုံးနဲ့ ၃ နှစ်ကြာ ကုသပေးပြီးနောက် သူ့ရဲ့ နောက်ဆုံးနေ့ကို အိမ်ပြန်စောင့်ဖို့ ပြန်ပို့ လိုက်ပါတယ်။ ဆရာဝန်တွေ အနေနဲ့လည်း ဒန်ဒလီယွန်မြစ် လက်ဖက်ရည် ကြမ်းကို နောက်ဆုံး အနေနဲ့ တိုက်နိုင်တယ်လို့ ပြောပေးရုံမှ အပ တခြား ဘာမှ လုပ်မပေးနိုင် ခဲ့ဘူးပေါ့။

အဲဒီမှာ အံအားသင့်ဖွယ် တွေ့လိုက် ရတာက ဒန်ဒလီယွန်မြစ်နဲ့ ပြုလုပ်တဲ့ လက်ဖက်ကြမ်းက နောက်ထပ် ရက် အတော်ကြာ အထိ အသက် ရှည်စေပြီး ၄ လလောက် ပုံမှန် သောက်သုံးတဲ့ အခါ ကင်ဆာ ရောဂါကို လုံးဝ ပျောက်ကင်း သွားတယ်လို့ ဆိုပါတယ်။



ဒန်ဒလီယွန်မြစ်ကို ဘယ်လို စုဆောင်းမလဲ

ဒန်ဒလီယွန် မြစ်ကို အခြောက် ခံပြီး သုံးစွဲနိုင်သလို လတ်လတ် ဆတ်ဆတ်လည်း သုံးစွဲနိုင် ပါတယ်။ တကယ်လို့ အခြောက်ခံ သုံးစွဲမယ် ဆိုရင်တော့ ဒန်ဒလီယွန်မြစ် အပေါ်ယံ လွှာကို ပါးပါးလွှာ၊ ပြီးတော့ ပါးလွှာတဲ့ အတုံးသေးတွေ ဖြစ်အောင် လှီးရ ပါမယ်။ ရလာတဲ့ ဒန်ဒလီယွန် အတုံးသေးသေးတွေကို မီးလင်းဖို၊ ကြပ်ခိုးစင်ပေါ် တင်ပြီး အခြောက်ခံပါ။ လေ၀င်လေထွက် ကောင်းပြီး သန့်ရှင်းတဲ့ နေရာမှာ ထားသို ရမှာဖြစ်တယ်။ ကနေဒါလို အင်မတန် အေးတဲ့ နိုင်ငံ မဟုတ်တဲ့ ကျနော်တို့ ဆီ မှာတော့ နေပူလှန်း အခြောက် ခံရင် ရပါတယ်။



အရေးကြီးတဲ့ အချက်က ဒန်ဒလီယွန်မြစ် အတုံးလေးတွေကို အခြောက်ခံတဲ့ အခါ သန့်ရှင်းပြီး လေ၀င်လေထွက် ကောင်းဖို့ပါ။ ဒန်ဒလီယွန်မြစ် ပါးလွှာ အတုံးလေးတွေ ကြွပ်ရွခြောက်သွေ့ဖို့ ၃ ရက်ကနေ ၁၄ ရက်လောက် စောင့်ရနိုင်ပါတယ်။ ခြောက်သွေ့တဲ့ ဒန်ဒလီယွန်မြစ် ပါးလွှာ အတုံးလေးတွေကို ဖန်ပုလင်းထဲမှာ ထည့်ပြီး အေးပြီး အလင်းရောင် တိုက်ရိုက် မထိတဲ့ နေရာမှာ သိမ်းဆည်းရပါတယ်။

ပျောက်ကင်းစေတဲ့ တခြား ရောဂါတွေ

အခြောက်ခံ ဒန်ဒလီယွန်မြစ်တွေကို လက်ဖက်ခြောက်ခပ်သလို ခပ်ပြီး ဒန်ဒလီယွန်မြစ် ရေနွေးကြမ်း အဖြစ် သုံးစွဲမှီဝဲ နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က အဆီတွေ
လျှော့ချပေးတယ်၊ အဆိပ်အတောက်တွေ ပြေစေတယ်၊ ကင်ဆာ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးတယ်။ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးတယ်၊ ကင်ဆာရောဂါကို ရက် ၃၀ အတွင်း လုံးဝ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။

ကိုးကား – mywisegranny.com

Autor: အေဘယ်လ်

ဧရာဝတီ by htet htet

Originally published at - http://mobile.irrawaddy.com/lifestyle/2016/08/11/120332.html

Read More »

Friday, August 5, 2016

အစာမကြေ ရင်ပြည့် ရင်ကယ် ချိန်တွင် စားသင့်တဲ့ အစားအစာများ




သင်္ဘောသီး

သင်္ဘောသီးဟာ အစာ ချေဖျက် ရာမှာ အကူ အညီပေးတဲ့ Papain ခေါ် အင်ဇိုင်းမ် တစ်မျိုး ပါဝင် တာကြောင့် အစာ မကြေတဲ့ အခါမျိုးမှာ စားပေး နိုင်ပါတယ်။

ပူစီနံ

ပူစီနံရွက်က အစာအိမ်နဲ့ အူတွင်း ကြွက်သား တွေကို သန်မာစေပြီး အစာ ချေဖျက် စွမ်းရည်ကို မြှင့်တင် ပေးနိုင် ပါတယ်။ အစာ မကြေ ရင်ပြည့် နေချိန်မှာ ပူစီနံရွက် ပါတဲ့ ဖျော်ရည် မျိုးကို သောက်သုံးနိုင်ပါတယ်။

ကရဝေးစေ့

အိန္ဒိယစတိုင် စားသောက်ဆိုင်တွေမှာ ဖန်ပုလင်းနဲ့ ထည့်ပြီး စားပွဲတိုင်းမှာ ထားလေ့ရှိတာကတော့ ကရဝေးစေ့ပဲ ဖြစ်ပါတယ်။ ကရဝေးစေ့မှာ ပါဝင်တဲ့ အဆီဓါတ်တွေဟာ အစာချေစနစ်နဲ့ အစာချေလမ်းကြောင်းကို သက်တောင့်သက်သာရှိစေပါတယ်။

ဂျင်း

ဂျင်းဖျော်ရည်ဟာလည်း အစာအိမ်နာတာတွေကို သက်သာစေပါတယ်။ အစာချေလမ်းကြောင်းကို ရှင်းလင်းပေးတာကြောင့် ချောမွေ့စေပြီး အော့အန်ခြင်းတွေ သက်သာစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးဟာ အနံ့အရသာလည်းရှိပြီး အစာချေစနစ်ကိုလည်း အထောက်အကူဖြစ်စေတာကြောင့် ကလေးငယ်တွေ အစာမကြေတဲ့အခါ ကျွေးနိုင်ပါတယ်။ အမျှင်ဓါတ်နဲ့ သကြားဓါတ်တွေ ပါဝင်တာကြောင့် ရေဓါတ်ဖြည့်တင်းပေးရာမှာလည်း အကူအညီပေးတာကြောင့် ဗိုက်အောင့်အော့အန်တာတွေကို သက်သာစေပါတယ်။

Ref : MSN

Originally published at - http://health.thithtoolwin.com/2016/07/blog-post_45.html

Read More »

Thursday, August 4, 2016

ပိန္နဲစေ့တွေ လွှင့်မပစ်သင့်တဲ့ အကြောင်းရင်း




ပိန္နဲသီး စားတဲ့ အခါ များသောအား ဖြင့်တော့ အစေ့တွေကို လွှင့်ပစ် လေ့ရှိကြ ပါတယ်။ တကယ်တော့ ပိန္နဲစေ့မှာ ပြော မဆုံးနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေ ရှိတယ် ဆိုတာ သိထားပြီး အကျိုးရှိရှိ သုံးနိုင်အောင်လို့ ဖော်ပြပေး လိုက်ပါ တယ်။

