ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, February 11, 2016

ဇီကာ ဗိုင်းရပ်စ် ရှိမရှိ ဖော်ထုတ်နိုင်မည့် ကိရိယာ စင်ကာပူ တီထွင် (ရုပ်သံ)




စင်ကာပူ နိုင်ငံက သုတေသန ပညာရှင် တွေက အမြန် ကူးစက် နေတဲ့ ဇီကာ ဗိုင်းရပ်စ်ကို ရောဂါ အမျိုးအမည် ခွဲခြား ဖော်ထုတ်နိုင်တဲ့ ကိရိယာကို တီထွင်နိုင် ခဲ့ပြီး ဆေးရုံတွေမှာ မကြာခင် သုံးနိုင် တော့မှာပါ။

ဇီကာ ဗိုင်းရပ်စ်ဟာ ဘရာဇီး နိုင်ငံက ထောင်နဲ့ ချီတဲ့ မွေးကင်းစ ကလေးတွေရဲ့ ဆိုးရွားတဲ့ ဦးနှောက် ချို့ယွင်းမှုနဲ့ ဆက်စပ်နေ တယ်လို့ ကမ္ဘာ့ ကျန်းမာရေး ဌာနက ပြောထား ပါတယ်။

အခုတော့ နိုင်ငံ တကာကို အမြန်ပျံ့နှံ့ ကူးစက်နေပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့က တောင် အမေရိက နိုင်ငံကနေ ပြန်လာတဲ့ အမျိုးသား တဦးမှာ ဇီကာ ဗိုင်းရပ်စ် ကူးစက်ခဲ့ တာကို ပထမဆုံး တွေ့ခဲ့တယ်လို့ တရုတ် အစိုးရက အတည်ပြု ပါတယ်။

စင်ကာပူနိုင်ငံ အေစတား သုတေသန ဌာနက ပညာရှင် မာဆာဖုမိ အိနိုဥအဲက အရင်လတွေ ကတည်းက စမ်းသပ်မှု စခဲ့တာ ဖြစ်လို့ စမ်းသပ် ကိရိယာ တိုးတက်မှုက အရှိန်မြင့် နေပြီလို့ ပြောပါတယ်။

လူနာရဲ့ မျိုးဗီဇပါတဲ့ သွေးနမူနာကို အရင် စုပ်ယူပြီး ဗိုင်းရပ်စ် ရှိမရှိ စမ်းသပ် ရတာ ပိုလွယ်တယ်၊ လုပ်ငန်းစဉ် အားလုံး ၃ နာရီသာ ကြာပြီး ၉၉ ရာခိုင်နှုန်း တိကျ သေချာ တယ်လို့ အိနိုဥအဲက ပြောပါတယ်။

သုတေသန ပညာရှင် စီဘတ်စ်တျန် မော်ရာ စတျောင်းကတော့ ဗိုင်းရပ်စ်တွေကို နှိုင်းယှဉ်လို့ မရနိုင်ပေမယ့် ကမ္ဘာ့ပျံ့နှံ့နှုန်းနဲ့ ဇီကာကို အီဘိုလာနဲ့ နှိုင်းမရနိုင်ဘူးလို့ ပြောပါတယ်။

ဇီကာ စမ်းသပ်ကိရိယာကို မတ်လကုန်ကစပြီး ဆေးရုံတွေမှာ သုံးနိုင်မယ်လို့ သုတေသန ပညာရှင်တွေက ခန့်မှန်းထားပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/135000


No comments:

Post a Comment