ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ကလေးကျန်းမာရေး. Show all posts
Showing posts with label ကလေးကျန်းမာရေး. Show all posts

Thursday, August 25, 2016

မိခင်နို့ ပြည့်ဝစွာရရှိသော ကလေးများ အဝလွန်ခြင်း၊ အလာ့ဂျစ်၊ ပန်းနာ ရင်ကျပ်နှင့် ဆီးချို ဖြစ်နိုင်ခြေ နည်း




မွေးစမှ မိခင်နို့ ပြည့်ဝစွာ ရရှိသော ကလေး ငယ်သည် ကြီးပြင်း လာသော အခါ အခြား ကလေးငယ် များနှင့် နှိုင်းယှဉ်ပါက အဝလွန်၊ အလာ့ဂျစ်၊ ပန်းနာရင် ကျပ်နှင့် ဆီးချို ရောဂါ ဖြစ်ပွား နိုင်ခြေ နည်းပါးကြောင်း ဆရာဝန် ကြီးများက ပြောသည်။

‘‘မွေးကင်းစ အရွယ်မှာ အမေနို့ပဲတိုက်မယ်။ တခြားဟာ တွေမတိုက်ဘူးဆိုရင် ကလေးက ကိုယ်ခံအားလည်း ကောင်းမယ်။ လိုအပ်တဲ့ အာဟာရရတယ်။ အချို ဓာတ် မကျဘူး။ ကလေး အသားဝါတာ တွေလည်း သက် သာမယ်။

ပြီးတော့ မွေးစကနေ မိခင်နို့ပြည့်ဝစွာ သောက်ရတဲ့ ကလေးငယ်ဟာ မိခင်နို့မသောက် ရတဲ့ ကလေးတွေနဲ့ယှဉ်လို့ရှိရင် သူတို့ကြီးလာတဲ့အခါမှာ အဝလွန် ရောဂါတို့ အဲဒီနို့မှုန့်သောက်တဲ့ ကလေးတွေမှာ ဖြစ်တဲ့ ဓာတ်မ တည့်ရောဂါလိုပေါ့ အလာ့ဂျစ်နဲ့ ပန်းနာရင်ကျပ်မဖြစ်ဘူး။

နောက်ဆိုးတာက သူတို့ဆို ဆီးချိုဖြစ်နိုင် ပေမယ့် မိခင်နို့သောက်တဲ့ ကလေးတွေမှာ ဆီးချိုဖြစ်တာတွေ အရမ်းနည်းတယ်’’ဟု ဗဟိုအမျိုးသမီး ဆေးရုံကြီး မွေးကင်းစ ကလေး အထူး ကြပ်မတ်ကုသဌာနမှ တာဝန်ခံဆရာဝန်မကြီး ပါမောက္ခနန်းစမ်းစမ်းအေးက ပြောသည်။

မွေးစအရွယ်မှ အသက် ခြောက်လအထိ မိခင်နို့သောက် သုံးသော ကလေးငယ်များသည် ဖြည့်စွက်စာ စားသုံးသော အခြား ကလေးများနှင့် နှိုင်းယှဉ်ပါက ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါများ ဖြစ်ပွားနိုင်ခြေ နည်းပါးကြောင်း သိရသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က ကလေးငယ် များကိုမွေးစမှ အသက်ခြောက်လ အထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးရန် လမ်းညွှန်ချက်များ ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ကလေးငယ်များ၌ အကျိုးကျေးဇူးရရှိနိုင်ခြင်းအပြင် မိခင်များတွင်လည်း နို့တိုက်ကျွေး ခြင်းအားဖြင့် ကလေးငယ်ပါးစပ် မှ မိခင်နို့စို့စဉ် အောက်ဆီတိုဂျင်ဆိုသည့် ဟော်မုန်းထွက်လာပြီး နို့ ရည်ထွက်စေကာ သားအိမ်များပါ ကျုံ့ဝင်ပြီး သားအိမ်ဝပ်စေသော ကြောင့် သွေးသွန်ခြင်းမှ သက် သာစေခြင်းအပြင် အလွန်ဆိုးရွား သော သားအိမ်ကင်ဆာ၊ ရင်သား ကင်ဆာ ဖြစ်ပွားမှုများမှလည်း ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သားဖွားမီးယပ်ဆရာဝန်ကြီးများ က ပြောသည်။

‘‘သူက သားအိမ်ကိုချပ်ရပ် ပြီးတော့ နဂိုနေရာ ပြန်ရောက် သွားတဲ့အတွက်ကြောင့်မို့ တစ် သားမွေး၊ တစ်သွေးလှ ကျန်းမာ ရေးကောင်းတယ်။ နောက်ဆုံးကျ တော့ အရမ်းဆိုးရွားတဲ့ သားအိမ် ကင်ဆာတို့၊ ရင်သားကင်ဆာတို့ က မိခင်နို့တိုက်တဲ့ အမေတွေမှာ ဖြစ်ဖို့ တော်တော်နည်းပါတယ်’’ ဟု သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။

၂၀၁၅ တွင် Alive & Thrive အဖွဲ့နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင် ရွက်ခဲ့သော သုတေသနသစ်အရ မြန်မာနိုင်ငံရှိ မိခင်အားလုံးနီးပါး သည် မိခင်နို့တိုက်ကျွေးကြသော် လည်း အသက်ခြောက်လပြည့် ချိန်အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခံရသည့် အရေအတွက်မှာ ၂၄ ရာခိုင်နှုန်းသာရှိပြီးကမ္ဘာလုံးဆိုင်ရာ လျာထားချက်ဖြစ်သော ၅၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေကြောင်း သိရသည်။

မိခင်နို့ကို မှန်ကန်ကောင်း မွန်စွာ တိုက်ကျွေးခြင်းဖြင့် နှစ်စဉ် ကလေးငယ်ဦးရေ ၁,၆၃၆ ဦး အသက်ကို ကယ်တင်နိုင်၍ (၅)နှစ်အောက် ကလေးငယ် သေဆုံး နှုန်း
လျော့ကျ သွားခြင်း၊ ကျန်းမာ ရေးအသုံးစရိတ်တွင် ကန်ဒေါ် လာ ၃,၃၈၀,၁၀၀ သက်သာစေ နိုင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောနှင့် အဆုတ်ရောင်အအေးမိရောဂါ ကုသစရိတ်များ လျှော့ချနိုင်ခြင်း အပြင် နို့မှုန့်ဝယ်ယူရန် မလိုအပ် ခြင်းကြောင့် လစဉ်ဝင်ငွေ၏ ၃၂ ဒသမ ၄ ရာခိုင်နှုန်း သက်သာစေ နိုင်ကြောင်း ၂၀၁၅ သုတေသန သစ်၌ ဖော်ပြထားသည်။

From : 7 day daily - By : ယမင်း

Originally published at - http://www.7daydaily.com/story/73735

Read More »

Thursday, April 28, 2016

နွားနို့နဲ့ ဓါတ်မတည့်တဲ့ ကလေးငယ်တွေဟာ အရိုးအားနည်းတဲ့ ရောဂါတွေ ဖြစ်ပေါ်စေနိုင်




နွားနို့နဲ့ ဓါတ်မတည့်တဲ့ ကလေးငယ်လေး တွေဟာ တခြား အစား အစာတွေနဲ့ ဓါတ်မတည့်တဲ့ ကလေးငယ် တွေထက် အရိုးအားနည်း တာတွေ ဖြစ်စေနိုင် တယ်လို့ သိရပါတယ်။

ကလေးငယ်တွေရဲ့ ၃ ရာခိုင်နှုန်းမှာ နွားနို့နဲ့ ဓါတ်မတည့်တဲ့ တာတွေ ဖြစ်နိုင် တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဓါတ်မတည့်မှုတွေကို ကုသဖို့ကတော့ အရိုးတွေကို သန်မာစေတဲ့ ကယ်လ်စီယမ်ဓါတ်တွေ အပြည့်အ၀ပါတဲ့ နွားနို့နဲ့ နို့ထွက်အစားအစာတွေကို မစားစေတော့တာပဲဖြစ်ပါတယ်။

လေ့လာချက်တွေအရ အရိုးသိပ်သည်းဆနဲ့ နွားနို့ဓါတ်မတည့်မှုတွေကြား တိုက်ရိုက်သက်ရောက်မှုမရှိတာကို တွေ့ရှိရပါသတဲ့။

အသက် ၃ နှစ်အရွယ် ကလေးငယ်တွေအများစု ၈၇ရာခိုင်နှုန်းခန့်ဟာ နွားနို့နဲ့ဓါတ်မတည့်ကြပါဘူးတဲ့။ ဒါပေမယ့် လေ့လာချက်တွေအရ ၁၅ရာနှုန်းလောက်ကသာ ဆယ်ကျော်သက်အရွယ်အထိ ဒီလိုဓါတ်မတည့်တာတွေ ဖြစ်တတ်ကြတယ်လို့ အစီရင်ခံစာတစ်ချို့မှာ ဖော်ပြထားပါတယ်။

အချိန်အကြာကြီး နွားနို့နဲ့ဓါတ်မတည့်ဘဲ ကြီးပြင်းလာတဲ့ ကလေးငယ်တွေမှာတော့ အရိုးသိပ်သည်းဆအားနည်းမှုတွေနဲ့ ချိတ်ဆက်မှုရှိနိုင်ပါသတဲ့။

ကိုယ့်ကလေးငယ်က နွားနို့နဲ့ဓါတ်မတည့်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ?

“ မိဘတွေအနေနဲ့ ကလေးတွေရဲ့ နေ့စဉ်အဟာရအစားအစာတွေထဲမှာ တခြားကယ်လ်ဆီယမ်ဓါတ် ရစေမယ့် အစားအစာတွေကို စားသုံးဖို့ အားပေးသင့်ပါတယ်။ ပဲနို့၊ သစ်ချစေ့ သို့ ဆန်ကထုတ်လုပ်ထားတဲ့ နို့ နဲ့ ကယ်လ်ဆီယမ်ပါတဲ့ လိမ္မော်သီးဖျော်ရည်တွေကို အစားထိုး တိုက်ကျွေးသင့်တယ်ပါတယ် “ လို့ Miami ရှိ Nickllaus Children’s Hospital မှ ဒါရိုက်တာ Dr. Luis Gonzalez-Mendoza က ပြောပြပေးထားပါတယ်။

Ref : UPI

Originally published at - http://health.thithtoolwin.com/2016/04/blog-post_30.html

Read More »

Saturday, April 9, 2016

ကလေးငယ်တွေအတွက် အဆိုးဆုံး အစားအသောက်များ




သရေစာတွေ စားတာဟာ လူကြီးတွေထက် ကလေးငယ် လေးတွေမှာ ပိုပြီး ထိခိုက်မှုတွေ များပါတယ်။ ဘာလို့လည်း ဆိုတော့ ကလေးတွေဟာ ကယ်လိုရီ အများကြီး မလိုအပ် ပေမယ့် အာဟာရ ကိုတော့ အပြည့်အ၀ စားသုံးဖို့ လိုအပ် ပါတယ်။

သရေစာတွေမှာ ကယ်လိုရီ၊ သကြားဓါတ် သို့ ဆားတွေ အများကြီး ပါဝင်ပေမယ့် အာဟာရ ဓါတ်တွေကတော့ နည်းပါး လှပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးငယ် လေးတွေကို ဘယ်လို အစားသောက် တွေကို ရှောင်ကြဉ် ကျွေးမွေး ရမလဲဆိုတာ ဖော်ပြ ပေးလိုက် ပါတယ်။

ဆိုဒါအအေးနဲ့ အချိုရည်များ

၇ လသားအောက် ကလေးငယ်လေးတွေကို ဆိုဒါလို အချိုရည်တွေ တိုက်ကျွေးနေကြတာဟာ မိသားစုပေါင်း ၉၀၀၀ ကျော်ရှိကြောင်းကို ၂၀၀၉ ခုနှစ် American Dietetic Association (ADA) ညီလာခံမှာ တင်ပြထားခဲ့ပါတယ်။

ဆိုဒါလို အချိုရည်တွေမှာ သကြားတွေအများကြီး ပါဝင်နေတာကြောင့် ကလေးငယ်လေးတွေရဲ့ သွားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကလေးအတွက် တကယ်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုသာ အပြည့်အ၀ကျွေးနိုင်ဖို့ ဂရုပြုပြီး အချိုရည်နဲ့ အအေးတွေကို လျှော့တိုက်သင့်ပါတယ်။

Crackers ကရက်ကာ မုန့်ကြွပ်

မုန့်ကြွပ်တွေက ကလေးငယ်လေးတွေ အတွက် ကိုက်ရ၀ါးရ လွယ်ကူစေတဲ့ သရေစာဖြစ်ပေမယ့် အာဟာရပြည့်ဝတဲ့ အစားအစာမျိုးတော့ မဟုတ်ပါဘူး။ ပြီးတော့ ချိုတဲ့အရသာပါတဲ့ မုန့်ကြွပ်တွေက ကလေးတွေကို အချိုကြိုက်တတ်သွားစေနိုင်သလို အငံအရသာ မုန့်ကြွပ်တွေကတော့ အငံကြိုက်သွားစေနိုင်ပါတယ်။

ဒါကြောင့် ကလေးငယ်တွေအတွက် အစာပြေသရေစာ ၀ယ်တော့မယ်ဆိုရင် သကြားဓါတ်နည်းပါးပြီး သဘာဝအတိုင်း ပြုလုပ်ရောင်းချထားတဲ့ စားစရာများကိုသာ စိစစ်ရွေးချယ်ဝယ်ယူသင့်ပါတယ်။

Ref : Babycenter

Originally published at - http://health.thithtoolwin.com/2016/04/blog-post_84.html


Read More »

Monday, April 4, 2016

ကတောက်ကဆ များတဲ့ မိဘများ ကလေးကျန်းမာရေး




ကတောက်ကဆ များပြီး အမြဲလိုလို ရန်ဖြစ် နေကြတဲ့ မိဘတွေကြောင့် သူတို့ရဲ့ကလေးငယ် အများစုဟာ အခွင့်အရေးတွေ ဆုံးရှုံးနေ ကြတယ်လို့ သိရပါတယ်။ မိဘနှစ်ပါးရဲ့ မပြေလည်တဲ့ ဆက်ဆံရေးဟာ ရင်သွေး ငယ်တွေကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်စေပြီး နောက်ဆုံးမှာ ကိုယ့်ကိုကိုယ် အဆုံး စီရင်မှုတွေ အထိ ဖြစ်သွားအောင် တွန်းအား ပေးနေ တယ်လို့ လေ့လာ မှုတွေက သတိပေး လိုက်ပါတယ်။

မိဘနှစ်ဦးကြားက မပြေလည်နိုင်တဲ့ တင်းမာမှုတွေဟာဆိုရင် ကာလရှည်ကြာလာတဲ့ အခါမှာ ကလေးငယ်ရဲ့ စာရိတ္တပိုင်းဆိုင်ရာကို ပျက်စီးစေနိုင်သလို ကလေးရဲ့ စိတ်ထား ကိုလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ပါတယ်။

EIF လို့ ခေါ်ဆိုတဲ့ လေ့လာရေးအဖွဲ့ရဲ့အဆိုအရတော့ မိဘတွေရဲ့ အခုလိုမျိုး အိမ်ထောင်ရေးဟာ ကလေးတွေအတွက် လုံခြုံစိတ်ချရမှုတွေနဲ့ မိသားစုဆိုင်ရာ ဖြည့်ဆည်းမှုတွေကို လျစ်လျူရှုထားသလို ဖြစ်စေတယ်လို့ သိရပါတယ်။

မိဘတွေရဲ့ အိမ်ထောင်ရေး မပြေလည်မှု ပြဿနာတွေကို ချဉ်းကပ်လေ့လာခဲ့ရာမှာတော့ ကလေးတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို ပိုမို အားနည်းအောင်ပြု လုပ်နေပြီး ရသင့်တဲ့ အခွင့်အလမ်းပိုင်းဆိုင်ရာမှာတော့ အနှုတ်လက္ခဏာသာ ဆောင်နေပါတယ်။ ဒီလိုမျိုး ပြင်းထန်တဲ့ ကိစ္စရပ်တွေနဲ့ ထိတွေ့မှုများပြားတဲ့ ကလေးငယ်တွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်းသွားပြီး စိုးရိမ်မှုနဲ့ စိတ်ဓာတ် ကျဆင်းမှုတွေ ကတော့ ပိုမို များပြား လာတယ်လို့ သိရပါတယ်။

ဒီလိုမျိုးကိစ္စရပ်တွေဟာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာသာ မကပဲနဲ့ သူတို့ရဲ့ ပညာရေးပိုင်းမှာလည်း ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ပညာရေးပိုင်း ညွှန်းကိန်းတွေမှာတော့ သူတို့ရဲ့ လူမှုရေးပိုင်းဆက်ဆံရေးနဲ့ စိတ်ဓာတ်ပိုင်းညွှန်းကိန်းတွေမှာလည်း အောက်ကို ကျဆင်းနေပါသတဲ့။

ဒီလိုမျိုးပြဿနာတွေဟာဆိုရင်တော့ အသက်အရွယ်မရွေး သားသမီးတိုင်းမှာ ဖြစ်ပေါ်နိုင်ပြီး သားသမီးတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ အနာဂတ် အခွင့်အရေးတွေကို ရိုက်ချိုးပစ်တဲ့ အဓိက တရားခံဖြစ်တယ်လို့လည်း EIF က ပြောကြားခဲ့ပါတယ်။

Ref : Independent

Originally published at - http://health.thithtoolwin.com/2016/03/blog-post_24.html


Read More »

Friday, February 12, 2016

ကြက်ဥသည် ကလေးများအတွက် အကောင်းဆုံး နံနက်စာဖြစ်




ဝါရှင်တန်၊

အမေရိကန် နိုင်ငံ Pennsylvania တက္ကသိုလ်မှ ဆေးဘက် ဆိုင်ရာ သုတေသန ပညာရှင်များ၏ လေ့လာ တွေ့ရှိချက် အရ ကြက်ဥသည် ကလေးများ အတွက် ကြာရှည်စွာ အဆာ ခံနိုင်သည့် အရာ တစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုတေသန ပညာရှင် များ၏ လေ့လာ တွေ့ရှိချက် များတွင် ကြက်ဥကို နံနက်စာ အဖြစ် စားသုံး ခြင်းက အခြား ဂျုံ၊ ပြောင်းနှင့် ဆန် ပြုတ်ကို စားခြင်းထက် ပိုမိုကောင်း မွန်ကြောင်း သိရသည်။

သုတေသန ပညာရှင် များက ပရိုတိန်းဓာတ် ကြွယ်ဝသော အစား အစာများကို စားသုံးခြင်းက ကလေး ငယ်များ အနေဖြင့် နေ့လယ် အစာစား ချိန်တွင် ကယ်လိုရီ အနည်းငယ်သာ ရရှိကြောင်း တွေ့ရသည်။

ယင်းမှာ အဝလွန်ခြင်းကို ကာကွယ် ပေးနိုင်ရန် အတွက် အထောက် အကူပေးသည်။

Eating Behaviours ဂျာနယ် တွင် ဖော်ပြချက် အရ သုတေသန ပညာ ရှင်များသည် ရှစ်နှစ်မှ ၁ဝ နှစ် အတွင်း ကလေး အယောက် ၄ဝ ကို လေ့လာ ခဲ့ကြပြီး ကလေးငယ် များကို ကယ်လို ရီ ၃၅ဝ ခန့်ရှိသည့် ဂျုံ၊ ပြောင်း၊ ကြက် ဥနှင့် ဆန်ပြုတ် တို့ကို စားသုံးစေပြီး နေ့လယ်စာ မစားမှီ ရုပ်ပိုင်းဆိုင်ရာ ကစားနည်း များကိုလည်း ကစားစေ ခဲ့သည်။

