
ဧပြီ ၁၅ – ညဆိုင်း အလုပ် သမားတွေ အတွက် သတိထား သင့်ပါတယ်။ ညဘက် ကောင်းကောင်း မအိပ်ရတဲ့ သူတွေ ဟာ အရိုးတွေ ပိုအားနည်း လာနိုင် တယ်လို့ သုတေသီ တွေက သတိပေး လိုက်ပါတယ်။
အလုပ်ချိန်ကြောင့်နဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် အကန့်အသတ်နဲ့သာ အိပ်စက်အနားယူချိန်ရှိသူတွေ၊ ဒါမှမဟုတ် အိပ်ရေးပျက်မှုဒဏ်ကြောင့် ပင်ပန်းနေရသူတွေမှာ အရိုးတွေရဲ့အလိုအလျောက်ပြုပြင်ထိန်းသိမ်းနိုင်စွမ်း အားနည်းသွားစေတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
သုံးပတ်လောက်အိပ်ရေးပျက်ထားတဲ့ အမျိုးသားတွေဟာ အရိုးဖြစ်ပေါ်ဖွဲ့စည်းမှုအားနည်းနေတာ သုတေသနမှာ တွေ့ရပါတယ်။ သည်အနေအထားကနေ အရိုးပွရောဂါဖြစ်နိုင်ခြေပိုများစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အသက်ကြီးမှဖြစ်နိုင်ခြေပိုများတဲ့ အရိုးပွရောဂါက လူငယ်အမျိုးသားတွေမှာ အန္တရာယ် မရှိဘူးလို့ ယူဆထားကြပေမယ့် သည်ဆိုးကျိုးသက်ရောက်မှုက သူတို့မှာ ပိုဆိုးနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။
“အရိုးရဲ့ထိန်းညှိနိုင်စွမ်းပြောင်းလဲသွားရာကနေ အရိုးပွနဲ့ အရိုးကျိုးအက်တာတွေဖြစ်လာစေနိုင်တဲ့ ဆုတ်ယုတ်မှု တွေ ဖြစ်စေနိုင်တယ်။
ဒီအချက်အလက်တွေအရ အိပ်ရေးပျက်တာက ငယ်ရွယ်နေဆဲအရွယ်မှာ အရိုးရဲ့ဇီဝဖြစ်စဉ် တွေမှာ အဆိုးဆုံးထိခိုက်စေတဲ့အရာဖြစ်နိုင်ပါတယ်” လို့ ကော်လိုရာဒိုတက္ကသိုလ်မှ ဦးဆောင်သုတေသီ ခရစ္စတင်းဆွမ်ဆန်ကပြောပါတယ်။
အိပ်မပျော်ခြင်းဟာ ရုတ်တရက်နှလုံးဖောက်ခြင်းအန္တရာယ်၊ စိတ်ကျရောဂါနဲ့ အဝလွန်ခြင်းတို့ ဖြစ်နိုင်ခြေ ပိုများစေနိုင်တယ်လို့ လူသိများပါတယ်။
YSD
Ref:DM, 3 April 2017
From : ကုမုဒြာဂျာနယ်
Originally published at - http://www.kumudranews.com

No comments:
Post a Comment