
မီယာမီ၊ သြဂုတ်
အမေရိကန် ပြည်ထောင်စုတွင် အကောင် အထည် ဖော်နေသော ဇီကာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး သုံးမျိုး စလုံးကို မျောက်များတွင် စမ်းသပ်ခဲ့ရာ အောင်မြင်မှု ရခဲ့ သည်ဟု သြဂုတ် ၅ ရက် AFP သတင်းတွင်ဖော်ပြထား သည်။
လာမည့်လများအတွင်း လူများတွင် ဆက်လက်စမ်းသပ်သွားမည်ဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။
ဇီကာဗိုင်းရပ်စ်သည် ခြင်မှတစ်ဆင့်ကူးစက်ပြီး ဖျားနာခြင်းကိုဖြစ်ပွားစေသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကူးစက်ခံရပါက မွေးဖွားလာသောကလေးသည် ဦးခေါင်းအရွယ်အစား ပုံမှန်ထက် သေးငယ်ရ လေ့ရှိ သည်။
ဇီကာဗိုင်းရပ်စ်ပိုးသည် ယခုအခါ ကမ္ဘာ့နိုင်ငံဒေသ ၅ဝ တွင် ကူးစက်ပြန့်ပွားနေသည်။ အထူးသ ဖြင့် လက်တင်အမေရိကတိုက်၊ ကာ ရစ်ဘီယန်ဒေသနှင့် အမေရိကန် ဖ လော်ရီဒါပြည်နယ်တို့တွင်ဖြစ်သည်။
အမေရိကန်စစ်တပ်သုတေသနဌာနက ထုတ်လုပ်နေသောကာကွယ် ဆေးမှာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အခြေခံသည်။ ဟားဗက်တက္ကသိုလ်ကျောင်းသားနှစ်ဦး အကောင် အထည်ဖော်နေ သော ကာကွယ်ဆေးနှစ်မျိုးအနက် တစ်မျိုးမှာ DNA ကိုအခြေခံပြီး နောက်တစ်မျိုးမှာ Vector ကိုအခြေခံကာ ထုတ်လုပ်ထားခြင်းဖြစ်သည်။
အဆိုပါဆေးသုံးမျိုးစလုံးကို မျောက်များတွင်စမ်းသပ်ခဲ့ရာ ဇီကာဗိုင်းရပ်စ် ပိုးကိုကာကွယ်နိုင်ပြီး ဘေးထွက်ဆိုး ကျိုးမရှိကြောင်း စမ်းသပ်တွေ့ရှိသည်။
အဆိုပါ ကာကွယ်ဆေး များကို လူများတွင် မစမ်းသပ်မှီ သေသေ ချာချာ လေ့လာသုံးသပ် သင့်ကြောင်း၊ အခန့်မသင့် ပါက စမ်းသပ်ခံ ရသော လူ သေဆုံး ရနိုင်ကြောင်း အောက်စ်ဖို့ဒ် တက္ကသိုလ် ကာကွယ်ဆေး ပညာ ရပ် ပါမောက္ခ ဆာရာဂျီးလ်ဘတ်က သတိပေး ပြောသည်။
Ref: AFP
Yangon Media Group
Originally published at - https://www.facebook.com/YangonMediaGroup

No comments:
Post a Comment