ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, February 12, 2016

ကြက်ဥသည် ကလေးများအတွက် အကောင်းဆုံး နံနက်စာဖြစ်




ဝါရှင်တန်၊

အမေရိကန် နိုင်ငံ Pennsylvania တက္ကသိုလ်မှ ဆေးဘက် ဆိုင်ရာ သုတေသန ပညာရှင်များ၏ လေ့လာ တွေ့ရှိချက် အရ ကြက်ဥသည် ကလေးများ အတွက် ကြာရှည်စွာ အဆာ ခံနိုင်သည့် အရာ တစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုတေသန ပညာရှင် များ၏ လေ့လာ တွေ့ရှိချက် များတွင် ကြက်ဥကို နံနက်စာ အဖြစ် စားသုံး ခြင်းက အခြား ဂျုံ၊ ပြောင်းနှင့် ဆန် ပြုတ်ကို စားခြင်းထက် ပိုမိုကောင်း မွန်ကြောင်း သိရသည်။

သုတေသန ပညာရှင် များက ပရိုတိန်းဓာတ် ကြွယ်ဝသော အစား အစာများကို စားသုံးခြင်းက ကလေး ငယ်များ အနေဖြင့် နေ့လယ် အစာစား ချိန်တွင် ကယ်လိုရီ အနည်းငယ်သာ ရရှိကြောင်း တွေ့ရသည်။

ယင်းမှာ အဝလွန်ခြင်းကို ကာကွယ် ပေးနိုင်ရန် အတွက် အထောက် အကူပေးသည်။

Eating Behaviours ဂျာနယ် တွင် ဖော်ပြချက် အရ သုတေသန ပညာ ရှင်များသည် ရှစ်နှစ်မှ ၁ဝ နှစ် အတွင်း ကလေး အယောက် ၄ဝ ကို လေ့လာ ခဲ့ကြပြီး ကလေးငယ် များကို ကယ်လို ရီ ၃၅ဝ ခန့်ရှိသည့် ဂျုံ၊ ပြောင်း၊ ကြက် ဥနှင့် ဆန်ပြုတ် တို့ကို စားသုံးစေပြီး နေ့လယ်စာ မစားမှီ ရုပ်ပိုင်းဆိုင်ရာ ကစားနည်း များကိုလည်း ကစားစေ ခဲ့သည်။

ကြက်ဥစားသုံးသည့် ကလေး ငယ်များမှာ ကယ်လိုရီ ရာခိုင်နှုန်း ၇ဝ လျှော့ချ ပေးနိုင်သည်ကို တွေ့ရှိခဲ့ရ ကြောင်း သုတေသန ပညာရှင်များက ပြောကြားခဲ့သည်။

''ဒါဟာ သူတို့ရဲ့ နေ့စဉ် စားသုံး တဲ့ ကယ်လိုရီ ပမာဏရဲ့ လေးရာခိုင် နှုန်း ပြောင်းလဲ သွားတာကို တွေ့ရမှာ ဖြစ်တယ်''လို့ သုတေသန ပညာရှင် Tanja Kral က ပြောသည်။

Ref: Independent News

Yangon Media Group

Originally published at - https://www.facebook.com/yangonmediagroup


No comments:

Post a Comment