ကြက်ဥစားသုံးသည့် ကလေး ငယ်များမှာ ကယ်လိုရီ ရာခိုင်နှုန်း ၇ဝ လျှော့ချ ပေးနိုင်သည်ကို တွေ့ရှိခဲ့ရ ကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

''ဒါဟာ သူတို့ရဲ့ နေ့စဉ် စားသုံး တဲ့ ကယ်လိုရီ ပမာဏရဲ့ လေးရာခိုင် နှုန်း ပြောင်းလဲ သွားတာကို တွေ့ရမှာ ဖြစ်တယ်''လို့ သုတေသန ပညာရှင် Tanja Kral က ပြောသည်။

Ref: Independent News

Yangon Media Group

Originally published at - https://www.facebook.com/yangonmediagroup


Read More »

ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ အဝလွန်မှုက ကလေးကို အော်တစ်ဇင် ဖြစ်နိုင်နှုန်း မြှင့်တက်စေ




ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ အဝလွန်ခြင်းဟာ ဆိုရင်တော့ မွေးဖွား လာမယ့် ကလေးငယ်ရဲ့ အော်တစ်ဇင် ရောဂါ (အထီးကျန်သည့် စိတ်ဝေဒနာ ရောဂါ) ဖြစ်နိုင်မှုနှုန်းထားကို
လေးဆလောက် မြင့်မားစေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင် မိခင်မှာ ဆီးချိုရောဂါ ဖြစ်နေရင်လည်း ကလေးငယ်မှာ အော်တစ်ဇင် ရောဂါ ဖြစ်ပွားနိုင်မှု ရှိ / မရှိက တိုက်ရိုက် အချိုးကျ နေတယ်လို့ Bloomberg ကျောင်းက လေ့လာ သူတွေက ပြောပါတယ်။

“ ကျွန်တော်တို့ သိခဲ့ တာကတော့ ကိုယ်ဝန်ဆောင် မိခင်တွေ အဝလွန်နေ တာနဲ့ ဆီးချိုရောဂါ လိုမျိုးတွေ ရှိနေတာဟာ ကလေးငယ်ရဲ့ ကျန်းမာရေး အတွက် မကောင်းစေဘူး ဆိုတာကိုပါ။

အခုတော့ ကျွန်တော်တို့ ထပ်တွေ့ခဲ့ရ တာကတော့ မိခင်ရဲ့ ဒီလိုရောဂါတွေဟာ ကလေးကို ကာလ ရှည်ကြာလာတဲ့ အခါမှာတော့ အာရုံကြောဖွံ့ဖြိုးမှု နှေးကွေးစေတယ် ဆိုတာပါပဲ ” လို့ ဦးဆောင် လေ့လာသူ ဒေါက်တာ ရှောင်ဘင်ဝန်းက ပြောပါတယ်။

နောက်ဆုံး စစ်တမ်းတွေ အရတော့ အော်တစ်ဇင် ရောဂါ ဖြစ်နေတဲ့ ကလေးငယ်တွေဟာ ဆိုရင်တော့ ၆၈ ယောက်မှာ တစ်ယောက်နှုန်း အထိ မြှင့်တက် လာခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်တုန်းကတော့ ကလေးငယ် ၁၅၀ လောက်မှာ တစ်ယောက်နှုန်း ဖြစ်ခဲ့တာ ဖြစ်ပေမယ့်လည်း အခု ကာလမှာတော့ နှစ်ဆကျော် အထိ ဖြစ်ပွားမှုနှုန်း တိုးတက် လာခဲ့တာပါ။

ပညာရှင်တွေကလည်း ဒီရောဂါကို ကုသနိုင်ဖို့ နည်းလမ်းကို အခုကာလ အထိ ရေရေ ရာရာ မရှာဖွေနိုင် သေးပါဘူး။

ဒါ့ကြောင့် ဒေါက်တာဝန်းနဲ့ လေ့လာသူတွေဟာ ဆိုရင်တော့ ၁၉၉၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိ မွေးဖွားခဲ့တဲ့ ကလေးငယ် ၂၇၃၄ ယောက်နဲ့ သူတို့ရဲ့ မိခင်တွေကို သုတေသန ပြုလုပ်ခဲ့ ကြပါတယ်။

သုတေသန ကာလ တစ်လျှောက်လုံး မှာတော့ မိခင်တွေရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ကလေးငယ်တွေရဲ့ အာရုံကြော ဖွံ့ဖြိုးမှုတွေကို စောင့်ကြည့် ခဲ့ကြပါတယ်။

ရလဒ်အနေနဲ့တော့ ဆီးချိုရောဂါ ရှိတဲ့ မိခင်တွေနဲ့ အဝလွန်တဲ့ မိခင်တွေရဲ့ ကလေးငယ်တွေဟာ ဆိုရင်တော့ ASD (အော်တစ်ဇင် အာရုံကြော ချို့တဲ့မှု ဖြစ်ပွားနိုင်နှုန်း) ပိုမိုမြင့်မားနေ ခဲ့တာကို လေ့လာတွေ့ရှိ ခဲ့ပါတယ်။

သူတို့ရဲ့ အခုလိုတွေ့ရှိမှုဟာ ဆိုရင်တော့ သန္ဓေသားလောင်း ထဲမှာတည်းက အော်တစ်ဇင် ရောဂါက ဖြစ်ပွားနိုင်မှု ရှိနေတယ် ဆိုတာကို သိရှိနိုင်ခဲ့ ကြပါတယ်။

့အခုလိုတွေ့ရှိ မှုတွေကြောင့် လေ့လာ သူတွေဟာ ကလေးငယ်တွေ မိခင်ဝမ်းထဲမှာ ရှိစဉ်တည်းက ဒီရောဂါကို ကာကွယ်နိုင်ဖို့ နည်းလမ်းတွေကို ကြိုးစားပြီး ရှာဖွေ သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

Ref : MNT

Originally published at - http://health.thithtoolwin.com/2016/02/blog-post.html


Read More »

Wednesday, January 6, 2016

ရင်သွေးတွေကို ဘယ်အချိန်မှာ စပြီး ဖြည့်စွက်စာ ကျွေးသင့် သလဲ?




အသက် ၄ လနဲ့ ၆ လအတွင်း မိမိကလေးငယ် အဆင်သင့် ဖြစ်တဲ့ အချိန်မှာ စပြီး ဖြည့်စွက်စာ ကျွေးလို့ ရပါပြီ။ အဲ့ဒီ မတိုင်ခင်တော့ မိခင်နို့ (သို့) နို့ဘူး က ကလေး အတွက် လိုအပ်သမျှ ကယ်လိုရီ နဲ့ အဟာရတွေ ကို ဖြည့်တင်း ပေးပါတယ်။

ဖြည့်စွက်စာ စားဖို့ အဆင်သင့်ဖြစ် မဖြစ် အောက်ပါ အချက်တွေကို ကြည့်ရူ စစ်ဆေးနိုင် ပါတယ်။

• ဦးခေါင်းကို တည့်မတ်စွာ ထားနိုင်ခြင်း - ကလေးငယ်ဟာ သူ့ဦးခေါင်းကို တည့်မတ်စွာဖြင့် ငြိမ်ငြိမ် ထားနိုင်ဖို့ လိုပါတယ်။

• အစာကိုပြန်ထွေး မထုတ်ခြင်း - ကလေးငယ်ဟာ ဖြည့်စွက်စာကို ပါးစပ်ထဲမှာ ထားပြီး ၀ါးစားနိုင်ဖို့ အတွက် လျှာကို အသုံးပြုကာ အစာတွေကို ပါးစပ်ထဲမှ ပြန်ထွေး မထုတ်ဖို့ လိုအပ် ပါတယ်။

• နောက်မှီ ကူရှင်ဖြင့် ကောင်းကောင်း ထိုင်နိုင်ခြင်း - ကလေးငယ်ဟာ ခုံအမြင့်နဲ့ ထိုင်ဖို့ အဆင်သင့် မဖြစ်သေးရင် အစာကို ကောင်းကောင်း မြိုချနိုင်ဖို့ အနည်းဆုံး နောက်မှီ ကူရှင်နဲ့တော့ ကောင်းကောင်း ထိုင်နိုင်ဖို့ လိုအပ် ပါတယ်။

• ကိုယ်အလေးချိန် တိုးလာခြင်း - ကလေး အများစုဟာ ဖြည့်စွက်စာ ကျွေးဖို့ဆိုရင် သူတို့ မွေးစဉ်က ကိုယ်အလေး ချိန်ထက် နှစ်ဆဖြစ် လာဖို့လိုပြီး အနည်းဆုံး အသက် ၄ လ ရှိရ ပါမယ်။

• အစားအသောက် ပိုစားလိုခြင်း - ကလေးငယ်သည် မိခင်နို့ သို့ ဖော်မြူလာ(နို့ဘူး) ကို ၈ ကြိမ် မှ ၁၀ ကြိမ် သောက်သုံးသော်လည်း ဆာလောင်နေ တတ်တယ်လို့ ထင်ရပါမယ်။

• လူကြီးတွေ ဘာစားလဲ ဆိုတာ စိတ်ဝင် စားလာခြင်း - ကလေးငယ်ဟာ လူကြီးတွေ ပုဂံထဲက အစားအသောက်ကို စိုက်ကြည့် နေတတ်ပြီး လက်နဲ့ လှမ်းဆွဲယူ တတ်လာမည်။

Ref : Baby Centre

Originally published at - http://health.thithtoolwin.com/2016/01/blog-post_1.html


Read More »

Sunday, December 27, 2015

ကလေးငယ်တွေကို အိမ်အပြင်မှာ ကစား စေခြင်းဟာ အနီးမှုန်ရောဂါ ဖြစ်ခြင်းကို လျှော့ချပေး




အိမ်အတွင်းပိုင်းမှာ မဟုတ်တဲ့ ပြင်ပနေရာ တစ်ခုမှာ ဆော့ကစား ခြင်းဟာ ကလေးတွေ ရဲ့ အမြင်အာရုံကို ထိခိုက်ခြင်းတွေ ကနေ ကာကွယ်ပေးနိုင် တယ်လို့ လေ့လာမှု တစ်ခုက ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။

ပြင်ပ မှာ တစ်နေ့ကို မိနစ် ၄၀ ခန့် ဆော့ကစား ပေးခြင်းဟာ ကျောင်းနေ အရွယ် ကလေးငယ်တွေ အနီးမှုန် ရောဂါ ဖြစ်ပွားခြင်း ကနေ ၂၃ ရာခိုင်နှုန်း တိတိ လျှော့ချ ပေးနိုင်ပါတယ်။

ဘာကြောင့် ပြင်ပ မှာဆော့ ကစားခြင်းက အနီးမှုန်ရောဂါ ကို ကာကွယ် ပေးနိုင်တာလဲ?

