ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတ၊ လိင်မှုကိစ္စ၊ ရောဂါများအကြောင်း၊ လေ့လာတွေ့ရှိချက်များ၊အစားအသောက်နှင့် လူနေမှုဘဝများ





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, October 5, 2015

ဗြိတိန်နိုင်ငံတွင် ပထမဦးဆုံး အကြိမ် သားအိမ် အစားထိုးမှုများ စတင်




ဗြိတိန် နိုင်ငံတွင် သားအိမ် အစားထိုး ခွဲစိတ်ရန် အတွက် ဆရာဝန် များက ခွင့်ပြုချက် ရရှိခဲ့ပြီး တဲ့နောက်မှာ အမျိုးသမီး အုပ်စုငယ် တစ်စုကို ခွဲစိတ်တော့မှာ ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ ပထမ ဦးဆုံး ဖြစ်လာမယ်လို့ သိရပါတယ်။ ကျန်းမာရေး သုတေသန အာဏာပိုင် အဖွဲ့ကနေ အတည်ပြု ခဲ့တဲ့ အတိုင်း သားအိမ် အစားထိုး ခွဲစိတ်မှုပေါင်း ၁၀ခု ကို ပြုလုပ်မှာပါ။

လာမယ့်နွေဦး ရာသီမှာ ခွဲစိတ်မှုကို စတင်ပြုလုပ်မှာ ဖြစ်ပြီး အောင်မြင် သွားခဲ့ပါက သားအိမ် အစားထိုးမှု ကနေ မွေးဖွားလာတဲ့ ပထမဆုံး ကလေးငယ်ကို ၂၀၁၈ ခုနှစ်မှာ ရရှိနိုင်မှာ
ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံမှာ များမကြာမှီ နှစ်ပိုင်း အတွင်းက သားအိမ် အစားထိုးမှု အောင်မြင် ခဲ့ပြီးနောက်ပိုင်း ယခုလို ဗြိတိန်နိုင်ငံမှာ ဆေးဘက် ဆိုင်ရာ ခွင့်ပြုချက်တွေ ထုတ်ပေး ခဲ့တာပဲ
ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဆွီဒင်နိုင်ငံမှာ သားအိမ် အစားထိုးမှု ၉ခု ပြုလုပ်ခဲ့ပြီး သားအိမ် အစားထိုးမှုမှ မွေးဖွားလာသော ကလေးကို ပေးစွမ်းနိုင်တာ ကမ္ဘာ့ ပထမဆုံး အကြိမ် ဖြစ်လာ ခဲ့ပါတယ်။

ဆွီဒင်နိုင်ငံမှာက သက်ရှိ အမျိုးသမီးတွေ ကနေ သားအိမ်ကို လှူဒါန်းခဲ့တာ ဖြစ်ပေမဲ့ ဗြိတိန်မှာတော့ ခန္ဓာကိုယ် ကျန်းမာဆဲဖြစ်တဲ့ သေဆုံးကာစ အမျိုးသမီး အလှူရှင်တွေ ဆီကနေ သားအိမ်ကို ရယူမှာ ဖြစ်တယ်လို့ သိရပါတယ်။

အောင်မြင်သွားခဲ့ ပါက IVF နဲ့ တဆင့် သန္ဓေ ရယူနိုင်မှာ ဖြစ်ပါတယ်။ အသစ်ထည့် လိုက်တဲ့ သားအိမ်ဟာ သားဥလွှဲပြောင်းပြွန်နဲ့ ချိတ်ဆက်ထားမှာ မဟုတ်တဲ့ အတွက်ကြောင့်ပါ။

Original link - http://health.thithtoolwin.com/2015/10/blog-post_5.html


No comments:

Post a Comment