ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။
Showing posts with label ကျန်းမာရေးလေ့ကျင့်ခန်းများ. Show all posts
Showing posts with label ကျန်းမာရေးလေ့ကျင့်ခန်းများ. Show all posts

Sunday, May 29, 2016

လိင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်တဲ့ လေ့ကျင့်ခန်း ၅ ခု




တပတ်မှာ ၃ ကြိမ်၊ ၄ ကြိမ်လောက် လေ့ကျင့်ခန်း လုပ်ရင် လိင်မှု ဆိုင်ရာ စွမ်းဆောင်ရည်တွေ တိုးတက် လာမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်းက ကျန်းမာရေး အတွက် ကောင်းတယ်လို့ အများစုက သိကြ ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း လုပ်ခြင်းက ကိုယ့်ရဲ့ လိင်မှု စွမ်းဆောင်ရည်တွေ ပိုမိုကောင်းမွန် လာစေတယ်ဆိုတာကို သတိပြုမိတဲ့ သူ တော့ နည်းပါလိမ့်မယ်။ “တပတ်မှာ ၃ ကြိမ်၊ ၄ကြိမ်လောက် လေ့ကျင့်ခန်း လုပ်ရင် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေ တိုး တက်လာဖို့ အထောက် အကူပြုပါတယ်။” လို့ အမေရိကန်နိုင်ငံ American Council on Exercise (ACE) က လေ့ကျင့်ရေး စိတ်ပညာရှင်နဲ့ နည်းပြ တဦး ဖြစ်တဲ့ Pete McCall ကပြောပါတယ်။

ဒါဆိုရင် ဘယ်လိုလေ့ကျင့်ခန်း အမျိုးအစားတွေက လိင်ကိစ္စအတွက် အကောင်း ဆုံးဖြစ်နိုင်မလဲ ဆိုတာလဲ အရေးကြီး ပါတယ်။ Pete McCall ကတော့ အောက်ပါ လေ့ကျင့်ခန်း ၅ ခုကို ထောက် ခံချက်ပေးထားပါတယ်။

(၁) အလေးမခြင်း

“အလေးမ တာက ကိုယ်ခန္ဒာအတွင်းမှာ အမျိုးသား ဟိုမုန်း (testosterone) ထုတ်လုပ်မှုကို ဖြစ်စေပါတယ်။ ဒီဟိုမုန်းက အမျိုးသားတွေရဲ့ လိင်မှုကိစ္စမှာ ပင်မ အခြေခံ တခု ဖြစ်ပါတယ်။” လို့ Pete McCall ကဆိုပါတယ်။ မောပန်းလာတယ် လို့ ခံစားရတဲ့ အထိ တခါကို ၁၀ ကြိမ် စီလောက် မ ဖို့လည်း သူက အကြံပြု လိုက်ပါတယ်။ ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာ တွေကိုလည်း လုပ်နိုင်တယ်လို့ သိရပါတယ်။

ဒီလေ့ကျင့်ခန်းတွေနဲ့ အလေးမခြင်း က ကြွက်သားတွေဖွံ့ဖြိုး သန်မာလာစေ တဲ့ လေ့ကျင့် ခန်း တွေ ဖြစ်ပြီးတော့ ပုခုံး၊ ရင်ဘတ်နဲ့ ၀မ်းဗိုက်ကြွက်သားတွေ သန်မာခြင်းက လိင်ဆက်ဆံမှုမှာ အထောက် အကူ ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာ အပေါ်ပိုင်း ကြံ့ခိုင်သန်မာခြင်းကြောင့် သက်လုံပိုကောင်းစေနိုင် သလို အဲဒီကြွက်သားတွေက လိင်ဆက်ဆံချိန်မှာ အသုံးချရတဲ့ ကြွက်သားတွေ ဖြစ်နေလို့ပါပဲ။

(၂) Kegel လေ့ကျင့်ခန်း

အမေရိကန်နိုင်ငံက သားဖွားမီးယပ် အထူးကုဆရာဝင် ဒေါက်တာ Arnold Kegel ရဲ့ အမည်ကို အစွဲပြု မှည့်ခေါ် ထားတဲ့ Kegel လေ့ကျင့်ခန်း တွေကလည်း အမျိုးသားတွေရဲ့ လိင်မှုကိစ္စ အတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတခု ဖြစ်ပါတယ်။ တင်ပါးဆုံ အတွင်းမှာ ရှိတဲ့ pubococcygeus ကြွက်သား (PC ကြွက်သား လို့လည်းခေါ်ပါတယ်)ကို ညှစ်လိုက် လျှော့လိုက် လုပ်ပေးရတဲ့ လေ့ကျင့် ခန်းဖြစ်ပါတယ်။

ဘယ်နေရာမှာလဲဆိုတာကို သိချင်ရင် ဆီးသွားနေတုန်း ရပ်ကြည့်လိုက်ပါ။ ရပ်သွားအောင် ညှစ်ပေးလိုက်တဲ့ ကြွက်သား က PC ပါပဲ။ PC ကြွက်သား ကို သန်မာအောင် လေ့ကျင့်ပေးခြင်း အားဖြင့် သုတ်လွှတ်ချိန်ကို ပိုမိုကြာမြင့်အောင် ထိန်းထားနိုင်တယ်လို့ Pete McCall ကဆိုပါတယ်။

စတင်လေ့ကျင့်ဖို့ အတွက် ဆီးသွား ချိန်မှာ ရပ်လိုက် သွားလိုက်လုပ်ပြီး ဒီကြွက်သား၏ လှုပ်ရှားမှုကို သိအောင်လေ့ကျင့်ပါ။ သိသွားပြီဆိုရင်တော့ အချိန်မရွေး၊ နေရာမရွေး ဒီလေ့ကျင့်ခန်းကို လုပ်လို့ရပါပြီ။

စာဖတ်ရင်း၊ ကားစီးရင်း၊ အလုပ်လုပ်ရင်း၊ အင်တာနက်သုံးရင်း ဘယ်အချိန်မဆို လုပ်လို့ရပါတယ်။ ၁၀ စက္ကန့်လောက်အထိ ညှစ်ထားနိုင်အောင် တဖြည်းဖြည်းချင်းတိုးပြီး လုပ်သွားဖို့ Pete McCall က အကြံပြုထားပါတယ်။ မမော မချင်း လုပ်နိုင်သလောက် လုပ်လို့ ရပါတယ်။ အမျိုးသမီးတွေ လည်းလေ့ကျင့်လို့ ရပါတယ်။

