ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, January 6, 2016

ရင်သွေးတွေကို ဘယ်အချိန်မှာ စပြီး ဖြည့်စွက်စာ ကျွေးသင့် သလဲ?




အသက် ၄ လနဲ့ ၆ လအတွင်း မိမိကလေးငယ် အဆင်သင့် ဖြစ်တဲ့ အချိန်မှာ စပြီး ဖြည့်စွက်စာ ကျွေးလို့ ရပါပြီ။ အဲ့ဒီ မတိုင်ခင်တော့ မိခင်နို့ (သို့) နို့ဘူး က ကလေး အတွက် လိုအပ်သမျှ ကယ်လိုရီ နဲ့ အဟာရတွေ ကို ဖြည့်တင်း ပေးပါတယ်။

ဖြည့်စွက်စာ စားဖို့ အဆင်သင့်ဖြစ် မဖြစ် အောက်ပါ အချက်တွေကို ကြည့်ရူ စစ်ဆေးနိုင် ပါတယ်။

• ဦးခေါင်းကို တည့်မတ်စွာ ထားနိုင်ခြင်း - ကလေးငယ်ဟာ သူ့ဦးခေါင်းကို တည့်မတ်စွာဖြင့် ငြိမ်ငြိမ် ထားနိုင်ဖို့ လိုပါတယ်။

• အစာကိုပြန်ထွေး မထုတ်ခြင်း - ကလေးငယ်ဟာ ဖြည့်စွက်စာကို ပါးစပ်ထဲမှာ ထားပြီး ၀ါးစားနိုင်ဖို့ အတွက် လျှာကို အသုံးပြုကာ အစာတွေကို ပါးစပ်ထဲမှ ပြန်ထွေး မထုတ်ဖို့ လိုအပ် ပါတယ်။

• နောက်မှီ ကူရှင်ဖြင့် ကောင်းကောင်း ထိုင်နိုင်ခြင်း - ကလေးငယ်ဟာ ခုံအမြင့်နဲ့ ထိုင်ဖို့ အဆင်သင့် မဖြစ်သေးရင် အစာကို ကောင်းကောင်း မြိုချနိုင်ဖို့ အနည်းဆုံး နောက်မှီ ကူရှင်နဲ့တော့ ကောင်းကောင်း ထိုင်နိုင်ဖို့ လိုအပ် ပါတယ်။

• ကိုယ်အလေးချိန် တိုးလာခြင်း - ကလေး အများစုဟာ ဖြည့်စွက်စာ ကျွေးဖို့ဆိုရင် သူတို့ မွေးစဉ်က ကိုယ်အလေး ချိန်ထက် နှစ်ဆဖြစ် လာဖို့လိုပြီး အနည်းဆုံး အသက် ၄ လ ရှိရ ပါမယ်။

• အစားအသောက် ပိုစားလိုခြင်း - ကလေးငယ်သည် မိခင်နို့ သို့ ဖော်မြူလာ(နို့ဘူး) ကို ၈ ကြိမ် မှ ၁၀ ကြိမ် သောက်သုံးသော်လည်း ဆာလောင်နေ တတ်တယ်လို့ ထင်ရပါမယ်။

• လူကြီးတွေ ဘာစားလဲ ဆိုတာ စိတ်ဝင် စားလာခြင်း - ကလေးငယ်ဟာ လူကြီးတွေ ပုဂံထဲက အစားအသောက်ကို စိုက်ကြည့် နေတတ်ပြီး လက်နဲ့ လှမ်းဆွဲယူ တတ်လာမည်။

Ref : Baby Centre

Originally published at - http://health.thithtoolwin.com/2016/01/blog-post_1.html


No comments:

Post a Comment