ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 25, 2015

မိခင်ဗိုက်ထဲရှိစဉ် ဆေးခြောက် ထိတွေ့မှု ရှိသော ကလေးများက အမြင်အာရုံ ပိုကောင်း




သားအိမ်ထဲမှာ ရှိစဉ် ဆေးခြောက်နဲ့ အထိ အတွေ့ရှိတဲ့ ကလေးတွေဟာ အသက် ၄နှစ် အရွယ်ရောက်လာတဲ့ အခါမှာ အမြင်အာရုံ ပိုကောင်းကြောင်း လေ့လာမှု အသစ် တစ်ရပ်အရ ထုတ်ဖော် ခဲ့ပါတယ်။

ဒါပေမဲ့ ဆေးခြောက်ဟာ သန္ဓေသား ဖွံ့ဖြိုးမှုကို အကျိုး မရှိစေဘူး ဆိုတဲ့ ရလဒ်တွေ ကိုတော့ သိပ္ပံပညာရှင်တွေက သတိပေး ခဲ့ပါတယ်။ ဆေးခြောက် အထိအတွေ့ ရှိခဲ့တဲ့ အတွက် လှုပ်ရှားနေတဲ့ အရာဝတ္ထုတွေ အပေါ် ကလေး တစ်ယောက်ရဲ့ အမြင်အာရုံက ပိုကောင်း သွားတယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေ အပေါ် အံ့အားသင့် ခဲ့ရကြောင်း ဝါတာလူး၊ အာ့ခ်လန်းဒ်၊ ဘရောင်း တက္ကသိုလ် များမှ သုတေသီ အဖွဲ့က ဝန်ခံခဲ့ပါတယ်။

"ဒီ ကနဦးရှာဖွေ တွေ့ရှိချက် တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အံ့အားသင့်ခဲ့ရတယ်။ ဆေးခြောက်နဲ့ အရက်ဟာ ဦးနှောက်ထဲမှာ ဖြစ်ပျက်နေတဲ့ အမြင်အာရုံလုပ်ဆောင်ချက်တွေရဲ့ ဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိတယ်လို့ ပြသတာပါ။

ဆေးခြောက်က ဦးနှောက်ရဲ့ အမြင်အာရုံစနစ်ကို ဖွံ့ဖြိုးစေတဲ့ အကျိုးရလဒ်ကို ဖြစ်စေပေမဲ့ ဆေးခြောက်အသုံးဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို တကယ်ပဲထိခိုက်စေတယ်လို့ တခြားသုတေသနရပ်တွေက ပြသထားပါတယ်။" လို့ ဝါတာလူး တက္ကသိုလ်မှ ပါမောက္ခ Ben Thompson ကပြောခဲ့ပါတယ်။

သုတေသီတွေက အသက် ၄နှစ်အရွယ် ကလေးအုပ်စုရဲ့ သန္ဓေသားဘဝတွင် ဆေးခြောက်၊ အရက်၊ မီးသိုင်း အဖက်တမင်း၊ နီကိုဒင်းစတာတွေကို မိခင်ဗိုက်ထဲမှာ ထိတွေ့ခဲ့မှု ပုံစံအမျိုးမျိုးကို လေ့လာစမ်းစစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/11/blog-post_33.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment