ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 5, 2015

ယောကျာ်းဆန်ဖို့အတွက် မုတ်ဆိတ် အစားထိုးမှုနှုန်း များလာ



မုတ်ဆိတ် အစားထိုး ခွဲစိတ် မှုနှုန်းဟာ ကမ္ဘာ အနှံ့ များလာကြောင်း သိရှိရ ပါတယ်။ နယူးယောက် ဆရာဝန် တစ်ယောက်ကတော့ တစ်ပတ်ကို သုံးခါလောက် အစားထိုး ခွဲစိတ် ပေးရကြောင်း ပြောပါတယ်။

အမွှေးပြန် ပေါက်ရေး ခွဲစိတ်မှု ဆိုင်ရာ အကျိုးအမြတ် မယူ နိုင်ငံတကာ အဖွဲ့ အစည်း ရဲ့အဆို အရ ၂၀၁၂ခုနှစ်မှာ မုတ်ဆိတ် အစားထိုး ခွဲစိတ်မှုဟာ ၁ ဒဿမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ပေမဲ့ ၂၀၁၄ ခုနှစ် မှာတော့ ၃ ဒဿမ ၇ ရာခိုင်နှုန်း အထိ တိုးမြင့် လာခဲ့ပါတယ်။

၂၀၀၄ ခုနှစ် ကနေ ၂၀၁၄ ခုနှစ် အတွင်း မုတ်ဆိတ် အစားထိုး ခွဲစိတ်မှုနှုန်းဟာ ၆ ဆမြင့်တက် လာခဲ့ တယ်လို့ Medigo ကုမ္ပဏီရဲ့ အချက်အလက် တွေကနေ ညွှန်ပြ နေပါတယ်။

လွန်ခဲ့တဲ့ ၁၀နှစ်လောက်က မုတ်ဆိတ် အစားထိုး ခွဲစိတ်မှုကို တစ်နှစ် ၅ ကြိမ်လောက် ပြုလုပ်ပေး ခဲ့ရရာကနေ ယခုဆို ပျှမ်းမျှ တစ်ပတ်ကို ၃ ကြိမ်လောက် ပြုလုပ် ပေးနေ ရတယ်လို့လည်း နယူးယောက် ခွဲစိတ် ဆရာဝန် ဒေါက်တာJeffrey Epstein က နယူးယောက်တိုင်းမ်စ် သတင်းဌာနကို ပြောသွား ခဲ့ပါတယ်။

“ဘရွတ်ကလင်းက မုတ်ဆိတ် အစားထိုး ခွဲစိတ်မှု ရေစီးကြောင်းရဲ့ အဓိက ပင်ရင်းလို့ ပြောရမယ်။ အမျိုးသား တွေက ဒီသွင်ပြင်ကို အဓိက လိုချင်ကြတာ။ မုတ်ဆိတ်မွေး ထူထူ ရှိမယ် ဆိုရင်တော့ ကောင်းပြီး၊ ရိတ်လိုက်ပြီ ဆိုရင်တော့ မသပ်မရပ် ပုံပေါက် သွားတယ်။ ယောကျာ်းဆန်တဲ့ သွင်ပြင်ကို လိုချင်လို့ ကျွန်တော့် ဆီ အလုပ် လာအပ် သူတွေက မုတ်ဆိတ်ကို လိုချင်ကြတာ။ ယောကျာ်းဆန်ဖို့ အတွက် မုတ်ဆိတ်တွေက အရေးကြီးတယ်။” လို့ ဒေါက်တာ Epstein ကပြောသွား ခဲ့ပါတယ်။

“အရင်ကဆို ကျွန်တော့်မှာ ကလေး မျက်နှာပေါက် ကြီးရှိလို့ လူတွေ ဆီက အယုံ အကြည်ရဖို့ ခက်ခဲတယ်။ သက်လတ်ပိုင်း ယောကျာ်းလေး တော်တော် များများက ကိုယ့်ကိုယ် ကို ယုံကြည်မှုရဖို့ အတွက် ပြိုင်ကားတွေ ၀ယ်စီး ကြတယ်။ ကျွန်တော့် အတွက်ကတော့ မုတ်ဆိတ် ရှိရင်ရပြီ။” လို့ မုတ်ဆိတ် အစားထိုး ခဲ့သူ Jose Armos ဆိုသူက ပြောပါတယ်။

Original link - http://health.thithtoolwin.com/2015/10/blog-post_85.html

No comments:

Post a Comment