ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, December 1, 2015

ကင်ဆာကြောင့် ကလေးတွေ သေဆုံးမှု နှုန်း ဆယ်စုနှစ် တစ်ခုအတွင်း ကျဆင်းလာ




ကင်ဆာ ရောဂါကြောင့် ကလေးငယ် တွေရဲ့ သေဆုံးမှု နှုန်းထား အရေ အတွက်ဟာ ပြီးခဲ့တဲ့ ၁၀ စု နှစ် တစ်ခု အတွင်းမှာ ၂၁ ရာခိုင်နှုန်းခန့် အထိ ကျဆင်း သွားခဲ့ တယ်လို့ သိရ ပါတယ်။

ဗြိတိန်နိုင်ငံက ကင်ဆာ သုတေသန ဌာနက ထုတ်ဖော် ပြောပြ ခဲ့တာက ၂၀၁၄ ခုနှစ် တုန်းက ကင်ဆာ ရောဂါကြောင့် ကလေးငယ် ၂၆၀ ခန့်သာ သေဆုံး ခဲ့ပြီး ၂၀၀၄ ခုနှစ် တုန်းကတော့ ၃၃၀ ခန့် အထိ သေဆုံးမှု နှုန်း ရှိခဲ့ ပါတယ်။

တစ်ကယ်တော့ ကလေးကင်ဆာ ရောဂါဟာ ကုသဖို့အတွက် အရမ်းခက်ခဲတဲ့အတွက် ကုသအောင်မြင်ဖို့ဆိုတာ အခွင့်အလမ်းနည်းလွန်းပါတယ်။

အသက် ၁၄ နှစ် အရွယ်နဲ့ အောက်မှာရှိတဲ့ ကလေးငယ် တွေရဲ့ ကင်ဆာရောဂါ အားလုံးကြောင့် သေဆုံးမှု နှုန်းထားဟာ ၂၀၀၄ ခုနှစ်မှာတုန်းက လူဦးရေ ၁ မီလျံမှာ အယောက် ၃၀ ခန့်ရှိခဲ့ပါတယ်။

ဒီကနေ့မှာတော့ လူဦးရေ ၁ မီလျံမှာ ၂၃ ယောက်ခန့်အထိ လျော့ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း ကလေးငယ် ၁၅၀၀ ခန့်ဟာ ကင်ဆာရောဂါ အတွက် ကုသမှု ခံယူနေရပါတယ်။ ၁၉၆၀ ခုနှစ်က စတင်ပြီး ကင်ဆာရောဂါကနေ ပြန်လည် ရှင်သန် ကောင်းမွန်လာမှု က ၃ ဆ မြင့်တက်လာခဲ့တယ်ဆိုပေမယ့်လည်း ဗြိတိန်နိုင်ငံမှာတော့ အပတ်စဉ် ကလေးငယ် ၅ ယောက်ခန့်ဟာ သေဆုံးနေဆဲ ပဲ ဖြစ်ပါတယ်။

"ငါတို့ဟာ လူငယ် ပေါင်းမြောက်များစွာ ကို ကင်ဆာရောဂါထံမှာ အရှုံးပေးလိုက်ရပေမယ့် အများကြီး ကယ်တင်ဖို့ ကျန်နေပါသေးတယ်။

ကုသမှု ကို ကန့်သတ်ထားတဲ့ ကလေးငယ် ကင်ဆာရောဂါတွေလည်း အများကြီးရှိနေပါသေးတယ်။

ဥပမာ ဦးနှောက်နဲ့ အရိုး အသားပို လိုမျိုးပေါ့။" လို့ ဘာမင်ဂမ်မြို့မှာရှိတဲ့ ကင်ဆာသုတေသန ဌာနရဲ့ ဒါရိုက်တာ ဖြစ်သူ ပရော်ဖက်ဆာ Pam Kearns က ဆိုလိုက်ပါတယ်။

Ref : Mirror

Original link - http://health.thithtoolwin.com/2015/11/blog-post_43.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment