ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, October 29, 2015

ရင်သားကင်ဆာကို ၁၅ မိနစ် အတွင်း ကုပေးနိုင်မယ့် လေဆာကုထုံး




ရင်သား ကင်ဆာကို ၁၅ မိနစ် အတွင်း ပျောက်ကင်းအောင် လေဆာနဲ့ ကုသလို့ ရတဲ့ထိ တိုးတက် မှုတွေ ရှိလာပါပြီ။ ရင်သားကို ဖယ်ထုတ် စရာ လုံးဝ မလိုတော့ပါဘူး။ အဲ့ဒီ အတွက်ကြောင့် ဆရာဝန်တွေဟာ အရမ်းကို စိတ်လှုပ်ရှား ရင်ခုန်နေ ကြပါတယ်။

အလင်း ကုထုံးဟာ အရေပြား ကင်ဆာ၊ အဆုတ်ကင်ဆာ အပါအဝင် ကင်ဆာ ၄မျိုးကို ပျောက်ကင်းအောင် ကုသနိုင် တယ်လို့ အတည်ပြုပြီး ဖြစ်ပါတယ်။

ရင်သားကင်ဆာကို ထိထိရောက်ရောက် ကုသနိုင်ဖို့ ကိုလည်း သိပ္ပံ ပညာရှင်တွေက စမ်းသပ် လုပ်ဆောင်နေ ကြပါတယ်။

အကျိတ်ပေါ်ကို လေဆာရောင်ခြည် တိုက်ရိုက် ထိုးပြီး အလင်းကို တုံ့ပြန်မှု ရှိအောင်လည်း ဆေးတစ်မျိုး သုံးထားမယ် ဆိုရင် ကင်ဆာကို သတ်နိုင် ပါတယ်။ အောင်မြင် သွားမယ် ဆိုရင် အကျိတ် ဘေးပတ်လည်က ရှိတဲ့ ကျန်းမာတဲ့ တစ်သျှူးတွေကို ထိခိုက်မှု မရှိစေပဲ ကုသနိုင် ပါလိမ့်မယ်။

ဒါဟာ လေဆာကုထုံးရဲ့ လှပသေသပ်မှုတစ်ရပ်ပါပဲ။

ကုသနည်းကတော့ အလင်းကိုတုံ့ ပြန်မှုရှိအောင် အကျိတ်ထဲကို ဆေးထိုးပြီး၊ ကင်ဆာကို သတ်ဖို့ အကြိတ်ကို လေဆာနဲ့ ခဏ တစ်ဖြုတ် ထိုးရမှာ ဖြစ်ပါတယ်။

Ref: Daily Mail

Original link - http://health.thithtoolwin.com/2015/10/blog-post_81.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment