ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, April 9, 2016

ကလေးငယ်တွေအတွက် အဆိုးဆုံး အစားအသောက်များ




သရေစာတွေ စားတာဟာ လူကြီးတွေထက် ကလေးငယ် လေးတွေမှာ ပိုပြီး ထိခိုက်မှုတွေ များပါတယ်။ ဘာလို့လည်း ဆိုတော့ ကလေးတွေဟာ ကယ်လိုရီ အများကြီး မလိုအပ် ပေမယ့် အာဟာရ ကိုတော့ အပြည့်အ၀ စားသုံးဖို့ လိုအပ် ပါတယ်။

သရေစာတွေမှာ ကယ်လိုရီ၊ သကြားဓါတ် သို့ ဆားတွေ အများကြီး ပါဝင်ပေမယ့် အာဟာရ ဓါတ်တွေကတော့ နည်းပါး လှပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကလေးငယ် လေးတွေကို ဘယ်လို အစားသောက် တွေကို ရှောင်ကြဉ် ကျွေးမွေး ရမလဲဆိုတာ ဖော်ပြ ပေးလိုက် ပါတယ်။

ဆိုဒါအအေးနဲ့ အချိုရည်များ

၇ လသားအောက် ကလေးငယ်လေးတွေကို ဆိုဒါလို အချိုရည်တွေ တိုက်ကျွေးနေကြတာဟာ မိသားစုပေါင်း ၉၀၀၀ ကျော်ရှိကြောင်းကို ၂၀၀၉ ခုနှစ် American Dietetic Association (ADA) ညီလာခံမှာ တင်ပြထားခဲ့ပါတယ်။

ဆိုဒါလို အချိုရည်တွေမှာ သကြားတွေအများကြီး ပါဝင်နေတာကြောင့် ကလေးငယ်လေးတွေရဲ့ သွားကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကလေးအတွက် တကယ်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုသာ အပြည့်အ၀ကျွေးနိုင်ဖို့ ဂရုပြုပြီး အချိုရည်နဲ့ အအေးတွေကို လျှော့တိုက်သင့်ပါတယ်။

Crackers ကရက်ကာ မုန့်ကြွပ်

မုန့်ကြွပ်တွေက ကလေးငယ်လေးတွေ အတွက် ကိုက်ရ၀ါးရ လွယ်ကူစေတဲ့ သရေစာဖြစ်ပေမယ့် အာဟာရပြည့်ဝတဲ့ အစားအစာမျိုးတော့ မဟုတ်ပါဘူး။ ပြီးတော့ ချိုတဲ့အရသာပါတဲ့ မုန့်ကြွပ်တွေက ကလေးတွေကို အချိုကြိုက်တတ်သွားစေနိုင်သလို အငံအရသာ မုန့်ကြွပ်တွေကတော့ အငံကြိုက်သွားစေနိုင်ပါတယ်။

ဒါကြောင့် ကလေးငယ်တွေအတွက် အစာပြေသရေစာ ၀ယ်တော့မယ်ဆိုရင် သကြားဓါတ်နည်းပါးပြီး သဘာဝအတိုင်း ပြုလုပ်ရောင်းချထားတဲ့ စားစရာများကိုသာ စိစစ်ရွေးချယ်ဝယ်ယူသင့်ပါတယ်။

Ref : Babycenter

Originally published at - http://health.thithtoolwin.com/2016/04/blog-post_84.html


No comments:

Post a Comment