လေ့လာမှု တစ်ခုက ဆွေးနွးခဲ့ဖူးတာကတော့ လူတွေရဲ့ မျက်လုံး ရဲ့ ဖွံ့ဖြိုးမှု ဟာ နေရောင်ခြည် တောက်ပမှု နဲ့ ဆက်စပ်နေပါတယ်။ အခု သုတေသန အသစ်ဟာလည်း အရှေ့တောင်အာရှမှာ အနီးမှုန်ရောဂါ ဖြစ်နေတဲ့ ကျောင်းနေအရွယ် ကလေးငယ် တွေများပြားလာမှု ကြောင့် ပြုလုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံက အထက်တန်း ကျောင်းသား ၈၀ ကနေ ၉၀ ရာခိုင်နှုန်းခန့်ဟာ အနီးမှုန်ဖြစ်နေကြပြီး ထို ဖြစ်စဉ်ဟာလည်း တစ်ဖြည်းဖြည်းခြင်း ဥရောပ နဲ့ အရှေ့အလယ်ပိုင်းဒေသ တို့မှာပါ အဖြစ်များလာတာကို တွေ့ရပြန်ပါတယ်။

လက်ရှိမှာတော့ အနီးမှုန်ရောဂါ နဲ့ ပတ်သက်ပြီး ထိရောက်စွာ ကာကွယ်နိုင်မယ့် နည်းလမ်းတွေ မရှိသေးပါဘူး။ ဒါကြောင့် လက်တလော ပြုလုပ်ထားတဲ့ လေ့လာမှု တွေအရ အပြင်ဘက်မှာ အချိန်ကုန်ဆုံးခြင်းဟာ အနီးမှုန် ရောဂါ အခြေအနေ ရဲ့ ဖွံ့ဖြိုးလာမှု ကို နှေးကွေးစေနိုင်တာပဲ ဖြစ်ပါတယ်။

ထို လေ့လာမှုဟာ တရုတ်နိုင်ငံ တောင်ပိုင်း က Guangdong ဒေသ မှာ ရှိတဲ့ Guangzhou မြို့ က ကျောင်းတစ်ခုမှာ ကလေးတွေကို ၃ နှစ်တိတိ မိနစ် ၄၀ စာ အပြင်ဘက်ထွက်ပြီး လှုပ်ရှားမှု ပီတီချိန် သတ်မှတ်ပေးခဲ့ပါတယ်။ ထို ကလေးငယ်တွေရဲ့ ပျမ်းမျှ အသက်ကတော့ ၆ နှစ်ဖြစ်ကြပြီး မိဘတွေကိုလည်း စနေ ၊ တနင်္ဂနွေ နဲ့ အားလပ်ရက်တွေမှာပါ အပြင်ဘက် ထွက်ပြီး ဆော့ကစား ခွင့်ပေးဖို့ကို ညွှန်ကြားခဲ့ပါသေးတယ်။

ထို လေ့လာမှုမှာတော့ မူလတန်းကျောင်း ၆ ကျောင်းမှာ ရှိတဲ့ အဖွဲ့ ၁၂ ဖွဲ့က ကျောင်းသားငယ် ၈၅၃ ယောက် ပါဝင်ခဲ့ပါတယ်။ ထို ကျောင်း ၆ ကျောင်းက ကလေးငယ်တွေရဲ့ အနီးမှု နှုန်းဟာ ၃၉.၅ ရာခိုင်နှုန်းရှိခဲ့ပြီး နေ့စဉ် အပြင်ဘက် ကို ၄၀ မိနစ် ခန့် ထွက်နေစေပြီးတဲ့နောက် ၁ နှစ်အကြာမှာတော့ ၃၀.၄ ရာခိုင်နှုန်းအထိ လျော့ကျသွားပါတယ်။

ဒါကြောင့် Guangzou မြို့ ၊ ဆွန်ယက်ဆင် တက္ကသိုလ် က ဒေါက်တာ Mingguang He က တော့ "အပြင်ဘက်မှာ ကလေးတွေအချိန်ကုန်ဆုံးစေခြင်းဟာလည်း အနီးမှုန်ရောဂါ ကို ၉.၁ ရာခိုင်နှုန်း လျော့ကျစေခဲ့ပါတယ်။ ဒါကြောင့် ၃ နှစ်ခန့် အကြာမှာတော့ ၂၃ ရာခိုင်နှုန်း ခန့် လျော့ကျသွားပါတယ်။" လို့ ပြောပြခဲ့ပါတယ်။

ထို လေ့လာမှု ကို JAMA ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

Ref : Dailymail

Originally published at - http://health.thithtoolwin.com/2015/12/blog-post_42.html


Read More »

Monday, December 14, 2015

ကလေးတွေကို ကလိထိုးပေးခြင်းဖြင့် စကား သင်ယူဖို့ ကူညီပေးနိုင်




အထိအတွေ့ အာရုံဟာ စကားပြော တိုးတက်ခြင်းနဲ့ ဆက်စပ်မှု ရှိကြောင်း သုတေသီတွေက ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။

သင့်ကလေးကို ကလိထိုးပေးခြင်းဟာ သူတို့ကို စကားပြောတတ်စေဖို့ အမှန်တကယ် ကူညီပေးရာ ရောက်ပါတယ်။

ကလေးထိန်းသူရဲ့ အထိအတွေ့နဲ့ ဆက်တိုက် စကားပြောဆိုမှု ထဲကနေ စကားလုံး တွေကို ရှာတွေ့ဖို့ ကူညီပေးနိုင် တယ်လို့ Purdue တက္ကသိုလ်ရဲ့ သုတေသန သစ်က သက်သေပြ လိုက်ပါတယ်။

“ကလေးငယ်တွေဟာ သူတို့ကြား လိုက်တာနဲ့ သူတို့ ဆက်စပ်မှု ရှိတယ်ဆိုရင် ထိတွေ့မှုတွေ ပြုလုပ် တတ်တယ် ဆိုတာ ကျွန်တော်တို့ ရှာဖွေတွေ့ရှိ ထားပါတယ်။

ဒါ့ကြောင့်လဲ သူ့တို့ရဲ့ စကားသင်ယူမှုကို အထိအတွေ့တွေက သက်ရောက်မှု ရှိစေတာပါ။” လို့ သုတေသန ရပ်ကို ဦးဆောင်ခဲ့သူ စကားအတတ် ပညာ၊ အကြား နဲ့ ဘာသာစကား တွဲဖက် ပါမောက္ခ Amada Seidl က ပြောခဲ့ ပါတယ်။

Ref:dailymail.co.uk

Original link - http://health.thithtoolwin.com/2015/12/blog-post_23.html


Read More »

ကလေးငယ်တွေကို အသက် ၆ လလောက်က စပြီး သွားကျန်းမာရေး ဂရုစိုက်သင့်




ဆေးပညာရှင် တွေက ကလေးငယ် တွေဟာ သွားပေါက် ခါစ အရွယ် အသက် ၆ လလောက် ကတည်းက ဖလိုရိုက် ပါတဲ့ သွား ကျန်းမာရေး စောင့်ရှောက် မှုတွေ လုပ်ပေး သင့်တယ်လို့ အကြံပေး ထားပါတယ်။

American Association of Pediatric Dentists က ၂၀၁၄ ခုနှစ်က ထုတ်ပြန် ထားခဲ့တဲ့ ကြေညာချက် အတိုင်း မိဘတွေ အနေနဲ့ ကလေးတွေရဲ့ သွားတွေကို မွေးပြီး စ ကာလတွေ ကတည်းက ပြုစု စောင့်ရှောက် မှုတွေ လုပ်ပေး သင့်ကြောင်း AAP က အကြံပေး ထားတာ ဖြစ်ပါတယ်။

“ ဖလိုရိုက်သုံစွဲပြီး ကြိုတင် ကာကွယ် မှုတွေ လုပ်တာဟာ သွားနဲ့ ပတ်သက်တဲ့ ရောဂါ ဖြစ်ပွားမှုတွေ အတွက် စိတ်ချရပြီး အလွန် ထိရောက်တဲ့ သက်သေ သာရကတွေ ဟာ အထင် အရှားပဲ ဖြစ်ပါတယ်”

အသက် ၆ လကနေ ၅ နှစ် အတွင်း ၃နှစ် အရွယ် အထိ ကလေးငယ် တွေရဲ့ သွားတွေကို သွားတိုက်တံ နုနုလေးနဲ့ သွားတိုက် ပေးနိုင်ပြီး ၃ နှစ် ကနေ ၆ နှစ် အတွင်း ကလေးတွေ ကိုတော့ ပဲစေ့ ခန့် ပမာဏ ရှိတဲ့ သွားတိုက် ဆေးကို အသုံးပြု တိုက်ပေး သင့်တယ်လို့ ဆိုပါတယ်။

Ref: UPI

Original link - http://health.thithtoolwin.com/2015/12/blog-post_94.html


Read More »

Monday, December 7, 2015

ကလေးငယ်တွေကို စိတ်လိုက်မာန်ပါ မဆက်ဆံပါနှင့်




လူကြီးတွေက ကလေး ပေါက်စနလေး တွေကို ချစ်လို့ လေထဲမြှောက်ပြီး ကြည်စယ် တတ်သလို စိတ်ဆိုးဒေါသထွက်လို့ လှုပ်ကိုင် ခါရမ်းတာတွေ အမြဲလို ရှိတတ်ပါတယ်။ အမှန်တော့ အဲသလိုမျိုး မလုပ်သင့်ဘူးဆိုတဲ့ အကြောင်းလေးကို တင်ပြချင်ပါတယ်။



၎လသာ ရှိသေးတဲ့ သမီးငယ်လေးက အာခေါင်ကို ခြစ်ပြီး ငိုနေဆဲ.... ချော့တစ်ခါ အော်တလှည့်နဲ့ မေမေရော ဖေဖေပါ လက်ပန်း ကျနေပါပြီ... သမီးလေးက နေ့နဲ့ ညလည်း ပြန်မှား နေပြီး လူကြီး တွေလည်း အိပ်ရေး ပျက်တာ ၂ လ ဆက်တိုက်မို့လို့ အလဲလဲ အကွဲကွဲ... ငိုနေတာ တစ်နာရီ နီးပါး ရှိလာတော့ စိတ်က မရှည်တော့ဘူး.....

ကိုယ်ပြောနေ တာလည်း နားမလည်မှန်း သိနေတော့ အပြောင်း အလဲများ ဖြစ်မလား ဆိုပြီး ခပ်ကြမ်းကြမ်း ကလေး လှုပ်ချီ ကြည့်တယ်... မထူး....

စိတ်မရှည်တဲ့ အဆင့်ကနေ စိတ်တိုတဲ့ အဆင့်ကို သတိ မထားလိုက်မိ ခင်မှာပဲ ချက်ခြင်း ပြောင်းသွားတယ်.... ခပ်ကြမ်းကြမ်း ကလေး လှုပ်ချီပေးနေ ရာကနေ အလို အလျောက် ပခုံးကလေး နှစ်ဘက် ကနေကိုင်ပြီး ရှေ့တိုး နောက်ဆုတ် ကိုင်လှုပ် လိုက်ပါလေရော.... ရုတ်တရက် စိတ်လိုက် မာန်ပါ လုပ်လိုက် မိပြီးမှ သနားသွားပြီး ပြန်ချော့ ရပြန်တယ်....

တစ်မိနစ်တောင် မကြာလိုက် ပေမယ့် သမီးလေး အတွက်တော့ တစ်ဘဝလုံး ပေးဆပ် ရမယ့် အခြေ အနေကို ရောက်သွား ခဲ့ပါပြီ....



ကလေးငယ်လေး တွေကို ကြမ်းတမ်းစွာ အဆက် မပြတ် လှုပ်ခါ မှုကြောင့် ဦးနှောက် ပျက်စီးရတဲ့ အခြေအနေကို Shaken Baby Syndrome လို့ ခေါ်ပါတယ်.... အသက်၂နှစ် အောက် ကလေးတွေမှာ ပို အဖြစ်များပြီး ၅နှစ် အရွယ်လေးတွေ အထိ ဖြစ်တတ် ပါတယ်... ကလေးတွေ ငယ်သေးတဲ့ အချိန်မှာ ဦးခေါင်းခွံနဲ့ ဦးနှောက် သေးသေးလေး တွေကြားမှာ လွတ်နေတဲ့ နေရာလေးတွေ ရှိပါတယ်....

ကလေးကို ပြင်းပြင်း ထန်ထန် လှုပ်ခါတဲ့ အခါ ခေါင်းခွံနဲ့ ဦးနှောက် ရှေ့တိုး နောက်ဆုတ် ရိုက်မိပြီး ဦးနှောက် ပျက်စီး သွေးယိုတာ ဖြစ်တတ် ပါတယ်...

ရောဂါ လက္ခဏာတွေ ချက်ချင်း မပြတတ်ဘဲ နောက်ပိုင်းမှ ကလေးက အစာ မစားတော့ဘဲ အရမ်းမှိန်း လာမယ်... ဒါမှ မဟုတ် မအိပ်နိုင် တော့ဘဲ ဂဏာမငြိမ် ဖြစ်လာမယ်... အန်မယ်... တက်မယ်.... ကိုယ်မြှူရင် ပြန်မရယ် ပြတော့ဘူး... ဘာမှ မတုန့်ပြန်တော့ဘူး.... အကြောသေ သွားမယ်... မလှုပ်ရှားနိုင် တော့ဘူး.... အသားရောင် ဖျော့လာမယ်... ပြာလာမယ်.... အသက်ရှူ မမှန်တော့ဘဲ အသက်ရှူ ရပ်တဲ့ အထိ ဖြစ်တတ်တယ်...

ကလေးနည်းနည်း စပြီး အနေ အထားပြောင်း တာနဲ့ ဆေးရုံကို အမြန်ဆုံး သွားပါ... အပြင်ပန်း ဘာမှ ဒဏ်ရာ ဒဏ်ချက် မရှိပေမယ့် အသက် အန္တရာယ် အစိုးရိမ် ရဆုံး အခြေအနေ ဖြစ်ပါတယ်...

ကလေး အန်နေရင် ဘေးစောင်း ထားပါ.... အန်လိုက်တဲ့ အရည်တွေ အဆုတ်ထဲ မရောက်အောင် အကောင်းဆုံး ကာကွယ်တာ ဖြစ်ပါတယ်... ထောင်မချီ ထားပါနဲ့....

ကလေးကို စိတ်ဆိုးလို့ ဖြစ်စေ.. ဆော့ကစား မြှူပြီးတော့ ဖြစ်စေ ဘယ်တော့မှ ကိုင်မလှုပ်ပါနဲ့ ... လူကြီးချင်း ရန်ဖြစ်နေချိန်မှာ ကလေးကို ချီမထားပါနဲ့.... ဒေါသ အလျောက် စိတ်လိုက် မာန်ပါ လုပ်လိုက် မိတတ် ပါတယ်.... ကလေးကို မွေ့ယာ အပျော့ပေါ်ကို ဖြစ်ပါစေ ပစ်မချပါနဲ့ ... ကလေးအပေါ်မှာ စိတ်မရှည် ဖြစ်လာပြီ ဆိုရင် နီးစပ်ရာ လူကို အကူအညီ ခေါ်ပါ.... လူပြောင်းပြီး ထိန်းပါ....



ဆရာဝန် သူနာပြူများ နဲ့ အခြား ကျန်းမာရေး ဝန်ထမ်းများ အတွက်....

Shaken baby Syndrome လို့ သံသယရှိရင် ဘယ် အချက်တွေ ကြည့်ရမလဲ.... အရင်ဆုံးနဲ့ အလွယ်ဆုံးက Retinal hemorrhage ရှိမရှိ ကြည့်ပါ.... Ophthalmoscope နဲ့ Retina ကို ကြည့်တဲ့ အခါ လှုပ်ခါ ခံခဲ့ရတဲ့ ဒဏ်ကြောင့် မျက်လုံးထဲမှာ သွေးထွက်နေ ပါလိမ့်မယ်.... CT scan, MRI ရိုက်ကြည့်ရင် ဦးနှောက်ထဲမှာ သွေးထွက် နေတာ (သို့မဟုတ်) ဦးနှောက် ယောင်နေတာ (Encephalopathy) ကို တွေ့ နိုင်ပါတယ်....

CT/MRI လုပ်ဖို့ ခက်ခဲတဲ့ အခါ.... Lumber puncture လုပ်ကြည့်ပါ... bloody tap ဖြစ်နေရင် ဦးနှောက်ထဲမှာ သွေးထွက် နေတာ ဖြစ်ဖို့ ရာခိုင်နှုန်း များပါတယ်... (Traumatic tap ကို exclude လုပ်ပါ)... Child abuse ပေါများတဲ့ နေရာတွေ မှာတော့ အခြား တွဲဖက် ရှိနိုင်တဲ့ ဒဏ်ရာတွေကို ရှာပါ....(သွေးချည်ဥနေတာတွေ စသည်ဖြင့်)... ကလေး တစ်ကိုယ် လုံးကို ဓါတ်မှန် ရိုက်ပါ... အရိုးကျိုး ထားတဲ့ ဒဏ်ရာဟောင်းတွေကို တွေ့နိုင်ပါတယ်... အခြားဖြစ်နိုင်ချေ ရှိတဲ့ ရောဂါတွေကို exclude လုပ်ပါ.... ဥပမာ... ဦးနှောက် အမှေးယောင် (Meningitis)

Risk factor တွေက ဘာတွေလဲ....

ကလေးအပေါ်မှာ ဘယ်လို လူတွေက ပိုပြီး စိတ်မရှည် ဖြစ်တတ် သလဲဆိုတာ စဉ်းစားရအောင်...

(၁) ကလေး မလိုချင်ဘဲ မတော်တဆ ရလာတဲ့ မိဘတွေ (ပြင်ဆင်ထားတာ ဘာမှမရှိဘဲ အဆင် မပြေတဲ့ အခြေအနေတွေ အများကြီး ရှိနေတတ်တာ)
(၂) အသက် အရမ်းငယ်တဲ့ မိဘတွေ (သို့မဟုတ်) Single parent တွေ
(၃) စိတ်ဖိစီးမှု များတဲ့ သူတွေ
(၄) အရက် / မူးယစ်ဆေးဝါး စွဲလန်းနေ သူတွေ
(၅) အိမ်တွင်းနှိပ်စက်မှု (Domestic violence) ရှိနေ ခံစားနေရတဲ့ သူတွေ
(၆) မိသားစု မတည်ငြိမ်မှုတွေ
(၇) ဝင်ငွေ ခက်ခဲနေ တာတွေ
(၈) စိတ်ကျ ရောဂါရှိသူတွေ
(၉) ကလေးဘဝက ကိုယ်တိုင်နှိပ်စက် ခံခဲ့ရဖူးသူတွေ
နောက်ဆက်တွဲ (နာတာရှည်) ဆိုးကျိုးတွေက ဘာတွေလဲ...
(၁) အသက်သေဆုံးခြင်း
(၂) အသက်မသေဘဲ ကျန်ခဲ့ ရင်လည်း မျက်လုံး ကွယ်ခြင်း
(၃) နားမကြားတော့ခြင်း
(၄) ဖွံ့ဖြိုးမှု နောက်ကျခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ဥာဏ်ရည် မမှီဖြစ်ခြင်း၊ စာသင်ကြားဖို့ ခက်ခဲခြင်း
(၅) အတက်ရောဂါရခြင်း
(၆) Cerebral palsy လို့ခေါ်တဲ့ မသန်စွမ်းသူ ဖြစ်သွားခြင်း စတဲ့ နောက်ဆက်တွဲ တွေကြောင့် မိသားစု ဘဝတွေမှာ စိတ်ဖိစီး ခြင်းကို တသက်လုံး ခံသွားရ တော့တယ်...

