ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, June 2, 2017

တက်တူးအသစ်နဲ့ ရေကူးသူ ဘက်တီးရီးယား ၀င်ပြီး သေဆုံး




အသက် ၃၁ နှစ် အရွယ် အမည် မဖော်ပြသူ အမျိုးသား တစ်ဦးဟာ တက်တူး အသစ် ထိုးထားပြီး မက္ကဆီကို ပင်လယ်ကွေ့ အတွင်း ရေဆင်းကူး ရာက အသား စားတဲ့ ဘက်တီးရီးယားနဲ့ ထိတွေ့ မိပြီး သေဆုံး သွားခဲ့ကြောင်း သိရှိ ရပါတယ်။

အဆိုပါ အမျိုးသားရဲ့ သေဆုံးမှု သတင်းကို ဗြိတိသျှ ဆေးပညာ ဂျာနယ်က ဖော်ပြ ခဲ့တာ ဖြစ်ပြီး ရေဆင်း မကူးခင် ငါးရက်က ညာဘက် ခြေသလုံးမှာ တက်တူး အသစ် တစ်ခု ထိုးခဲ့ ပါတယ်။

ရေကူးပြီး နောက်ပိုင်းမှာ ၄င်း အမျိုးသားဟာ ဖျားနာပြီး သေဆုံး ခဲ့တာ ဖြစ်ပါတယ်။ ဆေးရုံ ပို့ချိန်မှာ တက်တူး ထိုးတားတဲ့ နေရာက ယောင်ယမ်းပြီး အခြေအနေ ဆိုးရွားနေ တာကိုလည်း တွေ့ရှိခဲ့ ရပါတယ်။

ဆေးရုံမှာ အသက်ကယ်ကိရိယာ အကူအညီနဲ့ နှစ်ပတ်ခန့် အသက်ရှင်ခဲ့ပြီးနောက် ကျောက်ကပ်ပျက်စီးပြီး သေဆုံးသွားခဲ့ပါတယ်။

အခုလိုသေဆုံးမှုဟာ ကာယကံရှင်အနေနဲ့ နှစ်ပေါင်းများစွာ အရက်သောက်သုံးခဲ့တာကြောင့်လည်း ပါကြောင်း ဆရာဝန်တွေက ဆိုပါတယ်။

သေဆုံးသူဟာ ဘယ်နိုင်ငံသား ဖြစ်တယ်ဆိုတာကို သတင်းတွေက မဖော်ပြခဲ့ပါဘူး။ သူကူးစက်ခံခဲ့ရတဲ့ ဘက်တီးရီးယားပိုး ကြောင့် အမေရိကန်မှာ နှစ်စဉ်လူ ၈ သောင်းခန့် ဖျားနာပြီး လူ ၁၀၀ ခန့် သေဆုံးနေပါတယ်။

အမေရိကန် ရောဂါတားဆီးထိန်းချုပ် ရေးအဖွဲ့ရဲ့ဖော်ပြချက်အရ အနာကို ပင်လယ်ရေထိတွေ့မှု၊ မကျက်တဲ့အသား စားသုံးမှုတွေကြောင့် အဲဒီ ရောဂါပိုး ကူးစက် ခံရနိုင်ကြောင်း သိရှိရပါတယ်။

From : Myanmar Cable News

Originally published at - http://www.mcntv.biz/news/international-news/37606/

No comments:

Post a Comment