
မကြာခင် ကာလ မှာပဲ နှလုံးစက် တုနဲ့ ခန္ဓာ ကိုယ်တွင်း ထည့် အခြား စက်ကိရိယာ တွေကို ဘက်ထရီ ထည့်စရာ မလိုဘဲ ကိုယ်တွင်းက စွမ်းအင် တွေကို သုံးပြီး စက် လည်ပတ်အောင် လုပ်ဆောင် နိုင်တော့ မယ်လို့ သိရ ပါတယ်။
ဒါဟာ ကွန်နက် ကျူးဝက် တက္ကသိုလ်နဲ့ UCLA က သုတေသီ အဖွဲ့ ရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ လူ့ခန္ဓာ ကိုယ်တွင်းက အိုင်းယွန်း တွေကို သိုလှောင် နိုင်စွမ်းရှိ စွမ်းအင် အဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ ဇီဝဗေဒ ဆိုင်ရာ စူပါကက် ပစီတာ တစ်ခုကို မကြာသေး ခင်က ထုတ်ဖော်ပြသ ခဲ့ကြပါတယ်။
လက်ရှိမှာတော့ နှလုံးအတုစက်တွေလို ကိရိယာတွေက ဘက်ထရီ တွေနေရာမှာ တဖြည်းဖြည်းနဲ့အစားထိုးသွားမှာဖြစ်ပါတယ်။
သည်စူပါ ကက်ပစီတာဟာ လူ့ခန္ဓာကိုယ်တွင်းက အရည်တွေဖြစ်တဲ့ဆီး ဒါမှ မဟုတ်သွေးရည်ကြည် တွေထဲက လျှပ်စစ်ဓာတ်ရှိတဲ့ အမှုန်ငယ်လေး တွေနဲ့ အိုင်းယွန်းတွေကို အသုံးပြုပြီးတော့ အားသွင်းသွားမှာပါ။
သည်ကိရိယာကို ခန္ဓာကိုယ်ရဲ့ အရွှေ့စွမ်းအင်ကို လျှပ်စစ်အဖြစ် ပြောင်းလဲ ပေးနိုင်တဲ့ စွမ်းအင် စုပ်ယူစက်နဲ့ ချိတ်ဆက် ပေးနိုင် ပါတယ်။ သည်စူပါ ကက်ပစီတာကို ဂရပ်ဖင်း အပြင် အထူးပြုပြင် ထားတဲ့ လူ့ပရိုတိန်း အလွှာ တစ်ခုနဲ့ ပြုလုပ် ထားတာပါ။
စွမ်းအင်စုပ်ယူမှုတွေကို ဒီကက်ပစီတာတွေနဲ့ ပေါင်းစပ်လိုက်တာက ဘယ်တော့မှပြန်ပြီး အစားထိုးတပ်ဆင်လို့မရတဲ့ နှလုံးစက်တုကို အဆုံးမရှိတဲ့ စွမ်းအင်တွေပံ့ပိုးပေးမှာပါလို့ UCLA ရဲ့ ဘွဲ့လွန်သု တေသီ မဟာအယ်ကက်ဒီက သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာပြောပါ တယ်။
သည်ကက်ပစီတာမှာ မိုက်ခရိုမီတာတစ်ခုရဲ့အထူလောက်သာရှိပြီး သည် ကိရိယာဟာ ခန္ဓာကိုယ်တွင်းမှာထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာ မရှိဘဲ လှည့်ပတ် လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။
From : ကုမုဒြာဂျာနယ် by ချိုလေးငယ်
Originally published at - http://www.kumudranews.com

No comments:
Post a Comment