ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, September 27, 2015

Sex အကြောင်း မက်ဆေ့ဂ်ျ အပြန်အလှန်ပေးပို့ခြင်းဟာ အချစ်ရေး မှာ ပိုမို စိတ်ကျေနပ်မှု ရစေနိုင်


< Sexting ဆိုတာကို လေ့လာမှုမှာ ပါဝင်တဲ့ သုတေသီ တွေက အဓိပ္ပာယ် ဖွင့်ဆို ထားတာ ကတော့ လိင်ပိုင်း ဆိုင်ရာ အကြောင်း အရာများ (သို့) ဆက်စပ် အကြောင်းအရာ များကို မိုဘိုင်းလ် ဖုန်းမှ တစ်ဆင့် စာသား မက်ဆေ့ဂ်ျ အဖြစ် ပေးပို့ခြင်း ၊ လက်ခံ ရရှိခြင်းတို့ကို ဆိုလို တာဖြစ် ပါတယ်။ သုတေသီ တွေဟာ အမေရိက မှာရှိတဲ့ အသက် ၁၈ နှစ် ကနေ အသက် ၈၂ နှစ် ကြားရှိတဲ့ လူဦးရေ ၈၇၀ ယောက်ကို စစ်တမ်း ကောက်ယူ ခဲ့ကြ ပါတယ်။ ထို လူဦးရေ ရဲ့ ထက်ဝက် ခန့်ဟာ အမျိုးသမီးတွေ ဖြစ်ကြပြီး ၂၆ ရာခိုင်နှုန်းကတော့ တစ်ကိုယ်တည်း သမား (Single) တွေ ဖြစ်ကြ ပါတယ်။ သုတေသီတွေဟာ ထို အစစ်ဆေး ခံခဲ့သူတွေကို Sexting အမူ အကျင့်တွေ တင်မကပဲ သူတို့ရဲ့ လှုပ်ရှားမှု ၊ အချစ်ရေး နဲ့ လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ် မှုတွေ ကိုပါ မေးမြန်းပြီး စစ်တမ်း ကောက်ယူခဲ့တာဖြစ်ပါတယ်။ ထို အစစ်ဆေး ခံသူ ၈၈ ရာခိုင်နှုန်းဟာ တစ်ခါ တစ်လေ မှ သာ Sexting ပြုလုပ် ကြပြီး ၈၂ ရာခိုင်နှုန်းကတော့ မနှစ်က Sexting ပြုလုပ် ခဲ့ဖူး တယ်လို့ ဆိုထား ကြပါတယ်။ ၇၅ ရာခိုင်နှုန်း ကတော့ Sexting ဟာ ကျူးကျူး လွန်လွန် ဖြစ်တဲ့ အချစ်ရေးမှာ အရေး ပါနေတယ်လို့ ဆိုကြပြီး ၄၃ ရာခိုင်နှုန်းကတော့ Sexting ဆိုတဲ့ သာမန် အချစ်ရေး တွေမှာ ရှိသင့်တဲ့ အရာ လို့ပဲ ဆိုထား ပါတယ်။ အချစ်ရေးတွေ တိုင်းမှာ Sexting လုပ်ဆောင်မှု မြင့်မား လာတာနဲ့ အမျှ လိင်ပိုင်း ဆိုင်ရာ စိတ်ကျေနပ်မှု လည်း ပိုမို ရရှိ စေနိုင် ပါတယ်။ ဒါ့အပြင် အစမ်းသပ် ခံခဲ့ကြသူတွေ ထဲမှာ Sexting လုပ်ဆောင် ခဲ့ကြတဲ့ စုံတွဲတွေဟာ ပိုမို ပျော်ရွှင် မှုတွေ ပိုင်ဆိုင် ကြပြီး အချစ်ရေး တစ်ခုရဲ့ မျှော်လင့် ထားတဲ့ အခြေ အနေတွေ ကို ရရှိနိုင် တယ်လို့ ဆိုကြပါတယ်။ ( Mario ) သစ်ထူးလွင်(ကျန်းမာရေး) Ref : Medical News Today Original link - http://health.thithtoolwin.com/2015/09/sex.html

No comments:

Post a Comment