(၃) ယောဂ လေ့ကျင့်ခန်း

ပုံစံ အနေအထား အသစ် အမျိုးမျိုးကို ပြောင်းပြီး လိင်မှုသုခကို ခံစားချင်ရင် ယောဂလေ့ကျင့်ခြင်း အားဖြင့် ကိုယ့်ရဲ့ ကိုယ် ခန္ဓာ အနေအထားကို လိုသလိုပြောင်းလဲပြီး လိင်ဆက်ဆံ ချိန်မှာ အမြင့်ဆုံး သုခကို ဖန်တီးနိုင်ပါတယ်လို့ Pete McCall က ဆိုပါတယ်။ ယောဂ လေ့ကျင့်ခန်းက အကြောအချင်တွေလျော့ပြီး ကိုယ်ခန္ဓာကို ပျော့ပျောင်းစေတဲ့ အတွက် ပိုမိုကောင်းမွန် တဲ့ လိင်ဆက်ဆံမှုကို ဖြစ်စေနိုင်ပါတယ်။ သက်လုံ ပိုပြီးတော့ကောင်းလာစေတယ်လို့ လည်း ပညာရှင် အချို့ကပြောကြပါ တယ်။

Bow Pose၊ Peacock Pose နဲ့ Shoulder Stand စတဲ့ ယောဂ လေ့ကျင့်နည်း ပုံစံတွေက PC ကြွက်သားအတွက် လည်း ကောင်းတယ်လို့ Pete McCall က အကြံပြုထားပါတယ်။

(၄) လမ်းမြန်မြန်လျှောက်ခြင်း

Harvard တက္ကသိုလ်က သုတေသီတွေက အသက် ၅၀ ကျော် အမျိုးသား ၃၁၀၀၀ ကိုလေ့လာကြည့်တဲ့ အခါ အေရိုဘစ် လေ့ကျင့်ခန်းတွေ လုပ်ခြင်းက လိင်အင်္ဂါ တင်းမာနိုင်မှု
ပြဿနာ ဖြစ်စေနိုင်တဲ့ အန္တရယ်ကို ၃၀ ရာခိုင်နှုန်းလောက် လျှော့ ချ ပေးနိုင်တယ် ဆိုတာ တွေ့ရှိခဲ့ ရပါတယ်။ တခြားလေ့လာမှုတွေ အရလည်း တနေ့ကို အနည်းဆုံး ကယ်လိုရီ ၂၀၀ လောက် လောက်ကျွမ်းအောင် အေရိုဘစ်လေ့ကျင့်ခန်း ပြုလုပ်ခြင်း ဒါမှ မဟုတ် ၂ မိုင်လောက် လမ်းမြန်မြန်လျှောက်ခြင်းက လိင်အင်္ဂါတင်းမာနိုင်စွမ်းမရှိတဲ့ ပြဿနာကို သိသိသာသာ လျော့ကျစေတယ် ဆိုတာ သိခဲ့ရပါတယ်။

ခပ်သွက်သွက် လမ်း လျှောက်ခြင်းက သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်စေတဲ့ အတွက် ကြောင့် ဖြစ်ပါတယ်။“ လမ်းအမြန်လျှောက်ခြင်း၊ ပြေးခြင်းနဲ့ အေရိုဘစ်လေ့ကျင့် ခန်းတွေလုပ်ခြင်းက လိင်မှုစွမ်းရည်အတွက် ကောင်းသလို နှလုံးရောဂါကိုလည်း ကာကွယ် ပေးပါတယ်။” လို့ Pete McCall က ပြောပါတယ်။

ဒီလေ့ကျင့်ခန်းတွေက သွေးကြောတွေကို သန့်ရှင်း စင်ကြယ်စေတဲ့ အတွက် လိင်အင်္ဂါ တောင့် တင်းမှု ပိုသန်မာလာစေသလို အချိန်လည်း ပိုကြာလာစေနိုင်တယ်လို့ လည်းဆိုပါတယ်။

(၅) ရေကူးခြင်း

Harvard သုတေသီတွေကပဲ အမျိုးသားရော အမျိုးသမီးတွေပါ ပါဝင်တဲ့ ရေကူးသမား ၁၆၀ ကို လေ့လာတဲ့ အခါမှာ အသက် ၆၀ ကျော် ရေကူးသမားတွေဟာ အသက် ၄၀ ၀န်းကျင်ကလိုမျိုးပဲ လိင်မှုကိစ္စမှာ စွမ်းဆောင်နိုင်သေးတယ်ဆို တာ တွေ့ရှိခဲ့ရပါတယ်။ “တကြိမ်ကို အနည်းဆုံး မိနစ် ၃၀ လောက် တပတ်ကို ၃ ကြိမ်လောက် ရေကူးပေးခြင်းက လိင်ဆက်ဆံ ရာမှာ သက်လုံကောင်းလာစေနိုင်ပါတယ်။” လို့ Pete McCall က ပြောပါတယ်။

ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေ မှာ ဖြစ်ပါတယ်။ အ၀လွန်ခြင်းက လိင်စွမ်းဆောင်ရည် အပေါ်ထိခိုက်နိုင်ကြောင်း သုတေသီတွေ တွေ့ရှိခဲ့ပြီးပါပြီ။ နောက်ပြီး တော့ အဆီတွေလျော့ကျပြီး ကြွက်သားတွေနဲ့ ကိုယ်ခန္ဓာက လိင်ဆွဲဆောင်မှု ပိုကောင်းမယ် ဆိုတာကလည်း အသေအချာ ပါပဲ။

အထက်ပါ လေ့ကျင့်ခန်းတွေကို အားလုံးဖြစ်စေ၊ တချို့ကို ဖြစ်စေ လုပ်ပေးနိုင်မယ်ဆိုရင် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် တွေ တိုးတက်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ အဖော်ကို စိတ်ကျေနပ် နှစ်သိမ့်မှုပေးနိုင်သလို နောက်ဆက်တွဲ အကျိုးရလဒ် အနေနဲ့ ကျန်းမာရေးလည်း ပိုကောင်းလာမှာဖြစ်ပါတယ်။

ဧရာဝတီ by htet htet

Originally published at - http://burma.irrawaddy.com/lifestyle/2016/05/28/115145.html

Read More »

Thursday, April 28, 2016

ခါးနာခြင်းကို သက်သာစေမယ့် အကောင်းဆုံး ယောဂ လေ့ကျင့်ခန်းများ




အထိုင်များပြီး ခါးနာ တတ်သူတွေနဲ့ အသက်အရွယ် ရလာတာနဲ့ အမျှ ခါးညောင်းတာ ၊ ခါးနာတာ စတဲ့ ပြဿနာတွေ ကလည်း ကြုံတွေ့လာ ရတတ်တဲ့ သူတွေ အတွက် ရေးသားပေး လိုက်ရပါတယ်။

သင့်အနေနဲ့ ဒီလိုပြဿနာတွေ ကြုံတွေ့လာရတဲ့အချိန် ဆေးမထိုး ၊ ဆေးမသောက်ဘဲ ခါးနာမှုတွေကို ပျောက်ကင်းသွားစေမယ့် ယောဂနည်းလမ်းကောင်းလေးတွေကို အခုလိုပဲ ဝေမျှ လိုက်ရပါတယ်။



တြိဂံပုံစံ ခါးကြောဖြေခြင်း

သင့်အနေနဲ့ ပုံမှာပြထားတဲ့အတိုင်းကို ဘယ် ၊ညာ လှုပ်ရှားပေးရမှာပါ။ ခြေထောက်ကို ကားထားပြီး ညာဘက်ခြေထောက်ကို ညာလက်နဲ့ ထိအောင်ကိုင်ပေးရမှာပါ။ ပြီးရင်တော့ ဘယ်ဘက်လက်ကို အပေါ်ကို ဆန့်တန်းထားရမှာဖြစ်ပြီး ခေါင်းကိုလည်း ဘယ်လက်ဘက်ကို မျက်နှာမူပေးထားရမှာဖြစ်ပါတယ်။



ကြောင်ပုံသဏ္ဍာန် အကြောဖြေနည်း

သင့်အနေနဲ့ ကြောင်တစ်ကောင်လို လေးဘက်ထောက်ထားရမှာပါ။ သင့်လက်နဲ့ ပုခုံးဟာ တစ်တန်းတည်းရှိနေရမှာဖြစ်ပြီး တင်ပါးဆုံနဲ့ ဒူးကလည်း တစ်သားတည်းရှိနေရပါလိမ့်မယ်။ ပြီးရင်တော့ ခါးကို အပေါ်အောက် ညှင်ညှင်သာသာ ရွေ့လျားပေးရမှာဖြစ်ပြီး စက္ကန့်သုံးဆယ်လောက်ပြုလုပ်ရင် လုံလောက်ပါလိမ့်မယ်။



တံတားပုံ လေ့ကျင့်ခန်း

သင့်အနေနဲ့ ပုံမှာပြထားတဲ့ အတိုင်းပြုလုပ်ပေးရမှာပါ။ အရင်ဆုံးတော့ အိပ်လျက်အနေအထားနဲ့ ဒူးကို ဖြောင့်မတ်နေအောင် ထောင်ထားရမှာဖြစ်ပြီး လက်နှစ်ချောင်းကိုလည်း နောက်ပစ်အနေအထားနဲ့ ထားရပါလိမ့်မယ်။ ပြီးရင်တော့ ခါးအောက်ပိုင်းကို ပုံထဲမှာပြထားသလို မ,တင်လိုက် ပြန်ချလိုက် ညှင်ညှင်သာသာပြုလုပ်ပေးရုံပါပဲ။



တစ်ခြမ်းစီအလှည့်ကျ ပြုလုပ်နည်း

ဒီနည်းလမ်းမှာတော့ အရင်ဆုံး တင်ပလ္လင်ခွေ ထိုင်ရ ပါလိမ့်မယ်။ ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း ညာဘက်ခြေထောက်ကို ဘယ်ဘက်ကို ကျော်ပြီး ခွထားလိုက်ပါ။

ဘယ်ဘက်လက်ကိုတော့ ညာဘက်ဒူးပေါ်ကို တင်ပြီး မျဉ်းဖြောင့်အနေအထားနဲ့ ထောင်မတ်ထားလိုက်ပါ။ ပြီးရင်တော့ ခန္ဒာကိုယ်အထက်ပိုင်း (ခေါင်းပါအပါအဝင်) ဖြည်းဖြည်းချင်း လှည့်ပေးရုံပါပဲ။

ဒီနည်းလမ်းလေးတွေးကတော့ လူသိများတဲ့ ခါးနာပျောက် ယောဂ လေ့ကျင့်ခန်းလေးတွေပဲဖြစ်ပါတယ်။

Ref : Lifehack

Originally published at - http://health.thithtoolwin.com/2016/04/blog-post_23.html

Read More »

Wednesday, April 6, 2016

ကြာရှည်ထိုင်ပြီး အလုပ်လုပ်ရသူတွေ အတွက် ယောဂလေ့ကျင့်ခန်း



တစ်နေကုန်အောင် စားပွဲမှာ ထိုင်ပြီး ကွန်ပြူတာရှေ့မှာ အလုပ် လုပ်ရလို့ ခါးအောက် ပိုင်းတွေ နာကျင် ကိုက်ခဲတာ၊ လည်ပင်းတွေ တောင့်တင်းတာ၊ ကျောရိုးမကြီး တစ်လျှောက် အင်အား ချိနဲ့တာ၊ ဒူးနာ ခါးနာနဲ့ ပေါင်နဲ့ တင်ပါး ဝေဒနာတွေ ကြုံတွေ့ ရလေ့ရှိ ပါတယ်။

အချိန်အနည်းငယ် ယူပြီး အညောင်း ဆန့်တာ၊ အကြော အချဉ်တွေ ဖြေလျှော့ခြင်းဖြင့် တစ်နေ့တာလုံး အလုပ်ချိန်တွေ အတွက် သက်တောင့်သက်သာ ရှိအောင် နေထိုင်နိုင်ပါတယ်။

လည်ပင်းနဲ့ ပခုံးတွေ တောင့်တင်းမှုတွေအတွက် အောက်ပါ နည်းလမ်းလေးတွေကို ဖော်ပြပေး လိုက်ပါတယ်။


လည်ပင်း လေ့ကျင့်ခန်း

မေးစေ့ကနေ ရင်ဘတ်ဘက်ကို ခေါင်းကို ဖြည်းဖြည်းချင်း နှိမ့်ချပြီး နားရွက်နဲ့ ပခုံးထိတဲ့ အချိန်မှာ ခနနားပြီး ဘယ်ညာ တစ်လှည့်စီ ပြုလုပ်ပါ။ ဒီလေ့ကျင့် ခန်းက သွေးလည်ပတ်မှု ကောင်းမွန် စေတာကြောင့် သက်တောင့် သက်သာ ရှိစေမှာပါ။


ပခုံးလေ့ကျင့်ခန်း

ပခုံးကို အပေါ်အောက် မြန်မြန် ဆန်ဆန် လှုပ်ပြီး လေ့ကျင့် ပေးနိုင် ပါတယ်။ ကိုယ်အလုပ် လုပ်ရာ စားပွဲဘေးမှာ မတ်တပ် ရပ်ပြီး ခြေထောက် နှစ်ဖက်ကို ဘေးသို့ ခွဲထားပြီး လက်နှစ်ဖက်ကို နောက်ပြန် လှန်ပြီး ကိုင်ကာ ခါးကိုင်းခြင်း ဖြင့်လည်း အကြောများ ဖြေလျှော့ နိုင်ပါတယ်။ ၁၀ ကြိမ်တိတိ အသက်ရှုသွင်း ရှုထုတ် လုပ်နိုင် ပါတယ်။


ပေါင်လေ့ကျင့်ခန်း

အချိန် အကြာကြီး ထိုင်ပြီး အလုပ် လုပ်ရတဲ့ အခါ ပေါင်ကြွက်သားတွေ အညောင်း ထိုင်ပြီး ခါးနာ တာတွေ ဖြစ်တတ် ပါတယ်။ ကျောချ လှဲအိပ်ပြီး ခြေထောက် ဆန့်ထား ရမှ ဖြည်းဖြည်းချင်း ဒူးကို ရင်ဘတ် ဘက်ထိအောင် ကွေးပြီး အသက် ရှုသွင်း ရှုထုတ် ၁၀ ကြိမ် ပြုလုပ်နိုင် ပါတယ်။

Ref : Helloglow

Originally published at - http://health.thithtoolwin.com/2016/04/blog-post_79.html


Read More »

Sunday, March 20, 2016

ဝမ်းဗိုက်အဆီပိုတွေကို ဖယ်ရှားပေးမယ့် လေ့ကျင့်ခန်း ၅ ခု




ခန္ဓာကိုယ်မှာ အဆီပိုတွေ ဖယ်ရှားရ အခက်ဆုံး နေရာကတော့ ဗိုက်သားက အဆီတွေပဲ ဖြစ်ပါတယ်။

လေ့လာချက်တွေ အရ ၀မ်းဗိုက်မှာ အဆီပိုတွေ စုနေတာ ၀မ်းဗိုက်ပိုင်း ဆိုင်ရာ ပြဿနာတွေကို ပိုပြီးဖြစ်ပွား စေပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ် မျှတစေတဲ့ အစား အသောက်တွေ
ဖြစ်တောင် အစိမ်းရောင် အသီးအရွက်၊ သစ်သီးဝလံ၊ နို့ထွက် ပစ္စည်းတွေနဲ့ အသား ငါးတွေကို စားသောက်ခြင်း၊ ကောင်းမွန် မှန်ကန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းဖြင့် ကြံ့ခိုင်
လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

နေ့စဉ် မိနစ် ၂၀ ခန့် အောက်ပါလေ့ကျင့်ခန်းတွေ ပြုလုပ်ရုံနဲ့ ၀မ်းဗိုက်ကအဆီပိုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

အပြေးလေ့ကျင့်ခြင်း

အပြေးလေ့ကျင့်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကောင်းမွန်မှန်ကန်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။ လှုပ်ရှားမှုအားလုံးကို ချိန်ညှိပေးပြီး သွေးလည်ပတ်မှု မှန်ကန်ကောင်းမွန်စေကာ အဆီပိုတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

ရေကူးခြင်း

ရေဟာ ခန္ဓာကိုယ်တစ်ခုလုံးအတွက် သဘာဝအလျောက် ခုခံစွမ်းအားတွေကို ထောက်ပံ့ပေးပါတယ်။ ရေကူးခြင်းက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေထဲမှာ အကောင်းဆုံးလေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေနဲ့ အ၀လွန်သူတွေအတွက် သင့်လျော်ပြီး လမ်းလျှောက်ခြင်း၊ ပြေးခြင်းတွေလို မြေပြင်ပေါ်မှာ လေ့ကျင့်ခန်းလုပ်သလို အရိုးအဆစ်တွေကို ထိခိုက်တာမျိုးတွေ မရှိစေပါဘူး။

လမ်းလျှောက်ခြင်း

လူတွေဟာ နေ့တိုင်းလမ်းလျှောက်နေတာမျိုးတွေ ရှိနေပေမယ့် တကယ့်ခါးနဲ့ ၀မ်းဗိုက်သားတွေကို ထိထိရောက်ရောက် လျော့ကျမသွားတာကို တွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ လမ်းလျှောက်တဲ့အခါ ၁၀ မိနစ်ထက်ပိုပြီး လမ်းမလျှောက်ကြလို့ပဲ ဖြစ်ပါတယ်။

အချိန်အလုံအလောက်ရှိမယ်ဆိုရင် အချိန်ကြာကြာ လမ်းလျှောက်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း လေ့လာပြီး အပန်းဖြေနိုင်ပါတယ်။ ဒါဟာ အလွယ်ကူအရိုးရှင်းဆုံး အဆီပိုတွေကို လောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

စက်ဘီးစီးခြင်း

စက်ဘီးစီးခြင်းက ခန္ဓာကိုယ်တွင်း စွမ်းအင်တွေကိုအသုံးချတာဖြစ်တဲ့အတွက် အဆီပိုတွေကို လောင်ကျွမ်းစေတဲ့ အကောင်းဆုံးလေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

အလေးမ လေ့ကျင့်ခန်း

အဆီပိုတွေကျဖို့ဆိုတာ မလွယ်ကူဘူးဆိုတာ သံသရရှိစရာမလိုပါဘူး။ အလေးမတာဟာ ဇီဝရုပ်ဖြစ်ပျက်မှုတွေကို အထောက်အပံ့ဖြစ်စေပြီး အနားယူနေတဲ့အချိန်မှာတောင် ကယ်လိုရီတွေကို အမြင့်ဆုံးလောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။

Ref : Stylecraze

Originally published at - http://health.thithtoolwin.com/2016/03/blog-post_18.html


Read More »

Tuesday, February 2, 2016

အကြောအရွတ်များ နာကျင်မှုက အဆင့် ၂ ဆီးချိုရောဂါနှင့် ဆက်စပ်မှု ရှိ




လေ့ကျင့်ခန်း ပြုလုပ်တာက အဆင့်နှစ် ဆီးချိုရောဂါကို တားဆီးရာမှာ အရေးကြီး ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းကို ပြင်းပြင်း ထန်ထန် ပြုလုပ်တာ ကလည်း အကြောအရွတ်များ နာကျင် မှုကို ဖြစ်ပေါ်စေပြီး လေ့ကျင့်ခန်း ပြုလုပ်မှုကို နှေက်ယှက်စေတယ် လို့ သုသေသနပြုသူတွေက ပြောပါတယ်။

ပြုလုပ်ခဲ့ပြီးသော လေ့လာမှု များကို အသေးစိတ် ဆန်းစစ်ချက်များ အရ Tendinopathy လို့ခေါ်တဲ့ အကြော အရွတ်တွေ နာကျင်တဲ့ ရောဂါ ရှိသူတွေက မရှိသူတွေ ထက် အဆင့်နှစ် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ၃ဆ ပိုများတယ်လို့ သုသေသနပြု သူတွေက တွေ့ရှိထား ကြပါတယ်။

အကြောအရွတ်ဆိုတာ အရိုးနဲ့ကြွက်သားတွေကို တွယ်ဆက်ပေးထားတဲ့ နူးညံ့လှတဲ့တစ်ရူးတွေဖြစ်ကာ အဲဒီတစ်ရူးတွေ ဒဏ်ရာရတာနဲ့ယောင်ယမ်းတာကို Tendinopathy လို့ခေါ်တာဖြစ်ပါတယ်။

များသောအားဖြင့် အလွန်အကျွံလှုပ်ရှားတာနဲ့ထပ်ကာထပ်ကာပြုလုပ်တဲ့ လှုပ်ရှားမှုတွေကြောင့် ဖြစ်တတ်ပါတယ်။ အကြောအရွတ်များနာကျင်မှုက လေ့ကျင့်ခန်းအစီအစဉ်တွေ မပြုလုပ်နိုင်အောင်ဖြစ်စေတတ်ပါတယ်။ လေ့ကျင့်ခန်းတွေက ဆီးချိုရောဂါထိန်းချုပ်မှုအတွက် အလွန်အရေးပါလှပါတယ်။

ဆီးချိုရောဂါနဲ့အကြောအရွတ်တွေနာကျင်မှုတို့ရဲ့ ဆက်စပ်မှုကို လေ့လာဖို့အတွက် Gaida ကောလိပ်မှကျောင်းသားတွေက အဖွဲ့ ၃၁ဖွဲ့ ဖွဲ့လိုက်ပါတယ်။ ၂၆ဖွဲ့က အဆင့်နှစ် ဆီးချိုရောဂါရှိတဲ့သူတွေကို လေ့လာပြီး ကျန်တဲ့ငါးဖွဲ့ကတော့ Tendinopathy ရောဂါလက္ခဏာရှိတဲ့သူတွေကို လေ့လာပါတယ်။

သူတို့တွေ ရရှိလာတဲ့ အချက်အလက်တွေကို ပြန်လည်စုပေါင်းပြီး စစ်ဆေးတဲ့အခါမှာတော့ Gaita အဖွဲ့က ဆီးချိုရှိတဲ့သူတွေက မရှိတဲ့သူတွေနဲ့ယှဉ်ကြည့်လိုက်ရင် Tendinopathy ဖြစ်နိုင်ခြေ ၃.၆၇ဆ ပိုများတာကို တွေ့ရှိရပါတယ်။ Tendinopathy ရှိနေတဲ့သူတွေကတော့ ဆီးချိုရောဂါဖြစ်နိုင်ခြေ ၁.၃ဆ ရှိနေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။

Ref : Foxnews

Originally published at - http://health.thithtoolwin.com/2016/02/blog-post_3.html


Read More »

Saturday, January 16, 2016

ခန္ဒာကိုယ်မှ အဆီများ ကျဖို့ အတွက်




သုတေသန လေ့လာမှု အသစ် တစ်ခု အရ ကျွန်တော်တို့ တွေရဲ့ စားသောက်မှုအချိန် ပုံစံကို ပြင်လိုက်ရုံနဲ့  အားကစား လုပ်ရာမှာ အဆီ ၂၂ ရာခိုင်နှုန်းလောက် ပိုကျနိုင်တယ်လို့ သိရှိရ ပါတယ်။

ဒါပေမယ့် အမျိုးသားတွေနဲ့အမျိုးသမီးတွေတော့တူညီခြင်းမရှိဘဲ၊ အမျိုးသားတွေဟာ အစာမစားခင်မှာ အားကစားလုပ်တာက အဆီပိုကျစေနိုင်ပြီး၊ အမျိုးသမီးတွေကတော့ အစာစားပြီးမှ အားကစားလုပ်တာက အဆီပိုကျနိုင်တယ်လို့ ဆိုပါတယ်။

ဒီလေ့လာတွေ့ ရှိမှုကို BBC ရဲ့ Trust Me I’m A Doctor အစီအစဉ်မှာ ပြသခဲ့တာဖြစ်ပါတယ်။

လေ့လာမှုမှာပါဝင်ခဲ့တဲ့ ပညာရှင် Dr Collins ရဲ့အဆိုအရ အမျိုးသမီးတွေအနေနဲ့  လေ့ကျင့်ခန်းလုပ်ပြီးမှ အစာစားတာဟာ လေ့ကျင့်ခန်းကြောင့် ကိုယ်ကအဆီလောင်ကျွမ်းနိုင်တဲ့ အကျိုးသက်ရောက်မှုကို လျော့ပါးစေသလို ဖြစ်နိုင်တယ်လို့ သိရပါတယ်။

လေ့လာမှုမှာ အမျိုးသား ၁၃ ဦးနဲ့ အမျိုးသမီး ၁၇ ဦးပါဝင်ပြီး လေးပတ်ကြာ လေ့လာ ခဲ့တာ ဖြစ်ပါတယ်။ တွေ့ ရှိချက်အရ အမျိုးသမီးတွေဟာ အားကစားပြုလုပ်ရာမှာ အမျိုးသားတွေထက် အဆီလောင်ကျွမ်းမှု ပိုမိုများပြားပြီး၊ ကစီဓာတ်ပါဝင်တဲ့အစားအစာတွေကို အားကစား မလုပ်ခင်စားပေးတဲ့အမျိုးသမီးတွေဟာ အဆီ လောင်ကျွမ်းမှု ၂၂ ရာခိုင်နှုန်း ပိုများ တာကို တွေ့ ရှိခဲ့ ရပါတယ်။

ထူးခြားချက်အနေနဲ့ အမျိုးသားတွေမှာတော့ ဒီရလဒ်ဟာ ပြောင်းပြန်ဖြစ်ပြီး အားကစားလုပ်ပြီးမှ ကစီဓာတ်ပါတဲ့အစားအစာတွေကို စားပေးတဲ့အမျိုးသားတွေဟာ အဆီ ၈ ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းတာကို တွေ့ ရှိခဲ့ရတာဖြစ်ပါတယ်။

ရလဒ်ခြင်းမတူညီရတဲ့အကြောင်းရင်းက အမျိုးသားတွေမှာ ကြွက်သားပိုမိုများပြား တာကြောင့် လေ့ကျင့်ခန်းမလုပ်ခင် အစာစားထားရင်၊ ကစီဓာတ်တွေကို ကြွက်သားက သိုလှောင်ထားသလိုဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ရင် အဆီ လောင်ကျွမ်းသင့်သလောင် မလောင်ကျွမ်းဘဲ၊ အစာမစားထားပါက ကြွက်သားကို ပိုမိုဖိအားပေးသလိုဖြစ်ပြီး အဆီပိုမိုလောင်ကျွမ်းစေတာဖြစ်တယ်လို့  သိရပါတယ်။

ယခုလေ့လာမှုအရ အားကစားလေ့ကျင့်ခန်းလုပ်ရာကနေ အဆီလောင်ကျွမ်းမှု အမြင့်ဆုံးကိုရရှိဖို့အတွက် အမျိုးသားတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ပြီးမှ အစာစားသင့်ပြီး အမျိုးသမီးတွေကတော့ လေ့ကျင့်ခန်းမလုပ်ခင် စားသင့်ကြောင်း အကြံပေးပြောကြားလိုပါတယ်။

Ref: DailyMail

Originally published at - http://health.thithtoolwin.com/2016/01/blog-post_47.html


Read More »

Thursday, December 24, 2015

ကျောရိုး ထိခိုက်မှု ရှိနိုင်တာကြောင့် အန္တရာယ်များတဲ့ အိပ်၊ ထ၊ မ၊ တင် လေ့ကျင့်ခန်းကို မပြုလုပ်သင့်




အိပ်၊ထ၊မ၊တင် လေ့ကျင့်ခန်း ပြုလုပ်တာဟာ ကျောရိုးကို ထိခိုက်မှု ရှိနိုင်တာကြောင့် ဒီ လေ့ကျင့်ခန်းကို စွန့် လွှတ်သင့်ပြီ ဖြစ်ကြောင်း ကာယလေ့ကျင့်ရေး ဆရာတွေက ပြောကြား လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုက ကာယလေ့ကျင့်ရေး ဆရာတွေနဲ့ စစ်ဘက် ဆိုင်ရာ အကြံပေးတွေက ဒီ အိပ်၊ထ၊ မ၊တင် လေ့ကျင့်ခန်းဟာ ကျောရိုးကို ဖိအား သက်ရောက်မှု အလွန်များ တာကြောင့် အန္တရာယ် များတဲ့ လေ့ကျင့်ခန်း ဖြစ်တယ်လို့ အခုအခါ ယုံကြည်နေ ကြပါတယ်။

အမျိုးသား၊ အမျိုးသမီးတွေ အနေနဲ့  ဒီ အိပ်၊ထ၊မ၊တင် အစား plank pose ခေါ် လက်ထောက်မှောက် အနေ အထားအတိုင်း ပြုလုပ်တဲ့ ယောဂ လေ့ကျင့်ခန်းကို အစားထိုး လုပ်သင့် တယ်လို့ ဆိုပါတယ်။

အမေရိကန် စစ်တပ်ဟာလည်း စစ်သားပေါင်း တစ်သောင်းကို ပြန်လည် ပြင်ဆင်မှုတွေ လုပ်ထားတဲ့ ကာယကြံ့ခိုင်ရေး ရှေ့ ပြေး စစ်ဆေးမှုကို လုပ်ဆောင်စေ ခဲ့ရာမှာ အိပ်၊ထ၊မ၊တင် လေ့ကျင့်ခန်းကို ချန်လှပ် ထားခဲ့ ပါတယ်။

လေ့လာမှုတစ်ခုအရလည်း၊ ကာယကြံ့ခိုင်ရေး စစ်ဆေးမှုမှာ စစ်သားတွေ ရကြတဲ့ ထိခိုက် ဒဏ်ရာတွေရဲ့ ၅၆ ရာခိုင်နှုန်းဟာ အိပ်၊ထ၊မ၊တင် လေ့ကျင့် ခန်းကြောင့် ဖြစ်ကြောင်း အဖြေ ရှာတွေ့ ထားပါတယ်။

အမေရိကန် ရေတပ်မတော် ထုတ်ဝေတဲ့ Nay Times ရဲ့ အယ်ဒီတာ့ အာဘော် ဆောင်းပါးမှာလည်း အိပ်၊ထ၊မ၊တင် လေ့ကျင့်ခန်း တွေကို လုံးဝ ပိတ်ပင် တားမြစ်ပေးဖို့ တောင်းဆို ထားတာကို တွေ့ ရပါတယ်။

ကနေဒါ စစ်တပ်မှာ ဆိုရင်လည်း ဒီလေ့ကျင့်ခန်းကို ရပ်ဆိုင်း ပစ်လိုက်ပြီး အိပ်၊ထ၊မ၊တင် အစား စစ်သားတွေဟာ ယခု အခါ ၄၄ ပေါင် လေးတဲ့ သဲအိတ်တွေကို မတဲ့ လေ့ကျင့်ခန်း ပြုလုပ်လျက် ရှိပါတယ်။

ကနေဒါနိုင်ငံ၊ ၀ါတာလူး တက္ကသိုလ်က ကျောရိုး ဇီဝ ဖြစ်ပျက်မှု ပညာရပ် ပါမောက္ခ Stuart McGill က လေ့လာမှု ဒါဇင်ပေါင်း များစွာ အရ အိပ်၊ထ၊မ၊တင်ဟာ ကျောရိုး ဆစ်တွေကြား အရိုးနုလွှာ လေးတွေကို ဖျစ်ညှစ် သလို ဖြစ်ကာ ထိခိုက်မှု ရှိနိုင်ကြောင်း တွေ့ ရှိထား တယ်လို့ ပြောပြ ခဲ့ပါတယ်။

Ref: DailyMail

Originally published at - http://health.thithtoolwin.com/2015/12/blog-post_60.html


Read More »

Tuesday, December 8, 2015

တစ်နေ့ကို ၅ မိနစ်ခန့် တာတို ပြေးခြင်းဟာ ၄၅ မိနစ် ပုံမှန် ကြိုးခုန်ခြင်းနဲ့ တူညီတဲ့ သက်ရောက်မှု ရှိ




တာဝေးပြေး ခြင်းကို ခဏမေ့ လိုက်ပါ တာတိုပဲ မိနစ် အနည်း ငယ်ခန့် အပြေး လေ့ကျင့် ခြင်းဟာ လည်း တူညီတဲ့ ရလဒ်တွေကို ပေးစွမ်းနိုင် တယ်လို့ သုတေသီ တွေက အခိုင် အမာ ဆိုလိုက် ပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ တာကတော့ ၅ မိနစ် ၀န်းကျင်ခန့် တာတို အပြေး လေ့ကျင့်ခြင်းဟာ ၄၅ မိနစ်ခန့် ပုံမှန် ကြိုးခုန် သကဲ့သို့ပင် နှလုံးနဲ့ ၀မ်းတွင်းပိုင်း တွေမှာ ကျန်းမာရေး ကောင်းမွန်မှု ရရှိစေနိုင်တယ် ဆိုတာပါပဲ။ အဲဒီလို တာတို အပြေး လေ့ကျင့်ခြင်းဟာ ခါး တစ်ဝိုက်မှာ ရှိတဲ့ အဆီတွေကို လျော့နည်း သွားစေပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်မှု ကို မြှင့်တင် ပေးနိုင်သလို သွေးထဲက သကြား ဓါတ်ကို ဖယ်ရှားပေးမယ့် အင်ဆူလင်ဆိုတဲ့ ဟော်မုန်း ပမာဏ ကိုလည်း များလာ စေနိုင် ပါတယ်။

ထိုလေ့လာမှုဟာ ကျန်းမာရေးကောင်းမွန်ပြီး လှုပ်ရှားမှုနည်းတဲ့ အသက် ၁၈ နှစ်ကနေ အသက် ၆၀ နှစ်ကြား လူဦးရေ ၉၀ ယောက်ကို ရိုးရာ အားကစားနည်း တွေ နဲ့ အဆင့်မြင့် လေ့ကျင့်ခန်းတွေကို ၁၀ ပတ်ခန့် ခွဲခြားပြုလုပ်စေခဲ့ပါတယ်။ အဆင့်မြင့်လေ့ကျင့်ခန်း လုပ်ရသူတွေကတော့ ၁၅ စက္ကန့်ပြေး ၄၅ စက္ကန့်ပြန်နားတဲ့စနစ်တဲ့ ၁၈ မိန်စခန့် ပြေးခဲ့ရပါတယ်။ စုစုပေါင်း ၄ မိနစ်နဲ့ ၃၀ စက္ကန့် ပြေးခဲ့ရပါတယ်။

အဲဒီလို မဟုတ်ရင်လည်း ၆၀ စက္ကန့်ပြေးပြီး ၂ မိနစ် ပြန်နားတဲ့ စနစ်နဲ့ ၂၅ မိနစ်ခန့် ပြေးစေခဲ့ပါတယ်။ စုစုပေါင်း ပြေးချိန် ၉ မိနစ် ရှိခဲ့ပါတယ်။ ထို ပြေးခဲ့ရသူအားလုံးဟာလည်း မှတ်တမ်းတင်ခြေရာခံ စမတ်နာရီ တွေ ၀တ်ဆင်ခဲ့ရပြီး သူတို့ရဲ့ အသက်အရွယ်နဲ့ နှလုံးခုန်နှုန်းကို တိုင်းတာကြည့်ခဲ့ရာမှာ ၉၀ ရာခိုင်နှုန်း ထပ်တူကျနေတာတွေ့ရပါတယ်။

ရိုးရာလေ့ကျင့်ခန်းအဖွဲ့ကတော့ စက်ဘီးစီးခြင်းကို မိနစ် ၃၀ ခန့် ပြုလုပ်ခဲ့ရပြီး ၁၀ ပတ်မှာ ၄၅ မိနစ်နှုန်း တစ်ပတ်ကို ၅ မိနစ် နှုန်းတွေနဲ့ လေ့ကျင့်ခဲ့ပါတယ်။ သူတို့ရဲ့ အသက်အရွယ်နဲ့ နှလုံးခုန်နှုန်းကို တိုင်းတာကြည့်ခဲ့ရာမှာတော့ ၇၀ ရာခိုင်နှုန်းသာ ထပ်တူကျနိုင်တာကိုတွေ့ခဲ့ရပါတယ်။ ထိုလေ့ကျင့်ပုံ ၂ မျိုးလုံးဟာ စောစော သေဆုံးခြင်းကို ဖြစ်စေနိုင်တဲ့ အောက်စီဂျင် လည်ပတ်မှုတွေမှာတော့ တိုးတက်လာစေနိုင်တာကိုတွေ့ရပါတယ်။

Ref : Dailymail

Original link - http://health.thithtoolwin.com/2015/12/blog-post_8.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »

Friday, December 4, 2015

အပြေး လေ့ကျင့်ခြင်း ထက် ကယ်လိုရီနဲ့ အဆီ ပိုကျစေမယ့် လေ့ကျင့်ခန်းများ




ကိုယ်ခန္ဓာကို ကျစ်လစ် တောင့်တင်း စေရန် လေ့ကျင့်ခန်း ပြုလုပ်ခြင်း ဆိုတဲ့ Fitness လောက မှာ လူတိုင်း ယုံကြည် နေကြတာက အပြေး လေ့ကျင့်ခြင်းဟာ ကယ်လိုရီ ပေါင်း မြောက်များ စွာကို လောင်ကျွမ်း စေနိုင်တယ် ဆိုတာပါပဲ။

ဟုတ်ပါတယ် တစ်ကယ်လည်း ကယ်လိုရီ များစွာကို လောင်ကျွမ်း စေပါတယ်။ ဒါပေမယ့် အကောင်းဆုံး တော့ မဟုတ်ခဲ့ပါဘူး။ ကယ်လိုရီတွေ ၊ အဆီတွေ များစွာ လောင်ကျွမ်း လိုသူများ ၊ ကိုယ် အလေးချိန် လျှော့ချဖို့ ကြိုးစားနေ သူများ အနေနဲ့ အပြေး လေ့ကျင့်ခြင်း အပြင် အခြား လုပ်သင့်တဲ့ လေ့ကျင့်ခန်း လေးတွေ ရှိပါတယ်။

အဲဒါတွေ ကတော့ ...

၁။ ဒိုက်ထိုး ၊ ပြန်ထ ၊ လက်မြှောက်



ဒီလေ့ကျင့်ခန်း ကိုတော့ Burpees လို့ ခေါ်ပါတယ်။ အရင်ဆုံး လက် ၂ ဖက်နဲ့ ကြမ်းပြင်ကို ထောက်ပြီး ကုန်းကုန်းလေး ထိုင်ရ ပါတယ်။ ပြီးရင် ခြေထောက်ကို အနောက် ဆန့်ပြီး ဒိုက်ထိုး ရပါတယ်။ ပြီးရင် မူလ ပုံစံ အတိုင်း ကုန်းကုန်းလေး ပြန်ထိုင်ပြီး မတ်တပ် ပြန်ထာကာ လက်မြှောက်ပြီး ခုန်ရ ပါတယ်။ Burpee တစ်ခါ လေ့ကျင့်ခန်း လုပ်တိုင်း ၁.၄၃ ကယ်လိုရီ လောင်ကျွမ်း သွားစေပါတယ်။

၂။ သံလုံး ဆွဲရမ်းခြင်း



ဒီလေ့ကျင့်ခန်း မျိုးကို အိန္ဒိယ က Gym တွေမှာ လေ့ကျင့် ကြတာ များပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ၀မ်းဗိုက် ကြွက်သား တွေ ၊ ပခုံး ကြွက်သား တွေနဲ့ ကျော ကြွက်သားတွေကို ကောင်းမွန် စေပြီး ထိုလေ့ကျင့်ခန်း လုပ်ခြင်းဖြင့် တစ်မိနစ် ကို ကယ်လိုရီ ၂၀ လောင်ကျွမ်း စေနိုင် ပါတယ်။

၃။ ကြိုးခုန်ခြင်း



ကြိုးခုန်တာ မိန်းကလေး တွေပဲ လုပ်သင့်တဲ့ လေ့ကျင့်ခန်း မဟုတ်ပါဘူး။ ယောကျာင်္း လေးတွေ နဲ့လည်း သင့်တော် ပါတယ်။ တစ်မိနစ်ကို အကြိမ် ၁၀၀ မှ ၁၂၀ ခန့် ကြိုးခုန်ခြင်းဖြင့် ၁ မိနစ်ကို ၁၂ ကယ်လိုရီ လောင်ကျွမ်း စေနိုင် ပါတယ်။

၎။ ကြိုးဆွဲ ၊ အလေးမ



ထိုင်လျက် အနေ အထားနဲ့ ကြိုးကို ဆွဲခြင်းဖြင့် အလေးမ ရတဲ့ လေ့ကျင့်ခန်း ဟာ မိနစ် ၃၀ အတွင်း ကယ်လိုရီ ၄၀၀ ခန့်ကို လောင်ကျွမ်း စေနိုင် ပါတယ်။ဒီလေ့ကျင့်ခန်း ဟာလည်း နောက်ကျော ၊ ရင်ဘတ် ၊ ပခုံး နဲ့ ၀မ်းဗိုက် နေရာတွေက ကြွက်သား တွေကို သန်မာ လာစေနိုင် ပါတယ်။

၅။ ကြိုးလှုပ်ခါခြင်း



ဒီလေ့ကျင့်ခန်း ကတော့ လက်မောင်း ကြွက်သားတွေ သန်မာ လာအောင် ဆော့ရတဲ့ လေ့ကျင့်ခန်း တစ်မျိုးပါ။ ဒီလေ့ကျင့်ခန်းဟာ လည်း တစ်မိနစ်ကို ကယ်လိုရီ ၁၀ ကနေ ၁၂ အထိ လောင်ကျွမ်း စေနိုင်ပါတယ်။

Ref : MensXP

Original link - http://health.thithtoolwin.com/2015/12/blog-post_79.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

Read More »