ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, December 3, 2015

မိဘ ထက်ဝက်ကျော်ဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးကို လျစ်လျူရှု




ဗြိတိန်မှာရှိတဲ့ မိဘတွေ ထက်ဝက်ကျော်ဟာ သူတို့ ကလေးတွေရဲ့ စိတ်ဖိစီးမှု၊ သောက သို့မဟုတ် စိတ်ဓာတ်ကျမှု စတာတွေ အပေါ် လျစ်လျူ ထားကြတယ်လို့ သုတေသန သစ်တစ်ရပ်က ဖော်ပြပါတယ်။

မိဘပေါင်း ၁၁၀၀ ကျော်ကို လေ့လာ စမ်းစစ် ခဲ့တာဖြစ်ပြီး သူ့တို့အနက်က ၅၅ ရာခိုင်နှုန်းဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘာပြောရ မှန်း မသိတာကြောင့် ကလေးတွေရဲ့ စိတ်ကျန်းမာရေး အကြောင်းကို ဘယ်တုန်း ကမှ မပြော ခဲ့ဘူးလို့ ဆိုပါတယ်။

"စိတ်ကျန်းမာရေး" ဟာ အရေးကိစ္စ တစ်ခု မဟုတ်တာကြောင့် ပြောနေ စရာမလိုဘူးလို့ ၄င်း မိဘတွေရဲ့ ထက်ဝက်ကျော်ဟာ ထင်ခဲ့ကြောင်း ပြောခဲ့ပါတယ်။

မကြာသေးမီက လေ့လာ စမ်းစစ်ချက်တွေ ကလည်း ၄နှစ်ဝန်းကျင် ကလေးတွေမှာ စိတ်ဓာတ်ကျခြင်း၊ သောက တက်ခြင်း အပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ကြောင်း ပြသ ထားပါတယ်။

ဒီအကြောင်း အရာနဲ့ ပတ်သက်ပြီး ရှောင်ပုန်း မနေကြဖို့ လူတွေကို ပရဟိတအဖွဲ့အစည်းတွေ ကနေ တိုက်တွန်း ထားပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/12/blog-post_69.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment