ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, March 22, 2016

ကြက်ဥပြုတ်ကို အစိမ်းကဲ့သို့ ပြန်ဖြစ်အောင်လုပ်နိုင်သည့် စက်ကို ကင်ဆာရောဂါ ကုသရာတွင် အသုံးချ နိုင်ဖွယ်ရှိ




ဆစ်ဒနေ၊ မတ်၊ ၂၂

ပြုတ်ပြီးသား ကြက်ဥကို ပရိုတိန်း အပြည့်အ၀ ပါဝင်သည့် ကြက်ဥ အစိမ်း တစ်လုံးကဲ့သို့ ပြန်ဖြစ်အောင် လုပ်နိုင်သည့် စက်ကို ကင်ဆာရောဂါ ကုသရေးတွင် အရေးပါသည့် ကိရိယာ တစ်ခု အဖြစ် အသုံးပြုနိုင်ဖွယ် ရှိသည်ဟု ယင်းစက်ကို တည်ထွင် ခဲ့သူက ပြောကြား လိုက်သည်။

Vortex Fluidic Device (VFD) ဟုအမည်ရသော ယင်း အရည် အရှိန်မြှင့် နည်းပညာသုံး စက်ကို တည်ထွင် ခဲ့သူမှာ သြစတြေးလျ ဓါတုဗေဒ ပညာရှင် တစ်ဦးဖြစ်သည့် ပါမောက္ခ ကောလင်းရက်စ်တန် ဖြစ်သည်။

ပါမောက္ခကောလင်းရက်စ်တန်သည် သူ၏တည်ထွင်မှုအတွက် IG Noble ဆုဟုအမည်ရသော ရယ်ရွှင်ဖွယ်ကောင်း သော်လည်း လူအများအတွက်စဉ်းစားစရာဖြစ်စေသည့် တည်ထွင်ဖန်တီးမှုများကို ပေးအပ်သောဆုကို ၂၀၁၅ ခုနှစ်တွင် ရရှိထားသူလည်း ဖြစ်သည်။

ယခုအခါတွင်သူ၏ VFD စက်သည် CNTs ခေါ်ကာဗွန်နာနိုပြွန်ချောင်းငယ်လေးများကို တူညီသည့်အရှည်အတိုင်းအတာ တစ်ခုရအောင် အလွန်အတိ အကျ ပိုင်းဖြတ်ပေးနိုင်စွမ်း ရှိကြောင်းကိုပါ ပါမောက္ခကောလင်းရက်စ်တန်က ရှာဖွေ တွေ့ရှိခဲ့သည်။

ကာဗွန်နာနိုချောင်းငယ်လေးများသည် အချင်းအားဖြင့် အနည်းငယ်မျှသောနာနိုမီတာသာရှိသဖြင့် အလွန်သေးငယ်ကြကာ အံ့သြဖွယ်ဂုဏ်အင်္ဂါများကိုပိုင်ဆိုင်ထားသည်။

၎င်းတို့သည် သံမဏိထက်အဆ ၂၀၀ မာကျောကာ၊ ၅ ဆပိုမိုပျော့ပြောင်းပြီး ၊ ကြေးနီဝါယာများထက် ၅ ဆပိုမိုပြီးလျှပ်စစ် ဓါတ်ကူးနိုင်စွမ်းရှိကြသည်။

အဆိုပါနာနိုပြွန်ချောင်းငယ်လေးများကို ကင်ဆာကုသရာတွင် ဆေးဝါးများကိုအဓိကရောက်စေချင်သည့်နေရာသို့ အတိအကျရောက်အောင် အသုံးချ၍ရနိုင်သော်လည်း တူညီသည့်အရှည်အတိုင်းအတာနှင့် ဂုဏ်သတ္တိရှိသော နာနိုပြွန်ချောင်းငယ်လေးများဖန်တီးယူရန် မဖြစ်နိုင်ခဲ့သဖြင့် သိပ္ပံပညာရှင်များအနေဖြင့် အခက်တွေ့နေခဲ့ကြရသည်။

သို့သော်ယခုအခါတွင် VFD စက်က နာနိုပြွန်ချောင်းငယ်လေးများကို ၎င်းတို့၏ ဂုဏ်သတ္တိကို မထိခိုက်စေဘဲ တူညီသည့်အရှည်အတိုင်းအတာဖြင့်ထုတ်လုပ်ပေးနိုင်မည်ဟု ပါမောက္ခ ကောလင်းရက်စ်တန်က ပြောကြားလာသဖြင့် သူပြောသည့်အတိုင်းသာ မှန်ကန်မည်ဆိုပါက ကင်ဆာရောဂါကုသရာတွင် VFD စက်ကများစွာ အထောက်အကူပြု
နိုင်တော့မည်ဖြစ်သည်။

VFD စက်သည် ပြွန်အတွင်းတွင် အရည်များကိုအဆက်မပြတ်စီးဆင်းစေကာ အလွန်မြင့်မားသောအရှိန်ဖြင့် လည်ပတ်စေပြီး ဓါတ်ပြုမှုဖြစ်ပေါ်စေသည့် စက်တစ်မျိုးဖြစ်သည်။

ပါမောက္ခကောလင်းရက်စ်တန်သည် အဆိုပါစက်ဒီဇိုင်းကို ၂၀၁၀ ခုနှစ်က လော့စ်အိန်ဂျလိစ်မှ ဆစ်ဒနေသို့ ၁၅ နာရီကြာလေယာဉ်ခရီးစဉ်အတွင်းတွင် စိတ်ကူးထုတ်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

မဇ္ဈိမသတင်း by BBC

Originally published at - http://mizzimaburmese.com/article/12630


No comments:

Post a Comment