အရေးအကြောင်းများ သက်သာစေခြင်း

ပိန္နဲစေ့တစ်စေ့ကို နွားနို့အေးအေးထဲမှာ ခဏစိမ်ထားပြီး အနှစ်ဖြစ်တဲ့အထိ ကြိတ်ခြေပါ။ မျက်နှာပေါ်က အရေးအကြောင်းရှိတဲ့ နေရာတွေကို ပိန္နဲစေ့အနှစ်နဲ့ သုတ်လိမ်းပေးရင် လေး၊ ငါးပတ်အတွင်း ထူးခြားလာတာတွေ့ ရမှာပါ။

အသားအရောင်ကောင်းစေခြင်း

ပိန္နဲစေ့မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် ဝမ်းချုပ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်တွင်း အညစ်အကြေးတွေကို စွန့်ထုတ်စေတဲ့အတွက် အသားအရောင် ကိုလည်း ကောင်းစေပါတယ်။

အမာရွတ်ပျောက်စေခြင်း

အသားအရေအပြစ်အနာအဆာကင်းစေချင်ရင်လည်း ပိန္နဲစေ့က ကူညီပေးနိုင်ပါတယ်။ အခြောက်လှန်းထားတဲ့ ပိန္နဲစေ့အနည်းငယ်ကို နွားနို့နဲ့ ပျားရည်ရော ထားတဲ့ အထဲမှာ စိမ်ထားပြီး အနှစ်ရအောင်ကြိတ်ခြေပါ။ အဲဒီအနှစ်ကို မျက်နှာပဲဖြစ်ဖြစ်၊ အခြားနေရာမှာပဲဖြစ်ဖြစ် သုတ်လိမ်းပေါင်းတင်ထားပြီး ရေနဲ့ဆေးကြောပေး တာမျိုး လုပ်ပေးနိုင်ပါတယ်။

ကင်ဆာရောဂါကာကွယ်ပေးခြင်း

ပိန္နဲစေ့ဟာ အသားဓာတ် ကြွယ်ဝသလို ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းလည်းရှိပါတယ်။

ဆံပင်သန်စေခြင်း

ပိန္နဲစေ့တွေဟာ သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။ ဆံသားသန်စွမ်းကျန်းမာဖို့ဆိုတာလည်း သွေးလည်ပတ်မှု ကောင်းတာနဲ့ သက်ဆိုင်တဲ့အတွက် ပိန္နဲစေ့က ဆံပင်အတွက်ပါ အကျိုးပြုပါတယ်။

အစာကြေစေခြင်း

အစာခြေအင်္ဂါအဖွဲ့အစည်းမှာ ပြဿနာတစ်ခုခုရှိနေရင် အသည်းကိုဒုက္ခပေးနိုင်သလို ဆံပင်ကျွတ်တာတွေ လည်း ဖြစ်စေပါတယ်။ ပိန္နဲစေ့စားပေးရင် အစာကောင်းစွာကြေညက်စေသလို အသည်းကျန်းမာရေးအတွက်လည်း အထောက်အကူပြုပြီး ဆံပင်ကျွတ်တဲ့ပြဿနာပါ ဖြေရှင်း ပြီးသားဖြစ်စေမှာပါ။

ပိန္နဲစေ့ကို အစိမ်းအတိုင်းစားတာအပြင် ပြုတ်စားဟင်းချက် စားနိုင်သလို ပိန္နဲစေ့ကို အခြောက် လှန်းအမှုန့်ပြုလုပ်ပြီး ဟင်းချက်တဲ့အထဲ ထည့်စားနိုင်ပါတယ်။

—Ref: stylecraze


Originally published at -

Read More »

Sunday, July 3, 2016

ပန်းနာရင်ကြပ်ရောဂါကို ဆားကုထုံးနဲ့ ကုသမယ်




ဆားကုထုံးကို Salt Therapy လို့ ခေါ်ပါတယ်။ ပညာရပ်သုံး ဝေါဟာရ မှာတော့ Halotherapy ပါ။ ဆားကို ဂရိဘာသာနဲ့ ‘‘Halo’’ လို့ ခေါ်တာကြောင့် Halotherpay ဖြစ်လာတဲ့ ဒီကုထုံးက ဓာတုဆေးဝါး မသုံးဘဲ ပန်းနာ ရင်ကြပ် ရောဂါ၊ လေပြွန်ရောင်ရမ်း ပိတ်ဆို့ ရောဂါတွေ၊ ဓာတ်မတည့် ဝေဒနာနဲ့ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါ များကို သက်သာ ပျောက်ကင်း စေပါတယ်။

ဒီကုထုံးကို ၁၈၄၃ ခုနှစ်က ပိုလန် ဆရာဝန်တဦး ဖြစ်တဲ့ အက်ဖ် ဘော့ခ်ျကော့ဗ်စကီ (F. Botchkovsky) က တွေ့ရှိ ခဲ့တာဖြစ်ပြီး၊ ဆားချက်တွင်း များရဲ့ အနီးဝန်းကျင်ရှိ လေထုက လူတွေရဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို ပျောက်ကင်း စေနိုင်တယ် ဆိုတာ ပထမဆုံး တွေ့ရှိတာပါ။

တဖြည်းဖြည်း လူသိများလာတဲ့ ဒီကျန်းမာရေး ကုထုံးဟာ ထိရောက်မှု ရှိတဲ့ ကုထုံးနည်း စနစ်တခု ဖြစ်လာပြီး အရှေ့ဥရောပနဲ့ ရုရှား အစရှိတဲ့ နိုင်ငံတွေပါ အသုံးပြုလာကြပါတယ်။

ဆားဂူများရဲ့ တိတ်ဆိတ် ငြိမ်သက်မှု၊ ဆားဓာတ် ပါဝင်သော ပတ်ဝန်းကျင်တွင် အသက်ရှူ လမ်းကြောင်း ဆိုင်ရာနှင့် အရေပြားဆိုင်ရာ ရောဂါများကို သက်သာစေတဲ့ အစွမ်း ရှိတာကြောင့် ယင်းဆားဂူများ နာမည်ကြီး လာပြီး၊ ကျန်မာရေးနဲ့ အပန်းဖြေ ၀န်ဆောင်မှု လုပ်ငန်းများ ပေါ်ပေါက် လာပါတယ်။



ဆိုဒီယမ် ကလိုရိုက် မြင့်မားစွာ ပါဝင်ပြီး အလွန်သေးငယ်တဲ့ အမှုန့်များကို Halogenerator လို့ ခေါ်တဲ့ စက်က ထုတ်လုပ်ပေးပြီး ဆားငွေ့ပါဝင်တဲ့ လေထုတခု ဖန်တီးပေးထားတဲ့ ဆားကုထုံးနဲ့ ပတ်သက်ပြီး၊ ၂၀၀၆ အတွင်းက နယူး အင်္ဂလန် ဆေးပညာ ဂျာနယ်တခုမှာ အသက်ရှူလမ်းကြောင်း ပိတ်ရောဂါရှင် ၂၄ ဦးကို ဆားဓာတ်ပါတဲ့ ရေငွေ့ ရှူစေခြင်းဖြင့် အသက်ရှူ ပိုကောင်းလာတယ်လို့ သုတေသန ရလဒ်ကို ဖော်ပြ ခဲ့ပါတယ်။

ဆားကို အသုံးပြုပြီး အရှေ့ဥရောပရှိ ဆားဂူတွေလို ဖန်တီးကာ ကျန်းမာရေးနှင့် အပန်းဖြေရေး ၀န်ဆောင်မှုပေးတဲ့ Spa တွေမှာ သွားရောက် ကုသမှု ခံယူသူများကလည်း သူတို့ ခံစားနေရတဲ့ ရောဂါဝေဒနာ သက်သာ ကောင်းမွန် လာတယ်လို့ ဆိုပါတယ်။

ရှေးခေတ်က ဂရိဆေးဆရာများက အသက်ရှူလမ်းကြောင်းဆိုင်ရာ လူနာများကို ဆားငန်ရည် ရှူရန် ညွှန်ကြားခဲ့တယ် သလို အလယ်ခေတ် ဥရောပမှ ဘုန်းတော်ကြီးများကလည်း လူနာတွေကို ဆားဂူထဲထည့်ပြီး ဆေးဝါး ကုသပေးခဲ့တာတွေ ရှိခဲ့ပါတယ်။

