
ကယ်လိုရီ မစားသုံး တာဟာ လေ့ကျင့်ခန်း ပြုလုပ် တာထက် ပိုပြီး ထိရောက် ပေမယ့်လည်း လက်တွေ့မှာတော့ ကိုယ့် ခန္ဒာကိုယ် အချိုးအစားကို ထိန်းသိမ်းနိုင်ဖို့ အတွက်တော့ ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်တာက ပိုမိုပြီး ထိရောက်ပြီး ဝိတ်ကျတယ်လို့ သိရပါတယ်။
၃၅၀ဝကယ်လိုရီဟာ (၁ပေါင် (ဝ.၄၅ ကီလိုဂရမ်) ကိုယ်အလေး ချိန်နှင့်ညီမျှပါတယ်။ အကယ်လို့များ တစ်ရက်ကို (၅၀ဝ)ကယ်လိုရီ လျော့သွား ပါက တစ်ပတ်လျှင် (၁) ပေါင် (၅၀ဝ ကယ်လိုရီ _ ၇ ရက် = ၃၅၀ဝ ကယ်လိုရီ)လျော့ကျသွားမှာပါ။
လူအတော်များများကတော့ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ကယ်လိုရီပမာဏတွေ ဖယ်ထုတ်ဖို့ ခဲယဉ်းတာကြောင့် အစားအသောက်ကို ထိန်းစားရ ခြင်းကိုပါ ပြုလုပ်ကြရပါတယ်။ဒါ့ကြောင့် ကယ်လိုရီလျော့စားသလိုပဲ လေ့ကျင့်ခန်းပါ တွဲဖက်ပြီး ပြုလုပ်တာက ဝိတ်ပိုကျစေပါတယ်။
ဒါ့ကြောင့် ကယ်လိုရီလျှော့စားတာကလည်း သင့်ရဲ့ ဝိတ်ကျမှုပေါ် အနည်းငယ်ထိရောက်ပေမယ့် အစားအစာကို ပုံမှန်စားသုံးပြီး လေ့ကျင့်ခန်းပြုလုပ်တာကတော့ သင့်ရဲ့ ခန္ဒာကိုယ်အလေးချိန်ကို သိသိသာသာအကျိုးထိရောက်မှုရှိနေတာပါ။
Ref : GoodHealth
Originally published at - http://health.thithtoolwin.com/2016/05/blog-post_17.html

No comments:
Post a Comment