ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 5, 2015

Pepsi Max ၈ လီတာသောက်ပြီး ကဖိန်းဓာတ် လွန်ကဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး




အမျိုးသမီး တစ်ဦးဟာ Pepsi Max ရှစ်လီတာ သောက်သုံး ပြီးနောက် Pepsi Max မှာပါဝင်တဲ့ ကဖီးဓာတ်နဲ့ ဆရာဝန်ညွှန်ကြားချက်အရ သူမသောက်နေ ရတဲ့ဆေးတို့ ဓာတ်မတည့်မှု ဖြစ်ပွားကာ သေဆုံး သွားခဲ့ပါတယ်။

အသက် ၃၈ နှစ် အရွယ်၊ Victoria Lane ဆိုသူဟာ သူမသောက်နေရတဲ့ဆေးဝါးတွေကနေရတဲ့ အကျိုးဆက် ဖြစ်တဲ့ အာခြောက်တာကို ပြေပျောက်ဖို့ အတွက် တစ်နေ့ ကို Pepsi Max အချိုရည် ၂ လီတာဘူး လေးဘူးအထိ သောက်သုံးနေခဲ့ပါတယ်။

Ms.Lane ဟာ အသက် ၁၆ နှစ်အရွယ်တုန်းက ဆိုးရွားတဲ့ကားတိုက်မှုတစ်ခုကို ခံစားခဲ့ရပြီးနောက် မိမိကို တစ်ယောက်ယောက်ရန်မူမှာကို စိုးကြောက်နေတဲ့ စိုးရိမ်မှုလွန်ကဲတဲ့ရောဂါတစ်မျိုးနဲ့ နပန်းလုံးခဲ့ရပါတယ်။ ဒီစိုးရိမ်မှုလွန်ကဲတဲ့ရောဂါပြဿနာကြောင့် Ms Lane ဟာ တစ်နေ့ ကို ဗော့ဒ်ကာ တစ်လီတာအထိ သောက်သုံးနေခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် အခုသေဆုံးမှုကတော့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေနဲ့  ကိုလာထဲမှာ ပါတဲ့ ကဖီးဓာတ်တို့ ဓာတ်မတည့်မှုဖြစ်ပွားကာ သေဆုံးခဲ့ရတာဖြစ်တယ်လို့  သေမှုသေခင်းစုံစမ်းရေးအရာရှိက မှတ်ချက်ချခဲ့ပါတယ်။

Ms Lane ရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို တစ်ဦးတည်းသောသားဖြစ်သူ ၁၉ နှစ်သား Reese က စတင်တွေ့ ရှိခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဧပြီလက Reese ဟာ ညဘက်ထွက်လည်ပြီး အပြန်မှာ သူ့ အမေ အိပ်ပျော်နေတာကို တွေ့ ခဲ့ရပြီး နောက်တစ်နေ့ မနက်မှာတော့ သူ့ အမေဟာ အသက်မရှိတော့ဘူးလို့ Reese က ပြန်ပြောပြပါတယ်။

အလောင်းခွဲစိတ်စစ်ဆေးမှုအရ Ms Lane ဟာ စိတ်ကျမှုတိုက်ဖျက်ပေးတဲ့ဆေး fluoxetine နဲ့ ကိုလာထဲမှာ ပါတဲ့ ကဖီးဓာတ်တို့ ကို အလွန်အကျွံမှီဝဲမှုကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း တွေ့ ရှိထဲ့ရပါတယ်။

Ref: Mirror

Original link - http://health.thithtoolwin.com/2015/11/pepsi-max.html

ဒီပို့စ်လေးကို နှစ်သက်တယ်ဆိုရင်
လုပ်နိုင်ပါတယ်။

No comments:

Post a Comment