ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, May 1, 2016

ရုပ်ဆင်းသွင်ပြင် အိုမင်းရင့်ရော်မှုကို ပိုင်းခြားဆုံးဖြတ်ပေးသည့် ဗီဇဓာတု ပစ္စည်းကို တွေ့ ရှိ




ဝါရှင်တန် ၊ ၁-၅-၂၀၁၆

ခန္ဓာကိုယ်တွင်းရှိ ဗီဇဓာတု ပစ္စည်း အမှတ် MC1R သည် အရေပြားနှင့် ဆံပင် အရောင် တို့ကို သတ်မှတ် ပိုင်းခြား ပေးရာတွင် အဓိက ကျရာဝယ် ဆံပင်နီခြင်း၊ အသား အရောင် မွဲခြောက်ခြင်း၊ မှဲ့ ခြောက် တင်းတိပ်များ ပေါက်ခြင်း အစရှိသည် တို့ ကိုလည်း ဖြစ်စေနိုင်သည့် အတွက် ရုပ်ဆင်းသွင်ပြင် အိုမင်းရင့်ရော်မှုကို ပိုင်းခြား ဆုံးဖြတ်ပေးသည့် ဗီဇဓာတုပစ္စည်း အဖြစ် သုတေသီ များက သတ်မှတ် ထားကြောင်း သိရသည်။

MC1R ဗီဇဓာတု ပစ္စည်း ပါဝင်တဲ့ အချိုးအစား အလိုက် လူတစ်ယောက်ဟာ ဘယ်လောက်ထိ အိုမင်းရင့်ရော် ပုံပေါက်မလဲ ဆိုတာကို သုံးသပ်လို့  ရသလို အဲဒီ MC1R ဗီဇဓာတု ပစ္စည်းကို လိုအပ်သလို ပမာဏ ညှိပေးခြင်း အားဖြင့်လည်း မျက်နှာရင့်၊ အိုမင်းရင့်ရော် နေသူတွေ ပြန်ပြီး အသားအရေ စိုပြည်နုနယ် လာနိုင်ပါတယ် ဟု သုတေသီ တစ်ဦးက ရှင်းပြသည်။

MC1R ဗီဇဓာတု ပစ္စည်းက မူကွဲအမျိုးမျိုး ရှိပါတယ်။ အချို့ မူကွဲ တွေက လူကို စိုပြည်နုနယ် စေသလို အချို့မူကွဲ တွေက လူကို အိုမင်းရင့်ရော် စေပါတယ်။ အိုမင်းရင့်ရော် စေတဲ့ MC1R ဗီဇဓာတု ပစ္စည်းပိုများတဲ့ လူတွေက သာမန် လူတွေထက် နှစ်နှစ်လောက် အသက်ပိုကြီး တဲ့ပုံ ပေါက်လာလေ့ ရှိပါတယ်။

ဒီလိုလူကို ရင့်ရော်စေတဲ့ MC1R မျိုးတွေ ရှိ၊မရှိ ဆိုတာ အသားအရောင် ကြည့်ပြီး ဆုံးဖြတ်လို့ မရသလို နေလောင်ကွက် တွေ၊ အသားအရေ တွန့် တာတွေနဲ့ လည်း ဆုံးဖြတ်လို့  မရပါဘူးဟု ၄င်းက ဆက်လက် ရှင်းပြသည်။

MC1R ဟာ လူကို အသားအရေ တွန့်စေတာထက် ရုပ်ဆင်း သွင်ပြင်ကို ပိုပြီး အိုမင်းရင့်ရော် စေတာပါ။ တစ်ကယ်တော့ အရေးအကြောင်း တွေဆိုတာ အိုမင်းရင့်ရော် ခြင်းရဲ့  နိမိတ် လက္ခဏာတွေ မဟုတ်ပါဘူး။ ပါးတွဲကျတာ၊ လည်ပင်း နှစ်ထပ်ဖြစ်တာ လိုမျိုး မျက်နှာရဲ့ ပုံပန်းသဏ္ဍန် ပြောင်းလဲခြင်း ကသာ အိုမင်းရင့်ရော် ခြင်းရဲ့  လက္ခဏာတွေ ဖြစ်ပါတယ်။

ဒါကြောင့် MC1R ရဲ့ ဆိုးတဲ့မူကွဲ ပါရှိသူတွေဟာ သာမန်လူ တွေထက် မျက်နှာပိုရင့် နေမှာဖြစ်သလို ခန္ဓာကိုယ် ကလည်း ပျော့ကျ၊ တွဲကျတာ ပိုစော ပါလိမ့်မယ်။ ဒီကိစ္စကို ဘယ်လိုဟန့် တားပြုပြင်လို့ ရနိုင်မလဲ ဆိုတာကို လည်း ကျွန်တော်တို့ ဆက်လက် လေ့လာေ နပါတယ်။ အခုအချိန်အထိတော့ ထူးခြားတဲ့အဖြေတစ်စုံတစ်ရာ မရှိသေး ပါဘူး။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ဖို့ ပဲ အကြံပြုနိုင် ပါသေးတယ်ဟု ၄င်းက ဖြည့်စွက် ရှင်းပြသည်။

by ပြည်ချစ်သား

Originally published at - http://www.pyichitthar.com/2016/05/blog-post_1.html

No comments:

Post a Comment