မေမေ မွေးလိုက်တုန်းက ခြောက်ပစ်ကင်း သဲလဲစင်ကလေး.... ကံမကောင်း အကြောင်းမလှ ရှာဘဲ တသက်လုံး ဒုက္ခိတ ဘဝနဲ့ ရှင်သန် သွားရရှာတာ ရင်နာ စရာကောင်း လှပါတယ်....

ဒါကြောင့် သတိကြီးကြီး ထားကြပါ... ကိုယ့်စိတ်က အရမ်း ပင်ပန်းပြီး ရှေ့ဆက်လို့ မရလောက်အောင် စိတ်ဖိစီးနေရင် အကူအညီ ခေါ်ပါ... မိဘဆွေမျိုး များရဲ့ ပံ့ပိုးမှုကို တတ်နိုင် သလောက် ရှာပါ....

ကျမတို့ ယဉ်ကျေးမှုနဲ့ အသိုင်း အဝိုင်းမှာ ကူမယ့်သူ မရှားပါ..... ကိုယ့်သားသမီးကို ကိုယ်တိုင်ပဲ ထိန်းကျောင်း ချင်ကြတာ မိဘတိုင်းရဲ့ စိတ်ကူး ဖြစ်ပေမယ့် Risk and benefit ကို ချင့်ချိန်ပြီး လိုတိုး ပိုလျော့ လုပ်သင့်တဲ့ အခါ လုပ်ကြ ရမှာပါ....

ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်လေးတွေ ဖြစ်ကြပါစေး)

Ref: https://www.nlm.nih.gov/medlineplus/ency/article/007578.htm
http://www.emedicinehealth.com/shaken_baby_s…/article_em.htm
http://www.mayoclinic.org/…/…/basics/definition/con-20034461

Original link - https://www.facebook.com/CaliforniaWellnessMommy/

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Sunday, December 6, 2015

ဖခင်ရဲ့ ကိုယ်အလေးချိန်ဟာ ကလေးငယ် ကိုယ်အလေးချိန် အပေါ် သက်ရောက်မှု ရှိနေ




ဆေးပညာနဲ့ ပတ်သက်ရင် ပြောစကား ရှိတာ ကတော့ သင်ဟာ သင် စားတဲ့ အတိုင်း ဖြစ်တယ် ဆိုတာပါ။ ဒါပေမယ့် အခုပြန်ပြင် ပြောသင့် တာက သင့်အဖေ စားတာတွေက ပိုအရေးကြီး နေပါတယ်။

သုတေသန တစ်ခုက ပြသခဲ့တာကတော့ အမျိုးသားတစ်ယောက်ရဲ့ ကိုယ်အလေးချိန်ဟာ သူ့ရဲ့ သုတ်ပိုးထဲက DNA မှာ သက်ရောက်မှုရှိနေပါတယ်။ အဲဒီ သက်ရောက်မှု ကတဆင့် ထောင်ပေါင်း များစွာသော ပြောင်းလဲမှုဟာ ထို အမျိုးသားရဲ့ အနာဂါတ် ကလေးငယ် ကို လက်ဆင့်ကမ်း လွှဲပြောင်းပေး လိုက်တာဖြစ်တယ် ဆိုတာကို သုတေသန က ပြသနိုင် ခဲ့ပါတယ်။

ဝ တဲ့ အမျိုးသားတစ်ယောက်နဲ့ ပိန်တဲ့ အမျိုးသားတစ်ယောက် တို့ဟာ အာသီသ ထိန်းချုပ်နိုင်မှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေအပါအ၀င် သုတ်ပိုးထဲမှာ မျိုးရိုးဗီဇ ကွဲပြားခြားနားမှု ရှိပါတယ်။

ဒီ သုတေသနကနေ ရှင်းပြနိုင်ခဲ့တာက အ၀လွန်တဲ့ဖခင်တွေက မွေးတဲ့ ကလေးတွေဟာ ကိုယ်အလေးချိန် ပြဿနာကို အမြဲကြုံတွေ့နေရပြီး အလွန်ပိန်တဲ့ ဖခင်တွေကမွေးဖွားလာတဲ့ ကလေးတွေဟာ အထီးကျန်စိတ်ဝေဒနာ ကို ခံစားနေရတတ်တယ်ဆိုတဲ့ ပုံသေနည်းတစ်ခုကိုပါ။

ဒီလေ့လာမှုဟာ မျိုးရိုးဗီဇ ပေါင်း ၉၀၀၀ ခန့်ရဲ့ အာသီသ ထိန်းချုပ်နိုင်မှုနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတွေအပါအ၀င် ကွဲပြားခြားနားမှုတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ကောင်းတဲ့ သတင်းတစ်ခုကတော့ အဲဒီလို ဖခင်တွေကြောင့် ကလေးငယ်တွေမှာ ဖြစ်တဲ့ ပြောင်းလဲမှု ဟာ အမြဲတမ်းအတွက် တော့မဟုတ်ခဲ့ပါဘူး။ ယာယီအားဖြင့် သာ ပြောင်းလဲသွားတာဖြစ်ပါတယ်။

သုတေသီအဖွဲ့ဟာ ကိုယ်အလေးချိန် လျော့အောင် ခွဲစိတ်မှု ပြုလုပ်ထားတဲ့ အ၀လွန်သူ ၆ ယောက်ရဲ့ သုတ်ပိုးတွေကို ဆန်းစစ်လေ့လာခဲ့တဲ့အခါမှာ တော့ သူတို့ရဲ့ သုတ်ပိုးတွေဟာ ပိန်တဲ့လူတစ်ယောက်ရဲ့ သုတ်ပိုးမျိုးဖြစ်နေအောင် ဓါတုဗေဒနည်းလမ်းက ဖန်တီးပေးလိုက်ပါတယ်။

ဗြိတိန် ကျွမ်းကျင်သူတွေ သတိပေးခဲ့တာကတော့ ဒီလေ့လာမှုဟာ အမျိုးသား အရေအတွက် အနည်းငယ်ကိုသာ လေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ ပြောကြားချက်အရ ဒီလေ့လာမှုဟာ ရှုပ်ထွေးလေးနက်ပြီး အရေးကြီးတယ်လို့ သိရပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_7.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Thursday, December 3, 2015

မိဘ ထက်ဝက်ကျော်ဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို လျစ်လျူရှု




ဗြိတိန်မှာရှိတဲ့ မိဘတွေ ထက်ဝက်ကျော်ဟာ သူတို့ ကလေးတွေရဲ့ စိတ်ဖိစီးမှု၊ သောက သို့မဟုတ် စိတ်ဓာတ်ကျမှု စတာတွေ အပေါ် လျစ်လျူ ထားကြတယ်လို့ သုတေသန သစ်တစ်ရပ်က ဖော်ပြပါတယ်။

မိဘပေါင်း ၁၁၀၀ ကျော်ကို လေ့လာ စမ်းစစ် ခဲ့တာဖြစ်ပြီး သူ့တို့အနက်က ၅၅ ရာခိုင်နှုန်းဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘာပြောရ မှန်း မသိတာကြောင့် ကလေးတွေရဲ့ စိတ်ကျန်းမာရေး အကြောင်းကို ဘယ်တုန်း ကမှ မပြော ခဲ့ဘူးလို့ ဆိုပါတယ်။

"စိတ်ကျန်းမာရေး" ဟာ အရေးကိစ္စ တစ်ခု မဟုတ်တာကြောင့် ပြောနေ စရာမလိုဘူးလို့ ၄င်း မိဘတွေရဲ့ ထက်ဝက်ကျော်ဟာ ထင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

မကြာသေးမီက လေ့လာ စမ်းစစ်ချက်တွေ ကလည်း ၄နှစ်ဝန်းကျင် ကလေးတွေမှာ စိတ်ဓာတ်ကျခြင်း၊ သောက တက်ခြင်း အပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ကြောင်း ပြသ ထားပါတယ်။

ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး ရှောင်ပုန်း မနေကြဖို့ လူတွေကို ပရဟိတအဖွဲ့အစည်းတွေ ကနေ တိုက်တွန်း ထားပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/12/blog-post_69.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Tuesday, December 1, 2015

"Calpol" အလွန်အကျွံ တိုက်ကျွေးခြင်းက ကလေးတွေကို ကျောက်ကပ်၊ အသည်းနဲ့ နှလုံး ထိခိုက်စေ




မိဘတွေဟာ ကလေးငယ် တွေကို ထစ်ခနဲရှိ "Calpol" တိုက်ကျွေး ကြခြင်းကြောင့် ကလေး တွေရဲ့ ကျန်းမာရေးဟာ အန္တရာယ် ရှိကြောင်း ဆရာဝန် တွေက သတိပေး ပြောကြား ထားပါတယ်။

အပျော့ (တော်ရုံ တန်ရုံ) ဖျားတာ အတွက် ကလေးတွေကို "Calpol" ဆေး တိုက်တာဟာ မှားယွင်းကြောင်း လန်ဒန် တက္ကသိုလ်မှ ကလေး အထူးကု ပါမောက္ခ Alastair Sutcliffe ကပြောခဲ့ပါတယ်။

Calpol နဲ့ အလားတူဆေးဝါးတွေကို အလွန်အကျွံအသုံးပြုခြင်းက ကလေးငယ်တွေမှာ ပန်းနာရင်ကြပ်ကိုဖြစ်စေပြီး သူတို့ရဲ့ ကျောက်ကပ်၊ အသည်းနဲ့ နှလုံးကို ထိခိုက်စေတယ်လို့ သူက ပြောပါတယ်။

ဗြိတိန်မှာ တစ်နှစ်ကို Calpol ဆေးပုလင်း ၁၂ သန်း ရောင်းချနေရပြီး ကလေးငယ်တွေအတွက် ပါရာစီတမော-အခြေခံ ဆေးဝါးတွေရောင်းချရငွေဟာ တစ်နှစ်ကို ပေါင်သန်း ၈၀ ရှိပါတယ်။

၎င်းဆေးတွေကို အသက် ၆လအရွယ်ကလေးတွေကို တိုက်နေတာဟာ ၈၀ ရာခိုင်နှုန်းရှိနေပါတယ်။ "မိဘတွေက ပါရာစီတမောကို အထိန်းအကွပ်မဲ့ အသုံးပြုကြလွန်းတယ်။

ပါရာစီတမော အလွန်အကျွံသုံးတာက ပန်းနာ ရင်ကြပ်ရောဂါ ဖြစ်နိုင်ချေကို တိုးစေပြီး အသည်း ထိခိုက်မှုကိုလည်း တိုးစေဆိုတဲ့ အထောက် အထားရှိတယ်။

ဒါပေမဲ့ ကျောက်ကပ်နဲ့ နှလုံးထိခိုက်တာကိုတော့ လူသိနည်းသေးတယ်။" လို့ ပါမောက္ခ Alastair Sutcliffe ကပြောပါတယ်။

ကလေးစောင့်ရှောက်တဲ့သူတွေက ကလေးငယ်တွေကို တိုက်ရမယ့် ဆေးပမာဏထက် ပိုပြီး တိုက်နေကြကြောင်း၊ အဲ့ဒီ ကလေးစောင့်ရှောက်တဲ့ သူတွေဟာ ကလေးကို ဒီနေ့ အတွက် ဘယ်လောက် များများ တိုက်ပြီးပြီ ဆိုတာကို မသိကြကြောင်း အခြားသော ကျွမ်းကျင် ပညာရှင်တွေက သတိပေးပြောကြား ခဲ့ပါတယ်။

ဆေးတိုက်ရမယ့် ပမာဏထက် ၂ ရက် ဒါမှမဟုတ် ၃ရက် ကျော်မိရင်တောင် အဲ့ဒါက အသည်းကို စတင်ထိခိုက်စေတယ်လို့ အကြံပြုထားပါတယ်။

Ref: Daily Mail

Original link -http://health.thithtoolwin.com/2015/12/calpol.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

ကင်ဆာကြောင့် ကလေးတွေ သေဆုံးမှု နှုန်း ဆယ်စုနှစ် တစ်ခုအတွင်း ကျဆင်းလာ




ကင်ဆာ ရောဂါကြောင့် ကလေးငယ် တွေရဲ့ သေဆုံးမှု နှုန်းထား အရေ အတွက်ဟာ ပြီးခဲ့တဲ့ ၁၀ စု နှစ် တစ်ခု အတွင်းမှာ ၂၁ ရာခိုင်နှုန်းခန့် အထိ ကျဆင်း သွားခဲ့ တယ်လို့ သိရ ပါတယ်။

ဗြိတိန်နိုင်ငံက ကင်ဆာ သုတေသန ဌာနက ထုတ်ဖော် ပြောပြ ခဲ့တာက ၂၀၁၄ ခုနှစ် တုန်းက ကင်ဆာ ရောဂါကြောင့် ကလေးငယ် ၂၆၀ ခန့်သာ သေဆုံး ခဲ့ပြီး ၂၀၀၄ ခုနှစ် တုန်းကတော့ ၃၃၀ ခန့် အထိ သေဆုံးမှု နှုန်း ရှိခဲ့ ပါတယ်။

တစ်ကယ်တော့ ကလေးကင်ဆာ ရောဂါဟာ ကုသဖို့အတွက် အရမ်းခက်ခဲတဲ့အတွက် ကုသအောင်မြင်ဖို့ဆိုတာ အခွင့်အလမ်းနည်းလွန်းပါတယ်။

အသက် ၁၄ နှစ် အရွယ်နဲ့ အောက်မှာရှိတဲ့ ကလေးငယ် တွေရဲ့ ကင်ဆာရောဂါ အားလုံးကြောင့် သေဆုံးမှု နှုန်းထားဟာ ၂၀၀၄ ခုနှစ်မှာတုန်းက လူဦးရေ ၁ မီလျံမှာ အယောက် ၃၀ ခန့်ရှိခဲ့ပါတယ်။

ဒီကနေ့မှာတော့ လူဦးရေ ၁ မီလျံမှာ ၂၃ ယောက်ခန့်အထိ လျော့ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း ကလေးငယ် ၁၅၀၀ ခန့်ဟာ ကင်ဆာရောဂါ အတွက် ကုသမှု ခံယူနေရပါတယ်။ ၁၉၆၀ ခုနှစ်က စတင်ပြီး ကင်ဆာရောဂါကနေ ပြန်လည် ရှင်သန် ကောင်းမွန်လာမှု က ၃ ဆ မြင့်တက်လာခဲ့တယ်ဆိုပေမယ့်လည်း ဗြိတိန်နိုင်ငံမှာတော့ အပတ်စဉ် ကလေးငယ် ၅ ယောက်ခန့်ဟာ သေဆုံးနေဆဲ ပဲ ဖြစ်ပါတယ်။

"ငါတို့ဟာ လူငယ် ပေါင်းမြောက်များစွာ ကို ကင်ဆာရောဂါထံမှာ အရှုံးပေးလိုက်ရပေမယ့် အများကြီး ကယ်တင်ဖို့ ကျန်နေပါသေးတယ်။

ကုသမှု ကို ကန့်သတ်ထားတဲ့ ကလေးငယ် ကင်ဆာရောဂါတွေလည်း အများကြီးရှိနေပါသေးတယ်။

ဥပမာ ဦးနှောက်နဲ့ အရိုး အသားပို လိုမျိုးပေါ့။" လို့ ဘာမင်ဂမ်မြို့မှာရှိတဲ့ ကင်ဆာသုတေသန ဌာနရဲ့ ဒါရိုက်တာ ဖြစ်သူ ပရော်ဖက်ဆာ Pam Kearns က ဆိုလိုက်ပါတယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/11/blog-post_43.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Sunday, November 29, 2015

ခွေးရှိတဲ့ ကလေးငယ်တွေဟာ ပူပန်သောက ဒဏ်ကို ခံစားရမှု နည်းပါး




ခွေးမွေး ထားတာ သင့်ကလေးငယ်တွေ အတွက် ကောင်းတယ် ဆိုတဲ့ အချက်ကို ပြောပြစရာ တစ်ရပ် တွေ့ရှိပါပြီ။ အိမ်မွေးခွေး တစ်ကောင် မွေးထားရင် ကလေးငယ် ဘဝရဲ့ ပူပန်သောက ဒဏ်တွေကို မခံစား ရနိုင်ဘူးလို့ ရှာဖျွေတွ့ရှိခဲ့တဲ့ လေ့လာမှု အသစ် တစ်ရပ်ကို Preventing Chronic Disease ဂျာနယ်မှာ ပုံနှိပ် ထုတ်ဝေခဲ့ ပါတယ်။

Basset ဆေးရုံ၊ Okalahoma ကျန်းမာရေး သိပ္ပံစင်တာနှင့် Dartmouth ဆေးတက္ကသိုလ်တို့မှ သိပ္ပံပညာရှင် တွေဟာ ကလေးငယ်ပေါင်း ၆၄၃ ယောက်ကို ၁၈ လကျော် လေ့လာ သုံးသပ် ခဲ့တာ ဖြစ်ပါတယ်။

ကလေးတွေရဲ့ ကိုယ်အလေးချိန် အချိုးအစား၊ ရုပ်ကျန်းမာရေး နဲ့ စိတ်ကျန်းမာရေး၊ အိမ်မွေး တိရစ္ဆာန်ရဲ့ အခြေအနေ စတာတွေကို မိဘတွေက ဇယားကွက်မှာ ဖြည့်ပေး ခဲ့ရပါတယ်။

ဆင်းရဲချမ်းသာ အဆင့်တွေကို ထည့်တွက် ခဲ့ပေမဲ့ လေ့လာတွေ့ရှိ ချက်တွေက မှန်ကန်နေတာကို တွေ့ရှိ ရပါတယ်။ "အိမ်မွေးခွေး တွေက ကလေးဘဝရဲ့ ပူပန်သောကကို သက်သာစေတယ်။ လူမှုရေးပိုင်း၊ လျစ်လျူရှု ခံရခြင်း အပိုင်း ပူပန်သောက တွေပေါ့။" လို့ သုတေသီတွေက ရေးသား ခဲ့ပါတယ်။

အိမ်မွေးခွေးတွေက ကလေးငယ်တွေရဲ့ ပြောစကားကို တုံ့ပြန်နိုင်ပါတယ်။ ဒါက လူမှုရေး ပူပန်သောကကို သက်သာစေတဲ့ သက်ရောက်မှုပဲ ဖြစ်ပါတယ်။

အိမ်မွေးခွေးတွေဟာ ပူပန်သောက ဟော်မုန်းဖြစ်တဲ့ cortisol ပမာဏကို လျော့ကျစေပြီး ပျော်ရွှင်မှု ဟော်မုန်းဖြစ်တဲ့ oxytocin ပမာဏကို တိုးလာစေကြောင်း ယခင် သုတေသန ရပ်တွေလဲ ရှိခဲ့ပါတယ်။

Ref: Huffington Post

Original link - http://health.thithtoolwin.com/2015/11/blog-post_66.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, November 27, 2015

မွေးကင်းစ ကလေးငယ်တွေမှာ ခုတင်တိုင်တွေကြောင့် သေဆုံးမှု မြင့်တက်နေတာကို တွေ့ရှိ




ကလေး ကုတင်တိုင် အကာအကွယ် တွေဟာ မွေးကင်းစ ကလေးငယ်တွေကို ခုတင် တိုင်တွေကြား ခေါင်းနဲ့ ဆောင့်မိတာ (သို့မဟုတ်) တိုင်ကြားမှာ ညပ်နေတာတွေ မဖြစ်စေဖို့ အတွက် ဖြစ်ပေမယ့် လေ့လာချက် အသစ်အရ ဒီလို ကူရှင် အကာတွေဟာ မတော်တဆ သေဆုံးနိုင်ချေ ရှိလာတာမို့ မိဘတွေကို အသုံးမပြုဖို့ အကြံပေး ထားပါတယ်။

ကလေးငယ် လေးတွေဟာ သူတို့ခေါင်းက ကုတင်တိုင်နဲ့ ဆောင့်လို့ ဒဏ်ရာ ရတာ နည်းပါးပြီး ကူရှင်တွေက ကလေးငယ်တွေကို ကုတင် တိုင်ကြား ညပ်တာကိုလည်း အကာကွယ် မပေး နိုင်တာကြောင့် ကုတင်တိုင် အကာအကွယ်နဲ့ ကူရှင်တွေဟာ မလိုလား အပ်တဲ့ အန္တရာယ် တွေဖြစ်နိုင်ကြောင်း St. Louis ရှိ Washington Universityမှ သုတေသီ တွေက ဆိုပါတယ်။

“ကလေးရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေကို ကူရှင်နဲ့ ပိတ်မိတဲ့ အခါ ကလေးငယ်က သူ့ရဲ့အသက်ရှု လမ်းကြောင်း ပိတ်သွားပြီး အသက်ရှု ကြပ်နိုင်ပါတယ်။

ဒါကြောင့် ကူရှင်တွေကို ကလေး ကုတင်ထဲမှာ ထည့်မထား သင့်ပါဘူး။ ဒါတွေကြောင့် ကလေးငယ်လေးတွေ သေဆုံးနိုင်ပါတယ်။” လို့ U.S. Consumer Product Safety Commission's Infant Suffocation Project မှ တာဝန်ရှိသူ ဒေါက်တာ N.J Scheers က ရှင်းလင်း ပြောပြ ထားပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_65.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Wednesday, November 25, 2015

မိခင်ဗိုက်ထဲရှိစဉ် ဆေးခြောက် ထိတွေ့မှု ရှိသော ကလေးများက အမြင်အာရုံ ပိုကောင်း




သားအိမ်ထဲမှာ ရှိစဉ် ဆေးခြောက်နဲ့ အထိ အတွေ့ရှိတဲ့ ကလေးတွေဟာ အသက် ၄နှစ် အရွယ်ရောက်လာတဲ့ အခါမှာ အမြင်အာရုံ ပိုကောင်းကြောင်း လေ့လာမှု အသစ် တစ်ရပ်အရ ထုတ်ဖော် ခဲ့ပါတယ်။

ဒါပေမဲ့ ဆေးခြောက်ဟာ သန္ဓေသား ဖွံ့ဖြိုးမှုကို အကျိုး မရှိစေဘူး ဆိုတဲ့ ရလဒ်တွေ ကိုတော့ သိပ္ပံပညာရှင်တွေက သတိပေး ခဲ့ပါတယ်။ ဆေးခြောက် အထိအတွေ့ ရှိခဲ့တဲ့ အတွက် လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေ အပေါ် ကလေး တစ်ယောက်ရဲ့ အမြင်အာရုံက ပိုကောင်း သွားတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေ အပေါ် အံ့အားသင့် ခဲ့ရကြောင်း ဝါတာလူး၊ အာ့ခ်လန်းဒ်၊ ဘရောင်း တက္ကသိုလ် များမှ သုတေသီ အဖွဲ့က ဝန်ခံခဲ့ပါတယ်။

"ဒီ ကနဦးရှာဖွေ တွေ့ရှိချက် တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အံ့အားသင့်ခဲ့ရတယ်။ ဆေးခြောက်နဲ့ အရက်ဟာ ဦးနှောက်ထဲမှာ ဖြစ်ပျက်နေတဲ့ အမြင်အာရုံလုပ်ဆောင်ချက်တွေရဲ့ ဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိတယ်လို့ ပြသတာပါ။

ဆေးခြောက်က ဦးနှောက်ရဲ့ အမြင်အာရုံစနစ်ကို ဖွံ့ဖြိုးစေတဲ့ အကျိုးရလဒ်ကို ဖြစ်စေပေမဲ့ ဆေးခြောက်အသုံးဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို တကယ်ပဲထိခိုက်စေတယ်လို့ တခြားသုတေသနရပ်တွေက ပြသထားပါတယ်။" လို့ ဝါတာလူး တက္ကသိုလ်မှ ပါမောက္ခ Ben Thompson ကပြောခဲ့ပါတယ်။

သုတေသီတွေက အသက် ၄နှစ်အရွယ် ကလေးအုပ်စုရဲ့ သန္ဓေသားဘဝတွင် ဆေးခြောက်၊ အရက်၊ မီးသိုင်း အဖက်တမင်း၊ နီကိုဒင်းစတာတွေကို မိခင်ဗိုက်ထဲမှာ ထိတွေ့ခဲ့မှု ပုံစံအမျိုးမျိုးကို လေ့လာစမ်းစစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_33.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

ကိုယ်ဝန်ဆောင်စဉ် သင့်တင့် မျှတတဲ့ ကဖိန်းဓါတ် မှီဝဲမှုဟာ ကလေးငယ်ရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်




ကော်ဖီ ကြိုက်တဲ့ မိခင်လောင်းတွေ အတွက် စိတ်ပျက် အားလျော့ စရာမရှိ တော့ပါဘူး။ လေ့လာ တွေ့ရှိချက် အသစ်အရ သင့်တင့် မျှတတဲ့ ကဖိန်းဓါတ် စားသုံးမှုဟာ ကိုယ်ဝန်ဆောင်စဉ် အတွင်း ကလေးငယ်ရဲ့ ဥာဏ်ရည် ဥာဏ်သွေးနဲ့ အပြုအမူ ဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကို မထိခိုက်နိုင် ဘူးလို့ သိရှိရ ပါတယ်။

ဒီတစ်ပတ်ထုတ် American Journal of Epidemiology ဂျာနယ်မှာ ဖော်ပြချက်အရ Nationwide Children's Hospital က သုတေသီတွေက ကြေညာခဲ့တာဖြစ်ပါတယ် -

တစ်နေ့ကို ကော်ဖီ တစ်ခွက် သို့ နှစ်ခွက်သောက်သုံးခြင်းဟာ ကလေးငယ်တွေ အပြုအမူပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ သို့ အ၀လွန်ခြင်းတွေ ဆက်စပ်နေတဲ့ ထင်ရှားတဲ့အချက်အလက်တွေ မရှိဘူးလို့ဆိုပါတယ်။

“တစ်နေ့မှာ ကော်ဖီ တစ်ခွက်ဒါမှ မဟုတ် နှစ်ခွက်သောက်လေ့ ရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ သင့်တင့် မျှတတဲ့ ကဖိန်းဓါတ် စားသုံးမှုရှိတဲ့ အတွက် အန္တရာယ် မဖြစ်နိုင်ဘူး ဆိုတာ သေချာတဲ့ ရလဒ်တွေကို တွေ့ရှိခဲ့ ပါတယ် “ လို့ Center for Biobehavioral Health at the Research Institute at Nationwide Children's Hospital မှ သုတေသနမှူး Dr. Sarah Kleim က ထုတ်ဖော်ရှင်းလင်းထားတာဖြစ်ပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_91.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Tuesday, November 24, 2015

ဂေါက်သီးလောက်ပဲ ရှိတဲ့ ခေါင်းနဲ့ လမစေ့ဘဲ မွေးလာတဲ့ ကလေး




ဂေါက်သီး လုံးလောက်ပဲ ရှိတဲ့ ခေါင်းနဲ့ လမစေ့ဘဲ မွေးလာတဲ့ ကလေးလေးဟာ အသက်ရှင်သန်ဖို့ အတွက် ရုန်းကန်နေ ခဲ့ပြီး အသက် ၁နှစ်ပြည့် မွေးနေ့ကို ကျင်းပနိုင်ခဲ့ပြီလို့ သတင်းရ ရှိပါတယ်။

Carlo Cucchi အမည်ရှိတဲ့ ဒီကလေး လေးဟာ ကိုယ်ဝန် ၂၄ ပတ် (၆လ) အချိန်မှာ မွေးဖွား လာခဲ့တာဖြစ်ပြီး ၁ ပေါင် ၆ အောင်စ သာ ကိုယ်အလေးချိန် ရှိခဲ့ပါတယ်။

ဒီကလေး အသက်ရှင်သန် ဖို့ရာ ၂၀ ရာခိုင်နှုန်းပဲ အခွင့် အရေး ရှိတယ်လို့ ဆရာဝန်တွေက ကြေကွဲနေခဲ့တဲ့ မိဘနှစ်ပါး ဖြစ်တဲ့ Sarah နဲ့ Carlo ကို ပြောခဲ့ ပါတယ်။

Cucchi လေး အသက်ရှင်ဖို့ အတွက်ကို Arrowe Park ဆေးရုံက အထူးကုတွေဟာ ၄ လ ဆက်တိုက် အထူး ကြပ်မတ် ကုသပေး ခဲ့ကြပါတယ်။

ဆေးရုံတက် နေစဉ်မှာ Cucchi ရဲ့ ဘယ်ခြေထောက် သွေးကြော ပိတ်သွားတဲ့ အတွက် လက်တွေ၊ ခြေထောက်တွေ သေသွား ခဲ့ရပါတယ်။ ခြေထောက် ဖြတ်ပြီး ခွဲစိတ်မှု ပြုလုပ်ဖို့ရာ အန္တရာယ် များလွန်တဲ့ အတွက် ကုသနိုင်တဲ့ အခြေ အနေထိ ရောက်အောင် ဆရာဝန်တွေက စောင့်ဆိုင်း ခဲ့ရပါတယ်။

ဒါပေမဲ့ Cucchi လေးဟာ ဒီ ကံကြမ္မာဆိုးတွေ အားလုံးကို တွန်းလှန် တိုက်ခိုက် ခဲ့ပြီး သူ့ရဲ့မွေးနေ့ကို မိဘတွေနဲ့ အတူ ကျန်းကျန်း မာမာနဲ့ ကျင်းပနိုင် ခဲ့ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_22.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »