ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 5, 2017

Water poisoning ရေအဆိပ်သင့်ခြင်း




ဆရာ water poisoning ဆိုတာ တကယ်ရှိ ပါသလား။ ရှိခဲ့ရင် ရှင်းပြ ပေးပါခင်ဗျာ။

ရေအဆိပ် သင့်ခြင်းလို့ ခေါင်းစဉ် တပ်ပေမဲ့ သောက်တဲ့ - သုံးတဲ့ ရေထဲမှာ အဆိပ်ပါတာ မဟုတ်ပါ။ ရေသန့်ဗူး ထဲက ရေတွေ တအားကြီး သောက်ရင်လဲ အဆိပ် သင့်နိုင် တာကို ပြောတာ ဖြစ်ပါတယ်။

ဆေးစာနဲ့ ဆို Water intoxication လို့ ခေါ်တယ်။ သေကောင်း သေနိုင်တယ်။ ဦးနှောက်လုပ်ငန်းတွေ ထိခိုက်စေမယ်။ Electrolytes ဓါတ်ဆား အချိုးအစား မမျှရာကနေ Hyponatremia ခေါ်တဲ့ (ဆိုဒီယမ်) နည်းတာ ဖြစ်စေတယ်။

အမှတ်တမဲ့တော့ ရေတွေ တအား သောက်တယ်ဆိုတာ ရှားပါတယ်။ Water drinking contests ရေသောက် ပြိုင်ကြရင် ဖြစ်နိုင်တယ်။ ၁၂-၁-၂ဝဝ၇ တုံးက Hold Your Wee for a Wii ရေသောက်ပြီး သေးမပေါက်နဲ့ ဆိုတဲ့ ပြိုင်ပွဲဝင်သူ ၂၈ နှစ် အရွယ်၊ ကလေး ၂ ယောက် အမေ Jennifer Strange ဟာ သေသွားလို့ ပြိုင်ပွဲစီစဉ်တဲ့ The End ရေဒီယိုက ဒေါ်လာ ၁၆့၅ သန်း လျှော်လိုက် ရတယ်။

ဆေးရုံတွေမှာ လူနာကို လိုတာထက် ရေပါတဲ့ Drips တွေ အများကြီး သွင်းရင်လဲ ဒုက္ခပေးမယ်။ ရေကောင်း ရေသန့်ကနေ အဆိပ်လို့ ခေါ်တော့မယ်။ တန်ဆေး၊ လွန်ဘေး အစစ်ဖြစ်တယ်။

၂ဝဝ၈ မေ ၁၅ က ဗီယက်နမ် (ထန်ဝှာ) ခရိုင်မှာ အမျိုးသမီး တစ်ယောက် ရေအဆိပ်သင့်လို့ ဆေးရုံ မတင်မှီ ပြုစုပေးနေပုံ


လူ့ကိုယ်ခန္ဓာမှာ ပါးစပ်နှုတ်ခမ်း ကနေ စအို အထိရှိတဲ့ အစာလမ်း ကနေ ရေကို စုပ်ယူနိုင်စွမ်း ရှိတယ်။ အစာအိမ်နဲ့ အူတွေကနေ အများဆုံး စုပ်ယူပေးတယ်။ ရေ နဲ့ (ဆိုဒီယမ်) ဓါတ်ဆားက တွဲနေတယ်။ တသမတ်ထဲ မျှနေရတယ်။ (ဆဲလ်) တခုရဲ့ အပြင်ဝန်းကျင်နဲ့ (ဆဲလ်) အတွင်ကလဲ မျှနေရတယ်။ ရေက များသွား ချိန်မှာ (ဆိုဒီယမ်) က နည်းသွားမယ်။ Hyponatremia ခေါ်တယ်။ တနေရာရာမှာ ဓါတ်ဆား အချိုး အဆ ကဲမယ် - နည်းမယ်ဆိုရင် (ဆဲလ်) နံရံကနေ Osmosis (အော့စ်မောဆစ်) အပြန်အလှန် စုပ်ယူ - စုပ်ထုတ်ခြင်း ဖြစ်စဉ်အရ ညီစေအာင် ကြိုးစားလိမ့်မယ်။ (ဆဲလ်) တွေ ဖေါင်းကားလာလိမ့်မယ်။ Intracranial pressure ဦးနှောက်ထဲမှာ ဖိအားတွေ တက်လာလိမ့်မယ်။

Water intoxication ရေအဆိပ်သင့်ခြင်း လက္ခဏာတွေ -

  1. • Headache ခေါင်းကိုက်မယ်၊
  2. • Personality changes (ပါဇင်နယ်လ်တီ) ပြောင်းမယ်၊
  3. • Changes in behavior အမူအယာပြောင်းမယ်၊
  4. • Confusion စိတ်ရှုတ်ထွေးလာမယ်၊
  5. • Irritability ဂနာမငြိမ်ဖြစ်လာမယ်၊
  6. • Drowsiness အိပ်ချင်လာမယ်။

ဆက်ပြီးတော့

  1. • Difficulty breathing during exertion ကြိုးစားမှု ရှိချိန်မှာ အသက်ရှူလို့ ခက်လာမယ်၊
  2. • Muscle weakness ကြွက်သားတွေ အားနည်း လာမယ်၊ Twitching အလိုလို လှုပ်မယ်၊ Cramping နာမယ်၊
  3. • Nausea ပျို့မယ်၊ Vomiting အန်မယ်၊
  4. • Thirst ရေငတ်လာမယ်၊
  5. • Sensory information နာတာ-ထိတာ-ဖိတာကိုသိမှုတွေ အားယုတ်လာမယ်။

ဆက်ဆိုး လာမယ်ဆိုရင်

  1. • Papillary သူငယ်အိမ်တုံ့ပြန်မှုလျှော့လာမယ်၊
  2. • Vital signs အရေးအကြီးဆုံး လက္ခဏာတွေ ထိခိုက်လာမယ်။ ဥပမာ Bradycardia နှလုံးခုန် နှေးမယ်၊ Widened pulse pressure သွေးဖိအား ပြောင်းလာမယ်။ အထက်သွေး ဖိအားနဲ့ အောက်သွေး ဖိအား ကွာဟလာမယ်။
  3. • • Cerebral edema ဦးနှောက်ရောင်လာမယ်။
  4. • Brain stem ဦးနှောက်အခြေနေရာကိုဖိအား သက်ရောက်လို့ ဆက်ဖြစ်စရာတွေ ဖြစ်လာမယ်။
  5. • Central nervous system dysfunction ဗဟိုဦးနှောက်-အာရုံကြောစနစ် ထိခိုက်လာမယ်။
  6. • Seizures တက်မယ်၊ Coma သတိလစ်မယ်၊ Death သေမယ်။

ဘယ်လိုလူတွေမှာ ပိုဆိုးသလဲ။

  1. • ကလေး ငယ်လေ ဆိုးလေ။ ၉-၆-၂ဝဝ၂ မှာ ၄ နှစ်သမီးလေး Cassandra Killpack ကို မအေဖြစ်သူက ရေတဂါလံ ကုန်အောင် အသောက် ခိုင်းရာ ကနေ သေသွားလို့ သူ့အမေ Jennette Killpack ထောင်ကျတယ်။
  2. • Marathon runners မာရသွန် အပြေးသမား အဖြစ်များတယ်။ ရေသောက် များရာ ကနေ Sodium levels 135 mmol/L အောက်ကျ လာချိန်မှာ ရောဂါ လက္ခဏာတွေ ဖြစ်လာမယ်။
  3. • Overexertion ခွန်အား အသုံးများတာ ကနေလဲ ဖြစ်စေနိုင်တယ်။ မောလွန်းလို့ ရေတွေ တအား သောက်ရင် ဖြစ်မယ်။ အဲတာကြောင့် ၁၂-၉-၁၉၉၉ မှာ စစ်သင်တန်း ဆရာ Michael J. Schindler သေဆုံးရတယ်။
  4. • MDMA (Ecstasy) ဆေးမျိုး သောက်ပြီး လုပ်သင့်တာထက် ပိုပြီး ခွန်အားစိုက်ရာ ကနေလည်း ဖြစ်မယ်။
  5. • Heat stress သိပ်ပူချိန်မျိုးမှာ နားနေရင်နဲ့ ရေတွေ အသောက်များ ရင်လဲ ဖြစ်မယ်။
  6. • Psychogenic polydipsia စိတ်ရောဂါ ရှိသူတွေက ရေပို သောက်တယ်။
  7. • Oxcarbazepine ဆေးကြောင့်လဲ ဖြစ်နိုင်တယ်။
  8. • Diabetes insipidus ဆီးချိုကြောင့်လဲ ဖြစ်နိုင်တယ်။

Treatment ဘယ်လိုကုသမလဲ

Mild intoxication တော်တော် တန်တန်က ရောဂါ လက္ခဏာ မပြသေးပါ။ ဖြစ်လာပြီဆိုရင်
  1. • Diuretics ဆီးသွားစေတဲ့ဆေး ပေးရမယ်။
  2. • Vasopressin receptor antagonists ဆေးကိုလဲ သုံးတယ်။

From : Dr. တင့်ဆွေ

Originally published at - https://www.facebook.com/drtintswe

No comments:

Post a Comment