၁၉ ရာစုမှာတော့ ပိုလန်နိုင်ငံမှ ဆရာဝန်တဦးက ဆားတွင်း လုပ်သားများဟာ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပွားမှု နည်းပါးတယ် ဆိုတာ တွေ့ရှိခဲ့တာပါ။

ကိုးကား – saltescape.com, saltspacolorado.com, thesaltsuite.com

ဧရာဝတီ by Hsu Wai Linn

Originally published at - http://burma.irrawaddy.com/lifestyle/2016/07/03/117581.html

Read More »

Wednesday, June 29, 2016

တရုတ်နံနံရဲ့ ကျန်းမာရေး အာနိသင်များ (Chinese celery)




တရုတ်နံနံကို ရှေး ကတည်းက အသုံးပြု ခဲ့ကြတယ်လို့ မှတ်တမ်းတင် ဖော်ပြ ထားခဲ့ တာကြောင့် သက်တမ်းရင့် ဟင်းသီး ဟင်းရွက် တစ်မျိုးလို့ ဆိုနိုင် ပါတယ်။ တရုတ် နံနံရဲ့ ကျန်းမာရေး အကျိုး ကျေးဇူးတွေကို တိတိကျကျ သိနိုင်ဖို့ ဖော်ပြ ပေးလိုက် ပါတယ်။

၁) တရုတ်နံနံမှာ ဗီတာမင်စီ ပမာဏများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကျန်းမာနေအောင် အားပေးနိုင်ပါတယ်။

၂) တရုတ်နံနံမှာ အင်တီ အောက်ဆီးဒင့်တွေ အများအပြား ပါဝင်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောင်ရမ်းမှုတို့ကို တွန်းလှန်နိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

၃) တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သွေးဖိအားကို လျော့ကျစေကာ သွေးကြော တစ်ဝိုက်က ကြွက်သားတွေကို အနားရစေပြီး သွေးကြောတွေကို ကျယ်စေပါတယ်။

၎)တရုတ်နံနံမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိ ပေးနိုင်ပါတယ်။

၅)တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သည်းခြေ အက်ဆစ်ရည် ထွက်စေကာ သွေးတွင်း ကိုလက် စထရော အဆင့်ကို လျော့ကျ စေပါတယ်။

၆)တရုတ်နံနံမှာ Coumarins ပါဝင်တာကြောင့် ကင်ဆာ ကာကွယ်ရေးမှာ အစွမ်းထက် ပါတယ်။

၇) တရုတ်နံနံက ခေါင်းတစ်ခြမ်း ကိုက်တာကိုလည်း သက်သာ စေပါတယ်။

၈) တရုတ်နံနံမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့ ညီတူညီမျှ ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အရည်ပိုတွေကို ထွက်ရှိစေပါတယ်။

၉) တရုတ် နံနံစေ့တွေဟာ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတဲ့ ဆီးသွားစေတဲ့ အစွမ်းထက် အာနိသင် ရှိပါတယ်။

၁ဝ)တရုတ်နံနံမှာ အကိုက်အခဲပျောက်စေ၊ ရောင်ရမ်းမှုကျစေ၊ ဆီးသွားစေတဲ့ ဒြပ်ပေါင်း တွေများစွာ ပါဝင်တာကြောင့် ဆီးအိတ် ပိုးဝင်မှုကို ကုသနိုင်တာ ဖြစ်ပါတယ်။

၁၁) တရုတ်နံနံမှာ ရောင်ရမ်းမှု ကျစေတဲ့ အာနိသင်တွေ ရှိတာကြောင့် အဆစ် ရောင်နာတွေလို ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေကို ကုသနိုင်ပါတယ်။

၁၂) တရုတ်နံနံမှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ပါဝင်မှု များပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျရေးမှာ အရေးပါပါတယ်။

၁၃) တရုတ်နံနံဟာ ခံတွင်းအနံ့ဆိုး နံတာကို သက်သာ စေပါတယ်။

Ref : HealthyTips

Originally published at - http://health.thithtoolwin.com/2016/06/blog-post_29.html

Read More »