ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, December 18, 2016

သင်မသိသေးတဲ့ ဆန်ရဲ့ အခြားအသုံးဝင်မှုများ




ဆန်ဆိုတာ မြန်မာပြည်ရဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ မြန်မာ လူမျိုးတိုင်း ဆန်နဲ့ မကင်းကြပါဘူး။ ဆန်ကို အဓိက အားဖြင့် ထမင်း အဖြစ် ချက်ပြုတ် စားသောက် ကြပါတယ်။

မုန့်တီ၊ မုန့်ဟင်းခါ၊ ကြာဇံ အစရှိတဲ့ ထုတ်ကုန်တွေ အဖြစ်လည်း အသွင်ပြောင်းပြီး သုံးစွဲကြ ပါသေးတယ်။ ဆန်ဟာ ဒီနည်းတွေနဲ့သာမက မချက်ပြုတ် ရသေး ခင်မှာလည်း အခြား နေရာတွေမှာ အသုံးပြုလို့ ရပါသေးတယ်။

(၁) ကော်ဖီမှုန့်ကြိတ်စက် သန့်ရှင်းစေဖို့



ကော်ဖီမှုန့် ကြိတ်တဲ့ စက်ငယ်လေးတွေ အသုံးပြုပါက ကြာလာတဲ့ အခါ ညစ်ပတ် လာတတ် ပါတယ်။ ဒီတော့ မချက်ရ သေးတဲ့ ဆန်အစိမ်းကို ကော်ဖီမှုန့် စက်ထဲကို ထည့်လိုက်ပြီး၊ ကော်ဖီစေ့ တွေကို ကြိတ်သလို ခပ်ကြာကြာလေး ကြိတ်ပေး လိုက်ပါ။ ဆန်က အညစ် အကြေးနဲ့ စွတ်စို ထိုင်းမှိုင်းဖြစ်နေ မှုတွေကို သယ်ဆောင် သွားပါလိမ့်မယ်။

(၂) ဒဏ်ရာတွေ ရလာတဲ့ အခါ ကြပ်ထုပ်ထိုးလို့ ရတယ်

ထိခိုက် ဒဏ်ရာတွေ ရတယ်ဆိုရင် ဆန်ကို အ၀တ် သန့်သန့် လေးထဲကို ထည့်ပြီး အလုံးလေး ဖြစ်သွားအောင် ကြိုးနဲ့ စည်းလိုက်ပါ။ ပြီးရင် ပေါင်မုန့်ကင်တဲ့ စက်ထဲမှာ စက္ကန့် သုံးဆယ်လောက် ထားပါ။ ပြီးတာနဲ့ ဒဏ်ရာ ရထားတဲ့ နေရာတွေမှာ ကြပ်ထုပ် သဘောမျိုး သုံးကြည့်ပါ။ မကြာခင်မှာ သက်သာ သွားပါလိမ့်မယ်။

အအေးနည်းနဲ့ ထိုးချင်တယ်ဆိုရင်လည်း ရေခဲ သေတ္တာထဲမှာ ဆယ်မိနစ်လောက် ထည့်ထားပြီး ဒဏ်ရာတွေပေါ်ကို တင်ပေးပါ။ ခဏချင်း သက်သာ သွားမှာပါ။

(၃) ဖုန်းစသည်တို့ ရေစိုတဲ့ အခါ



ဖုန်းတွေ ရေစိုတဲ့ အခါ အစိတ် အပိုင်း များကို လျှင်မြန်စွာ ဖြုတ်ပြီး ဆန်ထဲကို မြှုပ်ထား လိုက်ပါ။ ဆန်က ရေနဲ့ စွတ်စို ထိုင်းမှိုင်း မှုတွေကို မိနစ် 30 လောက် အတွင်း ပြေပျောက် စေပါလိမ့်မယ်။

(၄) လည်ရှည်ဖန်ပုလင်းများ သန့်ရှင်းစေလိုလျှင်

တစ်ချို့က ပုလင်းတွေကို သန့်ရှင်းစေလိုတဲ့ အခါ ကျောက်ခဲ သေးသေးလေးတွေနဲ့ ရေနဲ့ ထည့်ပြီး ဆေးကြောကြပါတယ်။ ဆန်ကိုလည်း အဲဒီ နည်းအတိုင်း သုံးနိုင်ပြီး ချောင်ကျို ချောင်ကြားမှာ ကပ်နေတဲ့ အညစ်အကြေး တွေကိုတောင် ဖယ်ရှားပေး နိုင်ပါတယ်။

source : rd.com

From : SHWEMOM by မဒီလေး (Shwemom)

Originally published at - http://www.shwemom.com/household-uses-for-rice/

No comments:

Post a Comment