ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, August 5, 2016

အစာမကြေ ရင်ပြည့် ရင်ကယ် ချိန်တွင် စားသင့်တဲ့ အစားအစာများ




သင်္ဘောသီး

သင်္ဘောသီးဟာ အစာ ချေဖျက် ရာမှာ အကူ အညီပေးတဲ့ Papain ခေါ် အင်ဇိုင်းမ် တစ်မျိုး ပါဝင် တာကြောင့် အစာ မကြေတဲ့ အခါမျိုးမှာ စားပေး နိုင်ပါတယ်။

ပူစီနံ

ပူစီနံရွက်က အစာအိမ်နဲ့ အူတွင်း ကြွက်သား တွေကို သန်မာစေပြီး အစာ ချေဖျက် စွမ်းရည်ကို မြှင့်တင် ပေးနိုင် ပါတယ်။ အစာ မကြေ ရင်ပြည့် နေချိန်မှာ ပူစီနံရွက် ပါတဲ့ ဖျော်ရည် မျိုးကို သောက်သုံးနိုင်ပါတယ်။

ကရဝေးစေ့

အိန္ဒိယစတိုင် စားသောက်ဆိုင်တွေမှာ ဖန်ပုလင်းနဲ့ ထည့်ပြီး စားပွဲတိုင်းမှာ ထားလေ့ရှိတာကတော့ ကရဝေးစေ့ပဲ ဖြစ်ပါတယ်။ ကရဝေးစေ့မှာ ပါဝင်တဲ့ အဆီဓါတ်တွေဟာ အစာချေစနစ်နဲ့ အစာချေလမ်းကြောင်းကို သက်တောင့်သက်သာရှိစေပါတယ်။

ဂျင်း

ဂျင်းဖျော်ရည်ဟာလည်း အစာအိမ်နာတာတွေကို သက်သာစေပါတယ်။ အစာချေလမ်းကြောင်းကို ရှင်းလင်းပေးတာကြောင့် ချောမွေ့စေပြီး အော့အန်ခြင်းတွေ သက်သာစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးဟာ အနံ့အရသာလည်းရှိပြီး အစာချေစနစ်ကိုလည်း အထောက်အကူဖြစ်စေတာကြောင့် ကလေးငယ်တွေ အစာမကြေတဲ့အခါ ကျွေးနိုင်ပါတယ်။ အမျှင်ဓါတ်နဲ့ သကြားဓါတ်တွေ ပါဝင်တာကြောင့် ရေဓါတ်ဖြည့်တင်းပေးရာမှာလည်း အကူအညီပေးတာကြောင့် ဗိုက်အောင့်အော့အန်တာတွေကို သက်သာစေပါတယ်။

Ref : MSN

Originally published at - http://health.thithtoolwin.com/2016/07/blog-post_45.html

No comments:

Post a Comment