ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, November 25, 2015

ကိုယ်ဝန်ဆောင်စဉ် သင့်တင့် မျှတတဲ့ ကဖိန်းဓါတ် မှီဝဲမှုဟာ ကလေးငယ်ရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်




ကော်ဖီ ကြိုက်တဲ့ မိခင်လောင်းတွေ အတွက် စိတ်ပျက် အားလျော့ စရာမရှိ တော့ပါဘူး။ လေ့လာ တွေ့ရှိချက် အသစ်အရ သင့်တင့် မျှတတဲ့ ကဖိန်းဓါတ် စားသုံးမှုဟာ ကိုယ်ဝန်ဆောင်စဉ် အတွင်း ကလေးငယ်ရဲ့ ဥာဏ်ရည် ဥာဏ်သွေးနဲ့ အပြုအမူ ဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကို မထိခိုက်နိုင် ဘူးလို့ သိရှိရ ပါတယ်။

ဒီတစ်ပတ်ထုတ် American Journal of Epidemiology ဂျာနယ်မှာ ဖော်ပြချက်အရ Nationwide Children's Hospital က သုတေသီတွေက ကြေညာခဲ့တာဖြစ်ပါတယ် -

တစ်နေ့ကို ကော်ဖီ တစ်ခွက် သို့ နှစ်ခွက်သောက်သုံးခြင်းဟာ ကလေးငယ်တွေ အပြုအမူပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ သို့ အ၀လွန်ခြင်းတွေ ဆက်စပ်နေတဲ့ ထင်ရှားတဲ့အချက်အလက်တွေ မရှိဘူးလို့ဆိုပါတယ်။

“တစ်နေ့မှာ ကော်ဖီ တစ်ခွက်ဒါမှ မဟုတ် နှစ်ခွက်သောက်လေ့ ရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ သင့်တင့် မျှတတဲ့ ကဖိန်းဓါတ် စားသုံးမှုရှိတဲ့ အတွက် အန္တရာယ် မဖြစ်နိုင်ဘူး ဆိုတာ သေချာတဲ့ ရလဒ်တွေကို တွေ့ရှိခဲ့ ပါတယ် “ လို့ Center for Biobehavioral Health at the Research Institute at Nationwide Children's Hospital မှ သုတေသနမှူး Dr. Sarah Kleim က ထုတ်ဖော်ရှင်းလင်းထားတာဖြစ်ပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/11/blog-post_91.html

ဒီပို့စ်လေးကို သဘောကျရင်
လုပ်ပေးခဲ့နော်။

No comments:

Post a Comment