
နွားနို့နဲ့ ဓါတ်မတည့်တဲ့ ကလေးငယ်လေး တွေဟာ တခြား အစား အစာတွေနဲ့ ဓါတ်မတည့်တဲ့ ကလေးငယ် တွေထက် အရိုးအားနည်း တာတွေ ဖြစ်စေနိုင် တယ်လို့ သိရပါတယ်။
ကလေးငယ်တွေရဲ့ ၃ ရာခိုင်နှုန်းမှာ နွားနို့နဲ့ ဓါတ်မတည့်တဲ့ တာတွေ ဖြစ်နိုင် တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဓါတ်မတည့်မှုတွေကို ကုသဖို့ကတော့ အရိုးတွေကို သန်မာစေတဲ့ ကယ်လ်စီယမ်ဓါတ်တွေ အပြည့်အ၀ပါတဲ့ နွားနို့နဲ့ နို့ထွက်အစားအစာတွေကို မစားစေတော့တာပဲဖြစ်ပါတယ်။
လေ့လာချက်တွေအရ အရိုးသိပ်သည်းဆနဲ့ နွားနို့ဓါတ်မတည့်မှုတွေကြား တိုက်ရိုက်သက်ရောက်မှုမရှိတာကို တွေ့ရှိရပါသတဲ့။
အသက် ၃ နှစ်အရွယ် ကလေးငယ်တွေအများစု ၈၇ရာခိုင်နှုန်းခန့်ဟာ နွားနို့နဲ့ဓါတ်မတည့်ကြပါဘူးတဲ့။ ဒါပေမယ့် လေ့လာချက်တွေအရ ၁၅ရာနှုန်းလောက်ကသာ ဆယ်ကျော်သက်အရွယ်အထိ ဒီလိုဓါတ်မတည့်တာတွေ ဖြစ်တတ်ကြတယ်လို့ အစီရင်ခံစာတစ်ချို့မှာ ဖော်ပြထားပါတယ်။
အချိန်အကြာကြီး နွားနို့နဲ့ဓါတ်မတည့်ဘဲ ကြီးပြင်းလာတဲ့ ကလေးငယ်တွေမှာတော့ အရိုးသိပ်သည်းဆအားနည်းမှုတွေနဲ့ ချိတ်ဆက်မှုရှိနိုင်ပါသတဲ့။
ကိုယ့်ကလေးငယ်က နွားနို့နဲ့ဓါတ်မတည့်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ?
“ မိဘတွေအနေနဲ့ ကလေးတွေရဲ့ နေ့စဉ်အဟာရအစားအစာတွေထဲမှာ တခြားကယ်လ်ဆီယမ်ဓါတ် ရစေမယ့် အစားအစာတွေကို စားသုံးဖို့ အားပေးသင့်ပါတယ်။ ပဲနို့၊ သစ်ချစေ့ သို့ ဆန်ကထုတ်လုပ်ထားတဲ့ နို့ နဲ့ ကယ်လ်ဆီယမ်ပါတဲ့ လိမ္မော်သီးဖျော်ရည်တွေကို အစားထိုး တိုက်ကျွေးသင့်တယ်ပါတယ် “ လို့ Miami ရှိ Nickllaus Children’s Hospital မှ ဒါရိုက်တာ Dr. Luis Gonzalez-Mendoza က ပြောပြပေးထားပါတယ်။
Ref : UPI
Originally published at - http://health.thithtoolwin.com/2016/04/blog-post_30.html

No comments:
Post a Comment