
ကြက်သွန်ဖြူ ကနေ ထုတ်လုပ် ထားတဲ့ ဖြည့်စွက် ဆေးဝါးတွေဟာ သွေးလွှတ်ကြောနဲ့ နှလုံးရောဂါ ဖြစ်ပွားမှု ရာနှုန်းတွေကို လျှော့ကျ စေနိုင်တယ် ဆိုတာကို လေ့လာတွေ့ရှိ ခဲ့ရပါတယ်။
သိပ္ပံပညာရှင်တွေ အဆိုအရ နေ့စဉ်ဖြည့်စွက် ဆေးဝါး စားသုံးသူတွေမှာ သွေးလွှတ်ကြော အတွင်းအညစ်ကြေးတွေ စုပုံမူ သိသိသာသာ လျော့ကျလာတာကို တွေ့ရှိ ရတယ်လို့ ပြောပါတယ်။
လေ့လာမူတွေ အရတော့ သုသေသန ပြုသူများဟာ ဇီဝဗေဒ လက္ခဏာတွေကို စစ်ဆေးထားတဲ့ နှလုံးရောဂါ စဖြစ်နိုင်တဲ့ လက္ခဏာတွေ့ရှိပြီး အသက် ၄၀ မှ ၇၅ နှစ်အတွင်း ရှိတဲ့ လူနာတွေကို စုဆောင်း ခဲ့ပါတယ်။
သွေးကြောများထဲတွင် ကယ်လ်ဆီယမ် အနည်ကျခြင်းနှင့် သွေးခဲများ စုပုံလာခြင်းကို တိုင်းတာပြီးနောက် သုသေသနပြု သူတွေက နေ့တိုင်း ကြက်သွန်ဖြူမှ ထုတ်လုပ် ထားတဲ့ ဖြည့်စွက်ဆေးဝါး ၂၄၀၀မီလီဂရမ် တိုက်ကျွေး ခဲ့ပါတယ်။
တစ်နှစ်ကျော်ကြာ သုသေသန ပြုပြီးနောက် ကြက်သွန်ဖြူမှ ထုတ်လုပ် ထားသောဖြည့်စွက်ဆေးဝါး သောက်သုံးတဲ့ သူတွေမှာ သူတို့ရဲ့သွေးကြော တွင်းရှိ သွေးခဲ များဖြစ်ပေါ်မူနှုန်း ၈၀ ရာခိုင်နှုန်း လျော့ကျ သွားတာကို တွေ့ရှိရပြီး ရှိနေတဲ့သွေးခဲတွေ ဟာလည်း လျော့ကျသွား တာကိုတွေ့ရှိရပါတယ်။
“ ဒီလေ့လာမှုက နှလုံးရောဂါ ဖြစ်ပွားစေတဲ့ သွေးခဲများ ဖြစ်ပေါ်ခြင်းကို ကာကွယ်ခြင်းနှင့် ရှိပြီးသား သွေးခဲများ တိုးပွားလာခြင်းကို လျော့ကျစေတဲ့ ဖြည့်စွက် အစားအစာရဲ့ ကောင်းကျိုးတွေကို ပြသလိုက်တဲ့ နောက်ထပ် စမ်းသပ်မှု တစ်ခုဖြစ်ပါတယ် “ လို့ LA BioMeduu မှ သုသေသန ပညာရှင် ဒေါက်တာ Matthew Budoff ကပြောပါတယ်။
လေ့လာမှုများကို အသေးစိတ်စစ်ဆေးရာတွင် သုသေသနပြုလုပ်သူများက ကြက်သွန်ဖြူမှ ထုတ်လုပ်ထားတဲ့ ဖြည့်စွက်ဆေးဝါးတွေဟာ သွေးပေါင်ချိန်နှင့်ကိုလက်စထရော ကိုလည်း လျော့ကျစေနိုင်ကြောင်း ထင်ရှားတဲ့ အချက်အလက်တွေ ကိုလည်း တွေ့ရှိခဲ့ ရပါတယ်။
Ref : Upi
Originally published at - http://health.thithtoolwin.com/2016/01/blog-post_44.html





No comments:
Post a Comment