
'ကျောက်ကပ် အတွင်းက ရေပိုနဲ့ အညစ် အကြေးတွေကို ဖယ်ထုတ် သန့်စင်ပေးတဲ့ လုပ်ငန်းစဉ်' ကို လုပ်ဆောင်ပေးတဲ့ ဒီခါးပတ်ဟာ နာတာရှည် ကျောက်ကပ် မကောင်းသူတွေရဲ့ ကျန်းမာရေး အခြေအနေကို များမကြာမှီ ဆိုသလို ပြောင်းလဲပေးနိုင်မယ်လို့ သတင်း ရရှိပါတယ်။
Wak လို့ခေါ်တဲ့ ဒီစက်ဟာ (Wearable Artificial Kidney) ရဲ့ အတိုကောက်ပါ။ ဒီခါးပတ်ကို တပ်ဆင်ထားတဲ့ လူနာတွေဟာ ဆေးခန်းကို တစ်ပတ် အကြိမ်ရေနည်းနည်းတော့ သွားပြဖို့လိုပါတယ်။
လက်ရှိမှာ၊ ကျောက်ကပ်ဝေဒနာရှင်တွေဟာ သူတို့ရဲ့ သွေးကို စစ်ထုတ်သန့်စင်ဖို့အတွက် တစ်ပတ်ကို သုံးကြိမ် အချိန်အကြာကြီး သန့်စင်ပေးရပါတယ်။ ဒီ့အတွက် လူနာတွေမှာ ပင်ပန်းရပါတယ်။ ဒီ သွေးလဲလှယ်မှုစနစ်က ခန္ဓာကိုယ်တွင်း အရည်နဲ့ အာဟာရ တည်ဆောက်မှုစနစ်ကို အန္တရာယ်ရှိစေနိုင်ပြီး ကျန်းမာရေး ပြဿနာ တော်တော်များများကိုလည်း ဖန်တီးပေးနိုင်ပါတယ်။
'လူနာရဲ့ သက်တမ်းကို နည်းနည်းဆွဲဆန့်ပေးနိုင်ဖို့အတွက် စက်အကြီးကြီးတွေနဲ့ 'ကျောက်ကပ်အတွင်းက ရေပိုနဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်သန့်စင်ပေးတဲ့ လုပ်ငန်းစဉ်' ကို ဆယ်စုနှစ်များစွာ လုပ်ဆောင်နေရတုန်းဖြစ်တဲ့အတွက် ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်။' လို့ စက်ကိုတီတွင်ခဲ့သူ Victor Gura က CNN ကိုပြောခဲ့ပါတယ်။
Gura ဟာ ကယ်လီဖိုးနီးယား ပြည်နယ် ဆေးရုံဆေးဝါး လက်ထောက်ပါမောက္ခ တစ်ဦးဖြစ်ပြီး ဒီ့ထက်ပိုကောင်းတဲ့ နည်းလမ်းတော့ ရှိရမယ်ဆိုပြီး Wak ကို တီထွင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီ ခါးပတ်စက်ကို သွေးပြန်ကြောကြီးတစ်ခုနဲ့ ချိတ်ဆက်ထားပြီး သွေးထဲက ရေ၊ ဆားနဲ့ ဓာတ်သတ္တုတွေကို ခွဲခြား စစ်ထုတ်ပေးပါတယ်။ စစ်ထုတ်ကိရိယာတွေကို တစ်ပတ်တစ်ကြိမ် လဲလှယ်ပေးရမှာဖြစ်ပြီး စစ်ထုတ်ပြီးသား ရေတွေကိုသန့်ရှင်းရေလုပ်ဖို့ ဓာတုပစ္စည်းတွေကို တစ်နေ့တစ်ကြိမ် ထပ်ထည့်ပေးရမှာပါ။ စက်တစ်ခုလုံးကို 9ဗို့ဒ် ဘက်ထရီနဲ့ အလုပ်လုပ်ဆောင်စေပါတယ်။
Ref: Daily Mail
Original link - http://health.thithtoolwin.com/2015/11/blog-post_21.html
ဒီပို့စ်လေးကို သဘောကျရင် | လုပ်ပေးခဲ့နော်။ |

No comments:
Post a Comment