ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 5, 2015

ဇက်ကျိုးသွားတဲ့ ကလေးငယ်ကို ပြန်ဆက်ပေးပြီး ထူးဆန်းစွာ အသက်ဆက်



အသက် ၁၆ လသား အရွယ် ကလေးငယ် လေးဟာ ယာဉ်တိုက်မှု တစ်ခုမှာ ဇက်ကျိုး သွားခဲ့ပြီးနောက် ဆေးပညာ သမိုင်းမှာ ထူးဆန်းစွာ ပြန်လည် ကောင်းမွန် ခဲ့ပါတယ်။

အမေဖြစ်သူ Rylea ၊ Jaxon နဲ့  အသက် ကိုးနှစ် အရွယ် အစ်မ Shayne တို့ ရဲ့ ကားဟာ စက်တင်ဘာလ ၁၅ ရက်နေ့ မှာ တစ်နာရီ မိုင် ၇၀ နှုန်း မောင်းလာတဲ့ ယာဉ် တစ်စီးနဲ့ အပြင်း အထန် တိုက်မိ ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားရာ နေရာ ကနေ Brisbane မြို့ မှာရှိတဲ့ ဆေးရုံဆီ ကလေးငယ်ကို ရဟတ်ယာဉ်နဲ့ ပို့ ဆောင် ခဲ့ရ တယ်လို့ သိရ ပါတယ်။ ယာဉ်တိုက်မှုက အရှိန်ဟာ အလွန်ပြင်းထန် တာကြောင့် ဦးခေါင်း အတွင်းပိုင်း ပြတ်တောက်မှု (internal decapitation) အဖြစ် Jaxon ရဲ့ ဦးခေါင်းဟာ လည်ပင်းရိုး ကနေ အထက်ကို ဆွဲဟ သွားတယ်လို့  ကျောရိုး ခွဲစိတ် အထူးကု ဆရာဝန် Dr Geoff Askin က ပြောကြား ခဲ့ပါတယ်။

မယုံကြည်နိုင် စရာ ကောင်းလောက် အောင်ပဲ၊ ဆရာဝန် တွေဟာ ကလေးရဲ့ ခေါင်းကို အခု အခါ ပြန်တွဲဆက် နိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ခြောက်နာရီ ကြာခဲ့တဲ့ ခွဲစိတ်မှုမှာ Dr Asin နဲ့ အဖွဲ ဟာ ဟေလို အထိန်းစက် တစ်ခုကို Jackson ရဲ့ ဦးခေါင်း ခွံရိုးမှာ ခွဲစိတ်မှု ပြုစဉ် လုံးဝ မလှုပ် မယှက် ဖြစ်အောင်လို့ တပ်ဆင်ကာ အလွန် သေးငယ်တဲ့ ၀ိုင်ယာ ကြိုးစလေး တစ်ခုကို အသုံးပြုပြီး ပြုတ်သွားတဲ့ ကျောရိုး အဆစ်ကို ပြန်လည် တွဲဆက်ပေးနိုင် ခဲ့ပါတယ်။

“ပထမဦးဆုံး အနေနဲ့ ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာ မျိုးမှာ ကလေးငယ် တော်တော် များများဟာ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ ရှင်ခဲ့ပြီး သတိ ပြန်လည် လာအောင် ကုသပေး ခဲ့ရင်တောင် မလှုပ် မရှားနိုင်၊ အသက် မရှူနိုင် ဖြစ်နေမှာပါ” လို့ Dr Askin က ပြောကြား ခဲ့ပါတယ်။

Jaxon ရဲ့ အခြေ အနေဟာ သူကြုံဖူး သမျှ ထဲမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ Dr Askin က ပြောကြား ခဲ့ပါတယ်။

Jaxon လေးဟာ ခန္ဓာကိုယ်ကို ထိန်းထားပေးဖို့ အတွက် ဟေလိုစက်ကို ယခုအခါ တပ်ဆင် ထားရပြီး နောက် ရှစ်ပတ် အကြာမှာ ဖြုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ Jaxon ဟာ သာမန်လိုပဲ ကျန်းမာတဲ့ ဘ၀ကို ပိုင်ဆိုင် နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

အသက် ကိုးနှစ် အရွယ် အစ်မဖြစ်သူ Shayne ဟာလည်း အတွင်းပိုင်း သွေးယိုစိမ့်မှုကို ရပ်တန်ဖို့ အတွက် ခွဲစိတ်မှု ခံယူခဲ့ရပြီး အခုအခါ ခန္ဓာကိုယ် မလှုပ်နိုင်အောင် ထိန်းထားပေးတဲ့ ဖရိန်မှာ ရှစ်ပတ်ကြာ နေရဦးမှာ ဖြစ်ပါတယ်။

အမေဖြစ်သူ Rylea ကတော့ လေအိတ်ကြောင့် ဆိုးရွားတဲ့ ဒဏ်ရာ မရဘဲ အသက်ရှင်နိုင် ခဲ့ပါတယ်။

သစ်ထူးလွင်(ကျန်းမာရေး)

Ref : Mirror http://health.thithtoolwin.com/2015/10/blog-post_75.html
Original link -


No comments:

Post a Comment