ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, August 25, 2016

မိခင်နို့ ပြည့်ဝစွာရရှိသော ကလေးများ အဝလွန်ခြင်း၊ အလာ့ဂျစ်၊ ပန်းနာ ရင်ကျပ်နှင့် ဆီးချို ဖြစ်နိုင်ခြေ နည်း




မွေးစမှ မိခင်နို့ ပြည့်ဝစွာ ရရှိသော ကလေး ငယ်သည် ကြီးပြင်း လာသော အခါ အခြား ကလေးငယ် များနှင့် နှိုင်းယှဉ်ပါက အဝလွန်၊ အလာ့ဂျစ်၊ ပန်းနာရင် ကျပ်နှင့် ဆီးချို ရောဂါ ဖြစ်ပွား နိုင်ခြေ နည်းပါးကြောင်း ဆရာဝန် ကြီးများက ပြောသည်။

‘‘မွေးကင်းစ အရွယ်မှာ အမေနို့ပဲတိုက်မယ်။ တခြားဟာ တွေမတိုက်ဘူးဆိုရင် ကလေးက ကိုယ်ခံအားလည်း ကောင်းမယ်။ လိုအပ်တဲ့ အာဟာရရတယ်။ အချို ဓာတ် မကျဘူး။ ကလေး အသားဝါတာ တွေလည်း သက် သာမယ်။

ပြီးတော့ မွေးစကနေ မိခင်နို့ပြည့်ဝစွာ သောက်ရတဲ့ ကလေးငယ်ဟာ မိခင်နို့မသောက် ရတဲ့ ကလေးတွေနဲ့ယှဉ်လို့ရှိရင် သူတို့ကြီးလာတဲ့အခါမှာ အဝလွန် ရောဂါတို့ အဲဒီနို့မှုန့်သောက်တဲ့ ကလေးတွေမှာ ဖြစ်တဲ့ ဓာတ်မ တည့်ရောဂါလိုပေါ့ အလာ့ဂျစ်နဲ့ ပန်းနာရင်ကျပ်မဖြစ်ဘူး။

နောက်ဆိုးတာက သူတို့ဆို ဆီးချိုဖြစ်နိုင် ပေမယ့် မိခင်နို့သောက်တဲ့ ကလေးတွေမှာ ဆီးချိုဖြစ်တာတွေ အရမ်းနည်းတယ်’’ဟု ဗဟိုအမျိုးသမီး ဆေးရုံကြီး မွေးကင်းစ ကလေး အထူး ကြပ်မတ်ကုသဌာနမှ တာဝန်ခံဆရာဝန်မကြီး ပါမောက္ခနန်းစမ်းစမ်းအေးက ပြောသည်။

မွေးစအရွယ်မှ အသက် ခြောက်လအထိ မိခင်နို့သောက် သုံးသော ကလေးငယ်များသည် ဖြည့်စွက်စာ စားသုံးသော အခြား ကလေးများနှင့် နှိုင်းယှဉ်ပါက ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါများ ဖြစ်ပွားနိုင်ခြေ နည်းပါးကြောင်း သိရသည်။ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့က ကလေးငယ် များကိုမွေးစမှ အသက်ခြောက်လ အထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးရန် လမ်းညွှန်ချက်များ ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ကလေးငယ်များ၌ အကျိုးကျေးဇူးရရှိနိုင်ခြင်းအပြင် မိခင်များတွင်လည်း နို့တိုက်ကျွေး ခြင်းအားဖြင့် ကလေးငယ်ပါးစပ် မှ မိခင်နို့စို့စဉ် အောက်ဆီတိုဂျင်ဆိုသည့် ဟော်မုန်းထွက်လာပြီး နို့ ရည်ထွက်စေကာ သားအိမ်များပါ ကျုံ့ဝင်ပြီး သားအိမ်ဝပ်စေသော ကြောင့် သွေးသွန်ခြင်းမှ သက် သာစေခြင်းအပြင် အလွန်ဆိုးရွား သော သားအိမ်ကင်ဆာ၊ ရင်သား ကင်ဆာ ဖြစ်ပွားမှုများမှလည်း ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း သားဖွားမီးယပ်ဆရာဝန်ကြီးများ က ပြောသည်။

‘‘သူက သားအိမ်ကိုချပ်ရပ် ပြီးတော့ နဂိုနေရာ ပြန်ရောက် သွားတဲ့အတွက်ကြောင့်မို့ တစ် သားမွေး၊ တစ်သွေးလှ ကျန်းမာ ရေးကောင်းတယ်။ နောက်ဆုံးကျ တော့ အရမ်းဆိုးရွားတဲ့ သားအိမ် ကင်ဆာတို့၊ ရင်သားကင်ဆာတို့ က မိခင်နို့တိုက်တဲ့ အမေတွေမှာ ဖြစ်ဖို့ တော်တော်နည်းပါတယ်’’ ဟု သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင်က ပြောသည်။

၂၀၁၅ တွင် Alive & Thrive အဖွဲ့နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းဆောင် ရွက်ခဲ့သော သုတေသနသစ်အရ မြန်မာနိုင်ငံရှိ မိခင်အားလုံးနီးပါး သည် မိခင်နို့တိုက်ကျွေးကြသော် လည်း အသက်ခြောက်လပြည့် ချိန်အထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခံရသည့် အရေအတွက်မှာ ၂၄ ရာခိုင်နှုန်းသာရှိပြီးကမ္ဘာလုံးဆိုင်ရာ လျာထားချက်ဖြစ်သော ၅၀ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေကြောင်း သိရသည်။

မိခင်နို့ကို မှန်ကန်ကောင်း မွန်စွာ တိုက်ကျွေးခြင်းဖြင့် နှစ်စဉ် ကလေးငယ်ဦးရေ ၁,၆၃၆ ဦး အသက်ကို ကယ်တင်နိုင်၍ (၅)နှစ်အောက် ကလေးငယ် သေဆုံး နှုန်း
လျော့ကျ သွားခြင်း၊ ကျန်းမာ ရေးအသုံးစရိတ်တွင် ကန်ဒေါ် လာ ၃,၃၈၀,၁၀၀ သက်သာစေ နိုင်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောနှင့် အဆုတ်ရောင်အအေးမိရောဂါ ကုသစရိတ်များ လျှော့ချနိုင်ခြင်း အပြင် နို့မှုန့်ဝယ်ယူရန် မလိုအပ် ခြင်းကြောင့် လစဉ်ဝင်ငွေ၏ ၃၂ ဒသမ ၄ ရာခိုင်နှုန်း သက်သာစေ နိုင်ကြောင်း ၂၀၁၅ သုတေသန သစ်၌ ဖော်ပြထားသည်။

From : 7 day daily - By : ယမင်း

Originally published at - http://www.7daydaily.com/story/73735

No comments:

Post a Comment