ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, December 18, 2015

လျှပ်စစ် သံလိုက် စက်ကွင်း ကုထုံးဟာ ဦးနှောက်အကျိတ် ရောဂါတွေကို သက်သာ ပျောက်ကင်းစေနိုင်




သုတေသီ တွေဟာ သံလိုက် စက်ကွင်း တစ်မျိုးဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ခံစားနေရတဲ့ လူနာတွေ အတွက် ကုသမှု အသစ်ဖြစ်နိုင် တာကို လေ့လာတွေ့ရှိ ခဲ့ကြပါတယ်။

အကျိတ် ကုသရေး စက်ကွင်း - သိပ်သည်းဆ နည်းပြီး အလယ် အလတ်တန်းစား ကြိမ်နှုန်း လွှတ်ပေးတဲ့ သံလိုက် စက်ကွင်းတွေဟာ လူနာတွေကို ထိရောက်တဲ့ ကုသမှုပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပြီး University of Zurich မှ သုတေသီတွေဟာ Glioblastoma ဝေဒနာရှင်တွေကို စမ်းသပ် ကုသခဲ့တာဖြစ်ပါတယ်။

Glioblastoma ဆိုတာ ဦးနှောက် သို့ အာရုံကြောစနစ်မှာ ထိခိုက်စေတဲ့ အကျိတ်တစ်မျိုး လျင်မြန်စွာဖြစ်ပေါ်လာတာဖြစ်ပြီး ကုသဖို့ ခက်ခဲတဲ့အတွက် ဒီလိုရောဂါ စမ်းသပ်တွေ့ရှိပြီး ၁ နှစ် ၂ နှစ်အတွင်း သေဆုံးကြရတာဖြစ်ပါတယ်။

TTFields လို့ခေါ်တဲ့ သံလိုက်စက်ကွင်းကုထုံး ခံယူသူ လူနာတွေဟာ တစ်နေ့ကို ၁၈ နာရီကြာ ကုသခံရတာဖြစ်ပြီး “ ခုလို လေ့လာချက်အသစ်ကြောင့် ပြန်လည်ကျန်းမာလာနိုင်မယ့် ကောင်းကျိုးတွေ အများကြီး ဖြစ်ထွန်းလာပါတယ်” လို့ Duke University မှ သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ John Sampson က ရှင်းလင်းပြောကြားထားပါတယ်။

Ref : Upi

Original link - http://health.thithtoolwin.com/2015/12/blog-post_26.html


No comments:

Post a Comment